အအေးပတ် အသံဝင်၊ လည်ချောင်းနာ၊ သွားဖုံး အပူကန်ခြင်းမ ဖြစ်ဖို့ ဂျင်းစားပါ

ဆောင်းရာ သီမှာ “ချင်း” စားပါ

စာရေးသူ၏ မိတ်ဆွေ တစ်ဦးသည် လက်ဖက်ရည် အလွန်ကြိုက်သူ တစ်ဦးဖြစ်သည်။ ဈေးရောင်းရင်း ဆိုင်ထိုင်ရင်း တစ်နေ့လျှင် လက်ဖက်ရည် အချို့ပေါ့ကျ တစ်နေ့လျှင် သုံးခွက်၊ လေးခွက် သောက်သည်ဟု ဆိုသည်။

သူ့ သောက်နည်းမှာ အခြား သူများနှင့် မတူ ချင်းကို ခပ်ပါးပါး လှီးထားသော အဖတ်ကလေး များကို နှစ်ဖတ် သုံးဖတ်မျှ လက်ဖက်ရည် ထဲတွင် စိမ်ထားပြီး ဖြည်းဖြည်းချင်း သောက်သည်။ သူ၏ လက်ဖက်ရည်မှာ ချင်းရနံ့ကလေး သင်းနေသည်။

မကြာသေးမီ ကလည်း ကျန်းမာရေး ဂျာနယ် တစ်စောင်တွင် အနောက်တိုင်း ဆေးပညာရှင် များက ဘလက် ကော်ဖီတွင် ချင်း ထည့်သောက် ခြင်းဖြင့် ခေါင်းကိုက် ဝေဒနာကို သက်သာ စေကြောင်း ရေးထားသည်ကို ဖတ်ရှု လိုက်ရသည်။

ချင်းကို နာကျင်ကိုက်ခဲ ဝေဒနာ ကုသ ရာတွင်လည်း အသုံးပြုကြောင်း ရေးသား ထားသည်။ ချင်းကို အရည်ထုတ် ယူပြီး ဗိုက်အောင့် ဝေဒနာနှင့် ပျို့ချင် အန်ချင် ဖြစ်သော ဝေဒနာများ တွင်လည်း သုံးစွဲသည်ဟု ရေးသား ထားသည်။

ချင်းသည် မူလက အိန္ဒိယနိုင်ငံမှ တင်သွင်းခြင်း ဖြစ်ပြီး ပရဆေး ကုန်သည်များမှာ အိန္ဒိယ လူမျိုးများ ဖြစ်ကြသည်။

ချင်းခြောက်ကို မပုပ် မသိုးစေရန် ထုံးရည်ဖျန်းပြီး သင်္ဘောကြီး များဖြင့် သယ်ဆောင် တင်သွင်း လာသဖြင့် သင်းဘောချင်းခြောက် ဟူသော အသုံးအနှုန်းမှာ ယနေ့ အထိ ပရဆေး လောကတွင် သုံးစွဲနေဆဲ ဖြစ်သည်။

နောက်ပိုင်းတွင် ချင်းကို မြန်မာပြည်တွင် စိုက်ပျိုးသည်။ အထက် မြန်မာပြည် နှင့် ရှမ်းပြည်နယ် မှထွက်သော ချင်းတက် များမှာ အပူဓာတ် အားကောင်းပြီး ကျစ်လျစ် မာကျောသဖြင့် ချင်းတက်ကောင်း အဖြစ် အိန္ဒိယ၊ ပါကစ္စတန် စသော နိုင်ငံများသို့ပင် ပြန်လည် တင်ပို့ရသည်။

ကျောက်မဲချင်း၊ အောင်ပန်းချင်း၊ ကျောက်ဆည်နယ် သံရွာချင်းတက် တို့သည် အတက်ကြီးပြီး အပူဓာတ် အားကောင်း သဖြင့် နာမည် ကျော်ကြားသည်။

