မြန်မာနိုင်ငံ၏ ပထမဆုံး ကိုဗစ်ကုသဆေး ပေါ်လာ

မြန်မာနိုင်ငံရဲ့ ပထမဆုံး ကိုဗစ်ကုသဆေးကို ထုတ်လုပ်နိုင်ပြီ

ဒီဇင်ဘာ(၃၁)ရက်၊ ၂၀၂၀။

မြန်မာနိုင်ငံရဲ့ ပထမဆုံး ကိုဗစ်ကပ်ရောဂါကုသဆေး ထုတ်လုပ်မှုအောင်မြင်သွားပြီလို့ AA Medical Products က ဒီနေ့ ဒီဇင်ဘာလ(၃၁)ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ကိုဗစ် လူနာတွေအတွက် Pacific Medical Industries Ltd (PMI) ရဲ့ အနောက်တိုင်းဆေးဝါးစက်ရုံ (မြန်မာနိုင်ငံ) က ပထမဆုံးထုတ်လုပ်တာလည်း ဖြစ်ပါတယ်။

အဲဒီဆေးနာမည်ကတော့ Favipac (Favipiravir 200mg) Tablet ဖြစ်ပြီးတော့ မြန်မာနိုင်ငံအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲမှုဦးစီးဌာန (FDA)ရဲ့ ခွင့်ပြုချက်ကိုလည်းရရှိထားတယ်လို့ သိရပါတယ်။

အဲဒီဆေးကတော့ ကိုဗစ်လက္ခဏာ အနည်းငယ်ပြသချိန်မှာသောက်သုံးရင် အမြန်နလံထူလာမှာဖြစ်ပြီး ပြင်းထန်တဲ့အဆင့်ရောက်မှသောက်ရင်တော့ ရောဂါဖြစ်ပွားမှုကိုလျှော့ချနိုင်မယ့် အကျိုးကျေးဇူးတွေရရှိဖို့ ယုံကြည်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

အဲဒီ Favipac ဆေး အလုံးရေ(၆၀၀၀၀)ကိုတော့ ကိုဗစ်ကုသတဲ့ဆေးရုံ(၂၅)ရုံကို ထောက်ပံမှာဖြစ်ပြီးတော့ တပ်မတော်ကိုတော့ အလုံးရေ (၁၅၀၀၀)ထောက်ပံသွားမယ်လို့ သိရပါတယ်။

AA Medical ကတော့ အဲဒီဆေးကို စျေးကွက်ထဲဖြန့်ချိမလားဆိုတဲ့အကြောင်းနဲ့ စျေးနှုန်းကိုတော့ မထုတ်ပြန်သေးပါဘူး။

AA Medical

မြန်မာနိုင်ငံ၏ ပထမဦးဆုံး Covid19 ကပ်ရောဂါ ကုသဆေးဝါးထုတ်လုပ် အောင်မြင်

Covid-19 ကုသဆေး “FAVIPAC (Favipiravir 200mg) အမည်ရှိသောက်ဆေးဖြစ်

ရန်ကုန်၊၂၀၂၀၊ဒီဇင်ဘာ၃၁ရက်

မြန်မာနိုင်ငံ၏ ပထမဦးဆုံး Cov id19 ကပ်ရောဂါ ကုသဆေးဝါးထုတ်လုပ် အောင်မြင်ကြောင်းAA Medical products၏ကြေညာချက်အရသိရသည်။

၂၀၂၀ခုနှ စ်ဒီဇင်ဘာနောက်ဆုံးအပတ် ၎င်းဆေးဝါးကုမ္ပဏီ၏ ထုတ်ပြန်ကြေညာချက်အရသိရသည်။

COVID-19 လူနာများ (Mild to Moderate Sy mptom) အတွက် Pacific Medical Industries Ltd (PMI) အနောက်တိုင်းဆေးဝါးစက်ရုံမှ မြန်မာနိုင်ငံတွင်”ပထမဦးဆုံး”ထုတ်လုပ်ခြင်းဖြစ်ပြီး “FDA approval” ရရှိ၍ လှူဒါန်းမှုများပြုလုပ်နေပြီဖြစ်သည်။

