ခန္ဓာကိုယ်က ဓာတ်တိုးပစ္စည်းတွေကို နှိမ်နှင်းနိုင်တဲ့ ဖန်ခါးသီး

ဖန်ခါးသီးရဲ့ ဆေးဖက်ဝင်မှု

ဖန်ခါးသီး နာမည်အတိုင်း ဖန်လည်းဖန်တယ် ခါးလည်းခါးပါတယ်။ ဒါပေမယ့် အနံကတော့ မွှေးကြပါတယ်။

တကြွပ်ကြွပ် ဝါးစားလို့ရတဲ့ ဖန်ခါးသီးကို အတို့အမြှုပ်အဖြစ် စားကြသလို ကြက်သွန်ဖြူ ဆား မီးဖုတ်လေးနဲ့ ထောင်းပြီးတော့လည်း စားလေ့ရှိကြပါတယ်။

ဖန်ခါးသီးက နာမည်နဲ့လိုက်အောင် ဖန်ခါးပေမယ့် အတန်အသင့်စားရင် အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။ခံတွင်း ကျန်းမာစေတယ်။

၂၀၁၀ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ လေ့လာမှုတွေအရ ဖန်ခါးသီးက သွားနဲ့ ခံတွင်းကို ထိခိုက်စေတဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးပြီး သွားနဲ့ခံတွင်း ကျန်းမာစေဖို့အကောင်းဆုံး ထောက်ပံ့ပေးနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။

ဒါကြောင့် သွားတွေ ခိုင်မာပြီး ခံတွင်းပြဿနာ ကင်းစေဖို့ ဖန်ခါးသီးကို စားပေးလို့ ရပါတယ်။

နာကျင်မှုကို သက်သာစေတယ်

ဖန်ခါးသီး စားပေးတာက ခန္ဓာကိုယ်က နာကျင်မှုတွေကို သက်သာစေနိုင်ပါတယ်။

အရိုးအဆစ် နာကျင်တာ၊ ကြွက်သားနာကျင်တာနဲ့ အမျိုးမျိုးသော နာကျင်မှုတွေကို သက်သာစေဖို့ ဖန်ခါးသီးကို စားပေးလို့ ရသလို ဖန်ခါးသီး အဆီအနှစ်ကို အသုံးပြုပေးလို့လည်း ရပါတယ်။

သွေးတွင်းကိုလက်စထရော ထိန်းညှိပေးတယ်

၂၀၁၀ ခုနှစ်က လုပ်ခဲ့တဲ့ လေ့လာမှုတွေအရ ဖန်ခါးသီးက သွေးတွင်း ကိုလက်စထရောကို ထိန်းညှိပေးနိုင်တယ်လို့ သိရပါတယ်။

သွေးတွင်း ကိုလက်စထရော ထိန်းညှိပေးတာက နှလုံး ကျန်းမာစေဖို့လည်း အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။

ဓာတ်တိုး ပစ္စည်းတွေ ဖယ်ရှားပေးတယ်

ဖန်ခါးသီးမှာ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ ဖြစ်ကြတဲ့

Glutathione ၊Superoxide dismutase ၊ဗီတာမင် C ၊ဗီတာမင် E တို့ ပါဝင်နေတာကြောင့် ခန္ဓာကိုယ်က ဓာတ်တိုးပစ္စည်းတွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။

ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ကိုယ်ခံအားကစလို့ နာတာရှည်ရောဂါတွေ မဖြစ်စေဖို့အထိ အကောင်းဆုံး ကာကွယ်ထောက်ပံ့ပေးနိုင်ပါတယ်။

သွေးတွင်းသကြားဓာတ် ထိန်းညှိပေးတယ်

ဖန်ခါးသီးက သွေးတွင်းသကြားဓာတ်ကို အကောင်းဆုံး ထိန်းညှိပေးနိုင်ပါတယ်။ ဖန်ခါးသီးကို ဆီးချို ရှိသူတွေ စားပေးလို့ ရသလို ဆီးချို ကာကွယ်ဖို့အတွက်လည်း စားသုံးပေးလို့ ရပါတယ်။ တန်ဆေး လွန်ဘေးဆိုတာကိုတော့ သတိပြုစေချင်ပါတယ်။

ဘယ်သူတွေ မစားသင့်ဘူးလဲ…..

