ရာသီခွင်အလိုက် ဆောင်ထားရင် ကံကောင်းစေမယ့်အဆောင်လေးတွေ ..

ရာသီခွင်တစ်ခုစီအတွက် ဆောင်ထားသင့်တဲ့ ကံကောင်းစေမယ့် အဆောင်လေးတွေ

လူတော်တော်များများက ကိုယ့်အတွက် ကံကောင်းစေတဲ့ အဆောင်လေးတွေ ဆောင်ထားရတာကို ကြိုက်တတ်ကြပါတယ်။

ဟိုးရှေးအရင်က လူကြီးတွေကနေ ဆင်းသက်လာခဲ့တဲ့ ဒီအလေ့အထလေးဟာ ဒီကနေ့ထိတိုင်အောင် ယုံယုံကြည်ကြည်နဲ့ လိုက်နာနေကြဆဲပါနော်။

ဒီတော့ ရာသီခွင်တစ်ခုစီအတွက် ကံကောင်းစေပြီး ဆောင်ထားသင့်တဲ့ ရာသီခွင်အလိုက် ပစ္စည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

Aries (March 20 – April 20)

Aries ရာသီခွင်တွေ ဆုံးဖြတ်နိုင်စွမ်း မြင့်မားမှုနဲ့ စွမ်းအင်တွေကို ပိုင်ဆိုင်ထားကြပြီး သူတို့ဟာ ဘာမဆိုလုပ်ဆောင်နိုင်စွမ်း ရှိတဲ့သူတွေဖြစ်လို့ သူတို့နဲ့တူညီတဲ့ သော့ဟာ သူတို့အတွက် ကံကောင်းစေတဲ့ အဆောင်ပဲ ဖြစ်ပါတယ်။

ဒီရာသီခွင်တွေဟာ သော့လေးတစ်ချောင်း ဆောင်ထားခြင်းက ဘယ်လိုတံခါးပေါက်မဆို ဖွင့်နိုင်ပြီး ကံကောင်းခြင်းအခွင့်အလမ်းတွေ ဝင်ရောက်လာမယ့်ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်စေပါတယ်။

Taurus (April 21 – May 20)

Taurus တွေအတွက် ကံကောင်းခြင်းအဆောင်လေးက နံပါတ်ခုနှစ်ဆိုတဲ့ ဂဏန်းလေးပဲ ဖြစ်ပါတယ်။ နိုင်ငံတော်တော်များများမှာ lucky number လို့သတ်မှတ်ခံထားရတဲ့

lucky 7 ဂဏန်းဟာ သက်တံ့ရောင်ကို ကိုယ်စားပြုပြီး ကံကောင်းခြင်းတွေရောက်လာမယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ ဖြစ်ပါတယ်နော်။

Gemini (May 21 – June 20)

Gemini တွေဟာ အရမ်းကို လူမှုဆက်ဆံရေးကောင်းမွန်တဲ့ သူတွေဖြစ်ပြီး လူအများကြားမှာ ထင်ပေါ်တတ်တဲ့ သူတွေဖြစ်လို့ သူတို့အတွက် ကံကောင်းခြင်းအဆောင်က အန်စာတုံးလေးပဲ ဖြစ်ပါတယ်။

အန်စာတုံးလေးတွေကို ဆောင်ထားခြင်းက အမြဲတမ်း ထင်ပေါ်ကျော်ဇောခြင်းတွေကို ပိုင်ဆိုင်နိုင်တယ်လို့ ဆိုထားပါတယ်။

Cancer (June 21 – July 21)

Cancer ရာသီခွင်တွေရဲ့ ကံကောင်းခြင်းအဆောင်လေးက ပိုးတောင်မာကောင်ပုံစံလေးကို ဆောင်ထားသင့်တာပဲ ဖြစ်ပါတယ်။

နွေးထွေးကြင်နာတတ်ပြီး ချစ်ခင်တတ်တဲ့ ဒီရာသီခွင်လေးတွေအတွက် ဒီအကောင်လေးက ကံကောင်းခြင်းတွေကို ယူဆောင်လာပေးမှာ ဖြစ်ပါတယ်နော်။

Leo (July 22 – August 22)

Leo တွေဟာ ဆွဲဆောင်မှုမြင့်မားပြီး အနည်းငယ်ရှက်တတ်သလို တောက်ပတဲ့အသွင်ရှိတဲ့ သူတွေဖြစ်လို့ သူတို့ရဲ့ ကံကောင်းခြင်းအဆောင်လေးကလည်း ကျောက်စိမ်းတုံးလေးပဲ ဖြစ်ပါတယ်။

