ဆံပင်တွေတဖြေးဖြေးနဲ့ပါးလာအောင် သင်ကိုယ်တိုင်ပြုလုပ်မိနေတဲ့ အမှားတွေ

ဆံပင်တွေတဖြေးဖြေးနဲ့ပါးလာအောင် သင်ကိုယ်တိုင်ပြုလုပ်မိနေတဲ့ အမှားများ

ဆံပင်တွေက အရင်ထက်ပိုပြီး တဖြေးဖြေးနဲ့ ပါးလာတာမျိုးကို ဖြစ်ဖူးကြမှာပါ။ ဆံပင်ပါးလာပြီဆိုရင် ထိပ်တွေပြောင်လာတာ၊ ဆံပင်တွေ ကွက်ကျွတ်တာမျိုးတွေ အရမ်းဖြစ်ပါတယ်။

ဒီလိုဆိုရင် မိန်းကလေးပဲဖြစ်ဖြစ်၊ ယောင်္ကျားလေးပဲဖြစ်ဖြစ် ကြည့်ရဆိုးစေတာမို့ ဆံပင်တွေ တဖြေးဖြေးနဲ့ပါးလာအောင် သင်ကိုယ်တိုင်ပြုလုပ်မိနေတဲ့ အမှားတွေကို ပြောပြပေးလိုက်ပါတယ်။

တစ်ခါတစ်လေကျရင် ကိုယ်လုပ်မိနေတဲ့ အရာတွေကြောင့်ပဲ ဖြစ်တတ်တာမို့ သတိထားပြီး ဆင်ခြင်လို့ရအောင် ဘာတွေက မလုပ်သင့်ဘူးလဲဆိုတာကို သိထားဖို့ လိုပါတယ်။

နေရောင်ခြည်တိုက်ရိုက် ခဏခဏထိတာ၊ အပြင်သွားရင် နေပူထဲ ထီးမဆောင်း၊ ဦးထုပ်မဆောင်းပဲ သွားတာတွေက ဆံသား အရမ်းထိခိုက်ပျက်စီး စေပါတယ်။ ဆံပင်တွေ တဖြေးဖြေးကျွတ်ပြီး ပါးလာစေပါတယ်။

တစ်ချိန်လုံး ဆံပင်ကို တင်းကျပ်နေအောင် စုစည်းထားတာ၊ တင်းကျပ်နေအောင် ကျစ်ဆံမြီးတွေကျစ်တာမျိုးက ဆံပင်အရင်းကနေကိုကျွတ်ပြီး ဆံပင်ပါးစေပါတယ်။ ထိပ်ပြောင်စေပါတယ်။

ဆံပင်အဖျားတွေ၊ ပျက်စီးနေတာတွေကို တစ်လတစ်ခါ ညှပ်ထုတ်ပေးပါ။ ဆံပင်တိုသွားမှာစိုးလို့၊ ရှည်နေတဲ့ဆံပင်လေးတွေ တိုသွားမှာစိုးလို့ဆိုပြီး

ပျက်စီးနေတဲ့ အောက်ဖျားတွေကို မညှပ်ပဲထားရင် ဆံပင်အရှည်နှေးပြီး ဆံပင်ပိုကျွတ်ပါမယ်။ ဆံပင်ကျွတ်တော့ တဖြေးဖြေးနဲ့ ဆံပင်ပိုပါးလာပါလိမ့်မယ်။

ရေပူနဲ့ ခေါင်းလျှော်တတ်ရင် ပြင်ဖို့လိုပါတယ်။ ရေပူနဲ့ခေါင်းလျှော်တာက ဆံပင်ကျွတ်ပြီး ဆံပင်တွေ သိသိသာသာကို ပါးလာစေပါတယ်။

အပူချောင်းတွေနဲ့ ဆံပင်ပုံသွင်းတာ၊ အပူချောင်းတွေနဲ့ စက်ဆွဲတာတွေက ဆံသားပျက်စီးပြီး ဆံပင်ကျွတ်စေသလို ဆံပင်လည်း ပါးစေပါတယ်။ ထိပ်ကနေ စကျွတ်တာမို့ ထိပ်ပြောင်တာတွေပါ ဖြစ်လာနိုင်ပါတယ်။

ဆံပင်ရေစိုနေတဲ့အချိန်မှာ ခေါင်းဖြီးတာ၊ ဆံပင်ကို ဖြေးဖြေးချင်းစီ သေချာရှင်းပြီးမဖြီးပဲ ကြမ်းကြမ်းတမ်းတမ်းဖြီးတာတွေက ဆံပင်အဖျားကနေကျွတ်ပြီးတော့ကို ဆံပင်ပါးသွားစေပါတယ်။

