၀ိဇ္ဇာ နှင့် ဇော်ဂျီတို့ အဘယ်ဘုံဌာနတွင် နေထိုင်ကြပါသနည်း

၀ိဇ္ဇာ၊ ဇော်ဂျီဆို သည်မှာ

သိချင်တာလေးရှိလို့ မေးလျှောက်ပါရစေဘုရား။ဘာသာရေးကျမ်းစာတွေ အထူးသဖြင့် ဇာတ်တော်တွေမှာ ဝိဇ္ဇာ၊ ဇော်ဂျီတွေ အကြောင်းကို ဖတ်ရှုရပါသည်။

၄င်းတို့သည် သုံးဆယ့်တစ်ဘုံ အတွင်းအဘယ်ဘုံဌာနတွင် နေထိုင်ကြပါသနည်း။ သူတို့အကြောင်းကိုလည်း သိချင်လှပါသည်ဘုရား။ဝေလင်းအောင်

၀ိဇ္ဇာ ၅မျိုး

လယ်တီဆရာတော်ကြီးရဲ့ ဝိဇ္ဇာမဂ္ဂဒီပနီကျမ်းမှာဝိဇ္ဇာငါးမျိုးပြတယ်။

၁။ ဝေဒဝိဇ္ဇာ = ဗေဒင်လေးပုံ။

၂။ မန္တဝိဇ္ဇာ = လက္ခဏာကျမ်း၊ နိမိတ်ကျမ်း၊ နက္ခတ်ကျမ်း၊ ဂါထာမန္တာန်ကျမ်း၊ ဆေးကျမ်းတွေ၊

၃။ ဂန္ဓာရီဝိဇ္ဇာ = အင်းဝိဇ္ဇာ၊ ပြဒါးဝိဇ္ဇာ၊ သံဝိဇ္ဇ္ဇာတွေရဲ့အစီအရင်နဲ့ နတ်သိကြားတွေရဲ့တန်ခိုး၊ အဘိညာဉ် တန်ခိုးတွေလိုအစွမ်းထက်တဲ့တန်ခိုး။ ဒီတန်ခိုးက နတ်တွေထက်တောင်စွမ်းလို့ နတ်တွေမနာလိုဖြစ်တတ်သတဲ့။

၄။ လောကိယဝိဇ္ဇာ = အဘိညာဉ်တန်ခိုး။ ဒီတန်ခိုးကို ဗုဒ္ဓဘာသာမရှိတဲ့နေရာ အချိန်အခါတွေမှာလည်းအချို့ရသေ့၊ ရဟန်းတွေရတယ်။

၅။ အရိယဝိဇ္ဇာ = အရိယဝိဇ္ဇာဉာဏ်ငါးပါး။

၀ိဇ္ဇာဓိုရ်

၀ိဇ္ဇာဓိုရ်တွေဟာ သူတို့ရဲ့အတတ်ပညာကို လှုပ်နိုးပြီးရေးခြစ်မထင်ဟင်းလင်းပြင်မှာ ဆင်ရုပ်ပုံတွေ၊ မြင်းရုပ်ပုံတွေဖန်ဆင်းပြတယ်။

ဝိဇ္ဇာဓရော ဝိဇ္ဇံ ပရိဇပ္ပတွာ အာကာသေ အန္တလိက္ခေ ဟတိမ္ပိ ဒေဿန္တိ အဿန္တိဒေဿန္တိ။ ပဋိသံ၊ ၃၉၁။ ဒီပါဠိတော်အရ ဗုဒ္ဓကျမ်းဂန်

မှာ ဝိဇ္ဇာဓိုရ်ဆိုတဲ့စကားရှိတဲ့အတွက် ဗုဒ္ဓဘုရားရှင်ကိုယ်တိုင် ဒီစာလုံးနဲ့ရင်းနှီးဖွယ်ရှိပါတယ်။

၀ိဇ္ဇာဓရဆိုတဲ့ဝေါဟာရမှာ ဝိဇ္ဇာနဲ့ဓရလို့ နှစ်ပုဒ်ရှိတယ်။၀ိဇ္ဇာ = အတတ်ပညာ၊ ဓရ = ဆောင်တယ်၊ ရှိတယ်။အဲဒီပုဒ်ရင်း အဓိပ္ပါယ်အရ အတတ်ပညာ ရှိသူမှန်ရင်