ဖန်ခါးသီးက ဆေးဖက်ဝင်တယ်ဆိုပေမယ့်ကိုယ်ဝန်ဆောင်တွေ ၊နို့တိုက်မိခင်တွေ ၊ဆီးချို ရှိသူတွေ (အများကြီး မစားသင့်ပါ) ၊ခွဲစိတ်ကုသမှု ခံယူမယ့် သူတွေ (မခွဲစိတ်ခင် ၂ ပတ်အလိုကတည်းက မစားသင့်ပါဘူး။) မစားသင့်ပါဘူး။

ဖန်ခါးသီးHaritaki အကျိုးကျေးဇူး

ဒီရာသီ ဖန်ခါးသီးအချိန် အစိုစားပြီး အခြောက်လှမ်းသိမ်းဖို့ မမေ့ကြနဲ့အုံးနော်…ဖန်ခါးသီးကို အာယုဗေဒ ဆေးပညာမှာ ” king of herbs” လို့တင်စားကြပါတယ် ။

ဒီဓါတ်စာက ဦးဏှောက်ကို အောက်ဆီဂျင် ၃၀၀% ပိုပေးနိုင်လို့.. စိတ်ဖိစီတာကို လုံးဝဖြေလျှော့ပေးနိုင်တယ်.. “ super brain food “ လို့ တိုက်ရိုက်ဘဲ ပြောကြတယ်..

ဦးဏှောက်ရဲ့cell တော်တော်များများကိုစွမ်းအင်မြှင့်ပေးတယ် ခန္ဒာကိုယ်စွမ်အင်ကို တိုးပွားစေတယ်.. စိတ်လှုပ်ရှားလို့ စိတ်ဖိစီးလို့ တချို့လူတွေ မူးဝေလဲကျ သတိလစ်သွားရင်..

ဖန်ခါးသီး အမှုန့်လေး တဇွန်းလောက် ရေးအေးလေးတခွက်နဲ့တိုက်ပါ.. ချက်ခြင်းလန်းဆန်းလာပါမယ်တဲ့.. ။

မူးဝေလဲကျတာက ဦးဏှောက်ကို အောက်ဆီဂျင်ရုတ်တရက် ပြတ်တောက်သွားလို့.. ဖန်ခါးသီးက ဦးဏှောက်ကို အောက်ဆီဂျင် ရိုက်သွင်းပေးလိုက်သလို ဖြစ်လို့ third eye တတိယမျက်လုံးပွင့်ဘို့ စွမ်းအင်ရအောင်လည်း ကူနိုင်တယ်လို့ဆိုပါတယ်။

ဗုဒ္ဓဘာသာမှာ ဘုရားလက်ထက်ကတည်းက ဆေးအဖြစ် ခွင့်ပြု သုံးစွဲလာတာမို့ မကောင်းစရာတော့မရှိ.. ရဟန်တွေကို ဆေးအဖြစ် အစာအဖြစ်.. အချိန်မရွေး စားခွင့်ပြုထားပါတယ်။

ထေရဝါရ ဗုဒ္ဓဘာသာ ဘုရားဆင်းတုတော်တချို့မှာလည်း ဖန်ခါးသီးရဲ့ သင်္ကေတ ကိုလည် မြင်ကြရပါတယ်

( ဘုရားလက်တော် အောက်ကိုချထားတဲ့အချိန် လက်ချောင်းလေးအောက်မှာ အလုံးလေးခုထားတာ ဘုရားထုတဲ့သူလက်ကမြင်းထားတာမဟုတ်ပါဘူးနော်.. အဲ့ဒါဖန်ခါသီးလေးပါ )

ဖန်ခါးသီး နှစ်လုံးကိုသန့်စင် ခွဲခြမ်းပြီးရေသန့်နဲ့တညစိမ်ထား၊နောက်ရက်မနက် အဲ့စိမ်ရည်နဲ့ မျက်စိဆေးပေးပါကမျက်စိတွက်ကောင်းသလို ၊ဖန်ခါးသီးမှုန့် နနွင်းမှုန့်အနည်းငယ်ကိုရေဖြင့်စပ်၍မျက်စိကွင်းထားပေးပါက မျက်စိကြည်လင်အေးမြစေသည်။