လူကြိုက် များသော ချင်းတက်များ ဖြစ်သည်။

ချင်းကို ဟင်းခတ်ရာတွင် အသုံးပြုဆုံး လူမျိုးမှာ တရုတ် လူမျိုးများ ဖြစ်ကြောင်း သိရသည်။ ဟင်းခတ် အမွှေးအကြိုင် အဖြစ် သာမက အသားနူးအောင် ချင်းတက် ထည့်ချက် ကြသည်။ ချက်ပြုတ်သော အသားကို အစာအိမ်တွင် ရောက်လျှင် အစာကြေ စေရန်လည်း ချင်းက အထောက်အကူ ပြုကြောင်း သိရသည်။

ဆောင်းဥတုသည် အပြင်ထွက်လျှင် အအေးပတ် လွယ်သော ဥတု ဖြစ်သည်။ အဝတ်အစား လုံခြုံအောင် ဝတ်ဆင် ထားသည့် ကြားကပင် ဦးခေါင်းနှင့် လည်ပင်းကို အအေးပတ်ပြီး အသံဝင်ခြင်း၊ လည်ချောင်း နာခြင်း၊ သွားနာနှင့် သွားဖုံးများ အပူကန်ခြင်း၊ အာသီး ရောင်ခြင်းများ ဖြစ်လေ့ရှိသည်။

ထိုသို့အအေးပတ် ခြင်းကို ချင်း လက်ဖက်ရည် သောက်ခြင်းဖြင့် ကာကွယ် နိုင်သည်။ မိမိအိမ်တွင် သောက်နေကျ ရေနွေးကြမ်း ထဲသို့ ချင်းပါးပါး နှစ်လွှာ သုံးလွှာ လှီးထည့်ပြီး ပူပူလေး သောက်ခြင်းဖြင့် ကာကွယ် နိုင်သည်။

အအေးပတ်ပြီး အဖျားဝင်လျှင်၊ ကိုယ်လက်များ ညောင်းညာ ကိုက်ခဲလျှင် ချင်းပါးပါး ခုနစ်လွှာ၊ ထန်းလျက် သုံးခဲ၊ ကွမ်းရွက် တစ်ရွက်ကို ခြေ၍ မတ်ခွက်တွင် ထည့်ပြီး ရေနွေးအဖြူ ပူပူလောင်း ထည့်ပါ။ ၁၅ မိနစ်ခန့် အငွေ့လုံအောင် အုပ်ထားပါ။ ထို့နောက် အဖုံးဖွင့်ပြီး မျက်နှာ နှာခေါင်းပေါက်ဖြင့် အငွေ့ကို ရှူရင်း ဖြည်းဖြည်းချင်း သောက်ပါ။

အအေးမိခြင်းမှ သက်သာ စေနိုင်သည်။

ချင်းသုပ်သည် မြန်မာလူမျိုးများ အကြိုက် ရိုးရာ အစားအစာ ဖြစ်သည်။ ချင်းကို အမြွှာလေးများ ခြစ်ပြီး ရှောက်ရည်ဖြင့် စိမ်ထားသော ချင်းနှပ်သည် ဝမ်းမီးတောက်ပြီး အစာကြေ စေသည်။ အအေးပတ် ခြင်းမှ ကာကွယ် ပေးသည်။ လူကြီးများ ကိုယ်ငွေ့ ကောင်းစေရန် ချင်းသုပ်ကို မကြာခဏ ကျွေးပေးခြင်းဖြင့် ကျန်းမာ စေနိုင်သည်။

ဆေးဖက်ဝင် အသုံးပြုပုံများ

၁။ ချင်းကိုပါးပါးလှီး (၇)လွှာ၊ သံပုရာသီးတစ်ခြမ်း၊ ပျားရည်တစ်ဇွန်း ရေနွေးစိမ်သောက်ပါ။ နေ့စဉ်တစ်နေ့မတ်ခွက်တစ်ဝက်သောက်ရုံဖြင့် အဆီကျပြီး ကျန်းမာစေသည်။

၂။ ခေါင်းကိုက်၊ မျက်ရိုးကိုက်၊အအေးမိ နှာစေး ဖြစ်လျှင် ချင်းတက်ကိုပါးပါးလှီး နထင်နှစ်ဘက်မှာကပ်ထားပါ။

