သစ်တို သီး စိုက်ပျိုးနည်း နှင့် ကျန်းမာရေး အကြောင်း သိကောင်းစရာ
ပေါက်ရောက်ရာ ဒေသ
သစ်တိုသီးပင်၏ မူရင်းဒေသများမှာ အင်ဒိုချိုင်းနား ဒေသ၊ သီရိလင်္ကာ၊ အိန္ဒိယ၊ သြစတြေးလျ မြောက်ပိုင်း၊ မော်ရီးရှပ်စ်နှင့် ဆေးရှဲလ် ကျွန်းစုများ ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့၌ အများဆုံး တွေ့ရပါသည်။ သစ်တိုသီးကို အထက်ဖော်ပြပါ ဒေသများတွင် အများဆုံးစိုက်ပျိုးကြပြီး ၎င်း၏ ရာသီချိန်တွင် ပေါပေါများများ ထွက်ရှိကာ နိုင်ငံတကာဈေးကွက်အထိ ရောင်းချ နိုင်ကြောင်း သိရပါသည်။
ရာသီဥတုနှင့် မြေဆီလွှာ
သစ်တိုသီးပင်သည် နှစ်ရှည်ပင်ဖြစ်ပြီး ပူနွေးစိုစွတ်သော ရာသီဥတုကို ကြိုက်နှစ်သက်ပါသည်။
သစ်တိုသီးပင်သည် ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၃၀၀၀ ဝန်းကျင်ရှိသော ဒေသများတွင် ပေါက်ရောက်တတ်သည်။
မြေဆီသြဇာကြွယ်ဝကာ မိုးရေရရှိသော ဒေသများတွင် စိုက်ပျိုးဖြစ်ထွန်းနိုင်ပြီး ကြာရှည်စွာ ခြောက်သွေ့ခြင်းကိုလည်း ကောင်းစွာခံနိုင်ရည် ရှိသည်။
အပင်နှင့်အသီး၏ သွင်ပြင်လက္ခဏာ
သစ်တိုသီးကို ယေဘူယျအားဖြင့် အနီမျိုးနှင့် အဝါမျိုးဟူ၍ ခွဲခြားထားပါသည်။ မျိုးအပေါ်မူတည်၍ အခွံပါးနှင့် အခွံထူ ဟူ၍လည်းရှိပါသည်။
အခွံအောက်ရှိ အသားမှာ စားသုံးနိုင်သော အပိုင်းဖြစ်ပါသည်။ အသီး၏ အလယ်ရှိ နူးညံ့ပျော့အိသော အသားမှာ ချိုချဉ် အရသာရှိပြီး အညိုရောင် အစေ့များလည်း အသီးအလယ်တွင် ပါဝင်ပါသည်။ အရွက် တစ်ရွက်တွင် ရွက်မွှာ ၃ ခု ပါရှိပါသည်။
၎င်းရွက်မွှာများသည် အပင်ထိပ်ဖျားပိုင်းတွင် အစိမ်းရင့်ရောင်ရှိပြီး အပင်အောက်ခြေဘက်တွင် အစိမ်းဖျော့ရောင် ရှိပါသည်။
သေးငယ်ပြီး အနံ့မွှေးကာ ဝါစိမ်းရောင်ရှိသော ပန်းပွင့်များ ပွင့်ပြီးနောက် ဇွန်လမှ သြဂုတ်လအတွင်း အသီးများသီးမည် ဖြစ်သည်။