ဖန်ခါးသီးမှုန့် ကော်ဖီဇွန်းတစ်ဇွန်းနေ့စဉ်ရေများများဖြင့်သောက်ပါက အဆစ်မြစ်ယောင်ရမ်းကိုက်ခဲသမားတွေတွက်လည်း ကောင်းတယ် ။

ဆီးလမ်းကြောင်း ကျောက်တည်တဲ့သူ, အစာအိမ်နဲ့ အူလမ်းကြောင်းကျန်းမာရေးကောင်းချင်တဲ့သူ, သွေးတိုးသမား, ဆီးချိုသမားတွေတွက် အထူးသင့်တော်တဲ့ ဓါတ်စာတမျိုးပါ။

ဥတုဘောဇန ကျမ်းမှာ..

ဖန်ခါးသီးဟာ ကြေကျက်လွယ်၏။ ပူ၏။ ခြောက်ကပ်စေ၏။ ဖန်၏။ ကြေကျက်သောအခါချို၏။ ဝမ်းမီးကိုတောက်စေ၏။ အစာကိုကြေကျက်စေတတ်၏။

ပျို့အန်ခြင်းကိုသက်သာစေ၏။ ရေငတ်ပြေစေ၏။ နှုတ်ကိုမြိန်စေတတ်၏။ဖြည့်စွက်စာအနေနဲ့ တမျိူးထဲဘဲစားမယ်ဆိုရင်.. ဖန်ခါးသီးကို ရွေးသင့်ပါတယ်။

ထို့အပြင်

ဖန်ခါးသီး ,နနွင်း.. ,ကြက်သွန်ဖြူထောင်းပြီးလည်းဖြည့်စွက်စားသုံးနိုင်ပါတယ်။ဖန်ခါးသီးက. ချုပ်စေတဲ့ ဓာတ်ရှိတယ်

အမျိုးသမီးတွေ ဓမ္မတာ အလွန်အကျွံ ဆင်းတာမျိုးဖြစ်ရင်စားပေးသင့်တယ် . ချုပ်စေတဲ့ ဓာတ်ရှိတော့ အပျိုအရွယ်တွေ ချင့်ချိန်စားသုံးသင့်ပါသည်။

သားအိမ်ကင်ဆာ သားအိမ်ခေါင်းကင်ဆာ ဖြစ်လို့ မိန်း မကိုယ်က အရည်တွေလိုမျိုး ဆင်းတတ်ပါတယ်. အနံ့ဆိုးကင်းဖို့ ဖန်ခါးသီးနဲ့ ဇီးဖြူသီးကို ဆတူပြုတ်ပြီး ဖန်ရေစိမ်ပေပါက သက်သာစေပါတယ်။

သွားကိုက် သွားနာ သွားပိုးစား ရေစီးကမ်းပြို စသည့်သွားနှင့်ပတ်သက်သော ဝေဒနာအမျိုးမျိုးသက်သာပျောက်ကင်းစေရန် ဖန်းခါးသီးအစို/သို့မဟုတ် ဖန်းခါးသီးအခြောက် ၃လုံးခန့်ကိုထုထောင်းပါ၊

လေးညှင်းပွင့် ၃ပွင့်ခန့်ရောထောင်းပါ။ ဆားအနည်းငယ်ထည့်ပေးပါ။ ဖန်းခါးသီး လေးညှင်းပွင့် ထုထောင်းပြီးသား အဖတ်များကို ဖန်ခွက်ကြီးတွင်ထည့်၍ ရေနွေးကျက်ကျက်ဆူ လောင်းထည့်ပါ။

ဖန်ခွက်ကြီးတစ်ဝက်ခန့် ရေနွေးလောင်းထည့်​ပြီးအဖုံးပိတ်ထားပါ။ အနည်းငယ်အအေးခံကာ ဖန်းခါးသီး လေးညှင်းပွင့် ဆား ရောစပ်ထားသော ရေနွေးဖြင့် ပလုတ်ကျင်းပေးပါ။

