ဂေါ်ဖီထုပ်သေးသေးလေးတွေ စိုက်ပျိုးနည်း

ဂေါ်ဖီ ထုပ်အသေး စနစ်တကျ စိုက်ပျိုးနည်း

မုန်လာအုပ်စုတွင် ပါဝင်သောအပင်ဟူသမျှတို့သည် မြေကောင်းကိုကြိုက်ကြသည်။ ၎င်းအတွင်းအကောင်းဆုံးမြေကား သဲဆန်သောနုန်းမြေဖြစ်ပါသည်။

မြေအချဉ် အငံဓာတ် (၆ – ၆.၆)မြေမျိုးကို ကြိုက်နှစ်သက်သည်။

ရာသီဥတု

ဂေါ်ဖီထုပ်အသေးသည် အေးပြီးအစိုဓာတ်အမြဲရလျှင် စိုက်နိုင်သည်။ သို့သော် ။ တစ်လတွင် ပျမ်းမျှအပူချိန် (၆၀-၇၀) ဒီဂရီဖာရင်ဟိုက်ရှိရမည်။

ဂေါ်ဖီထုပ်အသေးသည် ခြောက်သွေ့မှုဒဏ်ခံနိုင်ပေသည်။

စိုက်ပျိုးချိန်

မြေပြန့်ဒေသ – စက်တင်ဘာ၊ အောက်တိုဘာ ၊တောင်ပေါ်ဒေသ – ဧပြီ၊ မေ၊ စက်တင်ဘာ၊ အောက်တိုဘာ

ပျိုးထောင်ခြင်း

(၁၀ x ၂.၅)ပေ၊ ဘောင်ကို ပေါက်ပြားဖြင့် မြေစိုင်ခဲကလေးများရစေရန် ပြုပြင်ပေးရပေ၏။

မြေများစွာ ညက်လျှင် ရေလောင်းသောအခါကြပ်သိပ်သွားနိုင်သောကြောင့် လေဝင်လေထွက်မကောင်းပဲ အညှောင့်ပေါက်မှု ညံ့လာ၏။

ပျိုးတစ်ဘောင်လျှင် မျိုးစေ့အောင်စဝက်ခန့်လိုပါသည်။ ပျိုးဘောင်ပေါ်တွင် မျိုးစေ့ကြဲရန် (၂)လက်မခြားမြောင်းများဆွဲပြီး မျိုးစေ့ကိုညီညာစွာချ၍ အပေါ်မှနွားချေးဆွေးမှုန့် ပါးပါးဖုံးအုပ်ပြီး ၎င်းပေါ်၌ စင်းပြီးကောက်ရိုးခြောက်များ ပါးလွှာစွာဖုံးအုပ်ပေးကာ ရေရွှဲရွှဲလောင်းပေးရမည်။

ဘောင်ပေါ်တွင် တစ်တောင်အမြင့်မှ သက်ကယ်ကောက်ရိုးမိုးပေးရသည်။ (၃-၄)ရက်ကြာလျှင် အညှောင့်ပေါက်လာသည်။ (၁၂)ရက်ကြာလျှင် တန်းကြားကို မြေဆွပေါင်းရှင်းခြင်း ပြုလုပ်ပေးရသည်။

ပျိုးသက်(၂၀)ရက်ရလျှင် ယူရီးယားမြေသြဇာကို တစ်ဘောင်လျှင်(၅)အောင်စနှုန်းဖြင့် ရေဖျော်ဖျန်းပေးပြီး ရေဝသည့်တိုင်လောင်းပေးရသည်။

စိုက်ခင်းသို့ပြောင်းရွှေ့စိုက်ပါက ညနေ(၃)နာရီခန့်တွင် အမြစ်မနာအောင်နုတ်ပြီး ပြောင်းရွှေ့စိုက်သင့်သည်။ တစ်ဧကလျှင် မျိုးစေ့ (၁၀၀-၁၅၀) ဂရမ်လိုအပ်ပါသည်။

