ဆီမီးပူဇော်ရခြင်း ကြောင့် ရရှိသည့် အကျိုးများ

ဆီမီး လှူရသောအကျိုး

အလှူဒါနပြုကြရာ တွင် ဆီမီးလှူရသော အကျိုး ရှစ်ပါးဟူ၍ ရှိပါသည်။ ထိုအကျိုး ရှစ်ပါးတို့မှာ –

၁။ ဒိဗ္ဗစက္ခုဉာဏ်ကိုရခြင်း။

၂။ အမိ၀မ်းတွင်းမှ ကန်းသောအမျိုး၌ မဖြစ်ခြင်း၊

၃။ တွေဝေငိုက်မျဉ်းခြင်းမှကင်းခြင်း၊

၄။ ကြည်လင်သော မျက်စိရှိခြင်း၊

၅။ အမျိုးစည်းစိမ် အခြံအရံအားဖြင့် မြတ်ခြင်း၊

၆။ အမှတ်မရှိသော အရပ်၌ရှိသောဝတ္ထုတို့ကို ထိုအရပ်မှ မြင်နိုင်ခြင်း၊

၇။ တောက်ပသော အရောင်ရှိခြင်း၊

၈။ နတ်ကဲ့သို့တင့်တယ်ခြင်းဟူ၍ဖြစ်ကြပါသည်။

ချစ်စွာသော စာရှုသူများရှင့် …။ စာရှုသူများ အားလုံးလိုလိုပင် မြတ်စွာဘုရား ရှင်အား ဆီမီးလှူခြင်း ကုသိုလ်နှင့်အတော်ပင် နီးစပ်လှူဒါန်းကြဖူး ပေလိမ့်မည်။

တချို့လည်း နေ့ညမပြတ် ဆီမီးလှူဒါန်း ပူဇော်ကြသကဲ့သို့ အချို့လည်း ဘုရားစေတီ များတွင် သီတင်းကျွတ်၊ တန်ဆောင်တိုင်စသော အခါကြီးရက်ကြီးများ၌ ဆီမီးတစ် ထောင်အလှူများ၊ လျှပ်စစ်မီးအလှူများ စသည်ဖြင့် လှူဒါန်းကုသိုလ်ယူတတ်ကြပါ သည်။

အမှန်စင်စစ် လူတိုင်းလိုလို လွယ်ကူနီးစပ်၍လှူဒါန်းလေ့ရှိကြသော ဆီမီးအလှူ သည် နီးကပ်လွယ်ကူသလောက် အဘယ်မျှအကျိုးထူးပေးသည် ဆိုသည်ကို စာပေ များထဲမှ မှတ်သားမိသမျှကို ဆီမီးအလှူရှင်များ ကြည်ညိုသဒ္ဓါပွားများနိုင်ရန်နှင့် ၀မ်း မြောက်ကြည်သာ ရိုသေစွာ အလေးထားလှူဒါန်းနိုင်ရန် ရည်သန်လျက် မျှဝေတင်ဆက် လိုက်ရပါခြင်းပါ။

ဂေါတမ ဘုရားအလောင်းတော်သည် ဘဝ ပေါင်းများစွာ သံသရာတွင် ကျင်လည်တော်မူရင်း ရှေးရှေးဘဝက ပြုကျင့်ခဲ့ဖူးသော

အပရာပရိယ ဝေဒနိ ကံကြောင့် နတ်ပြည်မှ စုတေခဲ့ပြီး ပေါရာဏ ဒီပင်္ကရာဘုရားရှင်နှင့် အဖတူ အမိကွဲ မောင်နှမ တော်စပ်သော နှမ(မင်းသမီးတစ်ပါး)ဖြစ်လာခဲ့လေသည်။

(မှတ်ချက်။ ။ ပေါရာဏဒီပင်္ကရာ ဟူသည် လေးသချေင်္နှင့် ကမ္ဘာတစ်သိန်း၏ အထက်တစ်ဆူတည်းသာ ပွင့်သော (သာရကမ္ဘာ)တွင်ပွင့်တော်မူ သောဘုရားရှင် ဖြစ်ပါသည်။ ဓမ္ပာဝတီမြို့၏ မင်းမျိုးတွင်ဖြစ်ပြီး အနှစ်တစ်သောင်း နန်းတော်တွင်နေထိုင် ရင်း နိမိတ်ကြီးလေးပါးကိုမြင်ရာမှ တရားကိုသိလျက် တောထွက်တော်မူပြီးလျှင် ဒုက္ကရ စရိယ ခုနစ်ရက်မျှကျင့်ပြီးနောက် သဗ္ဗညုဘုရားရှင် ဖြစ်တော်မူခဲ့ခြင်း ဖြစ်ပါသည်။

ဂေါတမဘုရားအလောင်းတော် သုမေဓာရှင် ရသေ့ဘဝဖြင့် ဗျာဒိတ်ခံယူခဲ့သော ဒီပင်္ကရာဘုရားရှင်မဟုတ်ပါ။ ထိုဒီပင်္ကရာဘုရားရှင်အား ကျမ်းဂန်တို့၌ မစ္ဆိမဒီပင်္ကရာ ဘုရားရှင်ဟူ၍ ကွဲပြားစွာမှတ်သားရ ရပါသည်။