မကြာခဏပြုလုပ်ပေးခြင်းအားဖြင့် သွားကိုက် သွားနာ ရေစီးကမ်းပြို သွားပိုးစားခြင်းဝေဒနာများ သက်သာပျောက်ကင်းစေပါတယ်။သွားပိုးပေါက်အတွင်းသို့ ဖန်ခါးသီး လေးညှင်းပွင့် ဆားရောစပ်ထားသော ပြုတ်ဖတ်ကလေးများကို {၃}မိနစ်ခန့်ထည့်ပေးပါ။

ကျောက်ချဉ်မှုန့်ထည့်ပေးထားပါက သွားပိုးစား သွားကိုက်ခြင်း ဝေဒနာကိုသက်သာပျောက်ကင်းစေသည်။ဖန်းခါးသီး လေးညှင်းပွင့် ဆား ကျောက်ချဉ်မှုန့်

တို့ကိုထုထောင်းရောနှော၍ ရေနွေးကျက်ကျက်ဆူထည့်ထားသော အအေးခံအရည်ကို ငုံပေးပါက သွားနှင့်ပတ်သက်သော ဝေဒနာအမျိုးမျိုးကို သက်သာပျောက်ကင်းစေသည်။

ဟယ်လိုဆရာဝန် ၊MyMc

Zawgyi

ဖန္ခါးသီးရဲ့ ေဆးဖက္ဝင္မႈ

ဖန္ခါးသီး နာမည္အတိုင္း ဖန္လည္းဖန္တယ္ ခါးလည္းခါးပါတယ္။ ဒါေပမယ့္ အနံကေတာ့ ေမႊးၾကပါတယ္။

တႂကြပ္ႂကြပ္ ဝါးစားလို့ရတဲ့ ဖန္ခါးသီးကို အတို့အျမႇုပ္အျဖစ္ စားၾကသလို ၾကက္သြန္ျဖဴ ဆား မီးဖုတ္ေလးနဲ႔ ေထာင္းၿပီးေတာ့လည္း စားေလ့ရွိၾကပါတယ္။

ဖန္ခါးသီးက နာမည္နဲ႔လိုက္ေအာင္ ဖန္ခါးေပမယ့္ အတန္အသင့္စားရင္ အခုလို က်န္းမာေရး အက်ိဳးေက်းဇူးေတြ ရရွိနိုင္ပါတယ္။ခံတြင္း က်န္းမာေစတယ္။

၂၀၁၀ ခုႏွစ္က ထုတ္ျပန္ခဲ့တဲ့ ေလ့လာမွုေတြအရ ဖန္ခါးသီးက သြားနဲ႔ ခံတြင္းကို ထိခိုက္ေစတဲ့ ဘက္တီးရီးယားေတြကို တိုက္ဖ်က္ေပးၿပီး သြားနဲ႔ခံတြင္း က်န္းမာေစဖို႔အေကာင္းဆုံး ေထာက္ပံ့ေပးနိုင္တယ္လို့ ေတြ႕ရွိခဲ့ရပါတယ္။

ဒါေၾကာင့္ သြားေတြ ခိုင္မာၿပီး ခံတြင္းျပႆနာ ကင္းေစဖို့ ဖန္ခါးသီးကို စားေပးလို့ ရပါတယ္။

နာက်င္မွုကို သက္သာေစတယ္

ဖန္ခါးသီး စားေပးတာက ခႏၶာကိုယ္က နာက်င္မွုေတြကို သက္သာေစနိုင္ပါတယ္။

အရိုးအဆစ္ နာက်င္တာ၊ ႂကြက္သားနာက်င္တာနဲ႔ အမ်ိဳးမ်ိဳးေသာ နာက်င္မွုေတြကို သက္သာေစဖို့ ဖန္ခါးသီးကို စားေပးလို့ ရသလို ဖန္ခါးသီး အဆီအႏွစ္ကို အသုံးျပဳေပးလို့လည္း ရပါတယ္။

ေသြးတြင္းကိုလက္စထေရာ ထိန္းညႇိေပးတယ္

၂၀၁၀ ခုႏွစ္က လုပ္ခဲ့တဲ့ ေလ့လာမွုေတြအရ ဖန္ခါးသီးက ေသြးတြင္း ကိုလက္စထေရာကို ထိန္းညႇိေပးနိုင္တယ္လို့ သိရပါတယ္။

