၁ လအတွင်း ကိုယ်အလေးချိန် ၁၁ ပေါင်လောက်ကျမယ့် ဒိန်ချဉ်နဲ့ တခြားပါဝင်ပစ္စည်းတွေကိုရောထားတဲ့ ကျန်းမာတဲ့မနက်စာ

၁ လအတွင်း ကိုယ်အလေးချိန် ၁၁ ပေါင်လောက်ကျမယ့် ဒိန်ချဉ်နဲ့ တခြားပါဝင်ပစ္စည်းတွေကိုရောထားတဲ့ မနက်စာ

အဟာရလမ်းညွှန်သူတွေရဲ့ ပြောကြားချက်အရ မနက်စာဟာ ကျန်းမာရေးနဲ့ အညီညွတ်ဆုံး ဖြစ်ဖို့လိုအပ်သလို အရသာအကောင်းဆုံးဖြစ်ဖို့လည်း လိုအပ်ပါတယ်။

အခုပြောပြမယ့် မနက်စာကတော့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ကြွယ်ဝစွာပါဝင်မှာဖြစ်တာကြောင့် ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်ကို တည်ငြိမ်စေပါတယ်။ ဒါ့အပြင် အသားအရေကို စိုပြေစေပြီး ဆံသားကို ကျန်းမာစေပါတယ်။

ခန္ဓာကိုယ်အတွင်းက အဆိပ်အတောင့်တွေကို ဖယ်ရှားပေးနိုင်တဲ့အပြင် ဝမ်းမှန်စေပါတယ်။ ဒါ့အပြင် အဆီနဲ့ ကယ်လိုရီလောင်ကျွမ်းမှုကို အားပေးပါတယ်။

အခုပြောပြမယ့် အစားအစာကို ရက်ပေါင်း ၃၀ လောက်ပုံမှန်စားသုံးပေးရင် ကိုယ်အလေးချိန် ၃ ပေါင်ကနေ ၁၁ ပေါင်ထိ လျှော့ချပေးနိုင်မှာပါ။

ဒါ့အပြင်ဝမ်းဗိုက်က အဆီတွေလည်း သိသိသာသာလျှော့ကျလာမှာဖြစ်ပါတယ်။

ကျန်းမာတဲ့မနက်စာ

အဆီနည်းတဲ့ ဒိန်ချဉ် (သို့) Kefir (ဒိန်ချဉ်လို နို့ထွက်ပစ္စည်းကို အချဉ်ဖောက်ထားတဲ့အစားအစာ) ၁ ခွက်

(ချော့ကလက်လုပ်ရာမှာထည့်တဲ့) ကိုကိုးမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

(ကွေကာအုတ်လုပ်ရာမှာထည့်တဲ့ အမည်) Oatmeal စားပွဲတင်ဇွန်း ၂ ဇွန်း

နှမ်းကြတ်စေ့ (Flaxseed) မှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

Plum (လတ်ဆတ်တဲ့ ဇီးသီး) (သို့) မက်မန်းသီး ၅ လုံးကနေ ၇ လုံးထိ

ပြင်ဆင်ခြင်း

မနက်စာကို ဒီအစားအစာတွေစားရမှာဆိုတော့ ညနေခင်းမှာ ပြင်ဆင်ပါမယ်။

ဇီးသီးကို ခွက်တစ်လုံးထဲထည့်ပြီး ရေနွေးပူ ၁၀၀ မီလီလီတာလောက်ကို ထည့်ပါ။ ခွက်တစ်လုံးနဲ့ ဖုံးထားပြီး ၁၀ မိနစ်လောက်ထားပါ။

နောက်ထပ်ခွက်တစ်လုံးကိုယူပြီး Oatmeal၊ ကိုကိုးသီး၊ နှမ်းကြိတ်စေ့တို့ကို ထည့်ပါ။ အဲဒီနောက် Kefir (သို့) ဒိန်ချည်ထည့်ပြီး ထည့်ထားတဲ့ ပါဝင်ပစ္စည်းအားလုံးကို ရောအောင်မွှေလိုက်ပါ။

ဇီးသီး (သို့) မက်မန်းသီးကို ခပ်သေးသေးလေးဖြစ်အောင် လှီးလိုက်ပြီး ခုဏကမွှေထားတဲ့ အစာတွေထဲ ထည့်ပါ။ ( ကြိတ်စက်ထဲထည့်ပြီး ဇီးသီး (သို့) မက်မန်းသီး ကြိတ်လည်းရပါတယ်။)

အဲဒီနောက် အားလုံးကို နှံ့စပ်အောင် မွှေလိုက်ပြီး ရေခဲသေတ္တာထဲထည့်ထားပါ။ မနက်မိုးလင်းရင် အရသာရှိပြီး ကျန်းမာတဲ့ အဲဒီမနက်စာကိုစားသုံးနိုင်ပါတယ်။

ပထမ ၁ ပတ်မှာတင် ရလဒ်ကောင်းကို တွေ့မြင်ရမှာဖြစ်လို့ အမြန်ဆုံး လုပ်စားလိုက်ဖို့ အကြံပြုပါရစေနော်။

Zawgyi

၁ လအတြင္း ကိုယ္အေလးခ်ိန္ ၁၁ ေပါင္ေလာက္က်မယ့္ ဒိန္ခ်ဥ္နဲ႔ တျခားပါဝင္ပစၥည္းေတြကိုေရာထားတဲ့ မနက္စာ

