ရဟန်းတော်များအား အနွေးထည်များကို လှုသင့်၊ မလှုသင့် ..

အခုလို ချမ်းအေးလှတဲ့ ဆောင်းရာသီ အခါသမယမှာ ကျွန်ုပ်တို့သည် အနွေးထည်အင်္ကျီ ဝတ်မှသာ ချမ်းအေးတဲ့ဒဏ်ကို ခံနိုင်ရည် ရှိကြကုန်၏။ ဟုတ်မှန်ပေ၏။ တကယ့်ကို နွေးထွေးသွားစေတာကတော့ အမှန်ပင်ဖြစ်၏။

ထိုအကြောင်းအရာနှင့်ပတ်သက်၍ ညီတော်မောင်တစ်ဦးမှ အခုလို အေးတဲ့ရာသီမှာ ရဟန်းတော်များကို အနွေးထည်လှုလိုကြောင်း ပြောကြားလာ၍ ဤ Post ကိုမျှဝေပေးလိုက်ခြင်းဖြစ်ပါသည်။

ရဟန်းတော်များအား အနွေးထည်များကို လှုသင့်၊ မလှုသင့်ကိုလည်း ရှင်းပြပေးလိုက်ပါတယ်။

ရဟန်းတော်များသည် သင်္ကန်းသုံးထည်နှင့် လုံလောက်မျှတပြီး အနွေးထည်အင်္ကျီဝတ်စရာ မလိုကြောင်းလည်း ရှင်းပြပေးလိုက်ပါတယ်။

မြတ်စွာဘုရားရှင်က သင်္ကန်းသုံးထည်သာ ခွင့်ပြုပြီး အနွေးထည်အင်္ကျီ ဝတ်ခွင့် မပြုထားကြောင်းကိုလည်း ရှင်းပြပေးလိုက်ပါတယ်။

‌တေန ခေါ ပန သမယနေ ဆဗ္ဗဂ္ဂိယာ ဘိက္ခူ ကဉ္စုကံ ဓာရေန္တိ၊ မနုဿ ဥဇ္ဈယန္တိ ခိယန်ြတိ ဝိပါစန်ေတိ။ ပ။ န ကဉ္စု ကံ ဓာရတေဗ္ဗံ၊ ယောဓာရယြေ အာပတ္တိဒုက္ကဋဿာတိ။ (ဝိ-၃၊စာ – ၄၂၂)

ဆဗ္ဗဂ္ဂီရဟန်းများဟာ ကဉ္စုကခေါ်တဲ့ အင်္ကျီကို ဝတ်ကြပါတယ်၊ လူတွေကမြင်တော့ ကဲ့ရဲ့ရှုတ်ချကြတယ်၊ ဒီအကြောင်း ရဟန်းတော်များကသိတော့ ဘုရားရှင်ထံလျှောက်ထားကြတယ်၊

သည်တော့ ဘုရားရှင်က အင်္ကျီ, ဒုယင်, သင်တိုင်းကို မဝတ်ရ၊ မဆောင်ရဘူး၊ ဝတ်သောရဟန်း၊ ဆောင်သောရဟန်း ဒုက္ကဋ်အာပတ်သင့်စေလို့ ပညတ်တော်မူခဲ့ပါတယ်၊

ဒါကြောင့် ရဟန်းတော်များဟာ အင်္ကျီ, ဒုယင်, သင်တိုင်းကို မဝတ်ကောင်းဘူး၊ မဆောင်ကောင်းပါဘူး။

မြတ်စွာဘုရားရှင်ကိုယ်တိုင်က ရဟန်းတော်များ မဝတ်ရုံကောင်း၊ မဆောင်ကောင်းသော (ကဉ္စုက)အနွေးထည်အင်္ကျီကို လှုဒါန်းခဲ့မယ်ဆိုလျင်တော့

မိမိတို့သည်လည်း မြတ်စွာဘုရားက ခွင့်မပြုခဲ့တာကို ” ဘာဖြစ်လဲ သူခွင့်မပြုလဲ၊ ငါတို့ကတော့ လှုမှာပဲ” ဆိုတဲ့ ပုံစံမျိုး မပြောသော် လည်း ပြောသကဲ့သို့ သက် ရောက်သွားမယ်နော် .

