ဝက်ခြံ ပြဿနာတွေကြောင့်စိတ်မညစ်ရအောင် တမာရွက်နဲ့ ဝက်ခြံကုမယ် ..

တမာရွက်နဲ့ ဝက်ခြံကုမယ်

တမာရွက်စားပေးရတယ်တဲ့😛 ဒီတစ်ခါတော့ စားမှာမဟုတ်ဘူးနော်

ဝက်ခြံ ပြဿနာတွေကြောင့်စိတ်ညစ်နေပါသလား လမ်းမှာတွေ့တဲ့ တမာပင်ကနေ တမာရွက်တွေသာ ခူးလာခဲ့ လိုက်တော့ သူများခြံထဲကတော့သွားမခူးနဲ့နော်😏

တမာရွက်ရဲ့ဆေးဖက်ဝင်ပုံတွေကို အရင် post လေးဖတ်ဖူးတဲ့သူတွေတော့ သိထားကြမှာပါ

တမာရွက်မှာ fatty acid တွေပါဝင်တာကြောင့် healing process ကိုလုပ်ဆောင်ပေးပြီး အသားအရေကို ကျန်းမာစေပါတယ်

သူ့မှာပါတဲ့ဂုဏ်သတ္တိတွေဟာ

-အသားအရေ နီမြန်း/ရောင်ရမ်းခြင်း

-ဝက်ခြံဖြစ်စေသော ပိုးများကိုသေစေနိုင်ခြင်း

-ဝက်ခြံအမာရွတ်များကိုပါးစေခြင်း

-အသားအရေခြောက်ပြီးယားယံခြင်း

-skin infection/ skin allergy များအတွက် ကောင်းမွန်တာကြောင့် အိန္ဒိယနိုင်ငံက အမျိုးသမီးတွေဟာ တမာရွက်တွေကိုအသုံးပြုပြီး ဝက်ခြံကုလေ့ရှိကြပါတယ်

ပုံလေးတွေကိုကြည့်ပြီး နည်းလမ်းလေးတွေအတိုင်း လိုက်လုပ်လို့ရတယ်နော်

-တမာရွက်

-မွှေး ပြောင်းကော်မှုန့်

-Blender ရှိရုံနဲ့လုပ်လို့ရပါပြီ❤

ဒီ cream လေးကို ညအိပ်ခါနီးပါးပါးလေး လိမ်းအိပ်ပြီး နောက်နေ့မနက် ရေနွေးလေးနဲ့ဆေးချလိုက်ရုံပါပဲ တစ်ပတ်တစ်ခါလောက်လုပ်ပေးပါက အကျိုးရလဒ်ကိုခံစားရမှာပါ🌿

Cream ဘူးလေးကို သုံးပြီးတာနဲ့ အဖုံးအလုံပိတ်ပြီးရေခဲသေတ္တာထဲထည့်ဖို့ မမေ့ကြနဲ့နော်

မဟုတ်ရင်ပုတ်သွားနိုင်လို့ပါ

budget သက်သာစေမယ့် ဒီ နည်းလမ်းလေးကိုကြိုက်နှစ်သက်ကြမယ်လို့မျှော်လင့်ပါတယ်

Like & Share လုပ်ပြီးတော့လည်း သူငယ်ချင်းတွေကို လက်တို့လိုက်ကြဦးနော်😍

ခရက်ဒစ် Glow Up

Zawgyi













-တမာရွက်








ခရက်ဒစ် Glow Up