၀ိဇ္ဇာဓရ = ဝိဇ္ဇဓိုရ်လို့ခေါ်ခွင့်ရှိတယ်။ ဒီလိုဆိုရင်လောကမှာ ဝိဇ္ဇာတွေအများရှိနိုင်သလို ဝိဇ္ဇဓိုရ်တွေလည်း များမှာပေါ့။

အရိယဝိဇ္ဇာ

အနိစ္စ ဝိဇ္ဇာ = မမြဲအသိ၊ ဒုက္ခဝိဇ္ဇာ = ဆင်းရဲအသိ၊အနတ္တဝိဇ္ဇာ = ကိုယ်ကောင်မဲ့ အသိ၊ မဂ္ဂဝိဇ္ဇာ = မဂ် အသိ၊ ဖလဝိဇ္ဇာ = ဖိုလ်အသိလို့ အရိယဝိဇ္ဇာဉာဏ် ငါးမျိုး၊ ဒီဉာဏ်ငါးမျိုးက ဗုဒ္ဓသာသနာ အတွင်းမှာပဲ ရနိုင်တယ်။

မဂ္ဂင်ရှစ်ပါးကျင့်စဉ်နဲ့ပဲရနိုင်တယ်။ ဗုဒ္ဓသာသနာအပြင်မှာမရှိ။ ဒီလိုဆိုပြန်တော့ အရိယဝိဇ္ဇာငါးမျိုးနဲ့ပြည့်စုံကြတဲ့ဘုရား၊ ရဟန္တာတွေကိုလည်း ဝိဇ္ဇဓိုရ်လို့ခေါ်နိုင်စရာပါပဲ။

ဘုန်းကြီးတို့ သိရတဲ့ ဝိဇ္ဇာ၊ သို့မဟုတ် ဝိဇ္ဇဓိုရ်တွေ အကြောင်းက ဒီမျှပါပဲ။

ရဟန်းမဟုတ်

၀ိဇ္ဇာဓိုရ်တစ်ယောက်ဟာ ညအချိန်ဘုရင့်နန်းတော်ကိုလာပြီး မိဖုရားနဲ့ ဖောက်ပြန်တာကို ဘုရင် သိသွားတဲ့အတွက် အပြစ်ပေး ခံရမှာကို ကြောက်လို့ ဝိဇ္ဇာဓိုရ်

ကောင်းကင်က ပြန်ပြေးတဲ့အခါ ဘုရင်က ဝိဇ္ဇာဓိုရ်ကို အသိဉာဏ်ရတဲ့ ရဟန်းလို့ထင်မှားပြီး သူ့နိုင်ငံအတွင်းက ရဟန်းအားလုံးကိုနှင်ထုတ်လို့ ပစ္စေကဗုဒ္ဓါတစ်ဆူက ဖောက်ပြန်သူဟာ ရဟန်းကြောင်းရှင်းပြရသတဲ့။

(ဇာ-ဋ္ဌ ၃၊ ၂၈၈)
ဒါကတော့ ဂန္ဓာရီဝိဇ္ဇာကို တတ်ကျွမ်းသူဖြစ်နိုင်တယ်။ဒီလိုဝိဇ္ဇာဓိုရ်တွေဟာ ရသေ့ရဟန်းတွေလိုဝတ်ဆင်ပုံရပြီး တန်ခိုးစွမ်းရည်ရှိကြပေမဲ့ အချို့မှာကိုယ်ကျင့်တရား ကောင်းပုံမရဘူး။

ဇော်ဂျီ

မြန်မာ အဘိဓာန်ကျမ်း အရ ဇော်ဂျီရဲ့ရင်းမြစ်ကသက္ကတ စကားလုံး ယောဂီ။ ပါဠိမှာလည်း ယောဂီဝေါဟာရ ရှိပြီးသားပဲ။

ဗုဒ္ဓဝါဒ အဓိပ္ပါယ်ကတော့ယောဂီဆိုတာ ကမ္မဋ္ဌာန်းရှုမှတ်သူ။ ရွှေဟင်္သာမင်းပျို့မှာ ဘုန်းတောင်းအများ၊ ပုဏ္ဏားဇော်ဂီ၊ တပသီက၊စသည်မလွတ် (ပိုဒ်-၉၃)လို့တွေ့ရတယ်။

ဇော်ဂီကနေ ဇော်ဂျီ ဖြစ်လာပုံရတယ်။ ဒါပေမဲ့ ဇော်ဂျီဆိုရင်တော့ မြေလျှိုးမိုးပျံနိုင်သူ၊ တန်ခိုးရှိသူလို့ယေဘူယျနားလည်ကြတယ်။

