( X )ပုံစံ လက္ခဏာရှင်တို့၏ အကြောင်း

သင့်လက်ဖဝါးမှာ ‘ “X ” အက္ခရာပါရှိပါသလား။ပါခဲ့ရင်တော့ သင့်ရဲ့ ကံကြမ္မာဟာ အကောင်းဆုံးဖြစ်တ ယ်လို့ သုတေသနပြုလုပ်ချက်များအရသော်လည်းကောင်း၊

မြန်မာဗေဒင်နည်းအရပါ အတိအကျပြောဆိုထားပါတယ်။ဒီ လက္ခဏာဟာ လူ ၂သန်းမှာ ၃ရာခိုင်နှုန်းလောက်ဘဲပါတာဖြစ်ကြတယ်။

အစီအစဉ်မချဘဲအောင်မြင်သူများဖြစ်တယ်။သူများတွေက အောင်မြင်ဖို့အတွက် အစီအစဉ်တွေချပြီး လုပ်ရတတ်ပေမယ့် ဒီအမှတ်အသားပါသူတွေကတော့

အစီအစဉ်ချစရာမလိုဘဲ အောင်မြင်တတ်ပါတယ်။သူတို့သည် အကြီးမြတ်ဆုံးသောအရာတွေကို လုပ်နိုင်စွမ်းရှိကြပါတယ်။

ထိုးထွင်းသိစိတ်ရှိကြတယ် X ပုံစံ လက္ခဏာရှာရှင်များသည် ဝမ်းတွင်းစိတ်၊ အလိုလိုသိစိတ် ပါလာတတ်ကြသည်။သူတို့ကို လိမ်လို့မရပါ။

သစ္စာတရားကို တန်ဖိုးထားပြီး အရာရာကို အသေးစိတ် သတိထားမိတတ်ကြသည်။ ထိုးထွင်းစိတ်လည်း အရမ်းမြင့်မားပါတယ်။ဆဌမ အာရုံရရှိထားသော သူများဟုဆိုနိုင်သည်။

လူတွေရဲ့ခေါင်းဆောင်ဖြစ်တတ်တယ်ဒီအမှတ်အသားပါတဲ့သူတွေအတွက် စိတ်ရော၊ကိုယ်ပါ ပင်ပန်းရတတ်ပါတယ်။ လူအများချစ်ခင်နှစ်သက် အားကိုခြင်းခံရတတ်ပါတယ်။

ဒီလိုအားကိုးခြင်းခံရတဲ့အတွက် သူများကိစ္စများ လိုက်လံဆောင်ရွက်ရလေ့ရှိပြီး ကိုယ်ရော စိတ်ပါ ပင်ပန်းရနိုင်သည်။

မကောင်းသော သမာအာဇီဝမကျသော အလုပ်တွေနှင့်လည်း အကျိုးမပေးတတ်ပါ။ ပြောရမယ်ဆိုရင် အကုသိုလ် အလုပ်တွေနှင့် ဘာတစ်ခုမှ အကျိုးမပေးတတ်ပါ။

အခက်အခဲ ဒုက္ခတွေမှ ကျော်လွှားလွန်မြောက်နိုင်မယ်ဒီကြက်ခြေခတ်ပါလာသူတွေအတွက် မကောင်းတဲ့အချက်ကတော့ မတော်တဆမှုတွေနှင့် ကြံရနိုင်ပါတယ်။

ရေနစ်ခြင်း၊မီးလောင်ခြင်း၊ ဓါတ်လိုက်ခြင်း၊ဆိုင်ကယ်၊ ကားအက်ဆီးဒန့် ဖြစ်တာမျိုးတွေ တွေ့ကြုံရတတ်ပါတယ်။ သို့ပေမယ့် သေမှာမဟုတ်ပါဘူး။

