ဆံသားခြောက်တာတို့ အရမ်းကျွတ်တာတို့ ဖြစ်လာရင် .

ကိုယ်လုပ်နေကျ Hair mask ရှာစောင်းလပတ်နဲ့ အုန်းဆီကြိုတဲ့နည်းလေး မျှဝေပေးလိုက်ပါတယ်နော်။ (လုပ်နည်း မေးထားတဲ့သူတွေအတွက် ဒီpostမှာ အသေးစိတ်လေး ရေးပေးထားပါတယ်နော်)

ခေါင်းမလျော်ခင် ရှာစောင်းလပတ်နဲ့အုန်းဆီကြိုထားတဲ့ဆီကို ဦးရေပြားရော ဆံသားမှာပါ နှံ့နေအောင်လိမ်းပါ။

3 / 4 နာရီနဲ့အထက်ထားပြီး Shower cap နဲ့ ပေါင်းပြီး မှ လျှော်ပါ။

ကြာကြာမှတခါ လုပ်တာထက် ခေါင်းလျှော်ခါနီးတိုင်း လုပ်ပေးရင် ပိုကောင်းပါတယ် ပိုသိသာပါတယ်။ ဆံသားနက်ပြီး အကျွတ်သက်သာသလို ဆံသားမငြိတော့ဘူး အရှည်မြန်တယ်။ ရှားစောင်းလပတ်နဲ့ အုန်းဆီကြိုတဲ့နည်းကို ပုံထဲမှာရေးပေးထားပါတယ်နော်။

(အမြဲတမ်းသုံးလို့ရအောင် တခါတည်း ကြိုထားလို့ရပါတယ်နော်။)

ရှားစောင်းလပတ်နဲ့ အုန်းဆီကြိုထားတဲ့ဆီအပြင် လျှော်ခါနီး ဒါလေးတွေထပ်ရင် ပိုကောင်းပါတယ်။ (မအားတဲ့ အခါတွေဆို မထည့်လည်းရပါတယ်။ အပေါ်က ရှားစောင်းလပတ်ဆီနဲ့တင်ကို တော်တော်လေး ဆံပင်ကိုကောင်စေပါတယ်)

သံလွင်ဆီ(ဆံသားကိုပျော့စေတယ်)

ကြက်သွန်နီ ထောင်းထားတဲ့ အရည် (ဆံသားကိုနက်မှောင်သန်စွမ်းစေတယ်၊ ကျွတ်တာသက်သက်စေတယ်၊အရှည်မြန်စေတယ်။) Edited:အနံ့မခံနိုင်ရင် လျှော်ပြီးလည်း အနံ မပြောင်ဘဲအနံ့ဆွဲနေတယ်လို့ ထင်ရင် မထည့်ချင်လည်း ရပါတယ်။

အနံ့ မကျန်အောင် ရေနိုင်နိုင်ဆေးဖို့ လိုသလို အနံ့ကမဆိုစလောက်လေး ကျန်နေရင်လည်း အနံ့ခံနိုင်မှ ထည့်ပါနော်။ အနံ့ဆူးပေမယ့် ကြက်သွန်နီအာနိသင်က အံ့မခန်းပါ)

လက်ဖက်ခြောက်သို့ အချိုခြောက်မှုန့်ကြိုထားတဲ့အရည်(ဆံသားနက်မှောင်စေပြီး အရှည်မြန်တယ်) Edited: လက်ဖက်ခြောက်နဲ့ အချိုခြောက်ကို မေးမေးနေကျလို့ Comment မှာ အသေးစိတ်လေး ရှင်းပြထားပါတယ်နော်။

လက်ဖက်ခြောက်နဲ့ အချိုခြောက်မေးထားတဲ့သူတွေ အတွက် ပုံလေးနဲ့ ပြပေးခိုက်ပါတယ်။ မိုးရဲ့ ဇာတိမှာက လက်ဖက်ဆီရတော့ လက်ဖက်ဆီ ထည့်တာပါ…

လက်ဖက်ဆီက နေရာတက လွယ်လင့်တကူမရနိုင်တော့ ခက်ဖက်ခြောက် (သို့) အချိုခြောက်ကို ခပ်ကျကျကြိုထားတဲ့ ရေ ထည့်ဖို့ ညွှန်းပေးတာပါ။

အချိုခြောက် ဆိုတာက လက်ဖက်ခြောက်အမှုန့်လေးတွေပါ။ လက်ဖက်ရည်ဆိုင်တွေမှာဖျော်တဲ့ ( နို့ဆီ၊ နို့စိမ်း) ထည်ဖျော်တဲ့ လက်ဖက်ရည်ခြောက်မှုန့်ပါ။