စိုက်ခင်းပျိုးခြင်း

ပျိုးဘောင်ပြုလုပ်ချိန်ကတည်းက စိုက်ခင်းကို ထယ်(၂)စပ်၊ ထွန်(၃)စပ်ဝင်၍မြေပြုပြင်ထားရမည်။ ပေါင်းမြက်များပြောင်သည့်တိုင် ကောက်ယူပြီး ကြမ်းတုံးရိုက်ထားရမည်။

ထို့နောက် မိမိအလိုရှိသော အကွာအဝေးအတိုင်းကြောင်းဆွဲခြင်း၊ ပေါက်ပြားဖြင့် မြေပြန်ဆွခြင်းတို့ကို ပြုလုပ်ပေးရမည်။

ပျိုးသက် (၃၅-၄၀)ရက်ရလျှင်၊(သို့) အရွက် (၄-၅)ရွက်ထွက်လာလျှင် ပြောင်းရွှေ့ စိုက်ပျိုးနိုင်သည်။တူးရွင်းဖြင့်ကျင်းတူးပြီး ကျင်းထဲရေလောင်းရပါမည်။ ၎င်းကိုရေခံသည်ဟုခေါ်သည်။ ပျိုးပင်ကိုနုတ်ပြီး ၎င်းကျင်းထဲသို့တည့်မတ်စွာချ၍ အမြစ်ကိုမြေတွင်ဖိကပ်ပြီး အပေါ်မှမြေဖုံးပေးရမည်။ သေသောအပင်များကို(၄-၅)ရက်အတွင်းပြန်ဖြည့်ပေးရမည်။

ထိုထက်နောက်ကျလျှင်မူလအပင်ကိုမမှီတော့ပေ။ရွေ့စိုက်ပြီးတစ်လသားအထိ ပုရစ်ဖျက်ဆီးမှုကို ဂရုစိုက်ရသည်။

တစ်ပင်နှင့်တစ်ပင် (၁.၅ – ၂)ပေခြား၊ တစ်တန်းနှင့်တစ်တန်း (၂ – ၂.၅)ပေခြားထားပြီး စိုက်ပျိုးနိုင်ပါသည်။ ရွှေ့စိုက်ပြီး (၁၀-၁၅) ရက်ရလျှင် ခါးဆွခြင်းကို ပြုလုပ် ပေးရပါသည်။

မျိုးစေ့ခံမည်ဆိုပါက မြေပြန့်ပြည်မတွင် အနည်းအကျဉ်းစမ်းသပ်ပျိုးခံလျှင် ရရှိပါသည်။ သီတင်းကျွတ်လလောက်တွင် ပျိုးထောင်စိုက်ပျိုးထားပါ။ ဦးစွာပေါက်၍ သန်စွမ်းသော အပင်များကို ပြုစုပါ။ အလယ်မှ ဖူးတံထွက်၍ အသီးကလေးများသီးပြီး မျိုးစေ့ရလာပါမည်။

ဂေါ်ဖီအသေး စိုက်ခင်းတွင် တိုက်ရိုက် စိုက်ပျိုးလေ့မရှိကြပါ။ ပျိုးခင်းတွင် ဦးစွာ ပျိုးထောင်ပြီးမှသာလျှင် ရွှေ့ပြောင်းစိုက်ပျိုးလေ့ရှိကြပါသည်။

မျိုးစေ့ ပျိုးရန်အတွက် မြေဆွေး အသင့်အတင့် ပါ၀င်ပြီး မြေညက်တွင် အလျားပေ ၂၀၊ အနံ ၃ပေရှိ ပျိုးဘောင်နှစ်ဘောင် ပြုလုပ်ပြီး ပျိုးဘောင်ပေါ်တွင် လက်မအနက်ရှိသော စိုက်ကြောင်း တိမ်ကလေးများဆွဲကာ အတန်းလိုက် မျိုးစေ့ ၄အောင်စမှ ၆အောင်စမျှကို နှစ်ဘောင်ခွဲ၍ ပျိုးထောင်ရသည်။

