အလွယ်တကူအပင်မျိုး ပွားနည်း
သရက်၊ သပြေ၊ ခရမ်း ၊လိမော်၊ ကျွဲကော၊ ရှောက်၊ သံပုရာ၊ ဝါး၊ ဆူးပုပ်စသည်တို့ကို အကိုင်းကူးစရာမလို မြေထုပ်စည်းစရာမလိုပဲ၎င်းနည်းဖြင့်မျိုး ပွားနိုင်ပါသည်။
အမြစ်စိမ်ရန်အတွက်ဆေးနည်း
ပုဇွန်ငါးပိ – လက်ဖက်ရည်တစ်ဇွန်း
m150 – အဖုံးဖြင့်တစ်ဖုံးစာ
ရေက ဖန်ခွက်တဝက်ဖြင့်သမအောင်ရောပြီး မျိုးပွားမည့်အကိုင်းများကိုနာရီဝက်ခန့်စိမ်ရပါလိမ့်မည်။
အသီးသီးပြီးသား အပင်မှ မျိုးကိုင်းယူရန်လိုအပ်ပါသည်။
နာရီဝက်ခန့်စိမ်ပြီးနောက် ရေစွတ်စိုနေတဲ့ သဲတစ်ဆ၊ ဖွဲပြာ နှစ်ဆ ရောပြီးသား
ပလပ်စတစ် ခွက် ထဲ ထိုးစိုက်ပြီး အပေါ်က ပလပ်စတစ်နဲ့လေလုံအောင် ပိတ်ပြီးရင် နေရောင်မထိတဲ့နေရာမှာ ထားပေးပါ။
ရက်၂၀ကျော်လောက်ဆို အပင်အနေအထားကိုကြည့်ပြီး ပလပ်စတစ်ကိုဖွင့်ပေးပါ။
၁ လလောက်ဆို အမြစ်ကောင်းကောင်းထွက်ပါပြီ။ အိတ်ကြီးသို့ပြောင်းထည့်ပါ။ ၃လဆို မြေချစိုက်လို့ရပါပြီ။
စိုက်ပျိုးရေး နည်းပညာ မျှဝေပေးလိုက်ပါတယ်ဗျာ
ကျနော်ဖတ်ဖူးသော ရှာစုထားသော မျိုးပွားနည်းစာစုလေးပြန်လည်မျှဝေပေးလိုက်ပါတယ်။
ကိုင်းကနေ အမြစ်ထုတ်နည်းမေးကြလို့ပါခင်ဗျာ။
ခရစ်ဒစ်
Zawgyi
ခရစ်ဒစ်