တစ်ပတ်စာ ၇ရက်သားသမီးများဟောစာတမ်း (21.1.2021 မှ 27.1.2021 အထိ )
21.1.2021 မှ 27.1.2021 အထိ တစ်ပတ်စာ ၇ရက်သားသမီးများဟောစာတမ်း
တနင်္ဂနွေ
ယခုကာလများအတွင်း ကျန်းမာရေးအညံ့များကြုံက မပေါ့ဆသင့်ပါ။ဘယ်ရောဂါဖြစ်ဖြစ် နာတာရှည်ဖြစ် သွားတတ်လို့ပါ။ ယာဉ်၊ ကားမောင်းနှင်မှုများ မောင်းနေရင်းကနေစက်ချို့ယွင်းတာမျိုးဖြစ်တတ်ပြီး ခရီးကြန့်ကြာ သွားတတ်ပါတယ်။
ရေတွင် အပျော်ဆော့ကစားခြင်းများ ရေကူးကန်မှာပဲဆောင်ရွက်ပါ။မြစ်ချောင်းအင်းအိုင်တွေ မှာမကူးမိပါနဲ့။ မူးယစ်ရမ်းကားသောသူများနှင့်လည်း ခိုက်ရန်ဖြစ်ပွား တတ်ပါသေးတယ်။
လူစည်ကားရာ အရပ် ဒေသများသို့သွားလာစဉ် ခါးပိုက်နှိုက်ခံရခြင်း၊ ပျောက်ရှခြင်းများ ဖြစ်ပွားစေရတတ်ပါသည်။ ကစဉ့်ကလျား တစ်စစီ ဖြစ်နေသောကိစ္စများအား ပြန်လည်စုစည်းလုပ်ကိုင်နိုင်မည်။
မှန်းဆရည်ရွယ်ထားသည်တို့ကို စနစ်တကျ လက်တွေ့ အကောင်အထည်ဖေါ်ဆောင်ရွက်ရင်း အောင်မြင်မှုတို့ ရရှိမည်။ အလုပ်ဟောင်းမှထွက်၍ အလုပ်သစ် ရှာသူများ အလုပ်ရရှိမည်။
စပ်တူစီးပွားကိစ္စဆောင်ရွက်သူများ အလိုရှိရာ ပြည့်စုံမည်။ တာဝန်ယူဆောင်ရွက် ရသော ကိစ္စများ အောင်မြင်မည်။ ငွေစုခြင်း၊ ပစ္စည်းများ စုဆောင်းသိုလှောင်ခြင်းတွေ ပြုလုပ်သင့်ပါတယ်။
အချစ်ရေး၊ အိမ်ထောင် ရေးမှာ ညီအစ်ကို၊ မောင်နှမသားချင်းများကြောင့် စိတ်ရှုပ်ရတတ်ပါတယ်။ ချစ်သူ၊ အိမ်ထောင်ဘက်၏ ခရီးသတင်း ကောင်းများ ကြားရတတ်သည်။ ဘာသာရေး၊ ပညာရေး ရည်ရွယ်ချက်များ အောင်မြင်မည်။
အကျိုးပေးဂဏန်း….2/4/5 အထူးဟော … ကျန်းမာရေးမပေါ့ပါနဲ့။ ယတြာ… အလှကုန်ပစ္စည်းတစ်ခုခု မိတ်ဆွေတစ်ဦးကိုလက်ဆောင်ပေးလိုက်ပါ။
တနင်္လာ
ယခုကာလများအတွင်း သင်သည် ကံကြမ္မာတစ်ရိပ်ရိပ် မြင့်မားနေချိန် ဖြစ်ပေရာ စိတ်ကူးထားသမျှ လက်တွေ့ ဖြစ်လာ မည်။ အလုပ်နှင့် ပတ်သက်သော စာမေးပွဲများ ဖြေဆိုက ဆောင်မြင်နိုင်ပါသည်။
ငွေကြေးကိစ္စ ပြောဆို ဆောင်ရွက်မှု မှန်သမျှ အောင်မြင်မည်။ ဆုံးရှုံးနစ်နာနေသည်များ ပြန်လည်ပြောဆို၍ အဆင်ပြေမည်။ ဝင်ငွေ တိုးပွားခြင်းနှင့် ဘဝအခြေအနေမြင့်မားခြင်းတို့ ကြုံမည်။
