လူဆိုမှလူ ထဲက တစ်ကယ်လူ

လူဆိုမှလူ

အဝီစိတွင်း ( စက်ရေတွင်း ) အငှားလိုက်တူးပေးပြီး ရေတွင်းတူးခများ ရတာကို ခြိုးခြံချွေတာစားသောက်နေထိုင်ပြီး

ခြစ်ခြစ်ကုပ်ကုပ် စုဆောင်းထားရှိပြီး စုဆောင်းရရှိငွေ ၄၅၀၂၀၀ဝိ/ လေးဆယ့်ငါးသိန်းနှစ်ထောင်ကျပ် ရရှိလာသောအခါ

၂၀၀ဝိ/ကိုသုံးစွဲရန်ချန်ထားပြီး လေးဆယ့်ငါးသိန်း ကျပ်ကို စလင်းမြို့သံဃာတော်များ အရုဏ်ဆွမ်းမခက်ခဲစေရန်

စလင်းမြို့ သာသနဟိတနေ့စဉ်အရုဏ်ဆွမ်းလောင်းအသင်းကြီးသို့ ရာသက်ပန်ငွေပင်ငွေရင်းပဒေသာပင်အဖြစ် စိုက်ထူလှူဒါန်းလိုက်ပါသောကုသိုလ်ရှင်ကြီးဖြစ်ပါတယ်ခင်ဗျား

ယခင်ကလည်း အမွေဆိုင်ဝိုင်းရောင်းရငွေမှ မိမိဝေစုရသော ၂၁၀၀၀၀ဝိ/ နှစ်ဆယ့်တစ်သိန်းကျပ်ကို

ဘခင်ကြီးဦးရာဆယ်၊ မိခင်ကြီးဒေါ်နှင်း အမ ဒေါ်လှလေး တို့အားရည်စူး၍ ရာသက်ပန်ငွေပင်ငွေရင်းဆွမ်းပဒေသာပင် စိုက်ထူလှူဒါန်းထားတာ

အခုလှူတာနဲ့ဆိုရင် ပဒေသာပင်တန်ဖိုး ၆၆၀၀၀၀၀ ိ/ ခြောက်ဆယ့်ခြောက်သိန်းစိုက်ထူထားတဲ့ ထာဝရအလှူရှင်ကြီးလည်းဖြစ်သွားပါပြီခင်ဗျား

ဆွမ်းလောင်းသင်းကြီးကို လစဉ်အလှူငွေ၁၀၀ဝိ/ နှုန်းနဲ့ တစ်နှစ်ပါတ်လုံးနှစ်စဉ်မပျက်လှူဒါန်းနေတဲ့ အာစိဏ္ဏကံ အလှူရှင်ကြီးလည်းဖြစ်ပါတယ်ခင်ဗျား။

စလင်းမြို့ သာသနဟိတနေ့စဉ်အရုဏ်ဆွမ်းလောင်းအသင်းကြီးမှာ ရာသက်ပန်ဆွမ်းပဒေသာပင်စိုက်ထူလှူဒါန်းထားကြတဲ့ အလှူငွေများကို ဘဏ်မှာစနစ်တကျအပ်နှံထားပြီး

အရင်းကိုမလျော့ပါးစေဘဲ ရရှိလာတဲ့အတိုးအညွန့်များကိုသာ ဆွမ်းလောင်းလှူတဲကိစ္စများမှာသာသုံးစွဲတာဖြစ်လို့ အလှူရှင်များမရှိတော့သည့်တိုင်အောင်

သား စဉ်မြေးဆက် အမြဲကုသိုလ်ရနေမယ့်အလှူဖြစ်ပါတယ်ခင်ဗျား ဆွမ်းပဒေသာပင်အလှူရှင်များ သေချာနားလည်သဘောပေါက်နိုင်ကြစေရန် အလျှင်းသင့်လို့တင်ပြရခြင်းဖြစ်ပါတယ်ခင်ဗျား

ကနေ့ထူးထူးခြားခြားလှူဒါန်းသွားတဲ့ သဒ္ဓါတရားကောင်းလွန်းလှပြီး စိတ်ဓာတ်ခိုင်မာပြတ်သားလှပါသော

ဒါနသူရဲကောင်းကြီးဦးသန်းစိန် ရဲ့ စေတနာသဒ္ဓါတရားကို လေးစားစွာ ချီးကျူးဂုဏ်ပြု သာဓုအနုမောဒနာခေါ်ဆိုလိုက်ရကြောင်းပါခင်ဗျာ။

ခရက်ဒစ် UPho Thar

Zawgyi

လူဆိုမွလူ

အဝီစိတြင္း ( စက္ေရတြင္း ) အငွားလိုက္တူးေပးၿပီး ေရတြင္းတူးခမ်ား ရတာကို ၿခိဳးၿခံေခြၽတာစားေသာက္ေနထိုင္ၿပီး