မြတ်စွာဘုရားရှင်ကို ထိပ်တိုက်ဆန့်ကျင်ရဲတဲ့ ပုံစံမျိုးဖြစ်သွားမယ်နော်. . .

သတိရှိတော်မူကြပါကုန် အို သူတော်ကောင်းတို့ . . .

မြတ်စွာဘုရားရှင်သည် ရဟန်းတို့အား သင်္ကန်း (၃)ထည် ခွင့်ပြုတော်မူပုံ

မြတ်စွာဘုရားသည် ရာဇဂြိုဟ်မှ ဝေသာလီသို့ နောက်ပါရဟန်းတော်များနှင့်အတူ ခရီးရှည်ဒေသစာရီကြွတော်မူသည်။

ထိုသို့ကြွစဉ် လမ်းခရီးကြား၌ သင်္ကန်းများကို ထုပ်ပိုးလျှက် ဦးခေါင်း၊ ပခုံး၊ ခါးတို့၌ အသီးသီး ထမ်းပိုးသယ်ဆောင်လျှက် ရာဇဂြိုဟ်ဘက်သို့ ဦးတည်လာနေသော ရဟန်းများကို ဘုရားရှင်သည် မြင်တော်မူသည်။

ဘုရားရှင်သည် ထိုရဟန်းများကို ‘ဤမဂ်ဖိုလ်မှ အချည်းနှီးဖြစ်သော ယောက်ျားတို့သည် သင်္ကန်းများရန် အကျိုးငှာ အလွန်လျှင်မြန်စွာ လှည့်လည်ကုန်၏။

ငါဘုရားသည် ရဟန်းတို့အား သင်္ကန်းအပိုင်းအခြားကိုထားရမူ ကောင်းလေစွ။’ ဟု အကြံဖြစ်တော်မူသည်။

ကြံစည်တော်မူသည့်အတိုင်းကိုယ်တော်တိုင်စမ်းသပ်တော်မူပုံ

ဝေသာလီပြည် ဂေါတမမည်သော ပညောင်ပင်သို့ရောက်တော်မူသောအခါ ခရီးကြား ၌ဖြစ်ပေါ်ခဲ့သော အကြံတော်အတိုင်း ရဟန်းတို့အား သင်္ကန်းအရေအတွက်ကို ကန့်သတ်ပေးရန် ဆုံးဖြတ်တော်မူလေသည်။

ရဟန်းတော်တစ်ပါး၌ အများဆုံးလိုအပ်မည့် သင်္ကန်း အရေအ တွက်ကို ကိုယ်တော်တိုင် ရှေးဦး စွာ စမ်းသပ်တော်မူခဲ့သည်။

ရဟန်းတော်တို့အတွက် သင်္ကန်းအများဆုံးလိုအပ်သော အခါသမယသည်ကားယခုလိုဆောင်း ရာသီပင် ဖြစ်ပေ၏။

မြတ်စွာဘုရားသည် ဤသာသနာတော်၌ ချမ်းတတ်သော သဘောရှိကုန်သော ချမ်း အေးမှုကိုကြောက်တတ်ကုန်သော ရဟန်းတော်များအတွက် သင်္ကန်းမည်မျှ လိုအပ်မည်ကို စမ်းသပ်တော်မူခဲ့၏။

ဆောင်းရာသီ အအေးဆုံးညဥ့်များဟု ဆိုရသော တပို့တွဲနှင့်တပေါင်းလအကြား (လ ရက်များထဲမှ ဆီးနှင်းအများဆုံး ကျသော ညဥ့်တစ်ညဥ့်တွင် သစ်ပင်မရှိသော ကွင်းပြင်ကျယ် (လွင်ပြင်) တစ်ခုသို့ ကြွတော်မူ၍

ရှေးဦးစွာ #သင်းပိုင်တစ်ထည်တည်းဖြင့် ထိုင်တော်မူကာ အအေးဒဏ်ကို ကာကွယ်နိုင်ရန် လိုအပ်သော သင်္ကန်းအရေအ တွက်ကို စမ်းသပ်တော်မူ၏။