အိမ်တွေမှာက သောက်ခဲပါတယ်။အချိုခြောက်မှုန့်သောက်နေကျ အိမ် ဆိုရင်တော့ ခပ်ကျကျလေး ကြိုပြီးထည့်လိုက်ရုံပါဘဲ။ အချို ခြောက်မှုန့် လွယ်လင့်တကူ မရရင် လက်ဖက်ခြောက်ဘဲ သုံးလည်း တူတူပါဘဲနော်။

အိမ်မှာ ပုံမှန် အမြဲသောက်နေကျ ရေနွေးကြမ်းထဲ ခပ်တဲ့ လက်ဖက်ခြောက်ပါ။ ခပ်ကျကျလေး ကြိုပြီးထည့်လိုက်ရုံပါဘဲ။

ပျားရည် (ဆံသားကိုတောက်ပြောင်စေတယ်)

အမြဲမဟုတ်တောင် တပတ်ခြားတခါလောက် လုပ်ပေးမယ်ဆိုရင်

ဆံပင်အကျွတ်သက်သာမယ်။ (ဆံပင်တိုတိုရှည်ရှည် မိန်းကလေးတွေအဓိကကြုံရတဲ့ ပြဿနာက ဆံပင်အရမ်းကျွတ်တာ…)

ဆံပင်ငြိတာသက်သာမယ်။ ဆံပင်အရှည်မြန်တယ်။ ဆံသားမခြောက်တော့ဘူး။ ဆံသားပျော့ပျောင်းတယ်။ ဆံသားတောက်တယ်။

Stay Homeလုပ်​နေရတုန်းမှာ လုပ်ကြည့်ကြည့်ပါနော်။ ဆံပင်အကျွတ်သက်သာပြီးကျန်းမာလှပတဲ့ ဆံနွယ်တွေပိုင်ဆိုင်ကြပါစေ။

မေတ္တာမွန်စွာဖြင့်….

မို

Zawgyi

ကိုယ္လုပ္ေနက် Hair mask ရွာေစာင္းလပတ္နဲ႔ အုန္းဆီႀကိဳတဲ့နည္းေလး မွ်ေဝေပးလိုက္ပါတယ္ေနာ္။ (လုပ္နည္း ေမးထားတဲ့သူေတြအတြက္ ဒီpostမွာ အေသးစိတ္ေလး ေရးေပးထားပါတယ္ေနာ္)

ေခါင္းမေလ်ာ္ခင္ ရွာေစာင္းလပတ္နဲ႔အုန္းဆီႀကိဳထားတဲ့ဆီကို ဦးေရျပားေရာ ဆံသားမွာပါ ႏွံ႔ေနေအာင္လိမ္းပါ။

3 / 4 နာရီနဲ႔အထက္ထားၿပီး Shower cap နဲ႔ ေပါင္းၿပီး မွ ေလွ်ာ္ပါ။

ၾကာၾကာမွတခါ လုပ္တာထက္ ေခါင္းေလွ်ာ္ခါနီးတိုင္း လုပ္ေပးရင္ ပိုေကာင္းပါတယ္ ပိုသိသာပါတယ္။ ဆံသားနက္ၿပီး အကြၽတ္သက္သာသလို ဆံသားမၿငိေတာ့ဘူး အရွည္ျမန္တယ္။ ရွားေစာင္းလပတ္နဲ႔ အုန္းဆီႀကိဳတဲ့နည္းကို ပုံထဲမွာေရးေပးထားပါတယ္ေနာ္။

(အၿမဲတမ္းသုံးလို႔ရေအာင္ တခါတည္း ႀကိဳထားလို႔ရပါတယ္ေနာ္။)

ရွားေစာင္းလပတ္နဲ႔ အုန္းဆီႀကိဳထားတဲ့ဆီအျပင္ ေလွ်ာ္ခါနီး ဒါေလးေတြထပ္ရင္ ပိုေကာင္းပါတယ္။ (မအားတဲ့ အခါေတြဆို မထည့္လည္းရပါတယ္။ အေပၚက ရွားေစာင္းလပတ္ဆီနဲ႔တင္ကို ေတာ္ေတာ္ေလး ဆံပင္ကိုေကာင္ေစပါတယ္)

သံလြင္ဆီ(ဆံသားကိုေပ်ာ့ေစတယ္)