အသီးမှာ ယေဘူယျ အားဖြင့် လုံးဝန်းပြီး ပန်းသီးငယ် တစ်လုံးကဲ့သို့ အရွယ်အစား ရှိပါသည်။ သစ်တိုသီးပင်သည် အမြင့်ပေ ၅၀ မှ ၁၅၀ အထိ ရှည်လျားစွာ ကြီးထွားနိုင်ပါသည်။
မြေပြုပြင်ခြင်း
စိုက်ပျိုးမည့် မြေနေရာ ရွေးချယ်ပြီးနောက် မလိုအပ်သော ပေါင်းပင်နှင့် အခြားအပင်များကို ရှင်းလင်းရမည် ဖြစ်ပါသည်။ မြေကြီးမွစေရန်နှင့် ပေါင်းမျိုးစေ့များအား အမြစ်ပြတ်ရှင်းလင်းရန် ထယ်ထိုး ထွန်မွှေခြင်းများကို မိုးရာသီ မတိုင်မီ ပြုလုပ်ရမည် ဖြစ်ပါသည်။
ထို့နောက် အကျယ်နှင့် အနက် ၂၀ လက်မဝန်းကျင်ရှိ ကျင်းများတူးရန် လိုအပ်ပြီး တစ်ကျင်းနှင့် တစ်ကျင်း ပေ ၂၀ ခန့်ခွာထားရမည် ဖြစ်သည်။
မစိုက်ခင်ကြိုတင်၍ ၎င်းကျင်းများထဲသို့ သဘာဝမြေသြဇာ ၂၀ ကီလိုဂရမ်ခန့် ထည့်ပေးရမည် ဖြစ်ပါသည်။
စိုက်ပျိုးခြင်း
စိုက်ပျိုးရာတွင် တစ်ပင်နှင့် တစ်ပင် ပေ ၂၀ မှ ၂၅ ပေ အထိ ခြား၍ စိုက်ပျိုးနိုင်ပါသည်။ အစေ့မှ စိုက်ပျိုးလျှင်အပင်သက်တမ်း ၅ နှစ်မှ ရ နှစ်ကြာလျှင် အသီးရရှိမည်။ အချို့မျိုးများမှာ အသီးရရှိရန်အတွက် ၃ နှစ်မှ ၄ နှစ်သာ စောင့်ရန် လိုအပ်ပါသည်။
မြေသြဇာ ကျွေးခြင်း
အပင်ကြီးထွား သန်စွမ်းရန်အတွက် တစ်နှစ်လျှင် မြေသြဇာ၂ ကြိမ်ကျွေးရန် လိုအပ်ပါသည်။ အမိုနီယမ် ဆာလဖိတ်မြေသြဇာကို ၁၀၀ ဂရမ်မှ ၅၀၀ ဂရမ် (ဝ.၁ ကီလိုဂရမ်မှ ဝ.၅ ကီလိုဂရမ်) အထိ ၁ နှစ်လျှင် ၂ ကြိမ် ထည့်သွင်းပေးရမည် ဖြစ်ပါသည်။
အပင်ခြေတွင် ထည့်သွင်းပေးရမည် ဖြစ်ပါသည်။ စိုက်ပျိုးပြီး ၁ လသားတွင် တစ်ကြိမ်၊ ၆ လတွင် တစ်ကြိမ် မြေသြဇာထည့်သွင်းပေးရမည် ဖြစ်ပါသည်။
အသီးစသီးချိန်တွင် အပင်တစ်ပင်ချင်းဆီအတွက် ယူရီးယားနှင့် ပိုတက် ဓာတ်ပါဝင်သော မြေသြဇာ ၃၀၀ ဂရမ်မှ ၅၀၀ ဂရမ် (ဝ.၃ ကီလိုဂရမ်နှင့် ဝ.၅ ကီလိုဂရမ်) အထိထည့်သွင်းပေးရမည် ဖြစ်ပါသည်။