အဟာရလမ္းၫႊန္သူေတြရဲ႕ ေျပာၾကားခ်က္အရ မနက္စာဟာ က်န္းမာေရးနဲ႔ အညီၫြတ္ဆုံး ျဖစ္ဖို႔လိုအပ္သလို အရသာအေကာင္းဆုံးျဖစ္ဖို႔လည္း လိုအပ္ပါတယ္။

အခုေျပာျပမယ့္ မနက္စာကေတာ့ ဗီတာမင္နဲ႔ သတၱဳဓါတ္ေတြ ႂကြယ္ဝစြာပါဝင္မွာျဖစ္တာေၾကာင့္ ခႏၶာကိုယ္ရဲ႕ ဇီဝျဖစ္စဥ္ကို တည္ၿငိမ္ေစပါတယ္။ ဒါ့အျပင္ အသားအေရကို စိုေျပေစၿပီး ဆံသားကို က်န္းမာေစပါတယ္။

ခႏၶာကိုယ္အတြင္းက အဆိပ္အေတာင့္ေတြကို ဖယ္ရွားေပးႏိုင္တဲ့အျပင္ ဝမ္းမွန္ေစပါတယ္။ ဒါ့အျပင္ အဆီနဲ႔ ကယ္လိုရီေလာင္ကြၽမ္းမႈကို အားေပးပါတယ္။

အခုေျပာျပမယ့္ အစားအစာကို ရက္ေပါင္း ၃၀ ေလာက္ပုံမွန္စားသုံးေပးရင္ ကိုယ္အေလးခ်ိန္ ၃ ေပါင္ကေန ၁၁ ေပါင္ထိ ေလွ်ာ့ခ်ေပးႏိုင္မွာပါ။

ဒါ့အျပင္ဝမ္းဗိုက္က အဆီေတြလည္း သိသိသာသာေလွ်ာ့က်လာမွာျဖစ္ပါတယ္။

က်န္းမာတဲ့မနက္စာ

အဆီနည္းတဲ့ ဒိန္ခ်ဥ္ (သို႔) Kefir (ဒိန္ခ်ဥ္လို ႏို႔ထြက္ပစၥည္းကို အခ်ဥ္ေဖာက္ထားတဲ့အစားအစာ) ၁ ခြက္

(ေခ်ာ့ကလက္လုပ္ရာမွာထည့္တဲ့) ကိုကိုးမႈန႔္ လက္ဖက္ရည္ဇြန္း ၁ ဇြန္း

(ေကြကာအုတ္လုပ္ရာမွာထည့္တဲ့ အမည္) Oatmeal စားပြဲတင္ဇြန္း ၂ ဇြန္း

ႏွမ္းၾကတ္ေစ့ (Flaxseed) မႈန႔္ လက္ဖက္ရည္ဇြန္း ၁ ဇြန္း

Plum (လတ္ဆတ္တဲ့ ဇီးသီး) (သို႔) မက္မန္းသီး ၅ လုံးကေန ၇ လုံးထိ

ျပင္ဆင္ျခင္း

မနက္စာကို ဒီအစားအစာေတြစားရမွာဆိုေတာ့ ညေနခင္းမွာ ျပင္ဆင္ပါမယ္။

ဇီးသီးကို ခြက္တစ္လုံးထဲထည့္ၿပီး ေရေႏြးပူ ၁၀၀ မီလီလီတာေလာက္ကို ထည့္ပါ။ ခြက္တစ္လုံးနဲ႔ ဖုံးထားၿပီး ၁၀ မိနစ္ေလာက္ထားပါ။

ေနာက္ထပ္ခြက္တစ္လုံးကိုယူၿပီး Oatmeal၊ ကိုကိုးသီး၊ ႏွမ္းႀကိတ္ေစ့တို႔ကို ထည့္ပါ။ အဲဒီေနာက္ Kefir (သို႔) ဒိန္ခ်ည္ထည့္ၿပီး ထည့္ထားတဲ့ ပါဝင္ပစၥည္းအားလုံးကို ေရာေအာင္ေမႊလိုက္ပါ။

ဇီးသီး (သို႔) မက္မန္းသီးကို ခပ္ေသးေသးေလးျဖစ္ေအာင္ လွီးလိုက္ၿပီး ခုဏကေမႊထားတဲ့ အစာေတြထဲ ထည့္ပါ။ ( ႀကိတ္စက္ထဲထည့္ၿပီး ဇီးသီး (သို႔) မက္မန္းသီး ႀကိတ္လည္းရပါတယ္။)

အဲဒီေနာက္ အားလုံးကို ႏွံ႔စပ္ေအာင္ ေမႊလိုက္ၿပီး ေရခဲေသတၱာထဲထည့္ထားပါ။ မနက္မိုးလင္းရင္ အရသာရွိၿပီး က်န္းမာတဲ့ အဲဒီမနက္စာကိုစားသုံးႏိုင္ပါတယ္။

ပထမ ၁ ပတ္မွာတင္ ရလဒ္ေကာင္းကို ေတြ႕ျမင္ရမွာျဖစ္လို႔ အျမန္ဆုံး လုပ္စားလိုက္ဖို႔ အႀကံျပဳပါရေစေနာ္။