ဒါကြောင့်ဝိဇ္ဇာဓိုရ်နဲ့ ဇော်ဂျီဟာအဓိပ္ပါယ် တစ်စိတ် တစ်ပိုင်း တူပေမဲ့ ဝိဇ္ဇာဓိုရ်ဆိုရင်ပိုမိုကျယ်ပြန့်တယ်လို့ ဆိုနိုင်စရာပါ။လူသားတွေပြောပြထားတဲ့ အဓိပ္ပါယ်အရ အရိယာဝိဇ္ဇာဓိုရ်တွေဟာ လူနတ်ဗြဟ္မာ ရှိနိုင်တယ်။

ဇော်ဂျီလည်း အရိယာ ဇော်ဂျီရှိနိုင်တာပဲ။ အခြားဝိဇ္ဇာဓိုရ်နဲ့ဇော်ဂျီတွေကတော့ လူသားတွေပဲ ဖြစ်ဖို့ များကြပါတယ်။

ဂန္ဓာရီဝိဇ္ဇာလို အတတ်ပညာတွေ လောကမှာ ရှားရှားပါးပါးရှိတော့ရှိပုံရပါတယ်။

ဘုန်းကြီးလည်းကိုယ်တိုင်ဘာအတွေ့အကြုံမှ မရှိဖူးလို့ ဒီပညာရပ်တွေနဲ့ပတ်သတ်ပြီးတော့ မှတ်ချက်မပေးလိုဘူး။

ဗုဒ္ဓသာသနာ့အသံကို ပုံဖော်ပေးတဲ့ အမေရိကန်လူမျိုးဟင်နရီစတီးလ် အောလ်ကော့ရဲ့ စိတ်ပိုင်းဘဝဟာ ဂန္ဓာရီ ဝိဇ္ဇာကို တတ်ပုံရတဲ့ ရုရှား အမျိုးသမီး ဗလာဗာစကီနဲ့ စခဲ့တယ်လို့အဆိုရှိတယ်။

(The White Buddhist,p.81)အရှင်ကေလာသ(USA)

ဓမ္မအမေးအဖြေများ ဥတ္တရအလင်း

Zawgyi

၀ိဇၨာ၊ ေဇာ္ဂ်ီဆို သည္မွာ

သိခ်င္တာေလးရွိလို႔ ေမးေလၽွာက္ပါရေစဘုရား။ဘာသာေရးက်မ္းစာေတြ အထူးသျဖင့္ ဇာတ္ေတာ္ေတြမွာ ဝိဇၨာ၊ ေဇာ္ဂ်ီေတြ အေၾကာင္းကို ဖတ္ရွုရပါသည္။

၄င္းတို႔သည္ သုံးဆယ့္တစ္ဘုံ အတြင္းအဘယ္ဘုံဌာနတြင္ ေနထိုင္ၾကပါသနည္း။ သူတို႔အေၾကာင္းကိုလည္း သိခ်င္လွပါသည္ဘုရား။ေဝလင္းေအာင္

၀ိဇၨာ ၅မ်ိဳး

လယ္တီဆရာေတာ္ႀကီးရဲ့ ဝိဇၨာမဂၢဒီပနီက်မ္းမွာ၀ိဇၨာငါးမ်ိဳးျပတယ္။

၁။ ေဝဒ၀ိဇၨာ = ေဗဒင္ေလးပုံ။

၂။ မႏၲဝိဇၨာ = လကၡဏာက်မ္း၊ နိမိတ္က်မ္း၊ နကၡတ္က်မ္း၊ ဂါထာမႏၲာန္က်မ္း၊ ေဆးက်မ္းေတြ၊

၃။ ဂႏၶာရီဝိဇၨာ = အင္းဝိဇၨာ၊ ျပဒါးဝိဇၨာ၊ သံဝိဇၨၨာေတြရဲ့အစီအရင္နဲ႔ နတ္သိၾကားေတြရဲ့တန္ခိုး၊ အဘိညာဥ္ တန္ခိုးေတြလိုအစြမ္းထက္တဲ့တန္ခိုး။ ဒီတန္ခိုးက နတ္ေတြထက္ေတာင္စြမ္းလို႔ နတ္ေတြမနာလိုျဖစ္တတ္သတဲ့။

