စိုက်ပျိုးမြေ မြေခံကောင်းမကောင်း အလွယ် တိုင်းနည်း

မြေခံ မြေသြဇာထက်သန်မှု ရှိ/မရှိ အလွယ်သိရန်

စိုက်ပျိုးရန်မြေ ကောင်း/မကောင်း အလွယ်ကူဆုံး သိနိုင်စေရန် ပေါက်ရောက်သော အပင်များကိုကြည့်၍ အကြမ်းဖျင်း ခွဲခြားနိုင်သည်..ခေတ်မှီနည်း မဟုတ်ပေမဲ့ အထိုက်အလျောက်တော့သိနိုင်တာပေါ့ဗျာ။

၁။ အရွက်သေးသေး ဆူးများများအပင်များ ( ဆူးရစ်ပင် ၊နန်းလုံးကြိုင်အပင် ၊ ပဒုမ္မာကြာပင် ၊ ကျားရှာ) စသော အပင်များ ပေါက်ရောက်မှု များနေလျှင် မြေအစိုဓာတ်နည်းသည်။၎င်းမြေကို စီးပွားဖြစ် စိုက်ရန်မသင့်ချေ။

၂။ သမင်မွှေး ၊ မြောက်မြီးမြက်များသာ ပေါက်ရောက်သောမြေသည် ကျောက်စရစ်ကုန်း ၊ ကျပ်တီးမြေများဖြစ်ပြီး စိုက်ပျိုးရန် မသင့်တော်ပါ။

၃။ မြက်ခါး ၊ မြေဇာမျက်များ ပေါများလျှင် စိမ့်စွဲသောမြေ ဆပ်ပြာပေါက်သော မြေဖြစ်သည်။ စိုက်ပျိုးရန် မသင့်ချေ။

၄။ လက်ပံပင်ပေါက်သော မြေသည် မြေသြဇာ ထက်သန်မည်။ မြေဆီလွှာဖွဲ့စည်းမှု ကောင်းမည်။ စိုက်ပျိုးရန် အထူးသင့်လျော်ပါသည်။

၅။ ပန်းတော်ဖြူ ၊ ပန်းတော်ညို ပေါက်သော မြေသည်။မြေသြဇာထက်သန်သည်။ စိုက်ပျိုးရန် ကောင်းသည်။

၆။ နဘူးပင် ၊ မွန်းနံပင်ပေါလျှင် ရေနီးမည်။ မြေသြဇာ သင့်တင့်မည်။ စိုက်ရန်သင့်သည်။

၇။ တီကျစ်စာခဲ များသောမြေသည် အစိုဓာတ်ကို ထိန်းသိမ်းနိုင်မည်။ မြေဆီလွှာ ဖွဲ့စည်းမှုကောင်းသည်။ စိုက်ရန်သင့်တော်သည်။

၈။ နုန်းမြေသည် စိုက်ရန်အကောင်းဆုံးဖြစ်သည်။ သဲနုန်းမြေ ၊ မြေနီသဲဝန်း ၊ နုန်းစနယ်တို့သည်လည်း စိုက်ရန်ကောင်းသည်။ စနယ်မြေစေသည် စိုက်ရန်သင့်ရုံသာဖြစ်သည်။ စနယ်ဖွတ်ချေးမြေတွင် စီးပွားဖြစ်မစိုက်သင့်ချေ ။

မြေမ ( ခေါ် ) မြေသားသည် စိုက်ရန်သင့်တော်သည်။မိမိမြေတွင် သဘာဝမြေသြဇာများ ၊ ဇီဝမြေသြဇာများ ထည့်ပေးခြင်းဖြင့် စေးသောမြေကိုဖွယ်စေပြီး သဲဆန်သောမြေကိုလည်း စေးစေသည်။

မြေစေး ကိုသဲကြမ်း ထည့်၍ ပြုပြင်ခြင်းသည် မိုက်မဲသော လုပ်ဆောင်ချက်ဖြစ်ပြီးအလွယ်တကူ ပေါများစွာရနိုင်သော စပါးခွံဖွဲပြာ ထည့်ပေးခြင်းဖြင့် စေးနေသောမြေအားဖွယ်စေသည်။