သူများလက်ချက်နဲ့ မသေနိုင်သလို အက်ဆီးဒန့်တွေကြောင့်လည်း သေမှာ မဟုတ်ပါဘူး။ အခက်အခဲဘယ်လောက်ရှိရှိ နောက်ဆုံးမှာ ကူညီသူတွေအမြဲရှိတတ်ပါသည်။

သူတော်ကောင်းလက်ရှေးဟောင်း ကျမ်းဂန်များအဆိုအရ ဒီလက်ဟာ သူတော်ကောင်းလက်လို့ဆိုပါတယ်။လောကဓံတွေကြုံတွေ့ပြီး နောက်ဆုံးမှာ တရားထူး၊တရားမြတ်ကို ရှာဖွေ တွေ့ရှိသွားတတ်ကြပါသည်။ တကယ်သာ တရားကျင့်ကြံနိုင်ပါက သောတပန်အနည်းဆုံးတည်နိုင်ပါသည်။

ဘဝရဲ့ အေးငြိမ်းမူကို တတိယအရွယ်လောက်မှသာ ခံစားနိုင်ပါမည်။ သူတပါး သွားပုတ်လေလွင့်ပြောဆိုတာ ၊မကျေနပ် ရန်ငြိုးဖွဲ့တာ များရှိနိုင်ပါသည်။

သို့ပေမယ့် ဒီလက္ခဏာရှိသူတွေဟာ ကြီးမြတ်တဲ့နေရာကို ရောက်ရှိဖို့ အတွက် တွန်းအားများအဖြစ် ကျော်လွှားနိုင်ကြပါလိမ့်မည်။

လက်ဖဝါးမှာ Xပုံစံ သင်္ကေတလေးပါနေရင် သူ့ရဲ့အဓိပ္ပာယ်ကို သိထားဖို့လိုပြီ။ မင်းဟာ လက္ခဏာဗေဒင်ကို ဝါသနာပါသူလား။

ကိုယ့်ရဲ့အနာဂတ်အကြောင်းကို သိရမယ်ဆိုရင် လူတိုင်းစိတ်ဝင်စားကြမှာပါ။

တစ်ချို့ဟောချက်တွေက မှန်တာတွေလည်းရှိသလို ၊ အချို့ဖြစ်မလာတဲ့ ကိစ္စလေးတွေလည်းရှိပါတယ်။ ယုံကြည်သူဖြစ်စေ ၊ မယုံကြည်သည်ဖြစ်စေ ဒီလို လက်ဖဝါးမှာပါတဲ့

X ပုံစံလေးရဲ့ အဓိပ္ပာယ်ကိုတော့ သိချင်သူများအတွက် မျှဝေပေးလိုက်ပါတော့တယ်။

X ရဲ့အဓိပ္ပာယ်ပထမဦးဆုံးအနေနဲ့ ပြောပြချင်တာကတော့ မင်းဟာ ပြိုက်ဘက်ကင်းတဲ့ လူတစ်ယောက်ဖြစ်တယ်။ အနာဂတ်မှာ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်မယ့် လက္ခဏာပါ။ ရုရှား STI တက္ကသိုလ်မှပညာရှင်များ လေ့လာချက်အရ လူတွေရဲ့လက္ခဏာဖွဲ့စည်းပုံဟာ ရှုပ်ထွေးပေမယ့် များသောအားဖြင့် ဒီလို X ပုံစံပါတဲ့ လူတွေဟာ ပြိုင်စံရှားဖြစ်သလို အထင်ကရလူတွေအဖြစ်လည်း မြင်တွေ့ရပါတယ်။ ဒီလူတွေဟာ စိတ်ဓာတ်မာကြောပြီး တိတ်တဆိတ် နေတတ်ကြပါတယ်။