ညဥ့်ဦးယာမ်လွန်၍ သန်းခေါင်ယာမ်သို့ရောက်သောအခါ အအေးဓာတ်ဝင်လာသဖြင့် #ဒုတိယသင်္ကန်းကို ခြုံရုံတော် မူ၏။

တစ်ဖန်သန်းခေါင်ယာမ်လွန်၍ မိုးသောက်ယာမ်သို့ရောက်သောအခါ အအေးဓာတ်ပိုမိုလွန်ကဲလာသဖြင့် #တတိယသင်္ကန်းကို ခြုံရုံတော် မူ၏။

အအေးဆုံးအချိန်ဖြစ်သော အရုဏ်တက်ချိန်သို့ ရောက်လာသောအခါ အအေးဓာတ်ပိုမိုလွန်ကဲလာသဖြင့် #စတုတ္ထသင်္ကန်းကို ခြုံရုံတော်မူ၏။

အရုဏ်တက်၍ နေရောင်ခြည်ထွက်ပေါ်လာသောအခါ အအေးဒဏ်လွန်ကဲမှု မဖြစ်တော့ပေ။

သင်္ကန်းသုံးထည်ခွင့်ပြုတော်မူပုံ

ထို့ကြောင့် မြတ်စွာဘုရားရှင်သည် ကျောင်းတော်သို့ ပြန်လာ ၍ ရဟန်းတော်များအား စည်း ဝေးတော်မူစေပြီး

ရဟန်းတို့ ငါဘုရား၏သာသနာတော်၌ ချမ်းတတ်သော သဘော ရှိသော၊ အချမ်းကို ကြောက်တတ်သော အမျိုးကောင်းသား တို့သည် သုံးထည်သောသင်္ကန်းဖြင့် ရောင့်ရဲမျှတခြင်းငှာ စွမ်းနိုင်ကုန်၏။

ငါသည် ရဟန်းတို့အား သင်္ကန်း၌ အပိုင်းအခြားကို ထားရမူ သုံးထည်သောသင်္ကန်းကို ခွင့်ပြုရမူကောင်းလေစွ’ဟု အကြံဖြစ်၏။

မှတ်ချက်

မြတ်စွာဘုရားရှင် စမ်းသပ်တော်မူတုန်းက သင်္ကန်း (၄)ထည်ဖြစ်သော်လည်း ဒုကုဋ်သင်္ကန်း (နှစ်ထပ်သင်္ကန်းကို = သင်္ကန်းနှစ်ထည်ဟု မှတ်ပါ) ထို့ကြောင့် မြတ်စွာဘုရားက . . .

ရဟန်းတို့ နှစ်ထပ်သော ဒုကုဋ်သင်္ကန်း၊ တစ်ထပ်သော ကိုယ်ဝတ်သင်္ကန်း၊ တစ်ထပ်သော သင်းပိုင်၊ ဤသင်္ကန်းတို့ကို ခွင့်ပြု၏ဟု မိန့်တော်မူကာ သင်္ကန်းသုံးထည်ကို ခွင့်ပြုတော်မူသည်။ (ဝိမြန် -၃၊ ၄၂၉)

လုံလောက်သော သင်္ကန်းကို မြတ်စွာဘုရားရှင်သည် ဆောင်ဥတု၏ အအေးဆုံးဖြစ်သောကာလ၌ ကိုယ်တော်တိုင်လွင် တီးခေါင် (ကွင်းပြင်)တွင် စမ်း သပ် ခွင့်ပြုတော်မူခဲ့ပြီး ဖြစ်ပါသည်။

မောဃပုရိသတွေ မဖြစ်ကြစေဖို့ အနွေးထည်ဝတ်ခြင်းမှ ရှောင်ကြဉ်စို့

ထို့ကြောင့် ယခုကာလ အချို့သော ရဟန်းတော်များသည် သင်္ကန်းသုံးထည်ဖြင့် လုံလောက်ပါလျက် သင်္ကန်း (၃)ထည်ကို မဆောင်ကြတော့ဘဲ