ဒါက သူတို့ကို ပိုတောက်ပပြီး ကံကောင်ခြင်းတွေကို ဆောင်ကြည်းပေးမှာ ဖြစ်ပါတယ်နော်။

Virgo (August 23 – September 22)

Virgo တွေက အရမ်းကို ထက်မြက်ပြီး အံ့သြလောက်တဲ့ အစွမ်းတွေ ပိုင်ဆိုင်ထားကြတာကြောင့် လူတွေရဲ့ မနာလိုခြင်းကို အမြဲခံရတဲ့ သူတွေဖြစ်ပါတယ်။

ဒါကြောင့် သူတို့ဆောင်ထားသင့်တဲ့ အရာလေးက evil eye လို့ခေါ်တဲ့ အပြာရောင်မျက်လုံးပုံ ပစ္စည်းလေးပဲ ဖြစ်ပါတယ်။

ဒါက သူတို့ကို လူတွေရဲ့ မနာလိုတိုက်ခိုက်ခြင်းက ကာကွယ်ပေးပြီး ကံကောင်းခြင်းတွေ ရောက်ရှိလာမှာပဲ ဖြစ်ပါတယ်။

Libra (September 23 – October 22)

Libra တွေအတွက် ကံကောင်းခြင်းအဆောင်ကတော့ တြိဂံပုံ ပစ္စည်းလေးပဲ ဖြစ်ပါတယ်။

ဟိုးအရင်က တြိဂံပုံရုပ်ထုဆိုတာ မွေးဖွားခြင်းနဲ့ သေဆုံးခြင်း စက်ဝိုင်းကို ကိုယ်စားပြုပြီး စကြာဝဠာနဲ့ ဆက်သွယ်ပေးတဲ့ အရာလို့ ဆိုစမှတ်ပြုခဲ့ကြပါတယ်။

ဒီအဆောင်လေးက Libra တွေရဲ့ဘဝကို မျှတမှုနဲ့ ဘယ်လိုအခြေအနေမျိုးမှာမဆို အကူအညီရရှိစေပြီး ကံကောင်းခြင်းဖြစ်စေတဲ့ အဆောင်လေးပဲ ဖြစ်ပါတယ်နော်။

Scorpio (October 23 – November 21)

Scorpio ရာသီခွင်တွေ ဆောင်ထားသင့်တဲ့ အဆောင်လေးကတော့ မြင်သံခွါလေးပဲ ဖြစ်ပါတယ်။

မြင်းသံခွင်က သံနဲ့ပြုုလုပ်ထားတာ ဖြစ်တဲ့အတွက် မကောင်းတဲ့သူတွေ၊ မကောင်းတဲ့ ဘေးဥပါဒ်တွေ မလာအောင် ကာကွယ်ပေးနိုင်ပါတယ်။

နောက်ပြီး ဒါဟာ သူတို့အတွက် ကံကောင်းခြင်းနဲ့ ချစ်ခြင်းတွေ ယူဆောင်လာပေးမယ့် ပစ္စည်းလေးပဲ ဖြစ်ပါတယ်။

Sagittarius (November 22 – December 20)

Sagittarius တွေကတော့ ယုန်မွှေး သို့ ယုန်မွှေးနဲ့လုပ်ထားတဲ့ ပစ္စည်းတစ်ခုခုကို ဆောင်ထားသင့်ပါတယ်နော်။

ဒဏ္ဌာရီပုံပြင်တွေအရ ယုန်တွေဟာ သန်မာပြီး မကောင်းဆိုးဝါးတွေကို နိုင်နိုင်တဲ့ အစွမ်းရှိသလို အန္တရာယ်ရှိပြီး ခက်ခဲတဲ့နေရာတွေကတောင် လွတ်မြောက်နိုင်တဲ့ အစွမ်းရှိတယ်လို့ ဆိုထားကြပါတယ်။

ဒါကြောင့် ယုန်မွှေးလေးတွေကို ဆောင်ထားခြင်းက အခက်အခဲအတားဆီးတွေကို ကျော်ဖြတ်ပြီး ကံကောင်းမှုတွေ ရောက်လာမှာ ဖြစ်ပါတယ်။

Capricorn (December 21 – January 19)