ဒီလူတွေမှာ ကမ္ဘာကြီးကိုပြောင်းလဲနိုင်ဖို့ အင်အားတွေအများကြီးပါဝင်နေတာကို တွေ့ရတယ်။ သူတို့ဟာသေသွားရင်တောင် နာမည်တွင်ကျန်ခဲ့မယ့် လူတွေဖြစ်ပါတယ်။ ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်ပျက်နေလဲအမြဲတမ်း စောင့်ကြည့်လေ့လာနေတတ်ပြီး တစ်ဖက်သားက လွယ်လွယ်နဲ့လာလိမ်တာမျိုးဆိုလည်း သိနှင့်နေတတ်ပါတယ်။

ဆဌမအာရုံသိပ်ကောင်းပြီး အနီးမှာ အန္တရာယ်တစ်ခုခုဖြစ်တော့မယ်ဆိုရင်လည်း ကြိုတင်သိနေနိုင်တယ်။ အမှန်ကတော့ ပတ်ဝန်းကျင်ကို လေ့လာအားစိုက်မှုများတာပါ။ ကိုယ့်ဘဝကိုယ် မြှင့်တင်နေနိုင်သူတွေဖြစ်ပြီး အနားရှိလူတွေကိုလည်း လက်တွဲကြိုဆိုပြီး ပညာတွေပြန်လည် မျှဝေပေးနိုင်စွမ်းရှိတယ်။

ပြောပါဦး စာဖတ်သူများဆီမှာရော ဒီလို X ပုံစံပါနေရဲ့လား ။ ရှိနေတယ်ဆိုရင်တော့ မင်းဟာ ကံကောင်းတဲ့လူတစ်ယောက်ပါ.. ဆိုတော့ ဂုဏ်ယူလိုက်ပါ နော်..

ခရစ်ဒစ်

Zawgyi

သင့္လက္ဖဝါးမွာ ‘ “X ” အကၡရာပါရွိပါသလား။ပါခဲ့ရင္ေတာ့ သင့္ရဲ့ ကံၾကမၼာဟာ အေကာင္းဆုံးျဖစ္တ ယ္လို႔ သုေတသနျပဳလုပ္ခ်က္မ်ားအရေသာ္လည္းေကာင္း၊

ျမန္မာေဗဒင္နည္းအရပါ အတိအက်ေျပာဆိုထားပါတယ္။ဒီ လကၡဏာဟာ လူ ၂သန္းမွာ ၃ရာခိုင္ႏႈန္းေလာက္ဘဲပါတာျဖစ္ၾကတယ္။

အစီအစဥ္မခ်ဘဲေအာင္ျမင္သူမ်ားျဖစ္တယ္။သူမ်ားေတြက ေအာင္ျမင္ဖို႔အတြက္ အစီအစဥ္ေတြခ်ၿပီး လုပ္ရတတ္ေပမယ့္ ဒီအမွတ္အသားပါသူေတြကေတာ့

အစီအစဥ္ခ်စရာမလိုဘဲ ေအာင္ျမင္တတ္ပါတယ္။သူတို႔သည္ အႀကီးျမတ္ဆုံးေသာအရာေတြကို လုပ္နိုင္စြမ္းရွိၾကပါတယ္။

ထိုးထြင္းသိစိတ္ရွိၾကတယ္ X ပုံစံ လကၡဏာရွင္မ်ားသည္ ဝမ္းတြင္းစိတ္၊ အလိုလိုသိစိတ္ ပါလာတတ္ၾကသည္။သူတို႔ကို လိမ္လို႔မရပါ။

သစၥာတရားကို တန္ဖိုးထားၿပီး အရာရာကို အေသးစိတ္ သတိထားမိတတ္ၾကသည္။ ထိုးထြင္းစိတ္လည္း အရမ္းျမင့္မားပါတယ္။ဆဌမ အာ႐ုံရရွိထားေသာ သူမ်ားဟုဆိုနိုင္သည္။

လူေတြရဲ့ေခါင္းေဆာင္ျဖစ္တတ္တယ္ဒီအမွတ္အသားပါတဲ့သူေတြအတြက္ စိတ္ေရာ၊ကိုယ္ပါ ပင္ပန္းရတတ္ပါတယ္။ လူအမ်ားခ်စ္ခင္ႏွစ္သက္ အားကိုျခင္းခံရတတ္ပါတယ္။