ကြန့်ကြာနေသော ခရီးကိစ္စများ အဆင်ပြေအောင် စတင်ဆောင်ရွက်နိုင်မည်။ အပြိုင်အဆိုင်၊ အတိုက်အခံ ဆောင်ရွက်ရမည့်ကိစ္စ များကို အချိန်ရွှေ့ဆိုင်းနိုင်ခြင်း၊ ချက် ချင်း လက်ငင်းဆောင်ရွက်ရမည့်ကိစ္စများဆိုလည်း သူတစ်ပါးတို့ထက် သာမြင့်အောင် ဆောင်ရွက်နိုင်ခြင်း ရှိမည်။
ရပ်တန့်ထားသော လုပ်ငန်းများ ပြန်လည်စတင်နိုင်မည်။ လုပ်ငန်းတစ်ဖက်၊ ပညာတစ်ဖက် ပူးတွဲဆောင်ရွက် နေသူ များ ရည်မှန်းသလောက်အောင်မြင်ခြင်း၊ တိုးတတ်ခြင်းများ ကြုံမည်။စီမံကိန်းချပြီး လုပ်ထားတဲ့အလုပ်တွေမှ ပဲ အကျိုးပေးပါလိမ့်မယ်။
ဝန်ထမ်းဆိုမိမိအစွမ်းအစတွေထုတ်ပြခွင့်တွေရလာတတ်ပါ တယ်။ကျန်းမာရေးအညံ့ အဆိုး များနေတတ်ပါတယ်။ အရက်ရှောင်ပါ။ အငန်နှင့်တွင်းအောင်းသားတွေအထူးရှောင် သင့်တဲ့နေ့ရက်တွေပါပဲ။
အချစ်ရေး အထူးအားကောင်းနေလိမ့်မယ်။ လက်ထပ်မင်္ဂလာဆောင်ခြင်းများဒီတစ်ပတ်အတွင်းအထူးကောင်းသည်။
အကျိုးပေးဂဏန်း…၁/၄/၆ အထူးဟော …ကံဇာတာမြင့်မားနေမည်။ ယတြာ ခရမ်းသီးဟင်းချက်ပြီးဘုရားရှင်အားဆွမ်းကပ်ပါ
အင်္ဂါ
ယခုကာလများအတွင်း သင်သည် မရည်ရွယ်ဘဲ ပေါ်ပေါက်လာသော အနေအထားတစ်ရပ်ကိုအကောင်းဆုံး ကိုင်တွယ်နိုင်ရင်တော့ ထူးခြားတဲ့အဆင်ပြေမှုတွေကြုံရတတ်ပါတယ်။
ငွေကြေးအပေးအယူကိစ္စ တို့တွင် ဖြစ်ပေါ် နေသော ပြဿနာအခက်အခဲများ အားလုံးကို ရင်ဆိုင်ဖြေရှင်းနိုင်လိမ့်မည်။ လုပ်ငန်းဟောင်းများ ရပ်တန့်၍ လမ်း ကြောင်းသစ်နှင့် တိုးတတ်မှုသစ်များ ဖန်တီးနိုင်မည်။
အယူအဆ၊ သဘာဝမတူ ခြားနားသောသူများနှင့် ပူးပေါင်း လုပ်ကိုင်သော လုပ်ငန်းတို့မှ မထင်မှတ်သောအကျိုးအမြတ်များ ရရှိမည်။ အိုးအိမ်၊ နေရာထိုင်ခင်း ပြင်ဆင်ခြင်း၊ တိုးချဲ့ခြင်း၊ အပြောင်းအလဲပြုခြင်းများ ဆောင်ရွက်အဆင်ပြေမည်။
ထီဝါသနာပါရင်တော့ ထီကံစမ်းနိုင်ပါတယ်။ အနုပညာနှင့်နွယ်သောအလုပ်များ၊ ရေနှင့် နွယ်သောအလုပ်များ တိုးတတ်ပါလိမ့်မယ်။ဘာသာရေးအလုပ်၊ ကုသိုလ် ရေးအလုပ်တွေမှာလဲ စိတ်ပါလက်ပါလုပ် ဖြစ်နေပါလိမ့်မယ်။
အွန်လိုင်းစီးပွားရေးများအဆင်ပြေတိုးတတ်လာ နိုင်ပါ တယ်။ ကျန်းမာရေးကတော့ ကောင်းနေပြီးသားပါပဲ။ အရက်နှင့်တက်စာတွေတော့ လျှော့စားလိုက်ပါ။ အချစ်ရေးမှာ တော့ ကြည်နူးပျော်ရွှင်စရာတွေပြည့်နှက်နေတတ်ပါ တယ်။
အိမ် ထောင်ရေးကံညံ့နေပါတယ်။ သည်းခံ ထားတဲ့ ကိစ္စတွေ ပေါက်ကွဲထွက်မဲ့ကာလပါပဲ။ ပညာရေးကတော့ ကြိုး စားသမျှအရာထင်ပါလိမ့်မယ်။
အကျိုးပေးဂဏန်း 2/4/5 အထူးဟော စိတ်ဆန္ဒတွေပြည့်၀လာမည်။ ယတြာ ရဟန်းတစ်ပါးကို ယပ်လှူပါ
ဗုဒ္ဓဟူး / ရာဟု
ယခုကာလများအတွင်း အလောတကြီး ဆုံးဖြတ်လိုက်ခြင်းတို့ကြောင့် အမှားအယွင်းများ ကြုံတွေ့ရတတ်ပါ သည်။ ငွေကြေး လာရောက် ချေးငှားသူအပေါ် အားနာ၊ သနား၊ စာနာ၊ ယုံလွယ်မိ၍ ကူညီလိုက်မိရာမှ ဆုံးရှုံးရ ခြင်း များ ကြုံတွေ့ရနိုင်ပါသည်။
လူမှုရေးကိစ္စ၊ အဖွဲ့အစည်းကိစ္စများအတွက် အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်း၊ စိတ်ပင်ပန်း၊ ဖြစ်ရမည်။
လုပ်ငန်းခွင်မှ သူများ တစ်ပါးသူအလုပ်တာဝန်တို့ကို တွဲဖက်တာဝန်ယူ လုပ်ကိုင်ရာမှ တစ်ပါးသူကျူး လွန်ထားသောငွေကြေး၊စာရင်းဇယားပြဿနာများကို တာဝန်ယူဖြေရှင်းရခြင်းများကြုံမည်။
စာရွက်၊ စာတမ်း လက်ပြောင်း၊ လက်လွှဲကိစ္စများ အထူးသတိထားဆောင်ရွက်ပါ။ ကုန်သွယ်စီးပွားရှာဖွေနေသူများ ရောင်း မှား၊ ဝယ် မှား ဖြစ်တတ်သည်။
ပီယစန်းပွင့်ခြင်းအပေါ် မထိန်းချုပ်နိုင်ပါက အချစ်မေတ္တာရေး အရှုတ်အထွေးများ ပေါ်ပေါက် လာနိုင်ပါသည်။ မိသားစုအရေးကိစ္စတွေမှာတော့ ခေါင်းအေးအေးထားဆုံးဖြတ်ရလိမ့်မယ်။
အလော တကြီး လုပ် တဲ့ကိစ္စမှန်သမျှပြဿနာတွေကို တိုးသွားနိုင်ပါတယ်။ကျန်းမာရေးကို မပေါ့စေချင်ပါဘူး။ ကာယပင်ပန်း လွန်းအား ကြီးတာမျိုး မလုပ်ပါနဲ့။ အလေးအပင်မလိုက်ရင် ခါးနာသွားတတ်ပါတယ်။
အိမ်ထောင်ရေးကံ အညံ့များ ပါတယ်။ တကျက်ကျက်ဖြစ်လွယ်ပါတယ်။ ပညာရေးကတော့ ကြိုးစားဖို့ လိုပါတယ်။ စိုးရိမ်စိတ်တွေကမိမိကို စိတ်နှစ်လို့ မရအောင်လုပ်နေပါလိမ့်မယ်။
အကျိုးပေးဂဏန်း 1/3/4 အထူးဟော ပူပန်စရာတွေများနေတတ်ပါတယ်။ ယတြာ အုန်းနို့ ခေါက်ဆွဲဘုရားကပ်လှူလိုက်ပါ။
ကြာသပတေး
ယခုကာလများအတွင်း အညံ့အဆိုးတွေရှိနေတယ်ဆိုပေမဲ့ စိတ်ဓာတ်ကြံ့ခိုင်သူတွေ၊ ခေါင်းအေးအေးနဲ့ စဉ်းစားလုပ်ကိုင်နိုင်သူတွေက အညံ့နည်းနေတတ်ပါတယ်။ အိမ်တွင်းရေးအပူလေးတွေရှိနေတတ်ပါတယ်။
အပြင်ကို ပေါက် ကြားလို့မရတဲ့မိသားစု အတွင်းရေးပြဿနာတွေရှိနေတတ်ပါတယ်။ လူမှုရေးကိစ္စတွေမှာ ကူညီသင့်တာ ကူညီပါ။ ဒါပေမဲ့ သူများကြား မညှပ်မိအောင်နေပါ။ အဲလိုမှမဟုတ်ရင် သူများပြဿနာ ကိုယ့်ပြဿနာဖြစ်ရတတ်ပါ တယ်။
စိတ်ကူးထားသမျှအရာ ထင်ဖို့မလွယ်ပါ။ အလုပ်စီးပွားနဲ့ပက်သက်ရင်လုပ်လက်စအလုပ်တွေကို ဆက်လက် လုပ်ဆောင်သွားလိုက်ပါ။ အသစ်စတာမျိုး၊လုပ်ငန်းချဲ့ထွင်တာမျိုးကိုတော့ဒီအပတ်အားမပေးပါဘူး။
ပြဿနာတွေ သယ် လာတဲ့ မိတ်ဆွေတွေ ကို တတ်နိုင်သမျှ မိမိရှောင်ထွက်နိုင်အောင်ကြိုးစားပါ။ အလှူလေးတွေမရည်ရွယ် ဘဲ ပြုရတတ်ပါတယ်။ စကား အပြောအဆိုတော့ဆင်ခြင်ပါ။
စကားနည်း၊နှုတ်နည်းတာအကောင်းဆုံးဖြစ်ပါ လိမ့် မယ်။ အချစ်ရေးတွေမှာတော့ မထင်မှတ်ဘဲ ချစ်သူဟောင်းရည်းစားဟောင်းနဲ့ပြန်အဆင်ပြေ တတ်ပါတယ်။ဝေးနေတဲ့ ချစ်သူတွေ ပြန်ဆုံဆည်းရတတ်ပါတယ်။
အိမ်ထောင် ရေး အပူသောကတွေရှိ နေတတ်ပါတယ်။ ပညာရေးကံ သင့် အဆင့်မှာရှိပါတယ်။ ဉာဏ်ဝီရိယ တွေစိုက် ထုတ်လိုက်ပါ။
အကျိုးပေးဂဏန်း 6/8/0 အထူးဟော စန်းအားကောင်းနေမည်။ ယတြာ နွားနို့ဘုရားကပ်လှူလိုက်ပါ။
သောကြာ
ယခုကာလများအတွင်း တစ်ပါးသူတို့၏ ငွေရေး၊ ကြေးရေးကိစ္စတို့တွင် တာဝန်ယူ၍ အာမခံခြင်းများ မပြု သင့်ပါ။ စိုက်လျော်ရတတ်သည်။ ကျန်းမာရေး ရုတ်တရက် ကျဆင်းနိုင်သည်။
မူလစီစဉ်ထားသည်များကို သတ်မှတ် ချိန်၌ လုပ်ကိုင်ရခြင်းမရှိ ရက်ရွှေ့ဆိုင်းရခြင်းများ ကြုံမည်။ အပေါင်းအသင်း၊ မိတ်ဆွေများနှင့် စပ်လျဉ်း၍ ပြဿနာ များ အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးနေရတတ်သည်။
ကာလအတန်ကြာ ငြိမ်သက်နေသော ပြဿနာ ဟောင်းများပြန်လည်ဖြေရှင်းရလိမ့်မည်။ အဟောင်းတွေ ကျန်ခဲ့ပြီးအသစ်စတင်တဲ့နေ့ရက်မျိုးတွေပါပဲ။ အလုပ်သစ်၊ စီးပွား၊ဆိုင်သစ်၊ နေရာ သစ်တွေမှာအဆင်ပြေအောင်မြင်မှု တွေရတတ်ပါတယ်။
ကျန်းမာရေးနဲ့ပက်သက်ရင်တော့ မိမိမှာအခံရှိပြီးသား ရောဂါဟောင်း ဝေဒနာဟောင်းတွေပဲ ဝင်လာတတ်ပါတယ်။ ဘုရားစေတီရုပ်ပွားတော်များ၊ ပန်းချီကားချပ်များ လက်ဆောင်ရခဲ့တယ်ဆိုရင်တော့ အိမ်မှာ သေချာ ကိုးကွယ်ထားလိုက်ပါ။