ေသြးတြင္း ကိုလက္စထေရာ ထိန္းညႇိေပးတာက ႏွလုံး က်န္းမာေစဖို့လည္း အေကာင္းဆုံး ေထာက္ပံ့ေပးနိုင္ပါတယ္။

ဓာတ္တိုး ပစၥည္းေတြ ဖယ္ရွားေပးတယ္

ဖန္ခါးသီးမွာ ဓာတ္တိုးဆန္႔က်င္ ပစၥည္းေတြ ျဖစ္ၾကတဲ့

Glutathione ၊Superoxide dismutase ၊ဗီတာမင္ C ၊ဗီတာမင္ E တို့ ပါဝင္ေနတာေၾကာင့္ ခႏၶာကိုယ္က ဓာတ္တိုးပစၥည္းေတြကို အထိေရာက္ဆုံး ဖယ္ရွားေပးနိုင္ပါတယ္။

ဓာတ္တိုးဆန္႔က်င္ပစၥည္းေတြက ကိုယ္ခံအားကစလို့ နာတာရွည္ေရာဂါေတြ မျဖစ္ေစဖို့အထိ အေကာင္းဆုံး ကာကြယ္ေထာက္ပံ့ေပးနိုင္ပါတယ္။

ေသြးတြင္းသၾကားဓာတ္ ထိန္းညႇိေပးတယ္

ဖန္ခါးသီးက ေသြးတြင္းသၾကားဓာတ္ကို အေကာင္းဆုံး ထိန္းညႇိေပးနိုင္ပါတယ္။ ဖန္ခါးသီးကို ဆီးခ်ိဳ ရွိသူေတြ စားေပးလို့ ရသလို ဆီးခ်ိဳ ကာကြယ္ဖို့အတြက္လည္း စားသုံးေပးလို့ ရပါတယ္။ တန္ေဆး လြန္ေဘးဆိုတာကိုေတာ့ သတိျပဳေစခ်င္ပါတယ္။

ဘယ္သူေတြ မစားသင့္ဘူးလဲ…..

ဖန္ခါးသီးက ေဆးဖက္ဝင္တယ္ဆိုေပမယ့္ကိုယ္ဝန္ေဆာင္ေတြ ၊နို့တိုက္မိခင္ေတြ ၊ဆီးခ်ိဳ ရွိသူေတြ (အမ်ားႀကီး မစားသင့္ပါ) ၊ခြဲစိတ္ကုသမွု ခံယူမယ့္ သူေတြ (မခြဲစိတ္ခင္ ၂ ပတ္အလိုကတည္းက မစားသင့္ပါဘူး။) မစားသင့္ပါဘူး။

ဖန္ခါးသီးHaritaki အက်ိဳးေက်းဇူး

ဒီရာသီ ဖန္ခါးသီးအခ်ိန္ အစိုစားၿပီး အေျခာက္လွမ္းသိမ္းဖို႔ မေမ့ၾကနဲ႔အုံးေနာ္…ဖန္ခါးသီးကို အာယုေဗဒ ေဆးပညာမွာ ” king of herbs” လို့တင္စားၾကပါတယ္ ။

ဒီဓါတ္စာက ဦးေဏွာက္ကို ေအာက္ဆီဂ်င္ ၃၀၀% ပိုေပးနိုင္လို့.. စိတ္ဖိစီတာကို လုံးဝေျဖေလၽွာ့ေပးနိုင္တယ္.. “ super brain food “ လို့ တိုက္ရိုက္ဘဲ ေျပာၾကတယ္..

ဦးေဏွာက္ရဲ့cell ေတာ္ေတာ္မ်ားမ်ားကိုစြမ္းအင္ျမႇင့္ေပးတယ္ ခႏၵာကိုယ္စြမ္အင္ကို တိုးပြားေစတယ္.. စိတ္လွုပ္ရွားလို့ စိတ္ဖိစီးလို့ တခ်ိဳ့လူေတြ မူးေဝလဲက် သတိလစ္သြားရင္..