မြတ်စွာဘုရားခွင့်ပြုတော်မမူသော အနွေးထည်အင်္ကျီများဝတ်နေကြခြင်းသည် အလွန်အေးသောကာလ လွင်တီးခေါင် (ကွင်းပြင်)တွင် သင်္ကန်းသုံးထည်းဖြင့် အပင်ပန်းခံတော်မူကာ စမ်းသပ်တော်မူခဲ့သော မြတ်စွာ ဘုရားအား မျက်နှာပြောင်တိုက်နေသလား အောက်မေ့ရ၏။

ပဗ္ဗဇိတ အဘိဏှသုတ်မှာ မြတ်စွာဘုရားရှင်က ဘယ်လိုဟောတော်မူခဲ့သလဲ

“အညော မေ အာကပ္ပေါ ကရဏီယော’တိ ပဗ္ဗဇိတေန အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ၊ “( ဂုတ္တိုရ်၊ဒသကနိပါတ်၊အက္ကော သဝဂ်၊နှာ-၃၂၅)

ငါသည် လူတို့၏ အပြုအမူ အမူအရာ အသွင်အပြင်မှတပါးသော ဘုရားသားတော် ရှင်ရဟန်းတို့၏ အပြုအမူ အသွင် အပြင်ကို ပြုသင့် ပြုထိုက်၏၊ သာသနာဝန်ထမ်းရှင်ရဟန်းသည် နေ့စဉ်မပြတ် ဆင်ခြင်သင့် ဆင်ခြင်ရပေမည် . . .တဲ့

မေတ္တာများစွာဖြင့် ပန်းချစ်သူ

Zawgyi

အခုလို ခ်မ္းေအးလွတဲ့ ေဆာင္းရာသီ အခါသမယမွာ ကြၽႏ္ုပ္တို႔သည္ အေႏြးထည္အက်ႌ ဝတ္မွသာ ခ်မ္းေအးတဲ့ဒဏ္ကို ခံႏိုင္ရည္ ရွိၾကကုန္၏။ ဟုတ္မွန္ေပ၏။ တကယ့္ကို ေႏြးေထြးသြားေစတာကေတာ့ အမွန္ပင္ျဖစ္၏။

ထိုအေၾကာင္းအရာႏွင့္ပတ္သက္၍ ညီေတာ္ေမာင္တစ္ဦးမွ အခုလို ေအးတဲ့ရာသီမွာ ရဟန္းေတာ္မ်ားကို အေႏြးထည္လႈလိုေၾကာင္း ေျပာၾကားလာ၍ ဤ Post ကိုမွ်ေဝေပးလိုက္ျခင္းျဖစ္ပါသည္။

ရဟန္းေတာ္မ်ားအား အေႏြးထည္မ်ားကို လႈသင့္၊ မလႈသင့္ကိုလည္း ရွင္းျပေပးလိုက္ပါတယ္။

ရဟန္းေတာ္မ်ားသည္ သကၤန္းသုံးထည္ႏွင့္ လုံေလာက္မွ်တၿပီး အေႏြးထည္အက်ႌဝတ္စရာ မလိုေၾကာင္းလည္း ရွင္းျပေပးလိုက္ပါတယ္။

ျမတ္စြာဘုရားရွင္က သကၤန္းသုံးထည္သာ ခြင့္ျပဳၿပီး အေႏြးထည္အက်ႌ ဝတ္ခြင့္ မျပဳထားေၾကာင္းကိုလည္း ရွင္းျပေပးလိုက္ပါတယ္။

‌ေတန ေခါ ပန သမယေန ဆဗၺဂၢိယာ ဘိကၡဴ ကၪၥဳကံ ဓာေရႏၲိ၊ မႏုႆ ဥဇၩယႏၲိ ခိယန္ႀတိ ဝိပါစန္ေတိ။ ပ။ န ကၪၥဳ ကံ ဓာရေတဗၺံ၊ ေယာဓာရေၾယ အာပတၱိဒုကၠဋႆာတိ။ (ဝိ-၃၊စာ – ၄၂၂)

ဆဗၺဂၢီရဟန္းမ်ားဟာ ကၪၥဳကေခၚတဲ့ အက်ႌကို ဝတ္ၾကပါတယ္၊ လူေတြကျမင္ေတာ့ ကဲ့ရဲ႕ရႈတ္ခ်ၾကတယ္၊ ဒီအေၾကာင္း ရဟန္းေတာ္မ်ားကသိေတာ့ ဘုရားရွင္ထံေလွ်ာက္ထားၾကတယ္၊

