“#ချင်း … (ဂျင်း) ” နားအစက်ချဆေးရည်(လက်တွေ့)
အချိန်မတော် နားကိုက်၍ ရုတ်တရပ်ဆေး၀ယ်ရန် ခက်ခဲကာ ဘာလုပ်ရမည်မသိ လူအတော်များများနှင့် မိသားစု၀င်များထဲတွင် ဖြစ်ဖူး တတ်ကြပါလိမ့်မည်။
ထိုသို့ဖြစ်ပါလျှင် ဆေးဖက်၀င်အာနိသင်ဖြင့်
ပြည့်ဝနေသော အိမ်တိုင်း မီးဖိုဆောင်တွင် ဆောင်ထားတတ်သည့် သဘာ၀ချင်းကို သတိရကြပါ။
မခံမရနိုင်အောင် နားကိုက်ခြင်း အတွက် လတ်ဆတ်သော ချင်းကို ရေဖြင့် သန့်စင်အောင် ဆေးကြောပြီး ထုထောင်း၍ အရည်ထုတ်ယူပါ။
တိုင်းရင်းဆေးပညာအခေါ်အရ သတ္တုရည်ဟု ခေါ်ပါသည်။ ရရှိသော ဂျင်းသတ္တုရည်ကို သန့်စင်သော စတီးဇွန်းထဲသို့ ထည့်ပြီး ဖယောင်း မီးလေးဖြင့် ပူရုံမျှ အပူပေးပါ။
နွေးနွေးလေးဆို ရပါပြီ။ ကိုက်နေသော နားအတွင်းသို့(၅) စက်မျှ ချပေးလိုက်ပါ။ နားကိုက်ခြင်းရောဂါ သက်သာ ပျောက်ကင်းသွားပါမည်။
ထိုနည်းမှာ #ချင်း နားအစက်ချဆေးနည်းဖြစ်ပါသည်။
မိမိကိုယ်တိုင်လည်း ခံစားဖူးသလို၊မိသားစု၀င်လူကြီး/ကလေးများ နားကိုက်ခြင်း ဝေဒနာခံစားရပါက တင်ပြပါ
ချင်းနားအစက်ချ ဆေးရည်နည်းဖြင့်သာ ကုသပေးခဲ့ပြီး သက်သာ ပျောက်ကင်းခြင်း မျိုးရှိခဲ့ပါသည်။
သင့်မိသားစုတွင် နားကိုက်ပါက ထူးထူးထွေထွေ မလိုဘဲ အိမ်တိုင်း ၏မီးဖိုဆောင်တွင် အမြဲအသင့်ရှိနေတတ်သော ချင်းတစ်မျိုးသာ လိုပါကြောင်း သိမီသမျှတင်ပြလိုက်ပါသည်။
အကိုးအကား
တိုင်းရင်းဆေးပညာဦးစီးဌာန သုတေသနနှင့်ဖွံ့ဖြိုးရေးမှထုတ်ဝေသော လက်တွေ့အသုံးချ ဆေးဖက်၀င်အပင်များ အတွဲ(၁)
မေတ္တာဖြင့် ပြန်လည်မျှဝေပါတယ်ရှင်
ရဲမျိုးသူ(ဗောဓိမြိုင်)
Zawgyi
“#ခ်င္း … (ဂ်င္း) နားအစက္ခ်ေဆးရည္(လက္ေတြ႕)”
အခ်ိန္မေတာ္ နားကိုက္၍ ႐ုတ္တရပ္ေဆး၀ယ္ရန္ ခက္ခဲကာ ဘာလုပ္ရမည္မသိ လူအေတာ္မ်ားမ်ားႏွင့္ မိသားစု၀င္မ်ားထဲတြင္ ျဖစ္ဖူး တတ္ၾကပါလိမ့္မည္။
ထိုသို႔ျဖစ္ပါလွ်င္ ေဆးဖက္၀င္အာနိသင္ျဖင့္
ျပည့္ဝေနေသာ အိမ္တိုင္း မီးဖိုေဆာင္တြင္ ေဆာင္ထားတတ္သည့္ သဘာ၀ခ်င္းကို သတိရၾကပါ။
မခံမရႏိုင္ေအာင္ နားကိုက္ျခင္း အတြက္ လတ္ဆတ္ေသာ ခ်င္းကို ေရျဖင့္ သန္႔စင္ေအာင္ ေဆးေၾကာၿပီး ထုေထာင္း၍ အရည္ထုတ္ယူပါ။
တိုင္းရင္းေဆးပညာအေခၚအရ သတၱဳရည္ဟု ေခၚပါသည္။ ရရွိေသာ ဂ်င္းသတၱဳရည္ကို သန္႔စင္ေသာ စတီးဇြန္းထဲသို႔ ထည့္ၿပီး ဖေယာင္း မီးေလးျဖင့္ ပူ႐ုံမွ် အပူေပးပါ။
ေႏြးေႏြးေလးဆို ရပါၿပီ။ ကိုက္ေနေသာ နားအတြင္းသို႔(၅) စက္မွ် ခ်ေပးလိုက္ပါ။ နားကိုက္ျခင္းေရာဂါ သက္သာ ေပ်ာက္ကင္းသြားပါမည္။
ထိုနည္းမွာ #ခ်င္း နားအစက္ခ်ေဆးနည္းျဖစ္ပါသည္။
မိမိကိုယ္တိုင္လည္း ခံစားဖူးသလို၊မိသားစု၀င္လူႀကီး/ကေလးမ်ား နားကိုက္ျခင္း ေဝဒနာခံစားရပါက တင္ျပပါ
ခ်င္းနားအစက္ခ် ေဆးရည္နည္းျဖင့္သာ ကုသေပးခဲ့ၿပီး သက္သာ ေပ်ာက္ကင္းျခင္း မ်ိဳးရွိခဲ့ပါသည္။
သင့္မိသားစုတြင္ နားကိုက္ပါက ထူးထူးေထြေထြ မလိုဘဲ အိမ္တိုင္း ၏မီးဖိုေဆာင္တြင္ အၿမဲအသင့္ရွိေနတတ္ေသာ ခ်င္းတစ္မ်ိဳးသာ လိုပါေၾကာင္း သိမီသမွ်တင္ျပလိုက္ပါသည္။
အကိုးအကား
တိုင္းရင္းေဆးပညာဦးစီးဌာန သုေတသနႏွင့္ဖြံ႕ၿဖိဳးေရးမွထုတ္ေဝေသာ လက္ေတြ႕အသုံးခ် ေဆးဖက္၀င္အပင္မ်ား အတြဲ(၁)
ေမတၱာျဖင့္ ျပန္လည္မွ်ေဝပါတယ္ရွင္
ရဲမ်ိဳးသူ(ေဗာဓိၿမိဳင္)