အဆိုပါ generic medicine FAVIPAC (Favipiravir 200mg) tablet အား အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဋ္ဌာနသို့ အောက်တိုဘာလဆန်းတွင် Registration Sample & Registration Dossier အပ်နှံ၍ ဆေးဝါးမှတ်ပုံတင်ခြင်းများကို ဆောင်ရွက်ခဲ့ရာ ယခုအခါ Myanmar FDA ​၏ခွင့်ပြုချက်ရရှိခဲ့သည်။

ယခုဖြစ်ပွားလျှက်ရှိသော Covid-19 Pandemic ၏ ကုသဆေးဝါးများလိုအပ်ချိန်တွင် မြန်မာနိုင်ငံ၌ Covid-19 လူနာများ ကုသရန်အတွက် ကျပ် (၅၈၅)သိန်းတန်ဖိုးရှိ FAVIPAC (Favipiravir 200mg) Tablet 60,000ကို Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီထံမှတဆင့် တစ်နိုင်ငံလုံးရှိ Covid-19 ကုသဆေးရုံ (၂၅)ရုံသို၎င်း၊ Tablet 15,000 ကို တပ်မတော်၏ Covid19 ကုသရေးဆေးရုံများသို့၎င်း ပေးအပ်လှူဒါန်းသွားမည်ဖြစ်ကြောင်းသိရသည်။

Pacific Medical Industries Ltd (PM I) သည် Japan, Russia, China, India, Taiwan, ဥရောပနိုင်ငံများနှင့် တောင်မေရိကားနိုင်ငံများ အပါအဝင် နိုင်ငံအများအပြားတွင် သုံးစွဲနေသော Favipiravir 200mg (Original Product’s Brand Name – Avigan from Japan) ကို PMI ၏ နိုင်ငံခြားသား Research & Formulation Scientist များ၊ Analytical Method Development Scientist များ နှင့် မြန်မာ Pharmacist များပူးပေါင်းကာ PMIစက်ရုံ၏ R & D Center တွင် ပြည်ပမှတင်သွင်းလားသော raw material များအသုံးပြု၍ generic medicine အဖြစ် တီတွင်ထုတ်လုပ်နိုင်ခဲ့ပါသည်။ဤသို့ FAVIPAC (Favipiravir 200mg) PMI စက်ရုံတွင် ထုတ်လုပ်မူသည် မြန်မာနိုင်ငံ၏ ပထမဦးဆုံး Covid19 ကပ်ရောဂါ ကုသဆေးဝါးထုတ်လုပ် အောင်မြင်မူ ဖြစ်ပါသည်။

FAVIPAC (Favipiravir 200 mg) သောက်ဆေးကို Covid-19 ရောဂါလက္ခဏာ အနည်းငယ်ပြချိန်မှစ၍ သောက်သုံးကုသခြင်းဖြင့် အမြန်နလံထူလာနိုင်ခြင်း၊ အလွန်ဆိုးရွားသောရောဂါအဆင့်သို့ ရောက်ရှိခြင်းမှလျော့ချနိုင်ခြင်း စသည့် အကျိုးကျေးဇူးများစွာရရှိနိုင်မည်ဖြစ်သည်။

သီဟလင်း/Myanmar Harp

Zawgyi

ျမန္မာနိုင္ငံရဲ့ ပထမဆုံး ကိုဗစ္ကုသေဆးကို ထုတ္လုပ္နိုင္ၿပီ

ဒီဇင္ဘာ(၃၁)ရက္၊ ၂၀၂၀။

ျမန္မာနိုင္ငံရဲ့ ပထမဆုံး ကိုဗစ္ကပ္ေရာဂါကုသေဆး ထုတ္လုပ္မွုေအာင္ျမင္သြားၿပီလို့ AA Medical Products က ဒီေန႔ ဒီဇင္ဘာလ(၃၁)ရက္ေန႔မွာ ထုတ္ျပန္ေၾကညာလိုက္ပါတယ္။