ဖန္ခါးသီး အမွုန္႔ေလး တဇြန္းေလာက္ ေရးေအးေလးတခြက္နဲ႔တိုက္ပါ.. ခ်က္ျခင္းလန္းဆန္းလာပါမယ္တဲ့.. ။

မူးေဝလဲက်တာက ဦးေဏွာက္ကို ေအာက္ဆီဂ်င္႐ုတ္တရက္ ျပတ္ေတာက္သြားလို့.. ဖန္ခါးသီးက ဦးေဏွာက္ကို ေအာက္ဆီဂ်င္ ရိုက္သြင္းေပးလိုက္သလို ျဖစ္လို႔ third eye တတိယမ်က္လုံးပြင့္ဘို့ စြမ္းအင္ရေအာင္လည္း ကူနိုင္တယ္လို့ဆိုပါတယ္။

ဗုဒၶဘာသာမွာ ဘုရားလက္ထက္ကတည္းက ေဆးအျဖစ္ ခြင့္ျပဳ သုံးစြဲလာတာမို့ မေကာင္းစရာေတာ့မရွိ.. ရဟန္ေတြကို ေဆးအျဖစ္ အစာအျဖစ္.. အခ်ိန္မေရြး စားခြင့္ျပဳထားပါတယ္။

ေထရဝါရ ဗုဒၶဘာသာ ဘုရားဆင္းတုေတာ္တခ်ိဳ့မွာလည္း ဖန္ခါးသီးရဲ့ သေကၤတ ကိုလည္ ျမင္ၾကရပါတယ္

( ဘုရားလက္ေတာ္ ေအာက္ကိုခ်ထားတဲ့အခ်ိန္ လက္ေခ်ာင္းေလးေအာက္မွာ အလုံးေလးခုထားတာ ဘုရားထုတဲ့သူလက္ကျမင္းထားတာမဟုတ္ပါဘူးေနာ္.. အဲ့ဒါဖန္ခါသီးေလးပါ )

ဖန္ခါးသီး ႏွစ္လုံးကိုသန္႔စင္ ခြဲျခမ္းၿပီးေရသန္႔နဲ႔တညစိမ္ထား၊ေနာက္ရက္မနက္ အဲ့စိမ္ရည္နဲ႔ မ်က္စိေဆးေပးပါကမ်က္စိတြက္ေကာင္းသလို ၊ဖန္ခါးသီးမွုန္႔ နႏြင္းမွုန္႔အနည္းငယ္ကိုေရျဖင့္စပ္၍မ်က္စိကြင္းထားေပးပါက မ်က္စိၾကည္လင္ေအးျမေစသည္။

ဖန္ခါးသီးမႈန္႔ ေကာ္ဖီဇြန္းတစ္ဇြန္းေန႔စဥ္ေရမ်ားမ်ားျဖင့္ေသာက္ပါက အဆစ္ျမစ္ေယာင္ရမ္းကိုက္ခဲသမားေတြတြက္လည္း ေကာင္းတယ္ ။

ဆီးလမ္းေၾကာင္း ေက်ာက္တည္တဲ့သူ, အစာအိမ္နဲ႔ အူလမ္းေၾကာင္းက်န္းမာေရးေကာင္းခ်င္တဲ့သူ, ေသြးတိုးသမား, ဆီးခ်ိဳသမားေတြတြက္ အထူးသင့္ေတာ္တဲ့ ဓါတ္စာတမ်ိဳးပါ။

ဥတုေဘာဇန က်မ္းမွာ..

ဖန္ခါးသီးဟာ ေၾကက်က္လြယ္၏။ ပူ၏။ ေျခာက္ကပ္ေစ၏။ ဖန္၏။ ေၾကက်က္ေသာအခါခ်ိဳ၏။ ဝမ္းမီးကိုေတာက္ေစ၏။ အစာကိုေၾကက်က္ေစတတ္၏။

ပ်ိဳ႔အန္ျခင္းကိုသက္သာေစ၏။ ေရငတ္ေျပေစ၏။ ႏွုတ္ကိုၿမိန္ေစတတ္၏။ျဖည့္စြက္စာအေနနဲ႔ တမ်ိဴးထဲဘဲစားမယ္ဆိုရင္.. ဖန္ခါးသီးကို ေရြးသင့္ပါတယ္။