ပျိုးဘောင်ပေါ်တွင် စိုက်ကြောင်း တိမ်ကလေးများကို တစ်တန်းနှင့်တစ်တန်း ၃လက်မ၊ ၄လက်မခန့်ခြား၍ ဖော်ရန် လိုပါသည်။ ပျိုးခင်းတွင် မြေအစိုဓာတ်ရှိရုံ အပေါက်သေးသော ရေပန်းကရားဖြင့် ရေမှန်မှန်လောင်းပေးရပါသည်။

ပျိုးပင်ငယ်များ အရွက်လေးရွက်မှ ခြောက်ရွက်အထိ ထွက်လာသောအခါ စိုက်ဘောင် စိုက်ကွက်များသို့ ပြောင်းရွှေ့စိုက်ပျိုးနိုင်ပြီဖြစ်သည်။ ပြောင်းရွှေ့စိုက်ပျိုးရာ၌ နံနက်ပိုင်းထက် ညနေပိုင်းကိုသာ ရွေးချယ်သင့်ပါသည်။

ဂေါ်ဖီထုပ်အသေးကို စိုက်ပျိုးရာတွင် ကျရောက်ဖျက်ဆီးတတ်သော ပိုးမွှားများလည်း ရှိပေသည်။ ထိုပိုးမွှားများမှာ မုန်ညင်းပင်၊ မုန်လာပင်တို့တွင်လည်း ကျရောက်ဖျက်ဆီးတတ်သည်။ ပုရွက်ဆိတ်၊ ပုရွက်ဆိတ်နီ၊ ခြ၊ နွားချေးပိုး၊ ပိုးတီကောင်၊ ပုရစ်၊ မုန်ညင်းလိပ်ပြာ စသော သတ္တဝါတို့သည်ဂေါ်ဖီထုပ်အသေးအား ကြီးထွားဖွံ့ဖြိုးရေးအတွက် အနှောင့်အယှက်ပေးတတ်သည်။

ထိုသို့ ပိုးမွှားများ ကျရောက်ပါက ခေတ်မီနည်းစနစ်များဖြင့် ထုတ်လုပ်ထားသော ပိုးသတ်ဆေးဝါးများဖြင့် နှိမ်နင်းပေးရမည်။

ဂေါ်ဖီထုပ်အသေးသည် မျိုးရိုးဗီဇ အနေအထားကိုလိုက်၍ ရက်ပေါင်း ၉၀မှ ရက်ပေါင်း ၁၃၀ အတွင်း ခူးဆွတ်နိုင်သည်။

ဂေါ်ဖီထုပ်အသေးအား မိမိတို့အိမ် ခြံမြေလွတ်များရှိပါက မြေဆီသြဇာကောင်းကောင်းတို့နှင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးနိုင်သကဲ့သို့ လယ်မြေယာမြေများတွင်လည်း စီးပွားဖြစ် စိုက်ပျိုးနိုင်ပါသည်။

မိမိတို့ခြံဝန်းထဲမှာဘဲဖြစ်ဖြစ် မြေကွက်များမှာဘဲဖြစ်ဖြစ်စိုက်ပျိုးမယ်စိတ်ကူးထားတဲ့သူငယ်ချင်းတို့ရေ…

Green Nature

Zawgyi

ေဂၚဖီ ထုပ္အေသး စနစ္တက် စိုက္ပ်ိဳးနည္း

မုန္လာအုပ္စုတြင္ ပါဝင္ေသာအပင္ဟူသမၽွတို့သည္ ေျမေကာင္းကိုႀကိဳက္ၾကသည္။ ၎အတြင္းအေကာင္းဆုံးေျမကား သဲဆန္ေသာႏုန္းေျမျဖစ္ပါသည္။

