သဘာဝတိုင်းရင်း ပိုးသတ်ဆေး ပြုလုပ်နည်း
ရဲယိုရွက်၊ ငုဝါသီး ၊ဆင်တုံးမနွယ် ၊ဆနွင်း ၊ဆေးခါးကြီးရွက်
ရှောက်နုသီးခွံ စတာတွေကို ရေနွေးဆူဆူထဲမှာ တစ်နာရီခန့်ပြုတ်ပါ။
ရေကို သင့်တော်သလိုထည့်နိုင်ပါတယ်။ ပထမတစ်ရေယူပြီးရင် နောက်တစ်ရေ ထပ်ယူနိုင်ပါသေးတယ်။
ပြီးရင် ဆေးပြုတ်ရည်တစ်ဂါလံကို ငရုတ်သီး (၅၀)သားကြိတ်ပြီးထည့်ပါ။
ငရုတ်ကောင်း (၅၀)သား၊ ဆေးရွက်ကြီး (၅၀) သား၊ မင်းဂွတ်သီးအမှုန့် (၅၀)သားထည့်ပါ။ ကြက်သွန်ဖြူ၊ စပါးလင်၊ မြိတ်သလင် စတဲ့ ဆေးဖက်ဝင်အပင်တွေကို
လည်းထည့်စိမ်နိုင်ပါတယ်။ ပြီးရင် သကြားအညို (၁)ပိဿာထည့်ပြီးစိမ်လိုက်ပါ။
သုံးလခန့်ထားပြီးရင် အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ ရေတစ်ပုံးကို ဆေးရည် ဟင်းခတ်ဇွန်း (၅) ဇွန်းနဲ့ အသုံးပြုရင် လုံလောက်ပြီဖြစ်ပါတယ်။
ဆေးနဲ့ ရေနဲ့ စပ်ပြီးသားတစ်ပုံးကို ပန်းကန်ဆေးရည် (သို့) ဆပ်ပြာရည် (၃) ဇွန်းနဲ့ ရောစပ်ပြီး အသုံးပြုနိုင်ပါတယ်။
(၃)ရက် တစ်ခါ ၊ တစ်ပတ်တစ်ခါ ပက်ဖျန်းနိုင်ပြီး မိုးတွင်းဆိုရင်တော့ အကြိမ်ရေများများပက်ဖျန်းပေးပါ။ ပိုးမကျမီ ကာကွယ်မှုအနေနဲ့ ပက်ဖျန်းခြင်းဟာ ပိုမိုထိရောက်ပါလိမ့်မယ်။
WinMyint IQwin
Zawgyi
သဘာဝတိုင္းရင္း ပိုးသတ္ေဆး ျပဳလုပ္နည္း
ရဲယိုရြက္၊ ငုဝါသီး ၊ဆင္တုံးမႏြယ္ ၊ဆႏြင္း ၊ေဆးခါးႀကီးရြက္
ေရွာက္ႏုသီးခြံ စတာေတြကို ေရေႏြးဆူဆူထဲမွာ တစ္နာရီခန႔္ျပဳတ္ပါ။
ေရကို သင့္ေတာ္သလိုထည့္နိုင္ပါတယ္။ ပထမတစ္ေရယူၿပီးရင္ ေနာက္တစ္ေရ ထပ္ယူနိုင္ပါေသးတယ္။
ၿပီးရင္ ေဆးျပဳတ္ရည္တစ္ဂါလံကို င႐ုတ္သီး (၅၀)သားႀကိတ္ၿပီးထည့္ပါ။
င႐ုတ္ေကာင္း (၅၀)သား၊ ေဆးရြက္ႀကီး (၅၀) သား၊ မင္းဂြတ္သီးအမွုန႔္ (၅၀)သားထည့္ပါ။ ၾကက္သြန္ျဖဴ၊ စပါးလင္၊ ၿမိတ္သလင္ စတဲ့ ေဆးဖက္ဝင္အပင္ေတြကို
လည္းထည့္စိမ္နိုင္ပါတယ္။ ၿပီးရင္ သၾကားအညိဳ (၁)ပိႆာထည့္ၿပီးစိမ္လိုက္ပါ။
သုံးလခန႔္ထားၿပီးရင္ အသုံးျပဳနိုင္ၿပီ ျဖစ္ပါတယ္။ ေရတစ္ပုံးကို ေဆးရည္ ဟင္းခတ္ဇြန္း (၅) ဇြန္းနဲ႔ အသုံးျပဳရင္ လုံေလာက္ၿပီျဖစ္ပါတယ္။
ေဆးနဲ႔ ေရနဲ႔ စပ္ၿပီးသားတစ္ပုံးကို ပန္းကန္ေဆးရည္ (သို႔) ဆပ္ျပာရည္ (၃) ဇြန္းနဲ႔ ေရာစပ္ၿပီး အသုံးျပဳနိုင္ပါတယ္။
(၃)ရက္ တစ္ခါ ၊ တစ္ပတ္တစ္ခါ ပက္ဖ်န္းနိုင္ၿပီး မိုးတြင္းဆိုရင္ေတာ့ အႀကိမ္ေရမ်ားမ်ားပက္ဖ်န္းေပးပါ။ ပိုးမက်မီ ကာကြယ္မွုအေနနဲ႔ ပက္ဖ်န္းျခင္းဟာ ပိုမိုထိေရာက္ပါလိမ္႔မယ္။
WinMyint IQwin