ဒီလိုအားကိုးျခင္းခံရတဲ့အတြက္ သူမ်ားကိစၥမ်ား လိုက္လံေဆာင္ရြက္ရေလ့ရွိၿပီး ကိုယ္ေရာ စိတ္ပါ ပင္ပန္းရနိုင္သည္။

မေကာင္းေသာ သမာအာဇီဝမက်ေသာ အလုပ္ေတြႏွင့္လည္း အက်ိဳးမေပးတတ္ပါ။ ေျပာရမယ္ဆိုရင္ အကုသိုလ္ အလုပ္ေတြႏွင့္ ဘာတစ္ခုမွ အက်ိဳးမေပးတတ္ပါ။

အခက္အခဲ ဒုကၡေတြမွ ေက်ာ္လႊားလြန္ေျမာက္နိုင္မယ္ဒီၾကက္ေျခခတ္ပါလာသူေတြအတြက္ မေကာင္းတဲ့အခ်က္ကေတာ့ မေတာ္တဆမႈေတြႏွင့္ ႀကံရနိုင္ပါတယ္။

ေရနစ္ျခင္း၊မီးေလာင္ျခင္း၊ ဓါတ္လိုက္ျခင္း၊ဆိုင္ကယ္၊ ကားအက္ဆီးဒန႔္ ျဖစ္တာမ်ိဳးေတြ ေတြ႕ၾကဳံရတတ္ပါတယ္။ သို႔ေပမယ့္ ေသမွာမဟုတ္ပါဘူး။

သူမ်ားလက္ခ်က္နဲ႔ မေသနိုင္သလို အက္ဆီးဒန႔္ေတြေၾကာင့္လည္း ေသမွာ မဟုတ္ပါဘူး။ အခက္အခဲဘယ္ေလာက္ရွိရွိ ေနာက္ဆုံးမွာ ကူညီသူေတြအျမဲရွိတတ္ပါသည္။

သူေတာ္ေကာင္းလက္ေရွးေဟာင္း က်မ္းဂန္မ်ားအဆိုအရ ဒီလက္ဟာ သူေတာ္ေကာင္းလက္လို႔ဆိုပါတယ္။ေလာကဓံေတြၾကဳံေတြ႕ၿပီး ေနာက္ဆုံးမွာ တရားထူး၊တရားျမတ္ကို ရွာေဖြ ေတြ႕ရွိသြားတတ္ၾကပါသည္။ တကယ္သာ တရားက်င့္ႀကံနိုင္ပါက ေသာတပန္အနည္းဆုံးတည္နိုင္ပါသည္။

ဘဝရဲ့ ေအးၿငိမ္းမူကို တတိယအရြယ္ေလာက္မွသာ ခံစားနိုင္ပါမည္။ သူတပါး သြားပုတ္ေလလြင့္ေျပာဆိုတာ ၊မေက်နပ္ ရန္ၿငိဳးဖြဲ႕တာ မ်ားရွိနိုင္ပါသည္။

သို႔ေပမယ့္ ဒီလကၡဏာရွိသူေတြဟာ ႀကီးျမတ္တဲ့ေနရာကို ေရာက္ရွိဖို႔ အတြက္ တြန္းအားမ်ားအျဖစ္ ေက်ာ္လႊားနိုင္ၾကပါလိမ့္မည္။

လက္ဖဝါးမွာ Xပုံစံ သေကၤတေလးပါေနရင္ သူ႔ရဲ့အဓိပၸာယ္ကို သိထားဖို႔လိုၿပီ။ မင္းဟာ လကၡဏာေဗဒင္ကို ဝါသနာပါသူလား။