ျခစ္ျခစ္ကုပ္ကုပ္ စုေဆာင္းထားရွိၿပီး စုေဆာင္းရရွိေငြ ၄၅၀၂၀၀ဝိ/ ေလးဆယ့္ငါးသိန္းႏွစ္ေထာင္က်ပ္ ရရွိလာေသာအခါ

၂၀၀ဝိ/ကိုသုံးစြဲရန္ခ်န္ထားၿပီး ေလးဆယ့္ငါးသိန္း က်ပ္ကို စလင္းၿမိဳ႕သံဃာေတာ္မ်ား အ႐ုဏ္ဆြမ္းမခက္ခဲေစရန္

စလင္းၿမိဳ႕ သာသနဟိတေန႔စဥ္အ႐ုဏ္ဆြမ္းေလာင္းအသင္းႀကီးသို႔ ရာသက္ပန္ေငြပင္ေငြရင္းပေဒသာပင္အျဖစ္ စိုက္ထူလႉဒါန္းလိုက္ပါေသာကုသိုလ္ရွင္ႀကီးျဖစ္ပါတယ္ခင္ဗ်ား

ယခင္ကလည္း အေမြဆိုင္ဝိုင္းေရာင္းရေငြမွ မိမိေဝစုရေသာ ၂၁၀၀၀၀ဝိ/ ႏွစ္ဆယ့္တစ္သိန္းက်ပ္ကို

ဘခင္ႀကီးဦးရာဆယ္၊ မိခင္ႀကီးေဒၚႏွင္း အမ ေဒၚလွေလး တို႔အားရည္စူး၍ ရာသက္ပန္ေငြပင္ေငြရင္းဆြမ္းပေဒသာပင္ စိုက္ထူလႉဒါန္းထားတာ

အခုလႉတာနဲ႔ဆိုရင္ ပေဒသာပင္တန္ဖိုး ၆၆၀၀၀၀၀ ိ/ ေျခာက္ဆယ့္ေျခာက္သိန္းစိုက္ထူထားတဲ့ ထာဝရအလႉရွင္ႀကီးလည္းျဖစ္သြားပါၿပီခင္ဗ်ား

ဆြမ္းေလာင္းသင္းႀကီးကို လစဥ္အလႉေငြ၁၀၀ဝိ/ ႏႈန္းနဲ႔ တစ္ႏွစ္ပါတ္လုံးႏွစ္စဥ္မပ်က္လႉဒါန္းေနတဲ့ အာစိဏၰကံ အလႉရွင္ႀကီးလည္းျဖစ္ပါတယ္ခင္ဗ်ား။

စလင္းၿမိဳ႕ သာသနဟိတေန႔စဥ္အ႐ုဏ္ဆြမ္းေလာင္းအသင္းႀကီးမွာ ရာသက္ပန္ဆြမ္းပေဒသာပင္စိုက္ထူလႉဒါန္းထားၾကတဲ့ အလႉေငြမ်ားကို ဘဏ္မွာစနစ္တက်အပ္ႏွံထားၿပီး

အရင္းကိုမေလ်ာ့ပါးေစဘဲ ရရွိလာတဲ့အတိုးအၫြန္႔မ်ားကိုသာ ဆြမ္းေလာင္းလႉတဲကိစၥမ်ားမွာသာသုံးစြဲတာျဖစ္လို႔ အလႉရွင္မ်ားမရွိေတာ့သည့္တိုင္ေအာင္

သား စဥ္ေျမးဆက္ အၿမဲကုသိုလ္ရေနမယ့္အလႉျဖစ္ပါတယ္ခင္ဗ်ား ဆြမ္းပေဒသာပင္အလႉရွင္မ်ား ေသခ်ာနားလည္သေဘာေပါက္ႏိုင္ၾကေစရန္ အလွ်င္းသင့္လို႔တင္ျပရျခင္းျဖစ္ပါတယ္ခင္ဗ်ား

ကေန႔ထူးထူးျခားျခားလႉဒါန္းသြားတဲ့ သဒၶါတရားေကာင္းလြန္းလွၿပီး စိတ္ဓာတ္ခိုင္မာျပတ္သားလွပါေသာ

ဒါနသူရဲေကာင္းႀကီးဦးသန္းစိန္ ရဲ႕ ေစတနာသဒၶါတရားကို ေလးစားစြာ ခ်ီးက်ဴးဂုဏ္ျပဳ သာဓုအႏုေမာဒနာေခၚဆိုလိုက္ရေၾကာင္းပါခင္ဗ်ာ။

ခရက္ဒစ္ UPho Thar