သည္ေတာ့ ဘုရားရွင္က အက်ႌ, ဒုယင္, သင္တိုင္းကို မဝတ္ရ၊ မေဆာင္ရဘူး၊ ဝတ္ေသာရဟန္း၊ ေဆာင္ေသာရဟန္း ဒုကၠဋ္အာပတ္သင့္ေစလို႔ ပညတ္ေတာ္မူခဲ့ပါတယ္၊

ဒါေၾကာင့္ ရဟန္းေတာ္မ်ားဟာ အက်ႌ, ဒုယင္, သင္တိုင္းကို မဝတ္ေကာင္းဘူး၊ မေဆာင္ေကာင္းပါဘူး။

ျမတ္စြာဘုရားရွင္ကိုယ္တိုင္က ရဟန္းေတာ္မ်ား မဝတ္႐ုံေကာင္း၊ မေဆာင္ေကာင္းေသာ (ကၪၥဳက)အေႏြးထည္အက်ႌကို လႈဒါန္းခဲ့မယ္ဆိုလ်င္ေတာ့

မိမိတို႔သည္လည္း ျမတ္စြာဘုရားက ခြင့္မျပဳခဲ့တာကို ” ဘာျဖစ္လဲ သူခြင့္မျပဳလဲ၊ ငါတို႔ကေတာ့ လႈမွာပဲ” ဆိုတဲ့ ပုံစံမ်ိဳး မေျပာေသာ္ လည္း ေျပာသကဲ့သို႔ သက္ ေရာက္သြားမယ္ေနာ္ .

ျမတ္စြာဘုရားရွင္ကို ထိပ္တိုက္ဆန႔္က်င္ရဲတဲ့ ပုံစံမ်ိဳးျဖစ္သြားမယ္ေနာ္. . .

သတိရွိေတာ္မူၾကပါကုန္ အို သူေတာ္ေကာင္းတို႔ . . .

ျမတ္စြာဘုရားရွင္သည္ ရဟန္းတို႔အား သကၤန္း (၃)ထည္ ခြင့္ျပဳေတာ္မူပုံ

ျမတ္စြာဘုရားသည္ ရာဇၿဂိဳဟ္မွ ေဝသာလီသို႔ ေနာက္ပါရဟန္းေတာ္မ်ားႏွင့္အတူ ခရီးရွည္ေဒသစာရီႂကြေတာ္မူသည္။

ထိုသို႔ႂကြစဥ္ လမ္းခရီးၾကား၌ သကၤန္းမ်ားကို ထုပ္ပိုးလွ်က္ ဦးေခါင္း၊ ပခုံး၊ ခါးတို႔၌ အသီးသီး ထမ္းပိုးသယ္ေဆာင္လွ်က္ ရာဇၿဂိဳဟ္ဘက္သို႔ ဦးတည္လာေနေသာ ရဟန္းမ်ားကို ဘုရားရွင္သည္ ျမင္ေတာ္မူသည္။

ဘုရားရွင္သည္ ထိုရဟန္းမ်ားကို ‘ဤမဂ္ဖိုလ္မွ အခ်ည္းႏွီးျဖစ္ေသာ ေယာက္်ားတို႔သည္ သကၤန္းမ်ားရန္ အက်ိဳးငွာ အလြန္လွ်င္ျမန္စြာ လွည့္လည္ကုန္၏။

ငါဘုရားသည္ ရဟန္းတို႔အား သကၤန္းအပိုင္းအျခားကိုထားရမူ ေကာင္းေလစြ။’ ဟု အႀကံျဖစ္ေတာ္မူသည္။

ႀကံစည္ေတာ္မူသည့္အတိုင္းကိုယ္ေတာ္တိုင္စမ္းသပ္ေတာ္မူပုံ

ေဝသာလီျပည္ ေဂါတမမည္ေသာ ပေညာင္ပင္သို႔ေရာက္ေတာ္မူေသာအခါ ခရီးၾကား ၌ျဖစ္ေပၚခဲ့ေသာ အႀကံေတာ္အတိုင္း ရဟန္းတို႔အား သကၤန္းအေရအတြက္ကို ကန႔္သတ္ေပးရန္ ဆုံးျဖတ္ေတာ္မူေလသည္။