Capricorn တွေကတော့ အရွက်လေးရွက်ပါတဲ့ clover leaf ‌လေးကိုဆောင်ထားသင့်ပြီး မျှော်လင့်ချက်နဲ့ ကြီးပွါးချမ်းသာခြင်းတွေကို ယူဆောင်လာပေးမယ့် အရာပဲ ဖြစ်ပါတယ်။

Aquarius (January 20 – February 18)

Aquarius ရာသီခွင်တွေကတော့ ထူးထူးဆန်းဆန်းပဲ ပုရစ်ကောင်လေးတွေက သူတို့အတွက် ကံကောင်းခြင်းအဆောင် ပါတဲ့နော်။

ရာစုနှစ်များစွာက ပုရစ်လေးတွေကို ညီညွတ်ခြင်း၊ စည်းလုံးခြင်း၊ အထီးကျန်ခြင်းမရှိခြင်း စသဖြင့် သတ်မှတ်ခဲ့ကြပါတယ်။

ဒါက ဒီရာသီခွင်တွေအတွက် ကံကောင်းခြင်းတွေ ဖြစ်စေတဲ့ အဆောင်လေးပဲ ဖြစ်ပါတယ်။

Pisces (February 19 – March 19)

Pisces တွေအတွက်တော့ dreamcatcher လေးက ကံကောင်းခြင်းနဲ့ ပျော်ရွှင်ခြင်းတွေကို ယူဆောင်လာပေးမှာ ဖြစ်ပါတယ်။

အိပ်ရာနားမှာထားအိပ်ခြင်းက မကောင်းတဲ့ အိပ်မက်ဆိုးတွေကို တားဆီးပေးနိုင်သလို ငြိမ်းချမ်းခြင်း တွေကို ယူဆောင်လာပေးမယ့် အဆောင်လေးပါတဲ့နော်။

Khin

Zawgyi

ရာသီခြင္တစ္ခုစီအတြက္ ေဆာင္ထားသင့္တဲ့ ကံေကာင္းေစမယ့္ အေဆာင္ေလးေတြ

လူေတာ္ေတာ္မ်ားမ်ားက ကိုယ့္အတြက္ ကံေကာင္းေစတဲ့ အေဆာင္ေလးေတြ ေဆာင္ထားရတာကို ႀကိဳက္တတ္ၾကပါတယ္။

ဟိုးေရွးအရင္က လူႀကီးေတြကေန ဆင္းသက္လာခဲ့တဲ့ ဒီအေလ့အထေလးဟာ ဒီကေန႔ထိတိုင္ေအာင္ ယုံယုံၾကည္ၾကည္နဲ႔ လိုက္နာေနၾကဆဲပါေနာ္။

ဒီေတာ့ ရာသီခြင္တစ္ခုစီအတြက္ ကံေကာင္းေစၿပီး ေဆာင္ထားသင့္တဲ့ ရာသီခြင္အလိုက္ ပစၥည္းေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

Aries (March 20 – April 20)

Aries ရာသီခြင္ေတြ ဆုံးျဖတ္ႏိုင္စြမ္း ျမင့္မားမႈနဲ႔ စြမ္းအင္ေတြကို ပိုင္ဆိုင္ထားၾကၿပီး သူတို႔ဟာ ဘာမဆိုလုပ္ေဆာင္ႏိုင္စြမ္း ရွိတဲ့သူေတြျဖစ္လို႔ သူတို႔နဲ႔တူညီတဲ့ ေသာ့ဟာ သူတို႔အတြက္ ကံေကာင္းေစတဲ့ အေဆာင္ပဲ ျဖစ္ပါတယ္။

ဒီရာသီခြင္ေတြဟာ ေသာ့ေလးတစ္ေခ်ာင္း ေဆာင္ထားျခင္းက ဘယ္လိုတံခါးေပါက္မဆို ဖြင့္ႏိုင္ၿပီး ကံေကာင္းျခင္းအခြင့္အလမ္းေတြ ဝင္ေရာက္လာမယ့္ဆိုတဲ့ အဓိပၸါယ္သက္ေရာက္ေစပါတယ္။

Taurus (April 21 – May 20)

