အသက် ၂၅ နှစ်အရွယ် အမျိုးသမီးငယ်လေးများအတွက် ၂၀၂၁ လမ်းညွှန်

အသက် ၂၅ နှစ်အရွယ်ဆိုတာ တကယ့်ကို လူကြီးလုံးလုံးဖြစ်သွားပါပြီ။ ဒီအသက်အရွယ်မှာ ကိုယ့်အနေနဲ့ အရင်တုန်းကလို ကလေးဆန်နေလို့မဖြစ်တော့သလို တာဝန်ယူစရာတွေ၊ ဘဝအတွက် လုပ်စရာတွေ အများကြီးရှိနေပါပြီ။ ဒီတော့ ၂၀၂၁ ထဲ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးငယ်လေးတွေဖို့ ဘယ်လိုအရာတွေကို လုပ်သင့်နေပြီလဲဆိုတာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) သေချာတဲ့ဘဝလမ်းကြောင်း

အလုပ်စလုပ်တတ်ကြတဲ့ အသက် ၁၈ နှစ်ကစလို့ ၂၃ နှစ်လောက်အထိက ကိုယ့်ရဲ့ ဘဝလမ်းကြောင်းရွေးချယ်မှုကို ဟိုခုန်ကူး၊ ဒီခုန်ကူးနဲ့ ကိုယ်နဲ့အံဝင်ခွင်က ဖြစ်၊မဖြစ်ဆိုတာကို စမ်းသပ်ကြည့်ဖို့ သင့်နေသေးပေမယ့် ၂၅ နှစ်အရွယ်မှာတော့ ရေရှည်ကိုကြည့်ပြီး ကိုယ့်အနေနဲ့ ဘယ်လို career မျိုးကိုရွေးသင့်တယ်ဆိုတာ သေချာသိပြီးတော့ တစ်စိုက်မတ်မတ်လုပ်ဆောင်သင့်ပါတယ်။ မဟုတ်ရင် မျောက်သစ်ကိုင်းလွတ်သလိုမျိုး ဖြစ်နေမယ်နော်။

(၂) ကျန်းမာရေးလိုက်စားပါ

အမျိုးသမီးတွေဟာ အသက် ၂၅ နှစ်နောက်ပိုင်းဆိုရင် ကျချိန်ရောက်ပြီလို့ ဆိုနိုင်မှာပါ။ အထူးသဖြင့် ဝိတ်ချဖို့ မလွယ်တော့တာမျိုးပေါ့။ ဒါကြောင့် ကျန်းမာရေးလည်းလိုက်စားရင်း ခန္ဓာကိုယ်ကိုလည်း ပုံမပျက်ဘဲလှနေအောင် အခုအချိန်မှာ gym ကစားသ့င်ကစား၊ အစားထိန်းသင့်ထိန်း စလုပ်ရပါတော့မယ်။

(၃) Make-up အစား Skin Care

မိတ်ကပ်မလိမ်းနဲ့လို့ပြောတာမဟုတ်ဘဲ မိတ်ကပ်ပစ္စည်းတွေပဲ ဦးစားပေး ဝယ်မနေ၊ လိမ်းမနေဘဲနဲ့ skin care ကို သေချာလေး ဦးစားပေးပြီး လုပ်သင့်နေပါပြီ။ Eye-cream နဲ့ moisturizer တွေ၊ anti-aging တွေ၊ collagen တွေစသဖြင့် လိုအပ်ရင် လိုအပ်သလို သုံးရ၊ သောက်ရပါတော့မယ်။ ဒီတော့ skin care ကို သေချာလေးလုပ်ဖို့ ၂၀၂၁ life planner ထဲ ထည့်ထားလိုက်ပါတော့။

(၄) အချစ်ရေးကြောင့်..