Source: brightside

Zawgyi

ဆံပင္ေတြတေျဖးေျဖးနဲ႔ပါးလာေအာင္ သင္ကိုယ္တိုင္ျပဳလုပ္မိေနတဲ့ အမွားမ်ား

ဆံပင္ေတြက အရင္ထက္ပိုၿပီး တေျဖးေျဖးနဲ႔ ပါးလာတာမ်ိဳးကို ျဖစ္ဖူးၾကမွာပါ။ ဆံပင္ပါးလာၿပီဆိုရင္ ထိပ္ေတြေျပာင္လာတာ၊ ဆံပင္ေတြ ကြက္ကြၽတ္တာမ်ိဳးေတြ အရမ္းျဖစ္ပါတယ္။

ဒီလိုဆိုရင္ မိန္းကေလးပဲျဖစ္ျဖစ္၊ ေယာက်ၤားေလးပဲျဖစ္ျဖစ္ ၾကည့္ရဆိုးေစတာမို႔ ဆံပင္ေတြ တေျဖးေျဖးနဲ႔ပါးလာေအာင္ သင္ကိုယ္တိုင္ျပဳလုပ္မိေနတဲ့ အမွားေတြကို ေျပာျပေပးလိုက္ပါတယ္။

တစ္ခါတစ္ေလက်ရင္ ကိုယ္လုပ္မိေနတဲ့ အရာေတြေၾကာင့္ပဲ ျဖစ္တတ္တာမို႔ သတိထားၿပီး ဆင္ျခင္လို႔ရေအာင္ ဘာေတြက မလုပ္သင့္ဘူးလဲဆိုတာကို သိထားဖို႔ လိုပါတယ္။

ေနေရာင္ျခည္တိုက္႐ိုက္ ခဏခဏထိတာ၊ အျပင္သြားရင္ ေနပူထဲ ထီးမေဆာင္း၊ ဦးထုပ္မေဆာင္းပဲ သြားတာေတြက ဆံသား အရမ္းထိခိုက္ပ်က္စီး ေစပါတယ္။ ဆံပင္ေတြ တေျဖးေျဖးကြၽတ္ၿပီး ပါးလာေစပါတယ္။

တစ္ခ်ိန္လုံး ဆံပင္ကို တင္းက်ပ္ေနေအာင္ စုစည္းထားတာ၊ တင္းက်ပ္ေနေအာင္ က်စ္ဆံၿမီးေတြက်စ္တာမ်ိဳးက ဆံပင္အရင္းကေနကိုကြၽတ္ၿပီး ဆံပင္ပါးေစပါတယ္။ ထိပ္ေျပာင္ေစပါတယ္။

ဆံပင္အဖ်ားေတြ၊ ပ်က္စီးေနတာေတြကို တစ္လတစ္ခါ ညႇပ္ထုတ္ေပးပါ။ ဆံပင္တိုသြားမွာစိုးလို႔၊ ရွည္ေနတဲ့ဆံပင္ေလးေတြ တိုသြားမွာစိုးလို႔ဆိုၿပီး

ပ်က္စီးေနတဲ့ ေအာက္ဖ်ားေတြကို မညႇပ္ပဲထားရင္ ဆံပင္အရွည္ေႏွးၿပီး ဆံပင္ပိုကြၽတ္ပါမယ္။ ဆံပင္ကြၽတ္ေတာ့ တေျဖးေျဖးနဲ႔ ဆံပင္ပိုပါးလာပါလိမ့္မယ္။

ေရပူနဲ႔ ေခါင္းေလွ်ာ္တတ္ရင္ ျပင္ဖို႔လိုပါတယ္။ ေရပူနဲ႔ေခါင္းေလွ်ာ္တာက ဆံပင္ကြၽတ္ၿပီး ဆံပင္ေတြ သိသိသာသာကို ပါးလာေစပါတယ္။

အပူေခ်ာင္းေတြနဲ႔ ဆံပင္ပုံသြင္းတာ၊ အပူေခ်ာင္းေတြနဲ႔ စက္ဆြဲတာေတြက ဆံသားပ်က္စီးၿပီး ဆံပင္ကြၽတ္ေစသလို ဆံပင္လည္း ပါးေစပါတယ္။ ထိပ္ကေန စကြၽတ္တာမို႔ ထိပ္ေျပာင္တာေတြပါ ျဖစ္လာႏိုင္ပါတယ္။

ဆံပင္ေရစိုေနတဲ့အခ်ိန္မွာ ေခါင္းၿဖီးတာ၊ ဆံပင္ကို ေျဖးေျဖးခ်င္းစီ ေသခ်ာရွင္းၿပီးမၿဖီးပဲ ၾကမ္းၾကမ္းတမ္းတမ္းၿဖီးတာေတြက ဆံပင္အဖ်ားကေနကြၽတ္ၿပီးေတာ့ကို ဆံပင္ပါးသြားေစပါတယ္။

Source: brightside