ကိုဗစ္ လူနာေတြအတြက္ Pacific Medical Industries Ltd (PMI) ရဲ့ အေနာက္တိုင္းေဆးဝါးစက္႐ုံ (ျမန္မာနိုင္ငံ) က ပထမဆုံးထုတ္လုပ္တာလည္း ျဖစ္ပါတယ္။

အဲဒီေဆးနာမည္ကေတာ့ Favipac (Favipiravir 200mg) Tablet ျဖစ္ၿပီးေတာ့ ျမန္မာနိုင္ငံအစားအေသာက္နဲ႔ ေဆးဝါးကြပ္ကဲမွုဦးစီးဌာန (FDA)ရဲ့ ခြင့္ျပဳခ်က္ကိုလည္းရရွိထားတယ္လို့ သိရပါတယ္။

အဲဒီေဆးကေတာ့ ကိုဗစ္လကၡဏာ အနည္းငယ္ျပသခ်ိန္မွာေသာက္သုံးရင္ အျမန္နလံထူလာမွာျဖစ္ၿပီး ျပင္းထန္တဲ့အဆင့္ေရာက္မွေသာက္ရင္ေတာ့ ေရာဂါျဖစ္ပြားမွုကိုေလၽွာ့ခ်နိုင္မယ့္ အက်ိဳးေက်းဇူးေတြရရွိဖို့ ယုံၾကည္တယ္လို့လည္း ထုတ္ျပန္ထားပါတယ္။

အဲဒီ Favipac ေဆး အလုံးေရ(၆၀၀၀၀)ကိုေတာ့ ကိုဗစ္ကုသတဲ့ေဆး႐ုံ(၂၅)႐ုံကို ေထာက္ပံမွာျဖစ္ၿပီးေတာ့ တပ္မေတာ္ကိုေတာ့ အလုံးေရ (၁၅၀၀၀)ေထာက္ပံသြားမယ္လို့ သိရပါတယ္။

AA Medical ကေတာ့ အဲဒီေဆးကို ေစ်းကြက္ထဲျဖန႔္ခ်ိမလားဆိုတဲ့အေၾကာင္းနဲ႔ ေစ်းႏႈန္းကိုေတာ့ မထုတ္ျပန္ေသးပါဘူး။

AA Medical

ျမန္မာနိုင္ငံ၏ ပထမဦးဆုံး Covid19 ကပ္ေရာဂါ ကုသေဆးဝါးထုတ္လုပ္ ေအာင္ျမင္

Covid-19 ကုသေဆး “FAVIPAC (Favipiravir 200mg) အမည္ရွိေသာက္ေဆးျဖစ္

ရန္ကုန္၊၂၀၂၀၊ဒီဇင္ဘာ၃၁ရက္

ျမန္မာနိုင္ငံ၏ ပထမဦးဆုံး Cov id19 ကပ္ေရာဂါ ကုသေဆးဝါးထုတ္လုပ္ ေအာင္ျမင္ေၾကာင္းAA Medical products၏ေၾကညာခ်က္အရသိရသည္။

၂၀၂၀ခုႏွ စ္ဒီဇင္ဘာေနာက္ဆုံးအပတ္ ၎ေဆးဝါးကုမၸဏီ၏ ထုတ္ျပန္ေၾကညာခ်က္အရသိရသည္။

COVID-19 လူနာမ်ား (Mild to Moderate Sy mptom) အတြက္ Pacific Medical Industries Ltd (PMI) အေနာက္တိုင္းေဆးဝါးစက္႐ုံမွ ျမန္မာနိုင္ငံတြင္”ပထမဦးဆုံး”ထုတ္လုပ္ျခင္းျဖစ္ၿပီး “FDA approval” ရရွိ၍ လွူဒါန္းမွုမ်ားျပဳလုပ္ေနၿပီျဖစ္သည္။