ဒီအရွယ်ဟာ အိမ်ထောင်ပြုရင်တောင် ပြုဖို့ သင့်နေတဲ့အရွယ်ရောက်နေပါပြီ။ ဒါကြောင့် အချစ်ရေးနဲ့ပတ်သက်ရင် အရင်လို စိတ်ဆိုး၊ စိတ်ကောက်ဖို့ချည်းပဲ တွေးမနေဘဲ ဒီလူနဲ့ ငါ၊ ရေရှည်မှာ အဆင်ပြေပါ့မလား။ ဒီလူဟာ ပန်းတိုင်ရှိတဲ့လူလား။ ငါက တစ်ယောက်တည်းနေချင်သေးတာလား စသဖြင့် ကလေးဆန်မနေတော့ဘဲ သေချာလေး ဦးနှောက်သုံးပြီးတော့ စဉ်းစားသင့်နေပါပြီ။

(၅) တစ်ကိုယ်ကောင်းဆန်ပါ

မိသားစုကြောင့်၊ ချစ်သူကြောင့်၊ ဘယ်သူ့ကြောင့် စသဖြင့် ကိုယ့်ရဲ့ တိုးတက်မှုတွေကို လက်လွှတ်လိုက်ရတာမျိုး၊ ပျော်ရွှင်မှုတွေကို စတေးလိုက်ရတာမျိုး၊ မလွတ်မလပ်နဲ့ ကိုယ့်ရဲ့ ဖြစ်ချင်စိတ်တွေကို ချိုးနှိမ်ထားရတာမျိုးတွေ ဒီနှစ်ထဲမှာ မရှိပါစေနဲ့တော့။ တစ်ကိုယ်ကောင်းဆန်လိုက်ပါတော့နော်။ ကိုယ့်ကိုယ်ကို ချစ်ပါ။

(၆) ပညာရေး

ပညာလို အိုသည်မရှိဆိုပေမယ့်လို့ လူ့ဦးနှောက်ဟာ အသက် ကြီးလာလေလေ လေ့လာမှတ်သားနိုင်စွမ်းအားတွေ နည်းလာလေဆိုတာ သဘာဝပါပဲ။ ဒီတော့ ပျိုမေတို့အနေနဲ့ ဘွဲ့လွန်တွေယူစရာရှိတာတွေ၊သင်ယူလေ့လာစရာ ဘာသာရပ်တွေကို ဒီအရွယ်ထက် နောက်ကျမခံဘဲ သင်ယူသင့်နေပါပြီ။

penny

Zawgyi

အသက္ ၂၅ ႏွစ္အ႐ြယ္ဆိုတာ တကယ့္ကို လူႀကီးလုံးလုံးျဖစ္သြားပါၿပီ။ ဒီအသက္အ႐ြယ္မွာ ကိုယ့္အေနနဲ႔ အရင္တုန္းကလို ကေလးဆန္ေနလို႔မျဖစ္ေတာ့သလို တာဝန္ယူစရာေတြ၊ ဘဝအတြက္ လုပ္စရာေတြ အမ်ားႀကီးရွိေနပါၿပီ။ ဒီေတာ့ ၂၀၂၁ ထဲ အသက္ ၂၅ ႏွစ္အ႐ြယ္ အမ်ိဳးသမီးငယ္ေလးေတြဖို႔ ဘယ္လိုအရာေတြကို လုပ္သင့္ေနၿပီလဲဆိုတာေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) ေသခ်ာတဲ့ဘဝလမ္းေၾကာင္း

အလုပ္စလုပ္တတ္ၾကတဲ့ အသက္ ၁၈ ႏွစ္ကစလို႔ ၂၃ ႏွစ္ေလာက္အထိက ကိုယ့္ရဲ႕ ဘဝလမ္းေၾကာင္းေ႐ြးခ်ယ္မႈကို ဟိုခုန္ကူး၊ ဒီခုန္ကူးနဲ႔ ကိုယ္နဲ႔အံဝင္ခြင္က ျဖစ္၊မျဖစ္ဆိုတာကို စမ္းသပ္ၾကည့္ဖို႔ သင့္ေနေသးေပမယ့္ ၂၅ ႏွစ္အ႐ြယ္မွာေတာ့ ေရရွည္ကိုၾကည့္ၿပီး ကိုယ့္အေနနဲ႔ ဘယ္လို career မ်ိဳးကိုေ႐ြးသင့္တယ္ဆိုတာ ေသခ်ာသိၿပီးေတာ့ တစ္စိုက္မတ္မတ္လုပ္ေဆာင္သင့္ပါတယ္။ မဟုတ္ရင္ ေမ်ာက္သစ္ကိုင္းလြတ္သလိုမ်ိဳး ျဖစ္ေနမယ္ေနာ္။

