အချိန်မီကာကွယ် သရက်ဖားဥမှိုရောဂါ
ရောဂါသော သက်ရှိမှာ Oidium mangiferae Berth ကြောင့်ဖြစ်သည်။
“ရောဂါလက္ခဏာများ ”
၁။ ပန်းခိုင်နှင့် အရွက်နုများပေါ်တွင် အဖြူရောင် သို့မဟုတ် မီးခိုးရောင်မှိုမျှင်ကွက်များဖြစ်ပေါ်သည်။
၂။ ရောဂါကူးစက်မှုသည် ပန်းခိုင်အဖျားမှ စတင်ကာ ပန်းခိုင်ပင်မရိုးတံ၊ အရွက်နုများဆီသို့ ကူးစက်ပါသည်။
၃။ အရွက်များနှင့်အညွန့်များပေါ်တွင် မှိုမျှင်များ ကြီးထွားမှု ပိုများသည်။
၄။ ပူနွေးစိုစွတ်ပြီး ညအပူချိန် နိမ့်သော ရာသီဥတု အခြေအနေတွင် ရောဂါကျရောက်မှု များသည်။
၅။ ရောဂါကူးစက်ခံရသည့် ပန်းပွင့်များ ကြွေကျပျက်စီးသည်။
၆။ ပန်းပွင့်အရေအတွက်နှင့်အရွယ်အစားလျှော့ချခြင်းဖြင့်အထွက်နှုန်း လျော့နည်းသွား စေသည်။ အသီးများသည် ပုံသဏ္ဌာန် မမှန်၊ အရောင်ပျက်ပြီး အချိန်မတိုင်မီ ကြွေကျတတ်သည်။
“ကာကွယ်နှိမ်နင်းနည်းများ”
၁။ ရောဂါကူးစက် ကျရောက်နေသော ခြံများတွင် ပေါင်းပင်များနှင့်အခြား လက်ခံပင်များကို ရှင်းလင်းပေးလိုက်ပါ။
၂။ ကူးစက်ခံရသည့်အရွက်များ၊ အညွန့်များနှင့်ပန်းများကိုဖယ်ရှားခြင်းနှင့် မီးရှို့ခြင်းသည်ရောဂါပျံ့နှံ့မှုကိုလျော့နည်းစေသည်။
၃။ သရက်ပန်းခိုင်မှား အရှည် ၃-၄ လက်မ ရှိသော အချိန်တွင် ဆာလဖာ ၀.၂- ၀.၃ % ဖျန်းပေးရမည်။ ဆာလဖာကို ဖျန်းရာတွင် အပူချိန် ၂၄ ဒီဂရီ ဆဲလ်ဆီးရပ် ထက်မြင့်နေပါက မဖျန်းရပါ။
၄။ကာကွယ်ဆေးများဖြစ်သော ၃၅SC (Carbendazim + Hexaconazole) 01ml / Li သို့မဟုတ် Haysulf 80% DF (Sulfur) 02gm / Li သို့မဟုတ် Haymancozeb (Mancozeb) 02gm / Li သို့မဟုတ်
Acrobat MZ (Mancozeb + Dimethomorph) 02gm / Li ဖျန်းပေးပါ။
မှိုသတ်ဆေးများကို ပန်းပွင့် ရာခိုင်နှုန်း ၃၀-၄၀ % အချိန်တွင် ဖျန်းပေးခြင်းသည် ထိရောက်မှု အရှိဆုံးဖြစ်သည်။ ပန်းပွင့်ချိန် ဖျန်းပြီးနောက် နှစ်ပတ်ကြား ၂ကြိမ် ထပ်မံဖျန်းပေးရမည်။
Agricounsellor
