လည္ေခ်ာင္းနာ အာေခါင္၌္အဖုမ်ားေပါက္ပါက အုန္းျမစ္္

ေဆးဘက္အသုံးျပဳပုံမ်ား

၁။ အုန္းဆံႏုကို ထန္းလ်က္ႏွင့္စားပါက အပူက်ေစနိုင္ပါသည္။

၂။အုန္းသီးအစိမ္း၏ အဆံကိုတစ္ေန႔၂ႀကိမ္စားပါက ကိုယ္သားကိုယ္ေရပူေလာင္ျခင္းကိုသက္သာေစနိုင္ပါသည္။

၃။အသားေအး၍ေခၽြးေအး ထြက္သူမ်ား အုန္းထမင္းႏွင့္အမဲႏွပ္ကိုစားေပးနိုင္ပါသည။

၄။သည္းေျခေဒါသေဖာက္ျပန္၍ ေခ်ာင္းေခ်ာက္ဆိုးေသာအခါ အုန္းစိမ္းအသားဆံကိုဆားႏွင့္ဝါးစားပါကသက္သာေစနိုင္ပါသည္။

၅။ အုန္းစိိမ္းအသားဆံႏွင့္သပ်စ္သီးနက္ေရာ၍ စားပါကေခ်ာင္းဆိုး၍ေသြးစပါျခင္းကိုသက္သာေပ်ာက္ကင္းေစနိုင္ပါသည္။သၾကားႏွင့္ယိုထိုး၍လည္းစားနိုင္ပါသည္။

၆။ ဝမ္းသြားေသာအခါ ေအာ့အန္ျခင္း၊ေရဓါတ္ခန္းျခင္္း ျဖစ္လ်င္အုန္းစိမ္းရည္ကိုေသာက္ေပးနိုင္ပါသည္။ အုန္းစိမ္းရည္အခ်ိဳအရသာကိုသာေသာက္ရပါမည္။

၇။ အုန္းစိမ္းရည္တြင္ ယမ္းစိိမ္းအနည္းငယ္ ထည့္ေသာက္လၽွင္ ဆီးနည္း၊ဆီးပူ၊ဆီးေအာင့္ေရာဂါသက္သာေစပါသည္။

၈။ လည္ေခ်ာင္း၊အာေခါင္၌္အဖုမ်ားေပါက္ပါက အုန္းျမစ္ကိုေသြး၍ အတြင္းအျပင္ လိမ္းေပးပါက သက္သာေပ်ာက္ကင္းေစနိုင္ပါသည္။

၉။ အုန္းျမစ္ကိုျပာခ်၍ ပ်ားရည္ႏွင့္သင့္႐ုံစပ္ၿပီးလ်က္ေပးပါက အန္ျခင္း၊ႀကိဳ႕ထိုးျခင္းကိုသက္သာေစနိုင္ပါသည္။

၁၀။ အုန္းမွုတ္ခြံမ်ားကို ေသးငယ္ေသာအစိပ္မ်ားျပဳလုပ္၍ဆီထုတ္ပါ။ ၎အဆီကို ေပြးနာ မ်ားေပၚတြင္ လိမ္းေပးပါကသက္သာေစနိုင္ပါသည္။

မိိဘျပည္သူအမ်ား ေဆး႐ုံေဆးခန္းမ်ားႏွင့္ေဝးေသာအေျခအေနမ်ားတြင္ မိမိပတ္ဝန္းက်င္ရွိအပင္မ်ား၏ေဆးဖက္အသုံးကိုသိရွိထားၿပီး လိုအပ္လာလ်င္အသုံးခ်အက်ိဳးမ်ားေစရန္ရည္ရြယ္၍ေရသားမၽွေဝျခင္းျဖစ္ပါသည္။ လက္ေတြ႕အသုံးခ်ေဆးဖက္ဝင္အပင္မ်ားေပါင္းခ်ဳပ္စာအုပ္မွမွီျငမ္းေရးသားမၽွေဝျခင္းျဖစ္ပါသည္။

