၂၀၂၁ခုနှစ် ဗုဒ္ဓဟူးသားသမီးများအတွက် (၁)နှစ်စာ ဟောစာတမ်းနှင့် ဆောင်ရန်/ရှောင်ရန်များ

၂၀၂၁ခုနှစ်အတွက်ဗုဒ္ဓဟူးသားသမီးများ၏ (၁)နှစ်စာ ဟောစာတမ်းနှင့် ဆောင်ရန်/ရှောင်ရန်များ

ဗုဒ္ဓဟူးသားသမီးများ ယခုနှစ်ပိုင်းခြားထဲမှာ နာမည်ဂုဏ်သတင်း မကောင်းပြောသူ အပုတ်ချလိုသူများတွေ့ရတတ်တယ်။

ဝန်ထမ်းများအနေနဲ့မိမိမှန်မှန် မှားမှား ထုတ်ဖော်မပြောဆိုသင့်တဲ့ အချိန်ပိုင်းခြားလဲဖြစ်ပါတယ်။မိမိဘက်က ဘယ်လောက်ပဲမှန်မှန် ကံကြမ္မာကမိမိကို မျက်နှာသာမပေးတဲ့အချိန်ဖြစ်ပါတယ်။

လုပ်ငန်းကိစ္စများတွင်ထင်ထားသလို ဖြစ်မလာဘဲ မထင်မှတ်ထားတာတွေဖြစ်လာတတ်ပါတယ်။ပူပင်စရာစိတ်ရှုပ်ထွေးစရာများ ကြုံတွေ့ရပြီးအရာရာလွဲမှားမှု့ မပြီးမပြတ်မှု့တွေ ကြုံတွေ့နေရပြီး

အများနဲ့တစ်ယောက်ဖြစ်နေရတတ်ပါတယ်။ မိမိရဲ့အတွေးခေါ်ယူဆမှု့တွေဟာလွဲမှားစရာများ ဖြစ်ပေါ်လာတတ်လို့ ဒီအချိန်မှာ သေသေခြာခြာ စဉ်းစားပြီးမှအစစအရာရာ လုပ်ကိုင်ပါ။

ပညာရေးမှာတစ်ဝက်တစ်ပြတ်ဖြစ်တတ်တယ်။

ကျန်းမာရေးမှာ စိတ်ပိုင်းဆိုင်ရာအားနည်းမှု့များလည်းဖြစ်ပေါ်လာတတ်တယ် ခြေထောက်ကိုက် ခြေထောက်နာ ခြေထောက်ထိခိုက်ဒဏ်ရာရတတ်တယ်။

အချစ်ရေးမှာ ဘေးပတ်ဝန်းကျင်၏ အနှောက်ယှက်များကြောင့် ပြိုကွဲပျက်ဆီးနိုင်တယ်။

အိမ်ထောင်ရေး ဒီအချိန်မှာ စိတ်ဖိစီးမှု့များပြည့်နှက်နေတဲ့အချိန် ကျပ်တည်းမှု့များ|မပြေလည်မှု့များနေတဲ့အချိန် အခါဖြစ်ပါတယ်။

ယတြာ-မိမိမွေးနေ့တိုင်းမြတ်စွာဘုရားကို ကြက်သားပေါက်စီကပ်လှူပါ။

အလုပ်အကိုင်ယတြာ-တနင်္ဂနွေနံထောင့်မှာ တံခွန် ရွှေထီး ငွေထီးလှူပေးပါ။

ကျန်းမာရေးယတြာ- မိမိမွေးနေ့တွင် ရွက်လှရွက်မှာမိမိနာမည်ရေးပြီး မိမိအိပ်ယာအောက်တွင် တစ်ညထားအိပ်ပြီး မိုးလင်းပါက ရေစီးသန်သောချောင်းတွင် ငါ့ဒဏ်နင်ခံဟုပြောပြီးပြစ်လိုက်ပါ။

အိမ်ထောင်ရေးယတြာ- မိမိ၏ ခင်ပွန်းသည်(သို့)

ဇနီးသည်၏နေ့ရက် မနက်တွင် လင်ဗန်း

ထဲသို့ မိမိအိမ်ထောင်ဘက် ဓါတ်ပုံထည့်၍ ကွာစေ့ဖြင့်အုပ်ပေးပါ။

ရာထူးတိုးယတြာ- နဂါးရုံဘုရားသို့သွားပြီး ထောပတ်ထ္မင်းကပ်လှူဆုတောင်းပါ။

ငွေရေးကြေးရေးအခက်ခဲရှိပါက သီးမွေးငှက်ပျောသီး(၃)လုံးကိုအခွံခွာပြီး သကြားဖြူးကာ မြတ်စွာဘုရားအားလှူပြီးဆုတောင်းပါ။

ကံကောင်းစေသောအရောင်- အဖြူရောင်/အနီရောင်

ကံကောင်းစေသောနေ့- တနလာၤနေ့နှင့်ဗုဒ္ဓဟုူးနေ့

ကံကောင်းစေသောအချိန်-ဗုဒ္ဓဟူးနေ့ ၉နာရီမှာ၁၀နာရီခွဲအချိန်

ကံကောင်းစေသောပန်း- ရွက်လှညွှန့် အုန်းပန်း

ကံကောင်းစေသောအဆောင်ရုပ်-ရွှေချထားသော ဇော်ဂျီရုပ်

ဗုဒ္ဓဟူူသားသမီးအပေါင်းတစ်နှစ်တာလုံး ကြံစည်တိုင်းအောင်မြင်၍ တောင့်တဆန္ဒများ

ပြည့်စုံကြပါစေ

သင်ဆရာ မြင်ဆရာ ကြားဆရာများကို ဂါရဝပြုပါသည်

ဆရာကျော်ဇောဟိန်း ၃၄လမ်း-၇၃လမ်းနှင့်၇၄လမ်းကြား-မောရဂီဝါရပ်ကွက်-မန္တလေးမြို့ Ph09256029906 Ph09766470530

Zawgyi



















ကံကောင်းစေသောနေ့- တနလာင်္နေ့နှင့်ဗုဒ္ဓဟုးနေ့




ဗုဒ္ဓဟူသားသမီးအပေါင်းတစ်နှစ်တာလုံး ကြံစည်တိုင်းအောင်မြင်၍ တောင့်တဆန္ဒများ

ပြည့်စုံကြပါစေ