ရဟန္းေတာ္တစ္ပါး၌ အမ်ားဆုံးလိုအပ္မည့္ သကၤန္း အေရအ တြက္ကို ကိုယ္ေတာ္တိုင္ ေရွးဦး စြာ စမ္းသပ္ေတာ္မူခဲ့သည္။

ရဟန္းေတာ္တို႔အတြက္ သကၤန္းအမ်ားဆုံးလိုအပ္ေသာ အခါသမယသည္ကားယခုလိုေဆာင္း ရာသီပင္ ျဖစ္ေပ၏။

ျမတ္စြာဘုရားသည္ ဤသာသနာေတာ္၌ ခ်မ္းတတ္ေသာ သေဘာရွိကုန္ေသာ ခ်မ္း ေအးမႈကိုေၾကာက္တတ္ကုန္ေသာ ရဟန္းေတာ္မ်ားအတြက္ သကၤန္းမည္မွ် လိုအပ္မည္ကို စမ္းသပ္ေတာ္မူခဲ့၏။

ေဆာင္းရာသီ အေအးဆုံးညဥ့္မ်ားဟု ဆိုရေသာ တပို႔တြဲႏွင့္တေပါင္းလအၾကား (လ ရက္မ်ားထဲမွ ဆီးႏွင္းအမ်ားဆုံး က်ေသာ ညဥ့္တစ္ညဥ့္တြင္ သစ္ပင္မရွိေသာ ကြင္းျပင္က်ယ္ (လြင္ျပင္) တစ္ခုသို႔ ႂကြေတာ္မူ၍

ေရွးဦးစြာ #သင္းပိုင္တစ္ထည္တည္းျဖင့္ ထိုင္ေတာ္မူကာ အေအးဒဏ္ကို ကာကြယ္ႏိုင္ရန္ လိုအပ္ေသာ သကၤန္းအေရအ တြက္ကို စမ္းသပ္ေတာ္မူ၏။

ညဥ့္ဦးယာမ္လြန္၍ သန္းေခါင္ယာမ္သို႔ေရာက္ေသာအခါ အေအးဓာတ္ဝင္လာသျဖင့္ #ဒုတိယသကၤန္းကို ၿခဳံ႐ုံေတာ္ မူ၏။

တစ္ဖန္သန္းေခါင္ယာမ္လြန္၍ မိုးေသာက္ယာမ္သို႔ေရာက္ေသာအခါ အေအးဓာတ္ပိုမိုလြန္ကဲလာသျဖင့္ #တတိယသကၤန္းကို ၿခဳံ႐ုံေတာ္ မူ၏။

အေအးဆုံးအခ်ိန္ျဖစ္ေသာ အ႐ုဏ္တက္ခ်ိန္သို႔ ေရာက္လာေသာအခါ အေအးဓာတ္ပိုမိုလြန္ကဲလာသျဖင့္ #စတုတၳသကၤန္းကို ၿခဳံ႐ုံေတာ္မူ၏။

အ႐ုဏ္တက္၍ ေနေရာင္ျခည္ထြက္ေပၚလာေသာအခါ အေအးဒဏ္လြန္ကဲမႈ မျဖစ္ေတာ့ေပ။

သကၤန္းသုံးထည္ခြင့္ျပဳေတာ္မူပုံ

ထို႔ေၾကာင့္ ျမတ္စြာဘုရားရွင္သည္ ေက်ာင္းေတာ္သို႔ ျပန္လာ ၍ ရဟန္းေတာ္မ်ားအား စည္း ေဝးေတာ္မူေစၿပီး

ရဟန္းတို႔ ငါဘုရား၏သာသနာေတာ္၌ ခ်မ္းတတ္ေသာ သေဘာ ရွိေသာ၊ အခ်မ္းကို ေၾကာက္တတ္ေသာ အမ်ိဳးေကာင္းသား တို႔သည္ သုံးထည္ေသာသကၤန္းျဖင့္ ေရာင့္ရဲမွ်တျခင္းငွာ စြမ္းႏိုင္ကုန္၏။