ကိုယ့္ရဲ့အနာဂတ္အေၾကာင္းကို သိရမယ္ဆိုရင္ လူတိုင္းစိတ္ဝင္စားၾကမွာပါ။

တစ္ခ်ိဳ႕ေဟာခ်က္ေတြက မွန္တာေတြလည္းရွိသလို ၊ အခ်ိဳ႕ျဖစ္မလာတဲ့ ကိစၥေလးေတြလည္းရွိပါတယ္။ ယုံၾကည္သူျဖစ္ေစ ၊ မယုံၾကည္သည္ျဖစ္ေစ ဒီလို လက္ဖဝါးမွာပါတဲ့

X ပုံစံေလးရဲ့ အဓိပၸာယ္ကိုေတာ့ သိခ်င္သူမ်ားအတြက္ မၽွေဝေပးလိုက္ပါေတာ႔တယ္။

X ရဲ့အဓိပၸာယ္ပထမဦးဆုံးအေနနဲ႔ ေျပာျပခ်င္တာကေတာ့ မင္းဟာ ၿပိဳက္ဘက္ကင္းတဲ့ လူတစ္ေယာက္ျဖစ္တယ္။ အနာဂတ္မွာ ေခါင္းေဆာင္ေကာင္းတစ္ေယာက္ျဖစ္မယ့္ လကၡဏာပါ။ ႐ုရွား STI တကၠသိုလ္မွပညာရွင္မ်ား ေလ့လာခ်က္အရ လူေတြရဲ့လကၡဏာဖြဲ႕စည္းပုံဟာ ရႈပ္ေထြးေပမယ့္ မ်ားေသာအားျဖင့္ ဒီလို X ပုံစံပါတဲ့ လူေတြဟာ ၿပိဳင္စံရွားျဖစ္သလို အထင္ကရလူေတြအျဖစ္လည္း ျမင္ေတြ႕ရပါတယ္။ ဒီလူေတြဟာ စိတ္ဓာတ္မာေၾကာၿပီး တိတ္တဆိတ္ ေနတတ္ၾကပါတယ္။

ဒီလူေတြမွာ ကမၻာႀကီးကိုေျပာင္းလဲနိုင္ဖို႔ အင္အားေတြအမ်ားႀကီးပါဝင္ေနတာကို ေတြ႕ရတယ္။ သူတို႔ဟာေသသြားရင္ေတာင္ နာမည္တြင္က်န္ခဲ့မယ့္ လူေတြျဖစ္ပါတယ္။ ပတ္ဝန္းက်င္မွာ ဘာေတြျဖစ္ပ်က္ေနလဲအျမဲတမ္း ေစာင့္ၾကည့္ေလ့လာေနတတ္ၿပီး တစ္ဖက္သားက လြယ္လြယ္နဲ႔လာလိမ္တာမ်ိဳးဆိုလည္း သိႏွင့္ေနတတ္ပါတယ္။

ဆဌမအာ႐ုံသိပ္ေကာင္းၿပီး အနီးမွာ အႏၲရာယ္တစ္ခုခုျဖစ္ေတာ့မယ္ဆိုရင္လည္း ႀကိဳတင္သိေနနိုင္တယ္။ အမွန္ကေတာ့ ပတ္ဝန္းက်င္ကို ေလ့လာအားစိုက္မႈမ်ားတာပါ။ ကိုယ့္ဘဝကိုယ္ ျမႇင့္တင္ေနနိုင္သူေတြျဖစ္ၿပီး အနားရွိလူေတြကိုလည္း လက္တြဲႀကိဳဆိုၿပီး ပညာေတြျပန္လည္ မၽွေဝေပးနိုင္စြမ္းရွိတယ္။

ေျပာပါဦး စာဖတ္သူမ်ားဆီမွာေရာ ဒီလို X ပုံစံပါေနရဲ့လား ။ ရွိေနတယ္ဆိုရင္ေတာ့ မင္းဟာ ကံေကာင္းတဲ့လူတစ္ေယာက္ပါ.. ဆိုေတာ့ ဂုဏ္ယူလိုက္ပါ ေနာ္..

ခရစ္ဒစ္