နံ့သာဖြူစိုက်ပျိုးနည်း
နံသာဖြူ စိုက်ပျိုးရေး နည်းလမ်း
ဒီအပင်က သစ်တောပင် ဖြစ်တဲ့အတွက် မြေသိပ်မရွေးဘူး။ မြေညံ့တဲ့ နေရာဆို အနှစ်ပို ကျစ်လစ်ပါတယ်။ မြေကောင်းတဲ့ နေရာဆို ဖြစ်ထွန်းတာ မြန်တယ်၊ နည်းနည်းပွတယ်။
အဓိက ကေတာ့ စိမ့်မြေ နေရာမျိုး၊ ဆပ်ပြာပေါက်တဲ့ နေရာမျိုး ကလွဲရင် ဖြစ်ထွန်းပါတယ်။ ကျောက်တောင် ကျောက်ကြားတွေ၊ တောင်ကုန်းတွေ ၊ ကျောက်စရစ်မြေ တွေမှာလည်း ဖြစ်တယ်။
အဖြစ်နှေးတဲ့ အတွက် စိတ်ရှည်အောင် စောင့်ရပေမယ့် ရှစ်နှစ် နောက်ပိုင်းဆို ထွက်မှာ သေချာတယ်။ ရှစ်နှစ်လောက် ကတည်းက တစ်ပင်ကို သုံးသိန်းလောက် တွက်လို့ရ တဲ့အတွက် ထီထိုးတာထက် သေချာတယ်။ ၁၀ နှစ်၊ ၁၂ နှစ် သားဆို သုံးပိဿာ၊ သုံးပိဿာခွဲ လောက်ကနေ လေးပိဿာ၊ ငါးပိဿာ လောက် ထွက်နိုင်တယ်။
စိုက်ဖို့က ကိုယ့်ခြံစည်းရိုး ပတ်လည်မှာ စိုက်လည်းရတယ်။ စီးပွားဖြစ် စိုက်လည်း ရတယ်။ ကိုယ့်သားသမီးကို အကောင်းဆုံး အမွေပေးချင်တယ်ဆိုရင် သူသုံးနှစ်သားလောက်ကတည်းက စိုက် ထားရင် ၁၀နှစ်၊ ၁၂ နှစ် ရွိတဲ့အခါ ကျရင် သူ့အတွက် စရိတ်မလို ဘူးပေါ့။ ခက်ခဲတာ တစ္ခုက အပင်က နုတဲ့အတွက် ပထမ တစ်နှစ်မှာ ဂရုစိုက်ပေး ဖို့လိုတယ်။
ဂရုစိုက်ရတယ် ဆိုတာက မှိုသတ်ဆေး၊ ပိုးသတ်ဆေး ဖျန်းတာတို့ ပေါင်းရှင်းတာ တို့ပေါ့။ တစ်ပေခွဲ၊ နှစ်ပေ မြင့်သွားပြီ ဆိုရင်တော့ ဂရုစိုက်စရာ မ လိုတော့ ဘူးပေါ့။ သာမန် ထိန်းသိမ်းရုံနဲ့ ၀ငျငှရေတယျပေါ့။
တစ်နှစ်လောက် ပြုစုရတယ် ဆိုတာက အပင်ကငယ်တော့ အရွက် ကနုတယ်။ မှိုရောဂါ ကျတတ်တယ်။ မှိုဆေးကို တစ္လ တစ်ကြိမ် ဖျန်းပေး ရပါတယ်။
ပေါင်းမြက်ရှင်း ပေးရတယ်။ အဓိက က တော့ ဒီအပင်ကို သတ်မယ့် နွယ်ပင်ကြီးတွေ မရှိဖို့ လိုတယ်။ တစ်နှစ်ကြာပြီး တစ်ပေခွဲ၊ နှစ်ပေခွဲမြင့် လာတဲ့အခါ၊ အရွက်က ကြီးရင့် လာတဲ့အခါမွာ သူတို့ ခံနိုင်ရည် ရှိလာမယ်။
နောက်ပိုင်းကျရင် တစ်လတစ်ကြိမ် လောက်ပဲ ပုံမှန်ပေါင်းရှင်း တာလုပ်ပေးရင် ရတယ်။ မျိုးစေ့ကိုလည်း စိုက်လို့ရတယ်။ ပျိုးပင်ကိုလည်း စိုက်လို့ရတယ်။ နံ့သာဖြူစေ့က မာတော့ အေစ့ကို ရေနှစ်ရက်လောက် စိမ်ရတယ်။ စိမ်ပြီးတော့မှ ပျိုးဘူး ထဲမှာလည်း တိုက်ရိုက် စိုက်လို့ ရတယ်။