၃။ ဇက်ကြောတက်လျှင် ချင်းတက်ပါးပါးလှိး ဇက်ရင်းနှင့် ပခုံးတလျှောက်မှာကပ်ပါ။

၄။ အဖျားအနာ မှန်သမျှ ချင်းပြုပ်ရည် သောက်ပေးလျှင် အခိုးပွင့်ပြီးသက်သာစေသည်။

၅။ ရှေးက မြန်မာလူမျိုးများ ဖျားလျှင်သောက်သုံးခဲ့သည့် အခိုးပွင့်ဆေးမှာ ချင်း၊ကွမ်းရွက်၊ထန်းလျက်ပြုပ်ရည်ဖြစ်သည်။

၆။ ညှော်မိ၊အနာဝင် ငန်းမန်းတက်ဖျားလျှင် ချင်း၊ကွမ်းရွက်၊ကြပ်ခိုး၊ ဆားလှော်အနည်းငယ် ထည့် ပြုပ်သောက်လျှင် သက်သာသည်။

၇။ ချင်းသည် သွေးကျဲစေသောသတ္တိရှိသဖြင့် သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ ခြေထောက် သွေးမလျှေက်ရောဂါရှိသူများ ချင်းတက်အစိုကို ထုထောင်း၍ အရည်ညှစ်ယူပြီး ဟင်းစားဇွန်းတစ်ဇွန်း သောက်ပေးပါ။ ပိန်စေလိုလျှင် သံပရာရည် ရောသောက်ပါ။ အစာကြေစေလိုလျှင် ပျားရည်တစ်ဇွန်း ရေားစပ်သောက်ပါ။

ကြည်လွင်မြင့်(မုဒြာ)

Zawgyi

ေဆာင္းရာ သီမွာ “ခ်င္း” စားပါ

စာေရးသူ၏ မိတ္ေဆြ တစ္ဦးသည္ လက္ဖက္ရည္ အလြန္ႀကိဳက္သူ တစ္ဦးျဖစ္သည္။ ေဈးေရာင္းရင္း ဆိုင္ထိုင္ရင္း တစ္ေန႔လၽွင္ လက္ဖက္ရည္ အခ်ိဳ႕ေပါ့က် တစ္ေန႔လၽွင္ သုံးခြက္၊ ေလးခြက္ ေသာက္သည္ဟု ဆိုသည္။

သူ႔ ေသာက္နည္းမွာ အျခား သူမ်ားႏွင့္ မတူ ခ်င္းကို ခပ္ပါးပါး လွီးထားေသာ အဖတ္ကေလး မ်ားကို ႏွစ္ဖတ္ သုံးဖတ္မၽွ လက္ဖက္ရည္ ထဲတြင္ စိမ္ထားၿပီး ျဖည္းျဖည္းခ်င္း ေသာက္သည္။ သူ၏ လက္ဖက္ရည္မွာ ခ်င္းရနံ့ကေလး သင္းေနသည္။

မၾကာေသးမီ ကလည္း က်န္းမာေရး ဂ်ာနယ္ တစ္ေစာင္တြင္ အေနာက္တိုင္း ေဆးပညာရွင္ မ်ားက ဘလက္ ေကာ္ဖီတြင္ ခ်င္း ထည့္ေသာက္ ျခင္းျဖင့္ ေခါင္းကိုက္ ေဝဒနာကို သက္သာ ေစေၾကာင္း ေရးထားသည္ကို ဖတ္ရွု လိုက္ရသည္။

ခ်င္းကို နာက်င္ကိုက္ခဲ ေဝဒနာ ကုသ ရာတြင္လည္း အသုံးျပဳေၾကာင္း ေရးသား ထားသည္။ ခ်င္းကို အရည္ထုတ္ ယူၿပီး ဗိုက္ေအာင့္ ေဝဒနာႏွင့္ ပ်ိဳ႕ခ်င္ အန္ခ်င္ ျဖစ္ေသာ ေဝဒနာမ်ား တြင္လည္း သုံးစြဲသည္ဟု ေရးသား ထားသည္။

ခ်င္းသည္ မူလက အိႏၵိယနိုင္ငံမွ တင္သြင္းျခင္း ျဖစ္ၿပီး ပရေဆး ကုန္သည္မ်ားမွာ အိႏၵိယ လူမ်ိဳးမ်ား ျဖစ္ၾကသည္။

ခ်င္းေျခာက္ကို မပုပ္ မသိုးေစရန္ ထုံးရည္ဖ်န္းၿပီး သေဘၤာႀကီး မ်ားျဖင့္ သယ္ေဆာင္ တင္သြင္း လာသျဖင့္ သင္းေဘာခ်င္းေျခာက္ ဟူေသာ အသုံးအႏွုန္းမွာ ယေန႔ အထိ ပရေဆး ေလာကတြင္ သုံးစြဲေနဆဲ ျဖစ္သည္။

ေနာက္ပိုင္းတြင္ ခ်င္းကို ျမန္မာျပည္တြင္ စိုက္ပ်ိဳးသည္။ အထက္ ျမန္မာျပည္ ႏွင့္ ရွမ္းျပည္နယ္ မွထြက္ေသာ ခ်င္းတက္ မ်ားမွာ အပူဓာတ္ အားေကာင္းၿပီး က်စ္လ်စ္ မာေက်ာသျဖင့္ ခ်င္းတက္ေကာင္း အျဖစ္ အိႏၵိယ၊ ပါကစၥတန္ စေသာ နိုင္ငံမ်ားသို႔ပင္ ျပန္လည္ တင္ပို႔ရသည္။

ေက်ာက္မဲခ်င္း၊ ေအာင္ပန္းခ်င္း၊ ေက်ာက္ဆည္နယ္ သံရြာခ်င္းတက္ တို႔သည္ အတက္ႀကီးၿပီး အပူဓာတ္ အားေကာင္း သျဖင့္ နာမည္ ေက်ာ္ၾကားသည္။

လူႀကိဳက္ မ်ားေသာ ခ်င္းတက္မ်ား ျဖစ္သည္။

ခ်င္းကို ဟင္းခတ္ရာတြင္ အသုံးျပဳဆုံး လူမ်ိဳးမွာ တ႐ုတ္ လူမ်ိဳးမ်ား ျဖစ္ေၾကာင္း သိရသည္။ ဟင္းခတ္ အေမႊးအႀကိဳင္ အျဖစ္ သာမက အသားႏူးေအာင္ ခ်င္းတက္ ထည့္ခ်က္ ၾကသည္။ ခ်က္ျပဳတ္ေသာ အသားကို အစာအိမ္တြင္ ေရာက္လၽွင္ အစာေၾက ေစရန္လည္း ခ်င္းက အေထာက္အကူ ျပဳေၾကာင္း သိရသည္။

ေဆာင္းဥတုသည္ အျပင္ထြက္လၽွင္ အေအးပတ္ လြယ္ေသာ ဥတု ျဖစ္သည္။ အဝတ္အစား လုံျခဳံေအာင္ ဝတ္ဆင္ ထားသည့္ ၾကားကပင္ ဦးေခါင္းႏွင့္ လည္ပင္းကို အေအးပတ္ၿပီး အသံဝင္ျခင္း၊ လည္ေခ်ာင္း နာျခင္း၊ သြားနာႏွင့္ သြားဖုံးမ်ား အပူကန္ျခင္း၊ အာသီး ေရာင္ျခင္းမ်ား ျဖစ္ေလ့ရွိသည္။

ထိုသို႔အေအးပတ္ ျခင္းကို ခ်င္း လက္ဖက္ရည္ ေသာက္ျခင္းျဖင့္ ကာကြယ္ နိုင္သည္။ မိမိအိမ္တြင္ ေသာက္ေနက် ေရေႏြးၾကမ္း ထဲသို႔ ခ်င္းပါးပါး ႏွစ္လႊာ သုံးလႊာ လွီးထည့္ၿပီး ပူပူေလး ေသာက္ျခင္းျဖင့္ ကာကြယ္ နိုင္သည္။

အေအးပတ္ၿပီး အဖ်ားဝင္လၽွင္၊ ကိုယ္လက္မ်ား ေညာင္းညာ ကိုက္ခဲလၽွင္ ခ်င္းပါးပါး ခုနစ္လႊာ၊ ထန္းလ်က္ သုံးခဲ၊ ကြမ္းရြက္ တစ္ရြက္ကို ေျခ၍ မတ္ခြက္တြင္ ထည့္ၿပီး ေရေႏြးအျဖဴ ပူပူေလာင္း ထည့္ပါ။ ၁၅ မိနစ္ခန႔္ အေငြ႕လုံေအာင္ အုပ္ထားပါ။ ထို႔ေနာက္ အဖုံးဖြင့္ၿပီး မ်က္ႏွာ ႏွာေခါင္းေပါက္ျဖင့္ အေငြ႕ကို ရွူရင္း ျဖည္းျဖည္းခ်င္း ေသာက္ပါ။