ကံအထူးမြင့်မားသွား ပါ လိမ့်မယ်။ အချစ်ရေးမှာတော့ နားလည်မှုအပြည့်အ၀ ရှိတဲ့ချစ်သူ ကြောင့် စိတ်ချမ်းမြေ့ရပါလိမ့်မယ်။ အိမ် ထောင်ရေးကတော့ ကတောက်ကဆဖြစ်စရာများနေတတ် ပါတယ်။ ပညာရေးအတွက်ကတော့ မိမိအားထည့် သလောက် ရလဒ်တွေလဲကောင်းနေမှာပါပဲ။
အကျိုးပေးဂဏန်း 6/5/2 အထူးဟော ကံသင့်ပါတယ်။ ယတြာ မိမိဆီမှာရှိတဲ့ ဖိနပ်အဟောင်းအပြတ်တွေကို အမှိုက်တောင်းထဲစွန့်ပစ်လိုက်ပါဗျာ
စနေ
ယခုကာလများအတွင်း ရန်အတိုက်အခံများကို ရင်ဆိုင်နိုင်မည်။ ငွေကြေးကိစ္စများ၊ စကားပြောဆိုရခြင်းများ အဆင်ပြေ အောင်မြင်မည်။ အိုး၊ အိမ်၊ နေရာထိုင်ခင်း ပြင်ဆင်ခြင်း၊ အသစ်တိုးချဲ့ခြင်း၊ တည်ဆောက်ခြင်းများ စီစဉ်ဆောင်ရွက်အောင်မြင်မည်။
လုပ်ငန်းဟောင်းတို့ကို ရပ်၍ အသစ်တို့ကို စတင်ဆောင်ရွက်ခြင်းများ အောင် မြင်မည်။ မလုပ်ဖြစ်တော့ ဟူ၍ ထင်မြင်ထားသော လုပ်ငန်းကိစ္စများကို ပြန်လည်ဆောင်ရွက် လုပ်ကိုင်ဖြစ်မည်။
ဆိုင်းငံ့ရွှေ့ဆိုင်းထားသော ခရီးကိစ္စများကို ပြန်လည်စတင်လုပ်ဆောင်ဖို့ အဆင်ပြေနိုင်ပါသည်။ စကားကိုလိမ္မာပါး နပ်စွာ ပြောတတ်သူများပိုအဆင်ပြေပါလိမ့်မယ်။ပညာရေးနဲ့ပတ်သက်သော ခရီးများလဲသွားရတတ် ပါတယ်။
ဆရာ ကောင်းသမားကောင်းနဲ့လဲတွေ့ နိုင်တဲ့ကာလတွေပါပဲ။ အချစ်ရေးကတော့ ချစ်သူနဲ့ ချိန်းထားရင်ပျက်ရတတ်ပါ တယ်။ မစီစဉ်ထားဘဲ တွေ့ဆုံခြင်း မျိုးကပိုမိုကောင်းမွန်ပါ လိမ့်မယ်။ ကျန်းမာရေးကတော့ အညံ့အဆိုးနည်း ပါတယ်။
ကျန်းမာရေးဒေါင်ဒေါင်မြည်နေ ပါလိမ့်မယ်။ အိမ်ထောင်ရေးက အဆင်ပြေနေမှာပါ။ မိသားစုအတွင်းမှာလဲ နားလည်မှုတွေရှိမဲ့နေ့ရက်တွေပါပဲ။ ပညာ ရေးကတော့ ကောင်းနေပါတယ်။ မိမိမသိသေး၊မတတ်သေးတဲ့ ပညာတွေ သင်ခွင့်ရလာတတ်ပါတယ်။
အကျိုးပေးဂဏန်း 5/3/4 အထူးဟော အကူအညီတွေ၊အထောက်အပံ့တွေရလွယ်ပါတယ်။ ယတြာ ဖယောင်းတိုင်တစ်ထုပ် မိတ်ဆွေတစ်ဦးကိုလက်ဆောင်ပေးပါ။
၇ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝပါစေ
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)0977 5555 695 9 44 5555 695
Zawgyi
တနင်္ဂနွေ
တနင်္လာ
အင်္ဂါ
ဗုဒ္ဓဟူး / ရာဟု
ကြာသပတေး
သောကြာ
စနေ