မိိဘျပည္သူအမ်ားစိတ္ခ်မ္းသာကိုယ္က်မ္းမာစြာျဖင့္ေရာဂါဘယေတြ ကင္းေဝးၾကပါေစရွင္။

ေရႊပ်ားအုံ

တိုင္းရင္းေဆးဝါးထုတ္လုပ္ေရး

Unicode

ဆေးဘက်အသုံးပြုပုံများ

၁။ အုန်းဆံနုကို ထန်းလျက်နှင့်စားပါက အပူကျစေနိုင်ပါသည်။

၂။အုန်းသီးအစိမ်း၏ အဆံကိုတစ်နေ့၂ကြိမ်စားပါက ကိုယ်သားကိုယ်ရေပူလောင်ခြင်းကိုသက်သာစေနိုင်ပါသည်။

၃။အသားအေး၍ချွေးအေး ထွက်သူများ အုန်းထမင်းနှင့်အမဲနှပ်ကိုစားပေးနိုင်ပါသည။

၄။သည်းခြေဒေါသဖောက်ပြန်၍ ချောင်းချောက်ဆိုးသောအခါ အုန်းစိမ်းအသားဆံကိုဆားနှင့်ဝါးစားပါကသက်သာစေနိုင်ပါသည်။

၅။ အုန်းစိိမ်းအသားဆံနှင့်သပျစ်သီးနက်ရော၍ စားပါကချောင်းဆိုး၍သွေးစပါခြင်းကိုသက်သာပျောက်ကင်းစေနိုင်ပါသည်။သကြားနှင့်ယိုထိုး၍လည်းစားနိုင်ပါသည်။

၆။ ဝမ်းသွားသောအခါ အော့အန်ခြင်း၊ရေဓါတ်ခန်းခြင််း ဖြစ်လျင်အုန်းစိမ်းရည်ကိုသောက်ပေးနိုင်ပါသည်။ အုန်းစိမ်းရည်အချိုအရသာကိုသာသောက်ရပါမည်။

၇။ အုန်းစိမ်းရည်တွင် ယမ်းစိိမ်းအနည်းငယ် ထည့်သောက်လျှင် ဆီးနည်း၊ဆီးပူ၊ဆီးအောင့်ရောဂါသက်သာစေပါသည်။

၈။ လည်ချောင်း၊အာခေါင်၌်အဖုများပေါက်ပါက အုန်းမြစ်ကိုသွေး၍ အတွင်းအပြင် လိမ်းပေးပါက သက်သာပျောက်ကင်းစေနိုင်ပါသည်။

၉။ အုန်းမြစ်ကိုပြာချ၍ ပျားရည်နှင့်သင့်ရုံစပ်ပြီးလျက်ပေးပါက အန်ခြင်း၊ကြို့ထိုးခြင်းကိုသက်သာစေနိုင်ပါသည်။

၁၀။ အုန်းမှုတ်ခွံများကို သေးငယ်သောအစိပ်များပြုလုပ်၍ဆီထုတ်ပါ။ ၎င်းအဆီကို ပွေးနာ များပေါ်တွင် လိမ်းပေးပါကသက်သာစေနိုင်ပါသည်။

မိိဘပြည်သူအများ ဆေးရုံဆေးခန်းများနှင့်ဝေးသောအခြေအနေများတွင် မိမိပတ်ဝန်းကျင်ရှိအပင်များ၏ဆေးဖက်အသုံးကိုသိရှိထားပြီး လိုအပ်လာလျင်အသုံးချအကျိုးများစေရန်ရည်ရွယ်၍ရေသားမျှဝေခြင်းဖြစ်ပါသည်။ လက်တွေ့အသုံးချဆေးဖက်ဝင်အပင်များပေါင်းချုပ်စာအုပ်မှမှီငြမ်းရေးသားမျှဝေခြင်းဖြစ်ပါသည်။

မိိဘပြည်သူအများစိတ်ချမ်းသာကိုယ်ကျမ်းမာစွာဖြင့်ရောဂါဘယတွေ ကင်းဝေးကြပါစေရှင်။

ရွှေပျားအုံ

တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး