ဆီးအိမ်ထဲက ရခဲ့သည့် ဧရာမ ကျောက်တုံးကြီး

အမျိုးသမီး တစ်ဦး၏ ဆီးအိမ်ထဲ မှ ၄၀၀ ဂရမ် ဧရာမ ကျောက်တုံး ကို ခွဲစိတ်ဖယ်ရှား

မကြာသေးမီက ခွဲစိတ် ကုသခံခဲ့ရသော အမျိုးသမီးငယ်တစ်ဦး၏ ဆီးအိမ်မှ ဖယ်ရှားပစ်လိုက်သည့် ဧရာမ ဆီးအိမ်ကျောက်တုံး၏ ပုံများသည် ဗီယက်နမ် လူမှုမီဒီယာများ တွင်ပျံ့နှံ့ခဲ့သည်။

ဗီယက်နမ်နိုင်ငံ သေးငုယင် ရှိ ဖြူဘင် အထွေထွေရောဂါကု ဆေးရုံ၏ အရေးပေါ်ခန်း၌ ဖြစ်ပွားခဲ့သည့် အသက် ၃၄ နှစ်အရွယ် အမျိုးသမီးတစ်ဦး၏ဖြစ်ရပ်နှင့်

ပတ်သတ်၍ ဗီယက်နမ် မီဒီယာ အများအပြားကလည်း တင်ပြခဲ့သည်။

ဆေးရုံတွင် စမ်းသပ်မှုများ ပြုလုပ်ပြီးနောက် CT scan က ထိုအမျိုးသမီး၏ ဗိုက်ထဲတွင် အလေးချိန် ၄၀၀ဂရမ်နှင့် ၁၀-စင်တီမီတာကျော်သော ကျောက်တုံးကြီးကို ဖော်ပြခဲ့သဖြင့်

အရေးပေါ် ခွဲစိတ်ကုသမှုခံယူခဲ့ရပါသည်။

ယင်းဖြစ်ရပ်သည် ဆေးရုံတွင် အတော်လေးရှားပါးသော ဖြစ်ရပ် ဖြစ်ခဲ့သည်။

တူရကီမှ Urology ဂျာနယ်၏ ၂၀၁၄ ခုနှစ် ဖြစ်ရပ်မှန် အစီရင်ခံစာအရ ၁၀၀ ဂရမ်ကျော်လေးသည့် ကျောက်တုံးကြီးများသည် ဖယ်ရှား ပစ်ခဲ့ရသည့် ဖြစ်ရပ်ပေါင်း

၈၅ ခုထက် နည်းပါခဲ့ပြီး ယခု ဂရမ် -၄၀၀ ကိုမူ ဆေးဘက်ဆိုင်ရာ ထူးဆန်းမှု တစ်ခုအဖြစ် သတ်မှတ်ထားကြသည်။

သို့သော် ၂၀၁၆ ခုနှစ်က တရုတ် ဆရာဝန်များသည် ၅၄နှစ်အရွယ် အမျိုးသား လူနာတစ်ဦး၏ ဆီးအိမ်မှ

၁,၀၄၈ ဂရမ်ရှိသော ကျောက်တုံးကြီးကို ဖယ်ရှားပေးခဲ့ဖူးပြီး တရုတ်နိုင်ငံ၏ မှတ်တမ်းတွင် အကြီးဆုံး ဖြစ်ခဲ့ဖူးသည်။

မင်းသုတဟန်

ChannelKeyMyanmar

Zawgyi

အမ်ိဳးသမီး တစ္ဦး၏ ဆီးအိမ္ထဲ မွ ၄၀၀ ဂရမ္ ဧရာမ ေက်ာက္တုံး ကို ခြဲစိတ္ဖယ္ရွား

မၾကာေသးမီက ခြဲစိတ္ ကုသခံခဲ့ရေသာ အမ်ိဳးသမီးငယ္တစ္ဦး၏ ဆီးအိမ္မွ ဖယ္ရွားပစ္လိုက္သည့္ ဧရာမ ဆီးအိမ္ေက်ာက္တုံး၏ ပုံမ်ားသည္ ဗီယက္နမ္ လူမွုမီဒီယာမ်ား တြင္ပ်ံ႕ႏွံ႔ခဲ့သည္။

ဗီယက္နမ္နိုင္ငံ ေသးငုယင္ ရွိ ျဖဴဘင္ အေထြေထြေရာဂါကု ေဆး႐ုံ၏ အေရးေပၚခန္း၌ ျဖစ္ပြားခဲ့သည့္ အသက္ ၃၄ ႏွစ္အရြယ္ အမ်ိဳးသမီးတစ္ဦး၏ျဖစ္ရပ္ႏွင့္

ပတ္သတ္၍ ဗီယက္နမ္ မီဒီယာ အမ်ားအျပားကလည္း တင္ျပခဲ့သည္။

ေဆး႐ုံတြင္ စမ္းသပ္မွုမ်ား ျပဳလုပ္ၿပီးေနာက္ CT scan က ထိုအမ်ိဳးသမီး၏ ဗိုက္ထဲတြင္ အေလးခ်ိန္ ၄၀၀ဂရမ္ႏွင့္ ၁၀-စင္တီမီတာေက်ာ္ေသာ ေက်ာက္တုံးႀကီးကို ေဖာ္ျပခဲ့သျဖင့္

အေရးေပၚ ခြဲစိတ္ကုသမွုခံယူခဲ့ရပါသည္။

ယင္းျဖစ္ရပ္သည္ ေဆး႐ုံတြင္ အေတာ္ေလးရွားပါးေသာ ျဖစ္ရပ္ ျဖစ္ခဲ့သည္။

တူရကီမွ Urology ဂ်ာနယ္၏ ၂၀၁၄ ခုႏွစ္ ျဖစ္ရပ္မွန္ အစီရင္ခံစာအရ ၁၀၀ ဂရမ္ေက်ာ္ေလးသည့္ ေက်ာက္တုံးႀကီးမ်ားသည္ ဖယ္ရွား ပစ္ခဲ့ရသည့္ ျဖစ္ရပ္ေပါင္း

၈၅ ခုထက္ နည္းပါခဲ့ၿပီး ယခု ဂရမ္ -၄၀၀ ကိုမူ ေဆးဘက္ဆိုင္ရာ ထူးဆန္းမွု တစ္ခုအျဖစ္ သတ္မွတ္ထားၾကသည္။

သို႔ေသာ္ ၂၀၁၆ ခုႏွစ္က တ႐ုတ္ ဆရာဝန္မ်ားသည္ ၅၄ႏွစ္အရြယ္ အမ်ိဳးသား လူနာတစ္ဦး၏ ဆီးအိမ္မွ

၁,၀၄၈ ဂရမ္ရွိေသာ ေက်ာက္တုံးႀကီးကို ဖယ္ရွားေပးခဲ့ဖူးၿပီး တ႐ုတ္နိုင္ငံ၏ မွတ္တမ္းတြင္ အႀကီးဆုံး ျဖစ္ခဲ့ဖူးသည္။

မင္းသုတဟန္

ChannelKeyMyanmar