လေဖြတ်တော့မယ်ဆိုရင် သိနိုင်တဲ့ အချက်(၃)ချက်
လေဖြတ်တော့မယ်ဆိုရင်
ဦးနှောက်နဲ့အာရုံကြောပါရဂူတယောက်က လူတယောက် လေဖြတ်တော့မယ်ဆိုတာကို ၃နာရီလောက် ကြိုသိခဲ့လို့
ဒီ ၃နာရီအတွင်း ကြပ်ကြပ်မတ်မတ် ကုသပေးလိုက်ရရင် လေလုံးဝ မဖြတ်အောင်တားနိုင်တယ် လို့ ပြောပါတယ်။
လေဖြတ်တော့မယ်ဆိုတာကို ကြိုသိနိုင်ပါ့မလား ?
လေဖြတ်တဲ့လက္ခဏာတွေက ခွဲခြားဖို့ ခက်ခဲပါတယ်။
တခါ , ကံဆိုးတာက အမှုမဲ့ အမှတ်မဲ့ နေတတ်ကြတာကြောင့်လည်း လေဖြတ်ခြင်းဟာ ကပ်ဆိုက်မှုကြီး တရပ် ဖြစ်နေခဲ့ရပါတယ်။
ခုတော့ သိလာကြပြီ တဲ့ , ဆရာဝန်တွေက ပြောကြပြန်ပါတယ် ..
အနီးကပ် နေသူတဦးက မိမိနားကလူတယောက် လေဖြတ်တော့မယ်ဆိုတာကို အချက် ၃ချက်ကို သိရှိနားလည်ထားရင် ကြိုပြီး သိနိုင်ပါပြီ တဲ့။
ဘာအချက်တွေလဲ ဆိုတော့ ‘ ပ ‘ သုံးလုံးဖြစ်ပါတယ်၊
၁။ ပြုံးခိုင်းပါ
၂။ ပြောခိုင်းပါ
၃။ ပြခိုင်းပါ တို့ ဖြစ်ပါတယ်။
မိမိ မိခင် ဖခင် မိသားစု ဆွေမျိုး မိတ်ဆွေ တွေမှာ ဆီးချို သွေးတိုး နှလုံးလည်းရှိမယ်၊ ကိုယ်အလေးချိန်လည်း များနေမယ် ( ဝ နေမယ် ) ဆိုရင် လေဖြတ်ဖို့ အလားအလာ ရှိသူအဖြစ် သိထားဖို့ လိုပါတယ်။
ဒီ ပုဂ္ဂိုလ်တွေကို ကြည့်ရင်း ကြည့်ရင်း အကဲမရဘူးလို့ ထင်လာတဲ့အခါကျရင်
ပထမ – ပြုံးခိုင်းကြည့်ပါ
လေဖြတ်တော့မယ်ဆိုရင် မပြုံးနိုင်တော့ဘူ တဲ့၊
ဒုတိယ – စကားပြောခိုင်းပါ၊
လွယ်တဲ့ ဝါကျလေး တခုခု ပေါ့ လေဖြတ်တော့မယ်ဆိုရင် ရှင်းရှင်းလင်းလင်း မပြောနိုင်ဘူး တဲ့၊ လျှာ ထုတ်ခိုင်းကြည့်ရင် လျှာ တွန့်လိမ်နေမယ် တဲ့၊
တတိယ – ပြခိုင်းတာ
လက်နှစ်ဖက်ကို မြှောက်ပြပါ လို့ ခိုင်းပါ တဲ့၊ လက် မြှောက်ပြခိုင်းလို့ မရဘူး တဲ့၊
ဒီအချက် ၃ချက်ထဲက ၁ချက်ချက် ချွတ်ယွင်းရင် ဆေးရုံအမြန် ပို့ပါတော့ ။.
#Crd
Zawgyi
လေဖြတ်တော့မယ်ဆိုရင်
၁။ ပြုံးခိုင်းပါ
၂။ ပြောခိုင်းပါ
တတိယ – ပြခိုင်းတာ
#Crd