မျိုးပွားခြင်း
သစ်တိုသီးကို အစေ့မှ မျိုးပွားနိုင်သလို မြေထုပ်စည်းခြင်း၊ အဖူးသွင်းခြင်းနှင့် သပ်သွင်း ပင်ထောက်ကိုင်းကူးခြင်း နည်းလမ်းများ အပြင် အခြား ကိုင်းကူးဆက်နည်းများဖြင့်လည်း ပွားယူနိုင်ပါသည်။
ခူးဆွတ်ခြင်းနှင့် အထွက်နှုန်း
သစ်တိုသီးများသည် ဇူလိုင်လမှ အောက်တိုဘာလ အတွင်း ရင့်မှည့်ကြပါသည်။ အသီး၏ အခွံမှာ အဝါရောင် ရင့်ရင့် ဖြစ်သည်ကို တွေ့ပါက ခူးဆွတ်နိုင်ပြီ ဖြစ်ပါသည်။
သစ်တိုသီးပင်သည် အသီးအများ အပြားထွက်ရှိသော အပင် ဖြစ်ပါသည်။ အရွယ်ရောက်ပြီးသော အပင်တစ်ပင်သည် ၁ နှစ်လျှင် အသီး ၁၈၀၀၀ မှ ၂၄၀၀၀ အထိ သီးနိုင်ပါသည်။
ပိုး ကျရောက်မှု
ပိုးအနေဖြင့် သီးထိုးယင် ကျရောက်လေ့ရှိပြီး အသီးပုံပျက်ခြင်းနှင့် အသီးမျက်နှာပြင်ပေါ်တွင် အကွက်အပြောက်များ ဖြစ်ပေါ်ခြင်းတို့ကို ဖြစ်စေပါသည်။
သီးထိုးယင်ကို ကာကွယ်ရန်အတွက် အသီးကိုစက္ကူဖြင့် တစ်ထပ်ခံပြီး ပလတ်စတစ်အိတ်ဖြင့် စွပ်ကာ ကာကွယ်ထားရမည် ဖြစ်ပါသည်။
အစားအသောက်အနေဖြင့် အသုံးပြုပုံ
သစ်တိုသီးအား အရှေ့တောင်အာရှ နိုင်ငံများတွင် အစားအသောက် အနေဖြင့် စားသုံးကြပါသည်။ အနောက်နိုင်ငံများတွင် သစ်တိုသီး၏ အရွက်၊ အမြစ်နှင့် အသီးတို့ကို ဆေးဖော်စပ်ရာတွင် အသုံးပြုကြသလို ယိုနှင့် ဂျယ်လီပြုလုပ်ကာ သရေစာအနေဖြင့် စားသုံးကြပါသေးသည်။ မြန်မာနိုင်ငံတွင် ဒေသမျိုး သစ်တော်သီးကို သစ်တိုသီးငပိချက် ချက်ကာ စားသုံးကြပါသည်။ ဒေသမျိုး သစ်တော်သီးများမှာ အလုံးသေးပြီး အဖန်ဓာတ်နှင့် အချဉ်ဓာတ် ပိုများပါသည်။ မွန်လူမျိုးများ အနေဖြင့် အသားဟင်းများ ချက်ရာတွင် အအီပြေစေရန်အတွက် သစ်တိုသီးကို ဓားနှင့်ပေါက်ကာ ထည့်ချက် စားသုံးကြပါသည်။
အာဟာရဓာတ် ပါဝင်မှု