အေအးမိျခင္းမွ သက္သာ ေစနိုင္သည္။

ခ်င္းသုပ္သည္ ျမန္မာလူမ်ိဳးမ်ား အႀကိဳက္ ရိုးရာ အစားအစာ ျဖစ္သည္။ ခ်င္းကို အႁမႊာေလးမ်ား ျခစ္ၿပီး ေရွာက္ရည္ျဖင့္ စိမ္ထားေသာ ခ်င္းႏွပ္သည္ ဝမ္းမီးေတာက္ၿပီး အစာေၾက ေစသည္။ အေအးပတ္ ျခင္းမွ ကာကြယ္ ေပးသည္။ လူႀကီးမ်ား ကိုယ္ေငြ႕ ေကာင္းေစရန္ ခ်င္းသုပ္ကို မၾကာခဏ ေကၽြးေပးျခင္းျဖင့္ က်န္းမာ ေစနိုင္သည္။

ေဆးဖက္ဝင္ အသုံးျပဳပုံမ်ား

၁။ ခ်င္းကိုပါးပါးလွီး (၇)လႊာ၊ သံပုရာသီးတစ္ျခမ္း၊ ပ်ားရည္တစ္ဇြန္း ေရေႏြးစိမ္ေသာက္ပါ။ ေန႔စဥ္တစ္ေန႔မတ္ခြက္တစ္ဝက္ေသာက္႐ုံျဖင့္ အဆီက်ၿပီး က်န္းမာေစသည္။

၂။ ေခါင္းကိုက္၊ မ်က္ရိုးကိုက္၊အေအးမိ ႏွာေစး ျဖစ္လၽွင္ ခ်င္းတက္ကိုပါးပါးလွီး နထင္ႏွစ္ဘက္မွာကပ္ထားပါ။

၃။ ဇက္ေၾကာတက္လၽွင္ ခ်င္းတက္ပါးပါးလွိး ဇက္ရင္းႏွင့္ ပခုံးတေလၽွာက္မွာကပ္ပါ။

၄။ အဖ်ားအနာ မွန္သမၽွ ခ်င္းျပဳပ္ရည္ ေသာက္ေပးလၽွင္ အခိုးပြင့္ၿပီးသက္သာေစသည္။

၅။ ေရွးက ျမန္မာလူမ်ိဳးမ်ား ဖ်ားလၽွင္ေသာက္သုံးခဲ့သည့္ အခိုးပြင့္ေဆးမွာ ခ်င္း၊ကြမ္းရြက္၊ထန္းလ်က္ျပဳပ္ရည္ျဖစ္သည္။

၆။ ေညႇာ္မိ၊အနာဝင္ ငန္းမန္းတက္ဖ်ားလၽွင္ ခ်င္း၊ကြမ္းရြက္၊ၾကပ္ခိုး၊ ဆားေလွာ္အနည္းငယ္ ထည့္ ျပဳပ္ေသာက္လၽွင္ သက္သာသည္။

၇။ ခ်င္းသည္ ေသြးက်ဲေစေသာသတၱိရွိသျဖင့္ ေသြးတိုးေရာဂါ၊ ႏွလုံးေသြးေၾကာက်ဥ္းေရာဂါ၊ ေျခေထာက္ ေသြးမေလၽွက္ေရာဂါရွိသူမ်ား ခ်င္းတက္အစိုကို ထုေထာင္း၍ အရည္ညႇစ္ယူၿပီး ဟင္းစားဇြန္းတစ္ဇြန္း ေသာက္ေပးပါ။ ပိန္ေစလိုလၽွင္ သံပရာရည္ ေရာေသာက္ပါ။ အစာေၾကေစလိုလၽွင္ ပ်ားရည္တစ္ဇြန္း ေရားစပ္ေသာက္ပါ။

ၾကည္လြင္ျမင့္(မုျဒာ)