Taurus ေတြအတြက္ ကံေကာင္းျခင္းအေဆာင္ေလးက နံပါတ္ခုႏွစ္ဆိုတဲ့ ဂဏန္းေလးပဲ ျဖစ္ပါတယ္။ ႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာ lucky number လို႔သတ္မွတ္ခံထားရတဲ့

lucky 7 ဂဏန္းဟာ သက္တံ့ေရာင္ကို ကိုယ္စားျပဳၿပီး ကံေကာင္းျခင္းေတြေရာက္လာမယ္ဆိုတဲ့ အဓိပၸါယ္ပဲ ျဖစ္ပါတယ္ေနာ္။

Gemini (May 21 – June 20)

Gemini ေတြဟာ အရမ္းကို လူမႈဆက္ဆံေရးေကာင္းမြန္တဲ့ သူေတြျဖစ္ၿပီး လူအမ်ားၾကားမွာ ထင္ေပၚတတ္တဲ့ သူေတြျဖစ္လို႔ သူတို႔အတြက္ ကံေကာင္းျခင္းအေဆာင္က အန္စာတုံးေလးပဲ ျဖစ္ပါတယ္။

အန္စာတုံးေလးေတြကို ေဆာင္ထားျခင္းက အၿမဲတမ္း ထင္ေပၚေက်ာ္ေဇာျခင္းေတြကို ပိုင္ဆိုင္ႏိုင္တယ္လို႔ ဆိုထားပါတယ္။

Cancer (June 21 – July 21)

Cancer ရာသီခြင္ေတြရဲ႕ ကံေကာင္းျခင္းအေဆာင္ေလးက ပိုးေတာင္မာေကာင္ပုံစံေလးကို ေဆာင္ထားသင့္တာပဲ ျဖစ္ပါတယ္။

ေႏြးေထြးၾကင္နာတတ္ၿပီး ခ်စ္ခင္တတ္တဲ့ ဒီရာသီခြင္ေလးေတြအတြက္ ဒီအေကာင္ေလးက ကံေကာင္းျခင္းေတြကို ယူေဆာင္လာေပးမွာ ျဖစ္ပါတယ္ေနာ္။

Leo (July 22 – August 22)

Leo ေတြဟာ ဆြဲေဆာင္မႈျမင့္မားၿပီး အနည္းငယ္ရွက္တတ္သလို ေတာက္ပတဲ့အသြင္ရွိတဲ့ သူေတြျဖစ္လို႔ သူတို႔ရဲ႕ ကံေကာင္းျခင္းအေဆာင္ေလးကလည္း ေက်ာက္စိမ္းတုံးေလးပဲ ျဖစ္ပါတယ္။

ဒါက သူတို႔ကို ပိုေတာက္ပၿပီး ကံေကာင္ျခင္းေတြကို ေဆာင္ၾကည္းေပးမွာ ျဖစ္ပါတယ္ေနာ္။

Virgo (August 23 – September 22)

Virgo ေတြက အရမ္းကို ထက္ျမက္ၿပီး အံ့ၾသေလာက္တဲ့ အစြမ္းေတြ ပိုင္ဆိုင္ထားၾကတာေၾကာင့္ လူေတြရဲ႕ မနာလိုျခင္းကို အၿမဲခံရတဲ့ သူေတြျဖစ္ပါတယ္။

ဒါေၾကာင့္ သူတို႔ေဆာင္ထားသင့္တဲ့ အရာေလးက evil eye လို႔ေခၚတဲ့ အျပာေရာင္မ်က္လုံးပုံ ပစၥည္းေလးပဲ ျဖစ္ပါတယ္။

ဒါက သူတို႔ကို လူေတြရဲ႕ မနာလိုတိုက္ခိုက္ျခင္းက ကာကြယ္ေပးၿပီး ကံေကာင္းျခင္းေတြ ေရာက္ရွိလာမွာပဲ ျဖစ္ပါတယ္။

Libra (September 23 – October 22)

Libra ေတြအတြက္ ကံေကာင္းျခင္းအေဆာင္ကေတာ့ ႀတိဂံပုံ ပစၥည္းေလးပဲ ျဖစ္ပါတယ္။

ဟိုးအရင္က ႀတိဂံပုံ႐ုပ္ထုဆိုတာ ေမြးဖြားျခင္းနဲ႔ ေသဆုံးျခင္း စက္ဝိုင္းကို ကိုယ္စားျပဳၿပီး စၾကာဝဠာနဲ႔ ဆက္သြယ္ေပးတဲ့ အရာလို႔ ဆိုစမွတ္ျပဳခဲ့ၾကပါတယ္။