၄။ ေလာကိယဝိဇၨာ = အဘိညာဥ္တန္ခိုး။ ဒီတန္ခိုးကို ဗုဒၶဘာသာမရွိတဲ့ေနရာ အခ်ိန္အခါေတြမွာလည္းအခ်ိဳ႕ရေသ့၊ ရဟန္းေတြရတယ္။

၅။ အရိယဝိဇၨာ = အရိယဝိဇၨာဉာဏ္ငါးပါး။

၀ိဇၨာဓိုရ္

၀ိဇၨာဓိုရ္ေတြဟာ သူတို႔ရဲ့အတတ္ပညာကို လွုပ္နိုးၿပီးေရးျခစ္မထင္ဟင္းလင္းျပင္မွာ ဆင္႐ုပ္ပုံေတြ၊ ျမင္း႐ုပ္ပုံေတြဖန္ဆင္းျပတယ္။

ဝိဇၨာဓေရာ ဝိဇၨံ ပရိဇပၸတြာ အာကာေသ အႏၲလိေကၡ ဟတိမၸိ ေဒႆႏၲိ အႆႏၲိေဒႆႏၲိ။ ပဋိသံ၊ ၃၉၁။ ဒီပါဠိေတာ္အရ ဗုဒၶက်မ္းဂန္

မွာ ဝိဇၨာဓိုရ္ဆိုတဲ့စကားရွိတဲ့အတြက္ ဗုဒၶဘုရားရွင္ကိုယ္တိုင္ ဒီစာလုံးနဲ႔ရင္းႏွီးဖြယ္ရွိပါတယ္။

၀ိဇၨာဓရဆိုတဲ့ေဝါဟာရမွာ ဝိဇၨာနဲ႔ဓရလို႔ ႏွစ္ပုဒ္ရွိတယ္။၀ိဇၨာ = အတတ္ပညာ၊ ဓရ = ေဆာင္တယ္၊ ရွိတယ္။အဲဒီပုဒ္ရင္း အဓိပၸါယ္အရ အတတ္ပညာ ရွိသူမွန္ရင္

၀ိဇၨာဓရ = ဝိဇၨဓိုရ္လို႔ေခၚခြင့္ရွိတယ္။ ဒီလိုဆိုရင္ေလာကမွာ ဝိဇၨာေတြအမ်ားရွိနိုင္သလို ဝိဇၨဓိုရ္ေတြလည္း မ်ားမွာေပါ့။

အရိယဝိဇၨာ

အနိစၥ ဝိဇၨာ = မျမဲအသိ၊ ဒုကၡဝိဇၨာ = ဆင္းရဲအသိ၊အနတၱဝိဇၨာ = ကိုယ္ေကာင္မဲ့ အသိ၊ မဂၢဝိဇၨာ = မဂ္ အသိ၊ ဖလဝိဇၨာ = ဖိုလ္အသိလို႔ အရိယဝိဇၨာဉာဏ္ ငါးမ်ိဳး၊ ဒီဉာဏ္ငါးမ်ိဳးက ဗုဒၶသာသနာ အတြင္းမွာပဲ ရနိုင္တယ္။

မဂၢင္ရွစ္ပါးက်င့္စဥ္နဲ႔ပဲရနိုင္တယ္။ ဗုဒၶသာသနာအျပင္မွာမရွိ။ ဒီလိုဆိုျပန္ေတာ့ အရိယဝိဇၨာငါးမ်ိဳးနဲ႔ျပည့္စုံၾကတဲ႔ဘုရား၊ ရဟႏၲာေတြကိုလည္း ဝိဇၨဓိုရ္လို႔ေခၚနိုင္စရာပါပဲ။

ဘုန္းႀကီးတို႔ သိရတဲ့ ဝိဇၨာ၊ သို႔မဟုတ္ ဝိဇၨဓိုရ္ေတြ အေၾကာင္းက ဒီမၽွပါပဲ။

ရဟန္းမဟုတ္

၀ိဇၨာဓိုရ္တစ္ေယာက္ဟာ ညအခ်ိန္ဘုရင့္နန္းေတာ္ကိုလာၿပီး မိဖုရားနဲ႔ ေဖာက္ျပန္တာကို ဘုရင္ သိသြားတဲ့အတြက္ အျပစ္ေပး ခံရမွာကို ေၾကာက္လို႔ ဝိဇၨာဓိုရ္

ေကာင္းကင္က ျပန္ေျပးတဲ့အခါ ဘုရင္က ဝိဇၨာဓိုရ္ကို အသိဉာဏ္ရတဲ့ ရဟန္းလို႔ထင္မွားၿပီး သူ႔နိုင္ငံအတြင္းက ရဟန္းအားလုံးကိုႏွင္ထုတ္လို႔ ပေစၥကဗုဒၶါတစ္ဆူက ေဖာက္ျပန္သူဟာ ရဟန္းေၾကာင္းရွင္းျပရသတဲ့။

(ဇာ-႒ ၃၊ ၂၈၈)
ဒါကေတာ့ ဂႏၶာရီဝိဇၨာကို တတ္ကၽြမ္းသူျဖစ္နိုင္တယ္။ဒီလိုဝိဇၨာဓိုရ္ေတြဟာ ရေသ့ရဟန္းေတြလို၀တ္ဆင္ပုံရၿပီး တန္ခိုးစြမ္းရည္ရွိၾကေပမဲ့ အခ်ိဳ႕မွာကိုယ္က်င့္တရား ေကာင္းပုံမရဘူး။

ေဇာ္ဂ်ီ

ျမန္မာ အဘိဓာန္က်မ္း အရ ေဇာ္ဂ်ီရဲ့ရင္းျမစ္ကသကၠတ စကားလုံး ေယာဂီ။ ပါဠိမွာလည္း ေယာဂီေဝါဟာရ ရွိၿပီးသားပဲ။

ဗုဒၶဝါဒ အဓိပၸါယ္ကေတာ့ေယာဂီဆိုတာ ကမၼ႒ာန္းရွုမွတ္သူ။ ေရႊဟသၤာမင္းပ်ိဳ႕မွာ ဘုန္းေတာင္းအမ်ား၊ ပုဏၰားေဇာ္ဂီ၊ တပသီက၊စသည္မလြတ္ (ပိုဒ္-၉၃)လို႔ေတြ႕ရတယ္။

ေဇာ္ဂီကေန ေဇာ္ဂ်ီ ျဖစ္လာပုံရတယ္။ ဒါေပမဲ့ ေဇာ္ဂ်ီဆိုရင္ေတာ့ ေျမလၽွိုးမိုးပ်ံနိုင္သူ၊ တန္ခိုးရွိသူလို႔ေယဘူယ်နားလည္ၾကတယ္။

ဒါေၾကာင့္ဝိဇၨာဓိုရ္နဲ႔ ေဇာ္ဂ်ီဟာအဓိပၸါယ္ တစ္စိတ္ တစ္ပိုင္း တူေပမဲ့ ဝိဇၨာဓိုရ္ဆိုရင္ပိုမိုက်ယ္ျပန္႔တယ္လို႔ ဆိုနိုင္စရာပါ။လူသားေတြေျပာျပထားတဲ့ အဓိပၸါယ္အရ အရိယာဝိဇၨာဓိုရ္ေတြဟာ လူနတ္ျဗဟၼာ ရွိနိုင္တယ္။

ေဇာ္ဂ်ီလည္း အရိယာ ေဇာ္ဂ်ီရွိနိုင္တာပဲ။ အျခားဝိဇၨာဓိုရ္နဲ႔ေဇာ္ဂ်ီေတြကေတာ့ လူသားေတြပဲ ျဖစ္ဖို႔ မ်ားၾကပါတယ္။

ဂႏၶာရီ၀ိဇၨာလို အတတ္ပညာေတြ ေလာကမွာ ရွားရွားပါးပါးရွိေတာ့ရွိပုံရပါတယ္။

ဘုန္းႀကီးလည္းကိုယ္တိုင္ဘာအေတြ႕အၾကဳံမွ မရွိဖူးလို႔ ဒီပညာရပ္ေတြနဲ႔ပတ္သတ္ၿပီးေတာ့ မွတ္ခ်က္မေပးလိုဘူး။

ဗုဒၶသာသနာ့အသံကို ပုံေဖာ္ေပးတဲ့ အေမရိကန္လူမ်ိဳးဟင္နရီစတီးလ္ ေအာလ္ေကာ့ရဲ့ စိတ္ပိုင္းဘ၀ဟာ ဂႏၶာရီ ဝိဇၨာကို တတ္ပုံရတဲ့ ႐ုရွား အမ်ိဳးသမီး ဗလာဗာစကီနဲ႔ စခဲ့တယ္လို႔အဆိုရွိတယ္။

(The White Buddhist,p.81)အရွင္ေကလာသ(USA)

ဓမၼအေမးအေျဖမ်ား ဥတၱရအလင္း