အဆိုပါ generic medicine FAVIPAC (Favipiravir 200mg) tablet အား အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရးဦးစီး႒ာနသို႔ ေအာက္တိုဘာလဆန္းတြင္ Registration Sample & Registration Dossier အပ္ႏွံ၍ ေဆးဝါးမွတ္ပုံတင္ျခင္းမ်ားကို ေဆာင္ရြက္ခဲ့ရာ ယခုအခါ Myanmar FDA ​၏ခြင့္ျပဳခ်က္ရရွိခဲ့သည္။

ယခုျဖစ္ပြားလၽွက္ရွိေသာ Covid-19 Pandemic ၏ ကုသေဆးဝါးမ်ားလိုအပ္ခ်ိန္တြင္ ျမန္မာနိုင္ငံ၌ Covid-19 လူနာမ်ား ကုသရန္အတြက္ က်ပ္ (၅၈၅)သိန္းတန္ဖိုးရွိ FAVIPAC (Favipiravir 200mg) Tablet 60,000ကို Covid-19 ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီထံမွတဆင့္ တစ္နိုင္ငံလုံးရွိ Covid-19 ကုသေဆး႐ုံ (၂၅)႐ုံသို၎၊ Tablet 15,000 ကို တပ္မေတာ္၏ Covid19 ကုသေရးေဆး႐ုံမ်ားသို႔၎ ေပးအပ္လွူဒါန္းသြားမည္ျဖစ္ေၾကာင္းသိရသည္။

Pacific Medical Industries Ltd (PM I) သည္ Japan, Russia, China, India, Taiwan, ဥေရာပနိုင္ငံမ်ားႏွင့္ ေတာင္ေမရိကားနိုင္ငံမ်ား အပါအဝင္ နိုင္ငံအမ်ားအျပားတြင္ သုံးစြဲေနေသာ Favipiravir 200mg (Original Product’s Brand Name – Avigan from Japan) ကို PMI ၏ နိုင္ငံျခားသား Research & Formulation Scientist မ်ား၊ Analytical Method Development Scientist မ်ား ႏွင့္ ျမန္မာ Pharmacist မ်ားပူးေပါင္းကာ PMIစက္႐ုံ၏ R & D Center တြင္ ျပည္ပမွတင္သြင္းလားေသာ raw material မ်ားအသုံးျပဳ၍ generic medicine အျဖစ္ တီတြင္ထုတ္လုပ္နိုင္ခဲ့ပါသည္။ဤသို႔ FAVIPAC (Favipiravir 200mg) PMI စက္႐ုံတြင္ ထုတ္လုပ္မူသည္ ျမန္မာနိုင္ငံ၏ ပထမဦးဆုံး Covid19 ကပ္ေရာဂါ ကုသေဆးဝါးထုတ္လုပ္ ေအာင္ျမင္မူ ျဖစ္ပါသည္။

FAVIPAC (Favipiravir 200 mg) ေသာက္ေဆးကို Covid-19 ေရာဂါလကၡဏာ အနည္းငယ္ျပခ်ိန္မွစ၍ ေသာက္သုံးကုသျခင္းျဖင့္ အျမန္နလံထူလာနိုင္ျခင္း၊ အလြန္ဆိုးရြားေသာေရာဂါအဆင့္သို႔ ေရာက္ရွိျခင္းမွေလ်ာ့ခ်နိုင္ျခင္း စသည့္ အက်ိဳးေက်းဇူးမ်ားစြာရရွိနိုင္မည္ျဖစ္သည္။

သီဟလင္း/Myanmar Harp