သစ်တိုသီးကို အစိမ်းအတိုင်း စားသုံးနိုင်သလို ဟင်းချက်ရာတွင်လည်း ထည့်သွင်း ချက်ပြုတ်နိုင်ပါသည်။ သစ်တိုသီးတွင် ကာဗွန်ဟိုက်ဒရိတ်ဓာတ်များစွ ာပါဝင်ပါသည်။
ထို့အပြင် ဗိုက်တာမင် ဘီ၊ သံဓာတ်နှင့် ကယ်လ်ဆီယမ် အနည်းငယ်လည်း ပါဝင်ပါသည်။
ကျန်းမာရေးအတွက် အသုံးပြုပုံ
၁။ ယားယံမှုကို သက်သာစေခြင်း ယားယံသော နေရာကို သစ်တိုသီး အရွက်အား ကြိတ်ခြေပြီး အုံပေးထားပါက အယားသက်သာစေမည် ဖြစ်ပါသည်။
၂။ ဝမ်းလျှော သက်သာစေခြင်း အမြစ်အား ဝမ်းလျှောဝေဒနာအတွက် အစွမ်းထက် အိမ်သုံးဆေး အနေဖြင့် အသုံးပြုကြပါသည်။
၃။ အဖျားကျစေခြင်း
အပင်ပေါ်မှ လတ်ဆတ်သော အရွက်ကို ခူးဆွတ်ပြီး အပူရှိန်တက်နေသော နေရာတွင် ကပ်ပေးပါက ချွေးထွက်စေပြီး အပူချိန် ကျဆင်းစေပါသည်။
သစ်ရွက်ပြုတ်ရည်နှင့် ရေချိုးပါကလည်း အပူချိန်ကျဆင်းသည်ဟု သိရပါသည်။
၄။ ဗိုက်အောင့် သက်သာစေခြင်း
အမြစ်ကို ဗိုက်အောင့်သက်သာစေသော ဆေးများ ဖော်စပ်ရာတွင် အသုံးပြုတတ်ကြပါသည်။
green way myanmar
Zawgyi
သစ္တို သီး စိုက္ပ်ိဳးနည္း ႏွင့္ က်န္းမာေရး အေၾကာင္း သိေကာင္းစရာ
ေပါက္ေရာက္ရာ ေဒသ
သစ္တိုသီးပင္၏ မူရင္းေဒသမ်ားမွာ အင္ဒိုခ်ိဳင္းနား ေဒသ၊ သီရိလကၤာ၊ အိႏၵိယ၊ ၾသစေၾတးလ် ေျမာက္ပိုင္း၊ ေမာ္ရီးရွပ္စ္ႏွင့္ ေဆးရွဲလ္ ကြၽန္းစုမ်ား ျဖစ္ပါသည္။
ျမန္မာနိုင္ငံတြင္ မြန္ျပည္နယ္ႏွင့္ တနသၤာရီတိုင္းတို႔၌ အမ်ားဆုံး ေတြ႕ရပါသည္။ သစ္တိုသီးကို အထက္ေဖာ္ျပပါ ေဒသမ်ားတြင္ အမ်ားဆုံးစိုက္ပ်ိဳးၾကၿပီး ၎၏ ရာသီခ်ိန္တြင္ ေပါေပါမ်ားမ်ား ထြက္ရွိကာ နိုင္ငံတကာေဈးကြက္အထိ ေရာင္းခ် နိုင္ေၾကာင္း သိရပါသည္။
ရာသီဥတုႏွင့္ ေျမဆီလႊာ
သစ္တိုသီးပင္သည္ ႏွစ္ရွည္ပင္ျဖစ္ၿပီး ပူႏြေးစိုစြတ္ေသာ ရာသီဥတုကို ႀကိဳက္ႏွစ္သက္ပါသည္။
သစ္တိုသီးပင္သည္ ပင္လယ္ေရမ်က္ႏွာျပင္ အထက္ ေပ ၃၀၀၀ ဝန္းက်င္ရွိေသာ ေဒသမ်ားတြင္ ေပါက္ေရာက္တတ္သည္။
