ရစရာရှိနေသော အကြွေးများ အမြန်ပြန်ရစေလိုလျှင် ယတြာ

မိမိအကြွေးများအမြန်ပြန်ရစေရန်အတွက် အစီရင်

မိတ်ဆွေများအားလုံးမင်္ဂလာပါ…။

၇ရက်သားသမီး ကြုံတွေ့နေကျ ကြွေးပေး /ကြွေးယူ ကိစ္စများတွင် တချို့အဆင်ပြေရက်နဲ့ရှောင်ဖယ်ဖယ်လုပ်နေသူများ ကြားကနေ အာမခံလုပ်

ပေးရင်းနဲ့ကြွေးပူမိနေသူများ အကြွေးယူပြီး ထွက်ပြေးနေလို့ပူပန်သောက ရောက်နေရသူများအတွက် ဆရာ ယတြာတစ်ခု မျှဝေပါရစေ။

(မိမိအကြွေးရရမည့်သူ တကယ်စားဖို့တောင် အနိုင်နိုင်ဖြစ်နေပါက ဤယတြာကိုမပြုလုပ်ပါနှင့်)

ပန်းကန်ပြားတစ်ချပ်ပေါ် ငှက်ပျောရွက်တစ်ရွက်(ငှက်ပျောရွက်ကို လေးဒေါင့်ပုံ ဖြတ်ယူပါ ပုံအတိုင်း)

တင်ပြီး ငှက်ပျောရွက်ပေါ်တွင် တစ်ထောင်တန် တစ်ရွက်တင်ပါ။ ငွေတစ်ထောင်ကျပ်ပေါ်တွင် “မောင်… / မ… ယူထားသော အကြွေးများအမြန်လာဆပ်ပါ ” ဟုရေးလိုက်ပါ။

ငွေတစ်ထောင်ပေါ်တွင် သကြား အနည်းငယ်တင်ပြီး ဘုရားကျောင်းဆောင်တွင်တင်လှူပါ။

ထိုပန်းကန်ပြားကိုကိုင်ပြီး ” မိမိအကြွေးများ အမြန်ပြန်ရပါလို၏ ” ဟု လေးလေးနက်နက် ဆုတောင်းပါ။

ဤယတြာကို ဗုဒ္ဓဟူးနေ့ မနက် ၆နာရီမှ ရနာရီခွဲအတွင်း (သို့) သောကြာနေ့ မနက် ၈နာရီမှ ၈နာရီခွဲအတွင်း ပြုလုပ်ပါ။

ဘုရားကျောင်းဆောင်ပေါ်တွင် ၁၁ ရက်တိတိတင်ထားပါ။ (၁၁ရက်လုံး နေရာမရွှေ့ပြောင်းရ ဘာမှမလဲရပါဒီအတိုင်းလေး တင်ထားပါ။)

၁၁ ရက်ပြည့်ပြီး နောက်နေ့တွင် ငှက်ပျောရွက်နှင့်သကြားကို နီးစပ်ရာ အပင်ကြီးရဲ့အခြေမှာစွန့်ပါ။ ငွေတစ်ထောင်ကို ကြွေးသွားတောင်းစဉ် မိမိအိပ်ကပ်ထဲ ဆောင်သွားပါ။

ဤယတြာပြုလုပ်ခြင်းဖြင့် မိတ်ဆွေတို့ရဲ့အခက်အခဲများအထိုက်အလျောက်အဆင်ပြေပါစေဗျာ……။၇ရက်သားသမီးများ လိုအင်ဆန္ဒပြည့်ဝကြပါစေ။ ။

ဗေဒင်နှင့်လက္ခဏာပညာရှင်ဆရာကျော် M.Sc (bot)09978031461

Zawgyi

မိမိအေႀကြးမ်ားအျမန္ျပန္ရေစရန္အတြက္ အစီရင္

မိတ္ေဆြမ်ားအားလံုးမဂၤလာပါ…။

၇ရက္သားသမီး ႀကံဳေတြ႕ေနက် ေႀကြးေပး /ေႀကြးယူ ကိစၥမ်ားတြင္ တခ်ိဳ႕အဆင္ေျပရက္နဲ႕ေရွာင္ဖယ္ဖယ္လုပ္ေနသူမ်ား ႀကားကေန အာမခံလုပ္

ေပးရင္းနဲ႕ေႀကြးပူမိေနသူမ်ား အေႀကြးယူျပီး ထြက္ေျပးေနလို႕ပူပန္ေသာက ေရာက္ေနရသူမ်ားအတြက္ ဆရာ ယႀတာတစ္ခု မ်ွေဝပါရေစ။

(မိမိအေႀကြးရရမည့္သူ တကယ္စားဖို႕ေတာင္ အနိုင္နိုင္ျဖစ္ေနပါက ဤယႀတာကိုမျပဳလုပ္ပါနွင့္)

ပန္းကန္ျပားတစ္ခ်ပ္ေပၚ ငွက္ေပ်ာရြက္တစ္ရြက္(ငွက္ေပ်ာရြက္ကို ေလးေဒါင့္ပံု ျဖတ္ယူပါ ပံုအတိုင္း)

တင္ျပီး ငွက္ေပ်ာရြက္ေပၚတြင္ တစ္ေထာင္တန္ တစ္ရြက္တင္ပါ။ ေငြတစ္ေထာင္က်ပ္ေပၚတြင္ “ေမာင္… / မ… ယူထားေသာ အေႀကြးမ်ားအျမန္လာဆပ္ပါ ” ဟုေရးလိုက္ပါ။

ေငြတစ္ေထာင္ေပၚတြင္ သႀကား အနည္းငယ္တင္ျပီး ဘုရားေက်ာင္းေဆာင္တြင္တင္လွဴပါ။

ထိုပန္းကန္ျပားကိုကိုင္ျပီး ” မိမိအေႀကြးမ်ား အျမန္ျပန္ရပါလို၏ ” ဟု ေလးေလးနက္နက္ ဆုေတာင္းပါ။

ဤယႀတာကို ဗုဒၶဟူးေန႕ မနက္ ၆နာရီမွ ၇နာရီခြဲအတြင္း (သို႕) ေသာႀကာေန႔ မနက္ ၈နာရီမွ ၈နာရီခြဲအတြင္း ျပဳလုပ္ပါ။

ဘုရားေက်ာင္းေဆာင္ေပၚတြင္ ၁၁ ရက္တိတိတင္ထားပါ။ (၁၁ရက္လံုး ေနရာမေရႊ႕ေျပာင္းရ ဘာမွမလဲရပါဒီအတိုင္းေလး တင္ထားပါ။)

၁၁ ရက္ျပည့္ျပီး ေနာက္ေန႕တြင္ ငွက္ေပ်ာရြက္နွင့္သႀကားကို နီးစပ္ရာ အပင္ႀကီးရဲ႕အေျခမွာစြန္႕ပါ။ ေငြတစ္ေထာင္ကို ေႀကြးသြားေတာင္းစဥ္ မိမိအိပ္ကပ္ထဲ ေဆာင္သြားပါ။

ဤယႀတာျပဳလုပ္ျခင္းျဖင့္ မိတ္ေဆြတို႕ရဲ႕အခက္အခဲမ်ားအထိုက္အေလ်ာက္အဆင္ေျပပါေစဗ်ာ……။၇ရက္သားသမီးမ်ား လိုအင္ဆႏၵျပည့္ဝႀကပါေစ။ ။

ေဗဒင္နွင့္လကၡဏာပညာရွင္ဆရာေက်ာ္ M.Sc (bot)09978031461