ပျိုးဘောင်ထဲမှာ ပျိုးပြီးမှ စိုက်လည်းရတယ်။ မျိုးစေ့ကနေ အပင်ပေါက်ဖို့က နှစ်လကနေ သုံးလထိ အောင် ကြာတတ်တယ်။ အဲဒီလို ကြာတတ် တဲ့အတွက် ပျိုးဘူးထဲ မှာကျတော့ အပင်ပေါက်ရ ခက်တယ်။ အဲဒီတော့ ပျိုးဘောင်မှာထောင်ပြီး အပင်ပေါက်တော့မှ ရွှေ့စိုက်ရတယ်။ နံ့သာဖြူက ကပ်ပါးပင်၊ အျခား အပင်ကို မှီခိုပြီးမှ စားသောက်လို့ရတဲ့ အပင်မျိုးပေါ့။
အခြားအပင်ရဲ့ အမြစ်ကိုမှီခိုပြီး စားသောက်တယ်။ သူနဲ့ယှဉ်တွဲပြီး အခြားအပင်ကို စိုက်ရတဲ့အခါကျတော့ နံ့သာဖြူ ပျိုးပင် ရှစ်လက်မလောက် ရွိတဲ့အခါက်မွ အျခား မယ်ဇလီတို့၊ဘောစကိုင်းတို့ ထည့်ပေးရတယ်။
ပျိုးပင်လေး ရှစ်လက်မလောက် ရွိမွ ထည့်ခိုင်းလဲ ဆိုတော့ သူ့ရဲ့ ကပ်ပါးပင်က သူ့ထက် ကြီးသွားလို့ မရဘူး။ ဒါကြောင့်မို့ နံ့သာဖြူပင်လေး ကြီးသွားမှ မယ်ဇလီစေ့ကို ထည့်လို့ရပါမယ်။
နံ့သာဖြူပင်ကို ဘယ်လိုကပ်ပါးပင် အမျိုးအစား တွေနဲ့တွဲပြီး စိုက်ပျိုးသင့် ပါသလဲ။
နံ့သာဖြူနဲ့ ယှဉ်တွဲပြီး စိုက်လို့ရတဲ့ ကပ်ပါးပင် အမျိုးပေါင်း ၃၀၀ ကျော်လောက်ရှိ ပါတယ်။ မယ္ဇလီ ပင်ကတော့ အသင့်တော်ဆုံးလို့ ပြောပါတယ်။
ရှားတို့၊ ထနောင်းတို့၊ ဘောစကိုင်းတို့လည်း တွဲစိုက်ကြ ပါတယ်။ အမျိုးပေါင်း ကေတာ့ တော်တော်များ ပါတယ်။
မြန်မာနိုင်ငံရဲ့ ပုပ်ပါးမှာ စိုက္တာ နှာရောင် နံ့သာဖြူ စန္ဒာကူးတော ဆိုပြီး စိုက္ထားတာ။ မင်းဘူး ဘက်မှာတော့ စီးပွားဖြစ် စိုက်ကြပါတယ်။
တစ်နှစ်လောက်ပဲ ပြုစုပြီး နောက်ပိုင်း ပစ်ထားလို့ ရလို့ စိုက်ဖို့ တိုက်တွန်းတာပါ။
နံ့သာဖြူမှာ အတု၊ အစစ်ရှိတယ်။ နံ့သာဖြူအဆီက တစ်ပေါင်ကို အကြမ်းဖျင်း စျေးဒေါ်လာ တစ်ထောင် ရှိတယ်။ နံ့သာဖြူရဲ့ အဆီနဲ့ မာလကာသားကို ပေါင်းလိုက်တယ်။အနံ့ကစွဲသွားတယ်။
ချက်ချင်းတော့ သူက နံ့သာဖြူ အနံ့ပဲ။ ခဏေန ကြည့်တဲ့အခါ ကျတော့ အနံ့ပြယ် သွားတယ်။ နံ့သာဖြူ အနှစ်က သေးပေမယ့် သိပ်သည်း ကျစ်လစ်တယ်။ လေးတယ်။
ရေထဲမှာ ပေါ်မနေဘဲ နစ်သွားတယ်။ အသားက အဝါရောင် သန်းတယ်။ သူက အရင်းက ပိုရင့်တယ်။ အဖျားပိုင်းက အနှစ်က လျော့သွား တာပေါ့။
အပင်က ၁၅ ပေ လောက်ရှိရင် အနှစ်က အခြေကနေ ငါးပေ လောက်အထိရှိတယ်။ နံ့သာဖြူ အစစ်က ဘယ်တော့မှ အနံ့မပြယ်ဘူး။
ကိုဝေယံဦး09768 441 221
ဝမ်းတွင်းမြို့
Zawgyi
ဝမ်းတွင်းမြို့