ေျမဆီၾသဇာႂကြယ္ဝကာ မိုးေရရရွိေသာ ေဒသမ်ားတြင္ စိုက္ပ်ိဳးျဖစ္ထြန္းနိုင္ၿပီး ၾကာရွည္စြာ ေျခာက္ေသြ႕ျခင္းကိုလည္း ေကာင္းစြာခံနိုင္ရည္ ရွိသည္။
အပင္ႏွင့္အသီး၏ သြင္ျပင္လကၡဏာ
သစ္တိုသီးကို ေယဘူယ်အားျဖင့္ အနီမ်ိဳးႏွင့္ အဝါမ်ိဳးဟူ၍ ခြဲျခားထားပါသည္။ မ်ိဳးအေပၚမူတည္၍ အခြံပါးႏွင့္ အခြံထူ ဟူ၍လည္းရွိပါသည္။
အခြံေအာက္ရွိ အသားမွာ စားသုံးနိုင္ေသာ အပိုင္းျဖစ္ပါသည္။ အသီး၏ အလယ္ရွိ ႏူးညံ့ေပ်ာ့အိေသာ အသားမွာ ခ်ိဳခ်ဥ္ အရသာရွိၿပီး အညိုေရာင္ အေစ့မ်ားလည္း အသီးအလယ္တြင္ ပါဝင္ပါသည္။ အ႐ြက္ တစ္႐ြက္တြင္ ႐ြက္မႊာ ၃ ခု ပါရွိပါသည္။
၎႐ြက္မႊာမ်ားသည္ အပင္ထိပ္ဖ်ားပိုင္းတြင္ အစိမ္းရင့္ေရာင္ရွိၿပီး အပင္ေအာက္ေျခဘက္တြင္ အစိမ္းေဖ်ာ့ေရာင္ ရွိပါသည္။
ေသးငယ္ၿပီး အနံ႕ေမႊးကာ ဝါစိမ္းေရာင္ရွိေသာ ပန္းပြင့္မ်ား ပြင့္ၿပီးေနာက္ ဇြန္လမွ ၾသဂုတ္လအတြင္း အသီးမ်ားသီးမည္ ျဖစ္သည္။
အသီးမွာ ေယဘူယ် အားျဖင့္ လုံးဝန္းၿပီး ပန္းသီးငယ္ တစ္လုံးကဲ့သို႔ အ႐ြယ္အစား ရွိပါသည္။ သစ္တိုသီးပင္သည္ အျမင့္ေပ ၅၀ မွ ၁၅၀ အထိ ရွည္လ်ားစြာ ႀကီးထြားနိုင္ပါသည္။
ေျမျပဳျပင္ျခင္း
စိုက္ပ်ိဳးမည့္ ေျမေနရာ ေ႐ြးခ်ယ္ၿပီးေနာက္ မလိုအပ္ေသာ ေပါင္းပင္ႏွင့္ အျခားအပင္မ်ားကို ရွင္းလင္းရမည္ ျဖစ္ပါသည္။ ေျမႀကီးမြေစရန္ႏွင့္ ေပါင္းမ်ိဳးေစ့မ်ားအား အျမစ္ျပတ္ရွင္းလင္းရန္ ထယ္ထိုး ထြန္ေမႊျခင္းမ်ားကို မိုးရာသီ မတိုင္မီ ျပဳလုပ္ရမည္ ျဖစ္ပါသည္။
ထို႔ေနာက္ အက်ယ္ႏွင့္ အနက္ ၂၀ လက္မဝန္းက်င္ရွိ က်င္းမ်ားတူးရန္ လိုအပ္ၿပီး တစ္က်င္းႏွင့္ တစ္က်င္း ေပ ၂၀ ခန႔္ခြာထားရမည္ ျဖစ္သည္။
မစိုက္ခင္ႀကိဳတင္၍ ၎က်င္းမ်ားထဲသို႔ သဘာဝေျမၾသဇာ ၂၀ ကီလိုဂရမ္ခန႔္ ထည့္ေပးရမည္ ျဖစ္ပါသည္။
စိုက္ပ်ိဳးျခင္း