ၾကက္သြန္နီ ေထာင္းထားတဲ့ အရည္ (ဆံသားကိုနက္ေမွာင္သန္စြမ္းေစတယ္၊ ကြၽတ္တာသက္သက္ေစတယ္၊အရွည္ျမန္ေစတယ္။) Edited:အနံ႔မခံႏိုင္ရင္ ေလွ်ာ္ၿပီးလည္း အနံ မေျပာင္ဘဲအနံ႔ဆြဲေနတယ္လို႔ ထင္ရင္ မထည့္ခ်င္လည္း ရပါတယ္။

အနံ႔ မက်န္ေအာင္ ေရႏိုင္ႏိုင္ေဆးဖို႔ လိုသလို အနံ႔ကမဆိုစေလာက္ေလး က်န္ေနရင္လည္း အနံ႔ခံႏိုင္မွ ထည့္ပါေနာ္။ အနံ႔ဆူးေပမယ့္ ၾကက္သြန္နီအာနိသင္က အံ့မခန္းပါ)

လက္ဖက္ေျခာက္သို႔ အခ်ိဳေျခာက္မႈန္႔ႀကိဳထားတဲ့အရည္(ဆံသားနက္ေမွာင္ေစၿပီး အရွည္ျမန္တယ္) Edited: လက္ဖက္ေျခာက္နဲ႔ အခ်ိဳေျခာက္ကို ေမးေမးေနက်လို႔ Comment မွာ အေသးစိတ္ေလး ရွင္းျပထားပါတယ္ေနာ္။

လက္ဖက္ေျခာက္နဲ႔ အခ်ိဳေျခာက္ေမးထားတဲ့သူေတြ အတြက္ ပုံေလးနဲ႔ ျပေပးခိုက္ပါတယ္။ မိုးရဲ႕ ဇာတိမွာက လက္ဖက္ဆီရေတာ့ လက္ဖက္ဆီ ထည့္တာပါ…

လက္ဖက္ဆီက ေနရာတက လြယ္လင့္တကူမရႏိုင္ေတာ့ ခက္ဖက္ေျခာက္ (သို႔) အခ်ိဳေျခာက္ကို ခပ္က်က်ႀကိဳထားတဲ့ ေရ ထည့္ဖို႔ ၫႊန္းေပးတာပါ။

အခ်ိဳေျခာက္ ဆိုတာက လက္ဖက္ေျခာက္အမႈန္႔ေလးေတြပါ။ လက္ဖက္ရည္ဆိုင္ေတြမွာေဖ်ာ္တဲ့ ( ႏို႔ဆီ၊ ႏို႔စိမ္း) ထည္ေဖ်ာ္တဲ့ လက္ဖက္ရည္ေျခာက္မႈန္႔ပါ။

အိမ္ေတြမွာက ေသာက္ခဲပါတယ္။အခ်ိဳေျခာက္မႈန္႔ေသာက္ေနက် အိမ္ ဆိုရင္ေတာ့ ခပ္က်က်ေလး ႀကိဳၿပီးထည့္လိုက္႐ုံပါဘဲ။ အခ်ိဳ ေျခာက္မႈန္႔ လြယ္လင့္တကူ မရရင္ လက္ဖက္ေျခာက္ဘဲ သုံးလည္း တူတူပါဘဲေနာ္။

အိမ္မွာ ပုံမွန္ အၿမဲေသာက္ေနက် ေရေႏြးၾကမ္းထဲ ခပ္တဲ့ လက္ဖက္ေျခာက္ပါ။ ခပ္က်က်ေလး ႀကိဳၿပီးထည့္လိုက္႐ုံပါဘဲ။

ပ်ားရည္ (ဆံသားကိုေတာက္ေျပာင္ေစတယ္)

အၿမဲမဟုတ္ေတာင္ တပတ္ျခားတခါေလာက္ လုပ္ေပးမယ္ဆိုရင္

ဆံပင္အကြၽတ္သက္သာမယ္။ (ဆံပင္တိုတိုရွည္ရွည္ မိန္းကေလးေတြအဓိကႀကဳံရတဲ့ ျပႆနာက ဆံပင္အရမ္းကြၽတ္တာ…)

ဆံပင္ၿငိတာသက္သာမယ္။ ဆံပင္အရွည္ျမန္တယ္။ ဆံသားမေျခာက္ေတာ့ဘူး။ ဆံသားေပ်ာ့ေပ်ာင္းတယ္။ ဆံသားေတာက္တယ္။

Stay Homeလုပ္​ေနရတုန္းမွာ လုပ္ၾကည့္ၾကည့္ပါေနာ္။ ဆံပင္အကြၽတ္သက္သာၿပီးက်န္းမာလွပတဲ့ ဆံႏြယ္ေတြပိုင္ဆိုင္ၾကပါေစ။

ေမတၱာမြန္စြာျဖင့္….

မို