ေျမအခ်ဥ္ အငံဓာတ္ (၆ – ၆.၆)ေျမမ်ိဳးကို ႀကိဳက္ႏွစ္သက္သည္။

ရာသီဥတု

ေဂၚဖီထုပ္အေသးသည္ ေအးၿပီးအစိုဓာတ္အျမဲရလၽွင္ စိုက္နိုင္သည္။ သို့ေသာ္ ။ တစ္လတြင္ ပ်မ္းမၽွအပူခ်ိန္ (၆၀-၇၀) ဒီဂရီဖာရင္ဟိုက္ရွိရမည္။

ေဂၚဖီထုပ္အေသးသည္ ေျခာက္ေသြ႕မွုဒဏ္ခံနိုင္ေပသည္။

စိုက္ပ်ိဳးခ်ိန္

ေျမျပန္႔ေဒသ – စက္တင္ဘာ၊ ေအာက္တိုဘာ ၊ေတာင္ေပၚေဒသ – ဧၿပီ၊ ေမ၊ စက္တင္ဘာ၊ ေအာက္တိုဘာ

ပ်ိဳးေထာင္ျခင္း

(၁၀ x ၂.၅)ေပ၊ ေဘာင္ကို ေပါက္ျပားျဖင့္ ေျမစိုင္ခဲကေလးမ်ားရေစရန္ ျပဳျပင္ေပးရေပ၏။

ေျမမ်ားစြာ ညက္လၽွင္ ေရေလာင္းေသာအခါၾကပ္သိပ္သြားနိုင္ေသာေၾကာင့္ ေလဝင္ေလထြက္မေကာင္းပဲ အေညႇာင့္ေပါက္မွု ညံ့လာ၏။

ပ်ိဳးတစ္ေဘာင္လၽွင္ မ်ိဳးေစ့ေအာင္စဝက္ခန္႔လိုပါသည္။ ပ်ိဳးေဘာင္ေပၚတြင္ မ်ိဳးေစ့ၾကဲရန္ (၂)လက္မျခားေျမာင္းမ်ားဆြဲၿပီး မ်ိဳးေစ့ကိုညီညာစြာခ်၍ အေပၚမွႏြားေခ်းေဆြးမွုန္႔ ပါးပါးဖုံးအုပ္ၿပီး ၎ေပၚ၌ စင္းၿပီးေကာက္ရိုးေျခာက္မ်ား ပါးလႊာစြာဖုံးအုပ္ေပးကာ ေရရႊဲရႊဲေလာင္းေပးရမည္။

ေဘာင္ေပၚတြင္ တစ္ေတာင္အျမင့္မွ သက္ကယ္ေကာက္ရိုးမိုးေပးရသည္။ (၃-၄)ရက္ၾကာလၽွင္ အေညႇာင့္ေပါက္လာသည္။ (၁၂)ရက္ၾကာလၽွင္ တန္းၾကားကို ေျမဆြေပါင္းရွင္းျခင္း ျပဳလုပ္ေပးရသည္။

ပ်ိဳးသက္(၂၀)ရက္ရလၽွင္ ယူရီးယားေျမၾသဇာကို တစ္ေဘာင္လၽွင္(၅)ေအာင္စႏွုန္းျဖင့္ ေရေဖ်ာ္ဖ်န္းေပးၿပီး ေရဝသည့္တိုင္ေလာင္းေပးရသည္။

စိုက္ခင္းသို့ေျပာင္းေရႊ႕စိုက္ပါက ညေန(၃)နာရီခန္႔တြင္ အျမစ္မနာေအာင္ႏုတ္ၿပီး ေျပာင္းေရႊ႕စိုက္သင့္သည္။ တစ္ဧကလၽွင္ မ်ိဳးေစ့ (၁၀၀-၁၅၀) ဂရမ္လိုအပ္ပါသည္။

စိုက္ခင္းပ်ိဳးျခင္း

ပ်ိဳးေဘာင္ျပဳလုပ္ခ်ိန္ကတည္းက စိုက္ခင္းကို ထယ္(၂)စပ္၊ ထြန္(၃)စပ္ဝင္၍ေျမျပဳျပင္ထားရမည္။ ေပါင္းျမက္မ်ားေျပာင္သည့္တိုင္ ေကာက္ယူၿပီး ၾကမ္းတုံးရိုက္ထားရမည္။