ထို့အျပင္

ဖန္ခါးသီး ,နႏြင္း.. ,ၾကက္သြန္ျဖဴေထာင္းၿပီးလည္းျဖည့္စြက္စားသုံးနိုင္ပါတယ္။ဖန္ခါးသီးက. ခ်ဳပ္ေစတဲ့ ဓာတ္ရွိတယ္

အမ်ိဳးသမီးေတြ ဓမၼတာ အလြန္အကၽြံ ဆင္းတာမ်ိဳးျဖစ္ရင္စားေပးသင့္တယ္ . ခ်ဳပ္ေစတဲ့ ဓာတ္ရွိေတာ့ အပ်ိဳအရြယ္ေတြ ခ်င့္ခ်ိန္စားသုံးသင့္ပါသည္။

သားအိမ္ကင္ဆာ သားအိမ္ေခါင္းကင္ဆာ ျဖစ္လို့ မိန္း မကိုယ္က အရည္ေတြလိုမ်ိဳး ဆင္းတတ္ပါတယ္. အနံ့ဆိုးကင္းဖို့ ဖန္ခါးသီးနဲ႔ ဇီးျဖဴသီးကို ဆတူျပဳတ္ၿပီး ဖန္ေရစိမ္ေပပါက သက္သာေစပါတယ္။

သြားကိုက္ သြားနာ သြားပိုးစား ေရစီးကမ္းၿပိဳ စသည့္သြားႏွင့္ပတ္သက္ေသာ ေဝဒနာအမ်ိဳးမ်ိဳးသက္သာေပ်ာက္ကင္းေစရန္ ဖန္းခါးသီးအစို/သို့မဟုတ္ ဖန္းခါးသီးအေျခာက္ ၃လုံးခန႔္ကိုထုေထာင္းပါ၊

ေလးညႇင္းပြင့္ ၃ပြင့္ခန႔္ေရာေထာင္းပါ။ ဆားအနည္းငယ္ထည့္ေပးပါ။ ဖန္းခါးသီး ေလးညႇင္းပြင့္ ထုေထာင္းၿပီးသား အဖတ္မ်ားကို ဖန္ခြက္ႀကီးတြင္ထည့္၍ ေရေႏြးက်က္က်က္ဆူ ေလာင္းထည့္ပါ။

ဖန္ခြက္ႀကီးတစ္ဝက္ခန႔္ ေရေႏြးေလာင္းထည့္​ၿပီးအဖုံးပိတ္ထားပါ။ အနည္းငယ္အေအးခံကာ ဖန္းခါးသီး ေလးညႇင္းပြင့္ ဆား ေရာစပ္ထားေသာ ေရေႏြးျဖင့္ ပလုတ္က်င္းေပးပါ။

မၾကာခဏျပဳလုပ္ေပးျခင္းအားျဖင့္ သြားကိုက္ သြားနာ ေရစီးကမ္းၿပိဳ သြားပိုးစားျခင္းေဝဒနာမ်ား သက္သာေပ်ာက္ကင္းေစပါတယ္။သြားပိုးေပါက္အတြင္းသို့ ဖန္ခါးသီး ေလးညႇင္းပြင့္ ဆားေရာစပ္ထားေသာ ျပဳတ္ဖတ္ကေလးမ်ားကို {၃}မိနစ္ခန႔္ထည့္ေပးပါ။

ေက်ာက္ခ်ဥ္မွုန႔္ထည့္ေပးထားပါက သြားပိုးစား သြားကိုက္ျခင္း ေဝဒနာကိုသက္သာေပ်ာက္ကင္းေစသည္။ဖန္းခါးသီး ေလးညႇင္းပြင့္ ဆား ေက်ာက္ခ်ဥ္မွုန႔္

တို႔ကိုထုေထာင္းေရာေႏွာ၍ ေရေႏြးက်က္က်က္ဆူထည့္ထားေသာ အေအးခံအရည္ကို ငုံေပးပါက သြားႏွင့္ပတ္သက္ေသာ ေဝဒနာအမ်ိဳးမ်ိဳးကို သက္သာေပ်ာက္ကင္းေစသည္။

ဟယ္လိုဆရာ၀န္ ၊MyMc

Leave a Comment