နေရာဒေသ တော်တော်များများတွင် စိုက်ပျိုးရန်ကောင်းသော မြေများရှားပါးလာပြီး ဓာတ်မြေသြဇာ တစ်မျိုးထဲဦးစားပေးသုံးသဖြင့် ပျက်စီးနေသော မြေများသာ အတွေ့များလာရသည်။ အများစုမှာလည်း မြေကိုအောက်သို့ချဲ့ခြင်းထက် ဘေးတိုက်တိုးချဲ့သူသာတွေ့ရများသည်။

မိမိ၏ လယ်ထဲ ယာထဲ သို့ နှစ်စဉ် သဘာဝမြေသြဇာ လှည်း ၁၀ စီးတိုက်ခန့် ထည့်ပေးရန်လိုအပ်ပြီး ထည့်ပြီး ပြီးခြင်း တခါထဲ ထယ်ထိုး ထွန်မွှေရမည်။

သဘာဝမြေသြဇာထည့်ရာတွင် ချက်ခြင်းထယ်/ထွန် မဝင်နိုင်သေးပါက အဟာရ ဆုံးရှုံးမှု မရှိရန် ဖြန့်ထားခြင်းထက် အပုံလေးများပုံထားခြင်းက အဟာရလျော့ နည်းမှု ကို သက်သာစေပါသည်။

တောင်သူအားလုံး အဆင်ပြေပါစေ…

ခရစ်ဒစ်

Zawgyi

ေျမခံ ေျမၾသဇာထက္သန္မႈ ရွိ/မရွိ အလြယ္သိရန္

စိုက္ပ်ိဳးရန္ေၿမ ေကာင္း/မေကာင္း အလြယ္ကူဆုံး သိနိုင္ေစရန္ ေပါက္ေရာက္ေသာ အပင္မ်ားကိုၾကည့္၍ အၾကမ္းဖ်င္း ခြဲျခားနိုင္သည္..ေခတ္မွီနည္း မဟုတ္ေပမဲ့ အထိုက္အေလ်ာက္ေတာ့သိနိုင္တာေပါ့ဗ်ာ။

၁။ အရြက္ေသးေသး ဆူးမ်ားမ်ားအပင္မ်ား ( ဆူးရစ္ပင္ ၊နန္းလုံးႀကိဳင္အပင္ ၊ ပဒုမၼာၾကာပင္ ၊ က်ားရွာ) စေသာ အပင္မ်ား ေပါက္ေရာက္မွု မ်ားေနလၽွင္ ေျမအစိုဓာတ္နည္းသည္။၎ေျမကို စီးပြားျဖစ္ စိုက္ရန္မသင့္ေခ်။

၂။ သမင္ေမႊး ၊ ေျမာက္ၿမီးျမက္မ်ားသာ ေပါက္ေရာက္ေသာေျမသည္ ေက်ာက္စရစ္ကုန္း ၊ က်ပ္တီးေျမမ်ားျဖစ္ၿပီး စိုက္ပ်ိဳးရန္ မသင့္ေတာ္ပါ။

၃။ ျမက္ခါး ၊ ေျမဇာမ်က္မ်ား ေပါမ်ားလၽွင္ စိမ့္စြဲေသာေၿမ ဆပ္ျပာေပါက္ေသာ ေျမျဖစ္သည္။ စိုက္ပ်ိဳးရန္ မသင့္ေခ်။

၄။ လက္ပံပင္ေပါက္ေသာ ေျမသည္ ေျမၾသဇာ ထက္သန္မည္။ ေျမဆီလႊာဖြဲ႕စည္းမွု ေကာင္းမည္။ စိုက္ပ်ိဳးရန္ အထူးသင့္ေလ်ာ္ပါသည္။