ထို့ေနာက္ မိမိအလိုရွိေသာ အကြာအေဝးအတိုင္းေၾကာင္းဆြဲျခင္း၊ ေပါက္ျပားျဖင့္ ေျမျပန္ဆြျခင္းတို့ကို ျပဳလုပ္ေပးရမည္။

ပ်ိဳးသက္ (၃၅-၄၀)ရက္ရလၽွင္၊(သို့) အရြက္ (၄-၅)ရြက္ထြက္လာလၽွင္ ေျပာင္းေရႊ႕ စိုက္ပ်ိဳးနိုင္သည္။တူးရြင္းျဖင့္က်င္းတူးၿပီး က်င္းထဲေရေလာင္းရပါမည္။ ၎ကိုေရခံသည္ဟုေခၚသည္။ ပ်ိဳးပင္ကိုႏုတ္ၿပီး ၎က်င္းထဲသို့တည့္မတ္စြာခ်၍ အျမစ္ကိုေျမတြင္ဖိကပ္ၿပီး အေပၚမွေျမဖုံးေပးရမည္။ ေသေသာအပင္မ်ားကို(၄-၅)ရက္အတြင္းျပန္ျဖည့္ေပးရမည္။

ထိုထက္ေနာက္က်လၽွင္မူလအပင္ကိုမမွီေတာ့ေပ။ေရြ႕စိုက္ၿပီးတစ္လသားအထိ ပုရစ္ဖ်က္ဆီးမွုကို ဂ႐ုစိုက္ရသည္။

တစ္ပင္ႏွင့္တစ္ပင္ (၁.၅ – ၂)ေပျခား၊ တစ္တန္းႏွင့္တစ္တန္း (၂ – ၂.၅)ေပျခားထားၿပီး စိုက္ပ်ိဳးနိုင္ပါသည္။ ေရႊ႕စိုက္ၿပီး (၁၀-၁၅) ရက္ရလၽွင္ ခါးဆြျခင္းကို ျပဳလုပ္ ေပးရပါသည္။

မ်ိဳးေစ့ခံမည္ဆိုပါက ေျမျပန္႔ျပည္မတြင္ အနည္းအက်ဥ္းစမ္းသပ္ပ်ိဳးခံလၽွင္ ရရွိပါသည္။ သီတင္းကၽြတ္လေလာက္တြင္ ပ်ိဳးေထာင္စိုက္ပ်ိဳးထားပါ။ ဦးစြာေပါက္၍ သန္စြမ္းေသာ အပင္မ်ားကို ျပဳစုပါ။ အလယ္မွ ဖူးတံထြက္၍ အသီးကေလးမ်ားသီးၿပီး မ်ိဳးေစ့ရလာပါမည္။

ေဂၚဖီအေသး စိုက္ခင္းတြင္ တိုက္ရိုက္ စိုက္ပ်ိဳးေလ့မရွိၾကပါ။ ပ်ိဳးခင္းတြင္ ဦးစြာ ပ်ိဳးေထာင္ၿပီးမွသာလၽွင္ ေရႊ႕ေျပာင္းစိုက္ပ်ိဳးေလ့ရွိၾကပါသည္။

မ်ိဳးေစ့ ပ်ိဳးရန္အတြက္ ေျမေဆြး အသင့္အတင့္ ပါ၀င္ၿပီး ေျမညက္တြင္ အလ်ားေပ ၂၀၊ အနံ ၃ေပရွိ ပ်ိဳးေဘာင္ႏွစ္ေဘာင္ ျပဳလုပ္ၿပီး ပ်ိဳးေဘာင္ေပၚတြင္ လက္မအနက္ရွိေသာ စိုက္ေၾကာင္း တိမ္ကေလးမ်ားဆြဲကာ အတန္းလိုက္ မ်ိဳးေစ့ ၄ေအာင္စမွ ၆ေအာင္စမၽွကို ႏွစ္ေဘာင္ခြဲ၍ ပ်ိဳးေထာင္ရသည္။

