အရွက် အားဆေးရည် ကိုယ်တိုင်လုပ်နည်း

အပင်အရွက် အတွက် ထမင်းသိုး ဂျူလင်စီ ဆေးရည်ကိုယ်တိုင်ပြုလုပ်နည်း

ထမင်းသိုးးဆန်တစ်ဗူးချက်ခန့် ၊သကြား ထမင်းစားဇွန်း-2 ဇွန်း ၊နို့ချဉ် ၅၀ စီစီ

ထမင်းသိုးထဲ ရေ လီတာဝက်ခန့် လောင်းထည့်ပါ ။ပြီးနောက် ၅ မိနစ်ခန့်မွှေပေးပါ ထမင်းသိုးးမှ အရည်အား လုံး သမသွားပါက ၅ မိနစ်ခန့်အနည်ထိုင်အောင် စောင့်လိုက်ပါ

အနည်ထိုင်သွားပါက ရေစစ်ဖြင့် စစ်ယူပါ ..

စစ်ယူထားသော ထမင်းသိုးရေထဲသို့ သကြား ၂ ဇွန်း နို့ချဉ်ဘူး ၅၀ စီစီ ဖေါက်ထည့်ပါ သမသွားအောင် နဲ့ သကြားများ ပျော်အောင် မွေပါ ..

အားလုံး သမသွားပြီ ဆိုပါက ရေသန့်ဘူးးလွတ်ထဲထည့် ပြီးအရိပ်ထဲထားလိုက်ပါ။

ဘူးးအဖုံးးကိုတော့အလုံ မပိတ်ဘဲတရစ်ခန့် ချန်ထားးပါ GAS ထွက်ရန်ဖြစ်ပါတယ်။

၃ ရက်မြောက်နေ့တွင် ထပ်ပြီးလုပ်ခါပါ အဖုံးကိုတရစ် ချန် ပြန် ပိတ်ပါ ။

၇ ရက်မြောက်မှာ တော့ အသင့်သုံး ထမင်းသိုး ဂျူလင်စီ ကိုရပါပြီ။

ဒီဆေးရည်သည် အပင် ၏ အမြစ် နဲ့အရွက် များ အတွက် ကို များစွာ အကျိုးးပြု ပါတယ် N ဒြပ် အများ ဆုံးပါဝင်သောကြောင့်ဖျန်းပြီးသုံးရက်နဲ့ငါးရက်ကြာပါက သိသာလာပါလိမ့်မယ်။

အပင်ထဲထည့်ပါကအမြစ်ရှင်သန်ပြီးအစာ စားကောင်းပါတယ် အရွက်မှ ဆေးရည် ကို တိုက်ရိုက် စားသုံးနိုင်သောကြောင့် အရွက်များ သန်မာကြီးထွား စေပါတယ်။

ကွမ်းသမားများ အရွက်စား အပင်များ အတွက် လက်တွေ့ ဖြစ်ထွန်းစေပါတယ်။

အရွက်ဖျန်းဖို့အတွက် ၊ဆေးဖျန်းပုံးတစ်ပုံးကို ဆေးရည် ၅ ဇွန်း

အပင်လောင်းရန်အတွက် ၊ဆေးဖျန်းပုံးတစ်ပုံးကို ဆေးရည် ၁၀ ဇွန်း

သီးပင်စားပင်အတွက် ကြက်သွန်နီ အခွံ ဆေးရည်ပြုလုပ်နည်း

ကြက်သွန်နီခွံမှာ ၊ကယ်လစီယမ် ၊ပိုတက်စီယမ် ၊မဂ္ဂနီစီယမ် ၊အိုင်ရွန်း ၊ကော့ပါး

စတဲ့ အပင်အတွက်လိုအပ်တဲ့အဟာရဓါတ်များစွာပါဝင်တဲ့ အပြင် ကြက်သွန်နီ အခွံအနံ့ကြောင့် ပိုးတွေကိုလည်း မလာအောင်တားဆီးပေးစေပါတယ်။

ကြက်သွန်နီခွံခြောက် ၅ ကျပ်သား၊ရေ ၁ လီတာထည့်၍ ၂၄ နာရီထားပါနောက်ထပ် ရေ၁ လီတာထပ်ရော၍ နှံ့အောင်မွှေပြီး အရည်စစ် အရည်ညှစ်ယူပါ။

ကြက်သွန်နီခွံ အားဆေးရည်ကို အပင်များ သို့ တိုက်ရိုက် ပက်ဖျန်း၍ အသုံးပြုနိုင်ပါသည် ကျန်ရှိသော

ကြက်သွန်နီခွံ အားဆေးအနည်အနှစ်များကို မြေကြီးဖြင့်ရော၍ အပင်ခြေတွင် အစာအဖြစ်ကျွေးနိုင်ပါသည်။

ခရစ်ဒစ်

Zawgyi





















ခရစ်ဒစ်