၅။ ပန္းေတာ္ျဖဴ ၊ ပန္းေတာ္ညိဳ ေပါက္ေသာ ေျမသည္။ေျမၾသဇာထက္သန္သည္။ စိုက္ပ်ိဳးရန္ ေကာင္းသည္။

၆။ နဘူးပင္ ၊ မြန္းနံပင္ေပါလၽွင္ ေရနီးမည္။ ေျမၾသဇာ သင့္တင့္မည္။ စိုက္ရန္သင့္သည္။

၇။ တီက်စ္စာခဲ မ်ားေသာေျမသည္ အစိုဓာတ္ကို ထိန္းသိမ္းနိုင္မည္။ ေျမဆီလႊာ ဖြဲ႕စည္းမွုေကာင္းသည္။ စိုက္ရန္သင့္ေတာ္သည္။

၈။ ႏုန္းေျမသည္ စိုက္ရန္အေကာင္းဆုံးျဖစ္သည္။ သဲႏုန္းေၿမ ၊ ေျမနီသဲဝန္း ၊ ႏုန္းစနယ္တို႔သည္လည္း စိုက္ရန္ေကာင္းသည္။ စနယ္ေျမေစသည္ စိုက္ရန္သင့္႐ုံသာျဖစ္သည္။ စနယ္ဖြတ္ေခ်းေျမတြင္ စီးပြားျဖစ္မစိုက္သင့္ေခ် ။

ေျမမ ( ေခၚ ) ေျမသားသည္ စိုက္ရန္သင့္ေတာ္သည္။မိမိေျမတြင္ သဘာဝေျမၾသဇာမ်ား ၊ ဇီဝေျမၾသဇာမ်ား ထည့္ေပးျခင္းျဖင့္ ေစးေသာေျမကိုဖြယ္ေစၿပီး သဲဆန္ေသာေျမကိုလည္း ေစးေစသည္။

ေျမေစး ကိုသဲၾကမ္း ထည့္၍ ျပဳျပင္ျခင္းသည္ မိုက္မဲေသာ လုပ္ေဆာင္ခ်က္ျဖစ္ၿပီးအလြယ္တကူ ေပါမ်ားစြာရနိုင္ေသာ စပါးခြံဖြဲျပာ ထည့္ေပးျခင္းျဖင့္ ေစးေနေသာေျမအားဖြယ္ေစသည္။

ေနရာေဒသ ေတာ္ေတာ္မ်ားမ်ားတြင္ စိုက္ပ်ိဳးရန္ေကာင္းေသာ ေျမမ်ားရွားပါးလာၿပီး ဓာတ္ေျမၾသဇာ တစ္မ်ိဳးထဲဦးစားေပးသုံးသျဖင့္ ပ်က္စီးေနေသာ ေျမမ်ားသာ အေတြ႕မ်ားလာရသည္။ အမ်ားစုမွာလည္း ေျမကိုေအာက္သို႔ခ်ဲ႕ျခင္းထက္ ေဘးတိုက္တိုးခ်ဲ႕သူသာေတြ႕ရမ်ားသည္။

မိမိ၏ လယ္ထဲ ယာထဲ သို႔ ႏွစ္စဥ္ သဘာဝေျမၾသဇာ လွည္း ၁၀ စီးတိုက္ခန႔္ ထည့္ေပးရန္လိုအပ္ၿပီး ထည့္ၿပီး ၿပီးျခင္း တခါထဲ ထယ္ထိုး ထြန္ေမႊရမည္။

သဘာဝေျမၾသဇာထည့္ရာတြင္ ခ်က္ျခင္းထယ္/ထြန္ မဝင္နိုင္ေသးပါက အဟာရ ဆုံးရွုံးမွု မရွိရန္ ျဖန႔္ထားျခင္းထက္ အပုံေလးမ်ားပုံထားျခင္းက အဟာရေလ်ာ့ နည္းမွု ကို သက္သာေစပါသည္။

ေတာင္သူအားလုံး အဆင္ေျပပါေစ…

ခရစ္ဒစ္