ပ်ိဳးေဘာင္ေပၚတြင္ စိုက္ေၾကာင္း တိမ္ကေလးမ်ားကို တစ္တန္းႏွင့္တစ္တန္း ၃လက္မ၊ ၄လက္မခန္႔ျခား၍ ေဖာ္ရန္ လိုပါသည္။ ပ်ိဳးခင္းတြင္ ေျမအစိုဓာတ္ရွိ႐ုံ အေပါက္ေသးေသာ ေရပန္းကရားျဖင့္ ေရမွန္မွန္ေလာင္းေပးရပါသည္။

ပ်ိဳးပင္ငယ္မ်ား အရြက္ေလးရြက္မွ ေျခာက္ရြက္အထိ ထြက္လာေသာအခါ စိုက္ေဘာင္ စိုက္ကြက္မ်ားသို့ ေျပာင္းေရႊ႕စိုက္ပ်ိဳးနိုင္ၿပီျဖစ္သည္။ ေျပာင္းေရႊ႕စိုက္ပ်ိဳးရာ၌ နံနက္ပိုင္းထက္ ညေနပိုင္းကိုသာ ေရြးခ်ယ္သင့္ပါသည္။

ေဂၚဖီထုပ္အေသးကို စိုက္ပ်ိဳးရာတြင္ က်ေရာက္ဖ်က္ဆီးတတ္ေသာ ပိုးမႊားမ်ားလည္း ရွိေပသည္။ ထိုပိုးမႊားမ်ားမွာ မုန္ညင္းပင္၊ မုန္လာပင္တို့တြင္လည္း က်ေရာက္ဖ်က္ဆီးတတ္သည္။ ပုရြက္ဆိတ္၊ ပုရြက္ဆိတ္နီ၊ ျခ၊ ႏြားေခ်းပိုး၊ ပိုးတီေကာင္၊ ပုရစ္၊ မုန္ညင္းလိပ္ျပာ စေသာ သတၱဝါတို့သည္ေဂၚဖီထုပ္အေသးအား ႀကီးထြားဖြံ့ၿဖိဳးေရးအတြက္ အေႏွာင့္အယွက္ေပးတတ္သည္။

ထိုသို့ ပိုးမႊားမ်ား က်ေရာက္ပါက ေခတ္မီနည္းစနစ္မ်ားျဖင့္ ထုတ္လုပ္ထားေသာ ပိုးသတ္ေဆးဝါးမ်ားျဖင့္ ႏွိမ္နင္းေပးရမည္။

ေဂၚဖီထုပ္အေသးသည္ မ်ိဳးရိုးဗီဇ အေနအထားကိုလိုက္၍ ရက္ေပါင္း ၉၀မွ ရက္ေပါင္း ၁၃၀ အတြင္း ခူးဆြတ္နိုင္သည္။

ေဂၚဖီထုပ္အေသးအား မိမိတို့အိမ္ ၿခံေျမလြတ္မ်ားရွိပါက ေျမဆီၾသဇာေကာင္းေကာင္းတို့ႏွင့္ တစ္နိုင္တစ္ပိုင္ စိုက္ပ်ိဳးနိုင္သကဲ့သို့ လယ္ေျမယာေျမမ်ားတြင္လည္း စီးပြားျဖစ္ စိုက္ပ်ိဳးနိုင္ပါသည္။

မိမိတို့ၿခံဝန္းထဲမွာဘဲျဖစ္ျဖစ္ ေျမကြက္မ်ားမွာဘဲျဖစ္ျဖစ္စိုက္ပ်ိဳးမယ္စိတ္ကူးထားတဲ့သူငယ္ခ်င္းတို႔ေရ…

Green Nature