Zawgyi
အခ်ိန္မီကာကြယ္ သရက္ဖားဥမိႈေရာဂါ
ေရာဂါေသာ သက္ရွိမွာ Oidium mangiferae Berth ေၾကာင့္ျဖစ္သည္။
“ေရာဂါလကၡဏာမ်ား ”
၁။ ပန္းခိုင္ႏွင့္ အရြက္ႏုမ်ားေပၚတြင္ အျဖဴေရာင္ သို႔မဟုတ္ မီးခိုးေရာင္မိႈမၽွင္ကြက္မ်ားျဖစ္ေပၚသည္။
၂။ ေရာဂါကူးစက္မွုသည္ ပန္းခိုင္အဖ်ားမွ စတင္ကာ ပန္းခိုင္ပင္မရိုးတံ၊ အရြက္ႏုမ်ားဆီသို႔ ကူးစက္ပါသည္။
၃။ အရြက္မ်ားႏွင့္အညြန႔္မ်ားေပၚတြင္ မိႈမၽွင္မ်ား ႀကီးထြားမွု ပိုမ်ားသည္။
၄။ ပူေႏြးစိုစြတ္ၿပီး ညအပူခ်ိန္ နိမ့္ေသာ ရာသီဥတု အေျခအေနတြင္ ေရာဂါက်ေရာက္မႈ မ်ားသည္။
၅။ ေရာဂါကူးစက္ခံရသည့္ ပန္းပြင့္မ်ား ေႂကြက်ပ်က္စီးသည္။
၆။ ပန္းပြင့္အေရအတြက္ႏွင့္အရြယ္အစားေလၽွာ့ခ်ျခင္းျဖင့္အထြက္ႏွုန္း ေလ်ာ့နည္းသြား ေစသည္။ အသီးမ်ားသည္ ပုံသဏၭာန္ မမွန္၊ အေရာင္ပ်က္ၿပီး အခ်ိန္မတိုင္မီ ေႂကြက်တတ္သည္။
“ကာကြယ္ႏွိမ္နင္းနည္းမ်ား”
၁။ ေရာဂါကူးစက္ က်ေရာက္ေနေသာ ၿခံမ်ားတြင္ ေပါင္းပင္မ်ားႏွင့္အျခား လက္ခံပင္မ်ားကို ရွင္းလင္းေပးလိုက္ပါ။
၂။ ကူးစက္ခံရသည့္အရြက္မ်ား၊ အညြန႔္မ်ားႏွင့္ပန္းမ်ားကိုဖယ္ရွားျခင္းႏွင့္ မီးရွို႔ျခင္းသည္ေရာဂါပ်ံ႕ႏွံ့မွုကိုေလ်ာ့နည္းေစသည္။
၃။ သရက္ပန္းခိုင္မွား အရွည္ ၃-၄ လက္မ ရွိေသာ အခ်ိန္တြင္ ဆာလဖာ ၀.၂- ၀.၃ % ဖ်န္းေပးရမည္။ ဆာလဖာကို ဖ်န္းရာတြင္ အပူခ်ိန္ ၂၄ ဒီဂရီ ဆဲလ္ဆီးရပ္ ထက္ျမင့္ေနပါက မဖ်န္းရပါ။
၄။ကာကြယ္ေဆးမ်ားျဖစ္ေသာ ၃၅SC (Carbendazim + Hexaconazole) 01ml / Li သို႔မဟုတ္ Haysulf 80% DF (Sulfur) 02gm / Li သို႔မဟုတ္ Haymancozeb (Mancozeb) 02gm / Li သို႔မဟုတ္
Acrobat MZ (Mancozeb + Dimethomorph) 02gm / Li ဖ်န္းေပးပါ။
မွိုသတ္ေဆးမ်ားကို ပန္းပြင့္ ရာခိုင္ႏွုန္း ၃၀-၄၀ % အခ်ိန္တြင္ ဖ်န္းေပးျခင္းသည္ ထိေရာက္မွု အရွိဆုံးျဖစ္သည္။ ပန္းပြင့္ခ်ိန္ ဖ်န္းၿပီးေနာက္ ႏွစ္ပတ္ၾကား ၂ႀကိမ္ ထပ္မံဖ်န္းေပးရမည္။
Agricounsellor