ငါသည္ ရဟန္းတို႔အား သကၤန္း၌ အပိုင္းအျခားကို ထားရမူ သုံးထည္ေသာသကၤန္းကို ခြင့္ျပဳရမူေကာင္းေလစြ’ဟု အႀကံျဖစ္၏။

မွတ္ခ်က္

ျမတ္စြာဘုရားရွင္ စမ္းသပ္ေတာ္မူတုန္းက သကၤန္း (၄)ထည္ျဖစ္ေသာ္လည္း ဒုကုဋ္သကၤန္း (ႏွစ္ထပ္သကၤန္းကို = သကၤန္းႏွစ္ထည္ဟု မွတ္ပါ) ထို႔ေၾကာင့္ ျမတ္စြာဘုရားက . . .

ရဟန္းတို႔ ႏွစ္ထပ္ေသာ ဒုကုဋ္သကၤန္း၊ တစ္ထပ္ေသာ ကိုယ္ဝတ္သကၤန္း၊ တစ္ထပ္ေသာ သင္းပိုင္၊ ဤသကၤန္းတို႔ကို ခြင့္ျပဳ၏ဟု မိန႔္ေတာ္မူကာ သကၤန္းသုံးထည္ကို ခြင့္ျပဳေတာ္မူသည္။ (ဝိျမန္ -၃၊ ၄၂၉)

လုံေလာက္ေသာ သကၤန္းကို ျမတ္စြာဘုရားရွင္သည္ ေဆာင္ဥတု၏ အေအးဆုံးျဖစ္ေသာကာလ၌ ကိုယ္ေတာ္တိုင္လြင္ တီးေခါင္ (ကြင္းျပင္)တြင္ စမ္း သပ္ ခြင့္ျပဳေတာ္မူခဲ့ၿပီး ျဖစ္ပါသည္။

ေမာဃပုရိသေတြ မျဖစ္ၾကေစဖို႔ အေႏြးထည္ဝတ္ျခင္းမွ ေရွာင္ၾကဥ္စို႔

ထို႔ေၾကာင့္ ယခုကာလ အခ်ိဳ႕ေသာ ရဟန္းေတာ္မ်ားသည္ သကၤန္းသုံးထည္ျဖင့္ လုံေလာက္ပါလ်က္ သကၤန္း (၃)ထည္ကို မေဆာင္ၾကေတာ့ဘဲ

ျမတ္စြာဘုရားခြင့္ျပဳေတာ္မမူေသာ အေႏြးထည္အက်ႌမ်ားဝတ္ေနၾကျခင္းသည္ အလြန္ေအးေသာကာလ လြင္တီးေခါင္ (ကြင္းျပင္)တြင္ သကၤန္းသုံးထည္းျဖင့္ အပင္ပန္းခံေတာ္မူကာ စမ္းသပ္ေတာ္မူခဲ့ေသာ ျမတ္စြာ ဘုရားအား မ်က္ႏွာေျပာင္တိုက္ေနသလား ေအာက္ေမ့ရ၏။

ပဗၺဇိတ အဘိဏွသုတ္မွာ ျမတ္စြာဘုရားရွင္က ဘယ္လိုေဟာေတာ္မူခဲ့သလဲ

“အေညာ ေမ အာကေပၸါ ကရဏီေယာ’တိ ပဗၺဇိေတန အဘိဏွံ ပစၥေဝကၡိတဗၺံ၊ “( ဂုတၱိဳရ္၊ဒသကနိပါတ္၊အေကၠာ သဝဂ္၊ႏွာ-၃၂၅)

ငါသည္ လူတို႔၏ အျပဳအမူ အမူအရာ အသြင္အျပင္မွတပါးေသာ ဘုရားသားေတာ္ ရွင္ရဟန္းတို႔၏ အျပဳအမူ အသြင္ အျပင္ကို ျပဳသင့္ ျပဳထိုက္၏၊ သာသနာဝန္ထမ္းရွင္ရဟန္းသည္ ေန႔စဥ္မျပတ္ ဆင္ျခင္သင့္ ဆင္ျခင္ရေပမည္ . . .တဲ့

ေမတၱာမ်ားစြာျဖင့္ ပန္းခ်စ္သူ

Leave a Comment