(၂) က်န္းမာေရးလိုက္စားပါ

အမ်ိဳးသမီးေတြဟာ အသက္ ၂၅ ႏွစ္ေနာက္ပိုင္းဆိုရင္ က်ခ်ိန္ေရာက္ၿပီလို႔ ဆိုႏိုင္မွာပါ။ အထူးသျဖင့္ ဝိတ္ခ်ဖို႔ မလြယ္ေတာ့တာမ်ိဳးေပါ့။ ဒါေၾကာင့္ က်န္းမာေရးလည္းလိုက္စားရင္း ခႏၶာကိုယ္ကိုလည္း ပုံမပ်က္ဘဲလွေနေအာင္ အခုအခ်ိန္မွာ gym ကစားသ့င္ကစား၊ အစားထိန္းသင့္ထိန္း စလုပ္ရပါေတာ့မယ္။

(၃) Make-up အစား Skin Care

မိတ္ကပ္မလိမ္းနဲ႔လို႔ေျပာတာမဟုတ္ဘဲ မိတ္ကပ္ပစၥည္းေတြပဲ ဦးစားေပး ဝယ္မေန၊ လိမ္းမေနဘဲနဲ႔ skin care ကို ေသခ်ာေလး ဦးစားေပးၿပီး လုပ္သင့္ေနပါၿပီ။ Eye-cream နဲ႔ moisturizer ေတြ၊ anti-aging ေတြ၊ collagen ေတြစသျဖင့္ လိုအပ္ရင္ လိုအပ္သလို သုံးရ၊ ေသာက္ရပါေတာ့မယ္။ ဒီေတာ့ skin care ကို ေသခ်ာေလးလုပ္ဖို႔ ၂၀၂၁ life planner ထဲ ထည့္ထားလိုက္ပါေတာ့။

(၄) အခ်စ္ေရးေၾကာင့္..

ဒီအ႐ြယ္ဟာ အိမ္ေထာင္ျပဳရင္ေတာင္ ျပဳဖို႔ သင့္ေနတဲ့အ႐ြယ္ေရာက္ေနပါၿပီ။ ဒါေၾကာင့္ အခ်စ္ေရးနဲ႔ပတ္သက္ရင္ အရင္လို စိတ္ဆိုး၊ စိတ္ေကာက္ဖို႔ခ်ည္းပဲ ေတြးမေနဘဲ ဒီလူနဲ႔ ငါ၊ ေရရွည္မွာ အဆင္ေျပပါ့မလား။ ဒီလူဟာ ပန္းတိုင္ရွိတဲ့လူလား။ ငါက တစ္ေယာက္တည္းေနခ်င္ေသးတာလား စသျဖင့္ ကေလးဆန္မေနေတာ့ဘဲ ေသခ်ာေလး ဦးေႏွာက္သုံးၿပီးေတာ့ စဥ္းစားသင့္ေနပါၿပီ။

(၅) တစ္ကိုယ္ေကာင္းဆန္ပါ

မိသားစုေၾကာင့္၊ ခ်စ္သူေၾကာင့္၊ ဘယ္သူ႔ေၾကာင့္ စသျဖင့္ ကိုယ့္ရဲ႕ တိုးတက္မႈေတြကို လက္လႊတ္လိုက္ရတာမ်ိဳး၊ ေပ်ာ္႐ႊင္မႈေတြကို စေတးလိုက္ရတာမ်ိဳး၊ မလြတ္မလပ္နဲ႔ ကိုယ့္ရဲ႕ ျဖစ္ခ်င္စိတ္ေတြကို ခ်ိဳးႏွိမ္ထားရတာမ်ိဳးေတြ ဒီႏွစ္ထဲမွာ မရွိပါေစနဲ႔ေတာ့။ တစ္ကိုယ္ေကာင္းဆန္လိုက္ပါေတာ့ေနာ္။ ကိုယ့္ကိုယ္ကို ခ်စ္ပါ။

(၆) ပညာေရး

ပညာလို အိုသည္မရွိဆိုေပမယ့္လို႔ လူ႔ဦးေႏွာက္ဟာ အသက္ ႀကီးလာေလေလ ေလ့လာမွတ္သားႏိုင္စြမ္းအားေတြ နည္းလာေလဆိုတာ သဘာဝပါပဲ။ ဒီေတာ့ ပ်ိဳေမတို႔အေနနဲ႔ ဘြဲ႕လြန္ေတြယူစရာရွိတာေတြ၊သင္ယူေလ့လာစရာ ဘာသာရပ္ေတြကို ဒီအ႐ြယ္ထက္ ေနာက္က်မခံဘဲ သင္ယူသင့္ေနပါၿပီ။

penny