ဒီအေဆာင္ေလးက Libra ေတြရဲ႕ဘဝကို မွ်တမႈနဲ႔ ဘယ္လိုအေျခအေနမ်ိဳးမွာမဆို အကူအညီရရွိေစၿပီး ကံေကာင္းျခင္းျဖစ္ေစတဲ့ အေဆာင္ေလးပဲ ျဖစ္ပါတယ္ေနာ္။

Scorpio (October 23 – November 21)

Scorpio ရာသီခြင္ေတြ ေဆာင္ထားသင့္တဲ့ အေဆာင္ေလးကေတာ့ ျမင္သံခြါေလးပဲ ျဖစ္ပါတယ္။

ျမင္းသံခြင္က သံနဲ႔ျပဳုလုပ္ထားတာ ျဖစ္တဲ့အတြက္ မေကာင္းတဲ့သူေတြ၊ မေကာင္းတဲ့ ေဘးဥပါဒ္ေတြ မလာေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။

ေနာက္ၿပီး ဒါဟာ သူတို႔အတြက္ ကံေကာင္းျခင္းနဲ႔ ခ်စ္ျခင္းေတြ ယူေဆာင္လာေပးမယ့္ ပစၥည္းေလးပဲ ျဖစ္ပါတယ္။

Sagittarius (November 22 – December 20)

Sagittarius ေတြကေတာ့ ယုန္ေမႊး သို႔ ယုန္ေမႊးနဲ႔လုပ္ထားတဲ့ ပစၥည္းတစ္ခုခုကို ေဆာင္ထားသင့္ပါတယ္ေနာ္။

ဒဏၭာရီပုံျပင္ေတြအရ ယုန္ေတြဟာ သန္မာၿပီး မေကာင္းဆိုးဝါးေတြကို ႏိုင္ႏိုင္တဲ့ အစြမ္းရွိသလို အႏၲရာယ္ရွိၿပီး ခက္ခဲတဲ့ေနရာေတြကေတာင္ လြတ္ေျမာက္ႏိုင္တဲ့ အစြမ္းရွိတယ္လို႔ ဆိုထားၾကပါတယ္။

ဒါေၾကာင့္ ယုန္ေမႊးေလးေတြကို ေဆာင္ထားျခင္းက အခက္အခဲအတားဆီးေတြကို ေက်ာ္ျဖတ္ၿပီး ကံေကာင္းမႈေတြ ေရာက္လာမွာ ျဖစ္ပါတယ္။

Capricorn (December 21 – January 19)

Capricorn ေတြကေတာ့ အ႐ြက္ေလး႐ြက္ပါတဲ့ clover leaf ‌ေလးကိုေဆာင္ထားသင့္ၿပီး ေမွ်ာ္လင့္ခ်က္နဲ႔ ႀကီးပြါးခ်မ္းသာျခင္းေတြကို ယူေဆာင္လာေပးမယ့္ အရာပဲ ျဖစ္ပါတယ္။

Aquarius (January 20 – February 18)

Aquarius ရာသီခြင္ေတြကေတာ့ ထူးထူးဆန္းဆန္းပဲ ပုရစ္ေကာင္ေလးေတြက သူတို႔အတြက္ ကံေကာင္းျခင္းအေဆာင္ ပါတဲ့ေနာ္။

ရာစုႏွစ္မ်ားစြာက ပုရစ္ေလးေတြကို ညီၫြတ္ျခင္း၊ စည္းလုံးျခင္း၊ အထီးက်န္ျခင္းမရွိျခင္း စသျဖင့္ သတ္မွတ္ခဲ့ၾကပါတယ္။

ဒါက ဒီရာသီခြင္ေတြအတြက္ ကံေကာင္းျခင္းေတြ ျဖစ္ေစတဲ့ အေဆာင္ေလးပဲ ျဖစ္ပါတယ္။

Pisces (February 19 – March 19)

Pisces ေတြအတြက္ေတာ့ dreamcatcher ေလးက ကံေကာင္းျခင္းနဲ႔ ေပ်ာ္႐ႊင္ျခင္းေတြကို ယူေဆာင္လာေပးမွာ ျဖစ္ပါတယ္။

အိပ္ရာနားမွာထားအိပ္ျခင္းက မေကာင္းတဲ့ အိပ္မက္ဆိုးေတြကို တားဆီးေပးႏိုင္သလို ၿငိမ္းခ်မ္းျခင္း ေတြကို ယူေဆာင္လာေပးမယ့္ အေဆာင္ေလးပါတဲ့ေနာ္။

Khin