စိုက္ပ်ိဳးရာတြင္ တစ္ပင္ႏွင့္ တစ္ပင္ ေပ ၂၀ မွ ၂၅ ေပ အထိ ျခား၍ စိုက္ပ်ိဳးနိုင္ပါသည္။ အေစ့မွ စိုက္ပ်ိဳးလွ်င္အပင္သက္တမ္း ၅ ႏွစ္မွ ၇ ႏွစ္ၾကာလွ်င္ အသီးရရွိမည္။ အခ်ိဳ႕မ်ိဳးမ်ားမွာ အသီးရရွိရန္အတြက္ ၃ ႏွစ္မွ ၄ ႏွစ္သာ ေစာင့္ရန္ လိုအပ္ပါသည္။
ေျမၾသဇာ ေကြၽးျခင္း
အပင္ႀကီးထြား သန္စြမ္းရန္အတြက္ တစ္ႏွစ္လွ်င္ ေျမၾသဇာ၂ ႀကိမ္ေကြၽးရန္ လိုအပ္ပါသည္။ အမိုနီယမ္ ဆာလဖိတ္ေျမၾသဇာကို ၁၀၀ ဂရမ္မွ ၅၀၀ ဂရမ္ (ဝ.၁ ကီလိုဂရမ္မွ ဝ.၅ ကီလိုဂရမ္) အထိ ၁ ႏွစ္လွ်င္ ၂ ႀကိမ္ ထည့္သြင္းေပးရမည္ ျဖစ္ပါသည္။
အပင္ေျခတြင္ ထည့္သြင္းေပးရမည္ ျဖစ္ပါသည္။ စိုက္ပ်ိဳးၿပီး ၁ လသားတြင္ တစ္ႀကိမ္၊ ၆ လတြင္ တစ္ႀကိမ္ ေျမၾသဇာထည့္သြင္းေပးရမည္ ျဖစ္ပါသည္။
အသီးစသီးခ်ိန္တြင္ အပင္တစ္ပင္ခ်င္းဆီအတြက္ ယူရီးယားႏွင့္ ပိုတက္ ဓာတ္ပါဝင္ေသာ ေျမၾသဇာ ၃၀၀ ဂရမ္မွ ၅၀၀ ဂရမ္ (ဝ.၃ ကီလိုဂရမ္ႏွင့္ ဝ.၅ ကီလိုဂရမ္) အထိထည့္သြင္းေပးရမည္ ျဖစ္ပါသည္။
မ်ိဳးပြားျခင္း
သစ္တိုသီးကို အေစ့မွ မ်ိဳးပြားနိုင္သလို ေျမထုပ္စည္းျခင္း၊ အဖူးသြင္းျခင္းႏွင့္ သပ္သြင္း ပင္ေထာက္ကိုင္းကူးျခင္း နည္းလမ္းမ်ား အျပင္ အျခား ကိုင္းကူးဆက္နည္းမ်ားျဖင့္လည္း ပြားယူနိုင္ပါသည္။
ခူးဆြတ္ျခင္းႏွင့္ အထြက္ႏႈန္း
သစ္တိုသီးမ်ားသည္ ဇူလိုင္လမွ ေအာက္တိုဘာလ အတြင္း ရင့္မွည့္ၾကပါသည္။ အသီး၏ အခြံမွာ အဝါေရာင္ ရင့္ရင့္ ျဖစ္သည္ကို ေတြ႕ပါက ခူးဆြတ္နိုင္ၿပီ ျဖစ္ပါသည္။
သစ္တိုသီးပင္သည္ အသီးအမ်ား အျပားထြက္ရွိေသာ အပင္ ျဖစ္ပါသည္။ အ႐ြယ္ေရာက္ၿပီးေသာ အပင္တစ္ပင္သည္ ၁ ႏွစ္လွ်င္ အသီး ၁၈၀၀၀ မွ ၂၄၀၀၀ အထိ သီးနိုင္ပါသည္။
ပိုး က်ေရာက္မႈ
ပိုးအေနျဖင့္ သီးထိုးယင္ က်ေရာက္ေလ့ရွိၿပီး အသီးပုံပ်က္ျခင္းႏွင့္ အသီးမ်က္ႏွာျပင္ေပၚတြင္ အကြက္အေျပာက္မ်ား ျဖစ္ေပၚျခင္းတို႔ကို ျဖစ္ေစပါသည္။
