ခရမ်းချဉ်သီးပန်ထွေ ဖျော်လုပ်စားမယ်

အရမ်းကောင်းတဲ့ ခရမ်းချဉ်သီးပန်ထွေ ဖျော်နည်း

ပန်ထွေဖျော်လုပ်ဖို့လို တာလေးတွေက ကိုင်းခရမ်းချဉ်သီး ၊ငရုတ်သီးစိမ်း ၊မျှင်ငပိ ၊ကြက်သွန်ဖြူ ၊ကြက်သွန်နီ ၊ဆား ၊အရသာမှုန့် ၊ငံပြာရည် ၊နံနံပင်

လုပ်နည်းလေး တွေတော့ အနည်းငယ်ကွဲပြားနိုင်ပေမယ့် ကျွန်မအမေရဲ့ အညာလုပ်နည်းအတိုင်းမျှဝေလိုက်ပါတယ်။

ကိုင်းခရမ်းချဉ်သီး နဲ့ငရုတ်သီးကို ရေဆေးပြီး အိုးတလုံးထဲကို ရေ၊ခရမ်းချဉ်သီး၊ငရုတ်သီး၊ကြက်သွန်ဖြူ၊ဆားအရသာမှုန့်၊ငံပြာရည်၊မျှင်ငပိထည့်ပြီး ပြုတ်ပါ။ရေကို အများကြီးထည့်ဖို့ မလိုပါ။

သောက်ရေခွက်တခွက်စာ လောက်ဆိုရပါပြီ။ခရမ်းချည်သီးနူးရင်တော့ အအေးခံထားပါ။အိုးထဲမှာ ပြုတ်ထားတဲ့အရည်ကျန်ရပါမယ်။

အေးသွားရင် ခရမ်းချဉ်သီးကို အခွံခွာပါ။ ခွာပြီးရင် စဉ့်တီတုံးသန့်သန့်အပေါ်မှာ ခရမ်းချဉ်သီးတွေကို စင်းပါငရုတ်သီးစိမ်းနဲ့ ကြက်သွန်ဖြူကို ထောင်းပါ။

ထောင်းထားတဲ့ အထဲကို ခရမ်းချည်သီးထည့်ထောင်းပါ။ပြုတ်ထားတဲ့အရည်တွေကို ထည့်ပါ။ နံနံပင်ညှပ်ထည့်ပါ။ကြက်သွန်နီပါးပါးလှီးထည့်ပါ။

အရသာမြည်းပါ။လိုရင် ငံပြာရည်လေးထပ်ထည့်ပါ။ဒါဆို ထမင်းမြိန်တဲ့ ခရမ်းချဉ်သီးပန်ထွေဖျော်လေးရပါပြီ။

Moe Moe Htun

Zawgyi

အရမ္းေကာင္းတဲ့ ခရမ္းခ်ဥ္သီးပန္ေထြ ေဖ်ာ္နည္း

ပန္ေထြေဖ်ာ္လုပ္ဖို့လို တာေလးေတြက ကိုင္းခရမ္းခ်ဥ္သီး ၊င႐ုတ္သီးစိမ္း ၊မၽွင္ငပိ ၊ၾကက္သြန္ျဖဴ ၊ၾကက္သြန္နီ ၊ဆား ၊အရသာမွုန္႔ ၊ငံျပာရည္ ၊နံနံပင္

လုပ္နည္းေလး ေတြေတာ့ အနည္းငယ္ကြဲျပားနိုင္ေပမယ့္ ကၽြန္မအေမရဲ့ အညာလုပ္နည္းအတိုင္းမၽွေဝလိုက္ပါတယ္။

ကိုင္းခရမ္းခ်ဥ္သီး နဲ႔င႐ုတ္သီးကို ေရေဆးၿပီး အိုးတလုံးထဲကို ေရ၊ခရမ္းခ်ဥ္သီး၊င႐ုတ္သီး၊ၾကက္သြန္ျဖဴ၊ဆားအရသာမွုန္႔၊ငံျပာရည္၊မၽွင္ငပိထည့္ၿပီး ျပဳတ္ပါ။ေရကို အမ်ားႀကီးထည့္ဖို့ မလိုပါ။

ေသာက္ေရခြက္တခြက္စာ ေလာက္ဆိုရပါၿပီ။ခရမ္းခ်ည္သီးႏူးရင္ေတာ့ အေအးခံထားပါ။အိုးထဲမွာ ျပဳတ္ထားတဲ့အရည္က်န္ရပါမယ္။

ေအးသြားရင္ ခရမ္းခ်ဥ္သီးကို အခြံခြာပါ။ ခြာၿပီးရင္ စဥ့္တီတုံးသန္႔သန္႔အေပၚမွာ ခရမ္းခ်ဥ္သီးေတြကို စင္းပါင႐ုတ္သီးစိမ္းနဲ႔ ၾကက္သြန္ျဖဴကို ေထာင္းပါ။

ေထာင္းထားတဲ့ အထဲကို ခရမ္းခ်ည္သီးထည့္ေထာင္းပါ။ျပဳတ္ထားတဲ့အရည္ေတြကို ထည့္ပါ။ နံနံပင္ညႇပ္ထည့္ပါ။ၾကက္သြန္နီပါးပါးလွီးထည့္ပါ။

အရသာျမည္းပါ။လိုရင္ ငံျပာရည္ေလးထပ္ထည့္ပါ။ဒါဆို ထမင္းၿမိန္တဲ့ ခရမ္းခ်ဥ္သီးပန္ေထြေဖ်ာ္ေလးရပါၿပီ။

Moe Moe Htun