သီးထိုးယင္ကို ကာကြယ္ရန္အတြက္ အသီးကိုစကၠဴျဖင့္ တစ္ထပ္ခံၿပီး ပလတ္စတစ္အိတ္ျဖင့္ စြပ္ကာ ကာကြယ္ထားရမည္ ျဖစ္ပါသည္။
အစားအေသာက္အေနျဖင့္ အသုံးျပဳပုံ
သစ္တိုသီးအား အေရွ႕ေတာင္အာရွ နိုင္ငံမ်ားတြင္ အစားအေသာက္ အေနျဖင့္ စားသုံးၾကပါသည္။ အေနာက္နိုင္ငံမ်ားတြင္ သစ္တိုသီး၏ အ႐ြက္၊ အျမစ္ႏွင့္ အသီးတို႔ကို ေဆးေဖာ္စပ္ရာတြင္ အသုံးျပဳၾကသလို ယိုႏွင့္ ဂ်ယ္လီျပဳလုပ္ကာ သေရစာအေနျဖင့္ စားသုံးၾကပါေသးသည္။ ျမန္မာနိုင္ငံတြင္ ေဒသမ်ိဳး သစ္ေတာ္သီးကို သစ္တိုသီးငပိခ်က္ ခ်က္ကာ စားသုံးၾကပါသည္။ ေဒသမ်ိဳး သစ္ေတာ္သီးမ်ားမွာ အလုံးေသးၿပီး အဖန္ဓာတ္ႏွင့္ အခ်ဥ္ဓာတ္ ပိုမ်ားပါသည္။ မြန္လူမ်ိဳးမ်ား အေနျဖင့္ အသားဟင္းမ်ား ခ်က္ရာတြင္ အအီေျပေစရန္အတြက္ သစ္တိုသီးကို ဓားႏွင့္ေပါက္ကာ ထည့္ခ်က္ စားသုံးၾကပါသည္။
အာဟာရဓာတ္ ပါဝင္မႈ
သစ္တိုသီးကို အစိမ္းအတိုင္း စားသုံးနိုင္သလို ဟင္းခ်က္ရာတြင္လည္း ထည့္သြင္း ခ်က္ျပဳတ္နိုင္ပါသည္။ သစ္တိုသီးတြင္ ကာဗြန္ဟိုက္ဒရိတ္ဓာတ္မ်ားစြ ာပါဝင္ပါသည္။
ထို႔အျပင္ ဗိုက္တာမင္ ဘီ၊ သံဓာတ္ႏွင့္ ကယ္လ္ဆီယမ္ အနည္းငယ္လည္း ပါဝင္ပါသည္။
က်န္းမာေရးအတြက္ အသုံးျပဳပုံ
၁။ ယားယံမႈကို သက္သာေစျခင္း ယားယံေသာ ေနရာကို သစ္တိုသီး အ႐ြက္အား ႀကိတ္ေျခၿပီး အုံေပးထားပါက အယားသက္သာေစမည္ ျဖစ္ပါသည္။
၂။ ဝမ္းေလွ်ာ သက္သာေစျခင္း အျမစ္အား ဝမ္းေလွ်ာေဝဒနာအတြက္ အစြမ္းထက္ အိမ္သုံးေဆး အေနျဖင့္ အသုံးျပဳၾကပါသည္။
၃။ အဖ်ားက်ေစျခင္း
အပင္ေပၚမွ လတ္ဆတ္ေသာ အ႐ြက္ကို ခူးဆြတ္ၿပီး အပူရွိန္တက္ေနေသာ ေနရာတြင္ ကပ္ေပးပါက ေခြၽးထြက္ေစၿပီး အပူခ်ိန္ က်ဆင္းေစပါသည္။
သစ္႐ြက္ျပဳတ္ရည္ႏွင့္ ေရခ်ိဳးပါကလည္း အပူခ်ိန္က်ဆင္းသည္ဟု သိရပါသည္။
၄။ ဗိုက္ေအာင့္ သက္သာေစျခင္း
အျမစ္ကို ဗိုက္ေအာင့္သက္သာေစေသာ ေဆးမ်ား ေဖာ္စပ္ရာတြင္ အသုံးျပဳတတ္ၾကပါသည္။
green way myanmar