ပေါရာမာဒီပင်္ကရာဘုရားရှင် လက်ထက်တော်တွင် ပစ္ဆိမဒီပင်္ကရာဘုရားအ လောင်းတော်သည် ပစ္စည်းဥစ္စာ ကြယ်ဝချမ်းသာသော ပုဏ္ဏားအမျိုးတွင် ဖြစ်ခဲ့လေ၏။

တစ်နေ့တွင် ပါရာဏဒီပင်္ကရာဘုရားရှင် ဟောကြားတော်မူသော တရားတော်ကို နာကြားအပြီးတွင် ကာမဂုဏ်အပြစ်တို့ကို မြင်သည်ဖြစ်လျက် ရဟန်းပြုတော်မူလေ သည်။ရဟန်းဘဝမှာပင် အဘိဉာဉ်ငါးပါး၊ သမာပတ်ရှစ်ပါးကို ရတော်မူလေသည်။

ပစ္ဆိမဒီပင်္ကရာဘုရားအလောင်းတော်သည် ပေါရာဏဒီပင်္ကရာဘုရားရှင်အား ဖူးမြော်ရင်း အသရတော်ကို အားကျလျက် –

ငါလည်း ဘုရားဆုကိုတောင်းမှပဲဟု စိတ်အကြံဖြစ်လျက် သပိတ်ကိုပိုက်ကာ တစ်မြို့လုံးလှည့်လည်၍ ဆီအလှူခံတော်မူလေ၏။

ရသမျှသောဆီနှင့် တစ်ဉာဉ့် ပတ်လုံး ဘုရားရှင်အား မီးပူဇော်လှူဒါန်းခဲ့လေသည်။ ဆီမီးပူဇော်အပြီးတွင် နောင်အခါ အရှင်မြတ်ကဲ့သို့ ဘုရားဖြစ်ရပါလို၏ဟု ဆုတောင်းခဲ့ဖူးလေသည်။

ပေါရာဏဒီပင်္ကရာဘုရားရှင်မှလည်း ဤကဲ့သို့ ဆီမီးပူဇော်ရတဲ့ ကောင်းမှု ကြောင့် သင်သည် ဒီပင်္ကရာဟူသော အမည်ဖြင့် ဘုရားစင်စစ်ဖြစ်ပေလိမ့်မည်ဟု ဗျာဒိတ်စကားမိန့်ကြားတော်မူသည်။

ပစ္ဆိမဒီပင်္ကရာဘုရာအလောင်းတော်ရဟန်းလည်း ဗျာဒိတ် ရသောနေ့မှစ၍ အမြဲပင် ဆီအလှူခံကာ ဆီမီးလှူဒါန်းခြင်းကို ပြုလေသည်။

တစ်နေ့သော် အလောင်းတော် ရဟန်းသည် ဆီအလှူခံရန် နန်းတော်သို့ ၀င်လေသည်။ ထိုအခြင်းအရာကို ပေါရာဏဒီပင်္ကရာဘုရားရှင်နှင့် အဖတူ အမိကွဲ မင်းသမီးသည် ဘုံခုနစ်ဆင့်ရှိသော ပြာသာဒ် အထက်၌နေရင်း သပိတ်ပိုက်၍ ဆွမ်းခံကြွ လာ သောရဟန်းတော်ကို မြင်လေသည်။ မင်းသမီး လည်း –

အင်း ဒီအချိန်ကတော့ ညနေချိန်ဆို တော့ ဒီကိုယ်တော် ဆွမ်းခံတာတော့ မဟုတ် နိုင်ဘူး။ ဘာများ အလှူခံပါလိမ့်ဟု တွေး ရင်း သိလိုစိတ်ဖြင့် အလုပ်အကျွေး မိန်းမအား စုံစမ်းစေလေသည်။ အကြောင်းစုံကို သိလေ သော် ရဟန်းတော်အား အပင့်ခိုင်းပြီးလျှင် ရွှေအဆင်းနှင့်တူသော မုန်ညင်းဆီများကို လောင်းလှူလေသည်။ ထိုသို့လှူဒါန်းပြီး နောက်
အရှင်ဘုရား တပည့်တော်သည် ဤ မုန်ညင်းဆီ လှူရသောကောင်းမှုကံကြောင့် နောင်သောအခါသဗ္ဗညု ဘုရားစင်စစ်ဖြစ်၍ ဤမုန်ညင်းဆီ၏ နာမည်ဖြင့် (သိဒ္ဓတ္ထ)ဟူသော အမည်ကိုလည်း ရ ရပါလို၏။

ဒီအကြောင်းကောင်းမှု ဆုတောင်းမှုကိုလည်း မောင်တော်ဘုရားကို လျှောက်တင်ပေးပါဘုရား}ဟု လျှောက်တင်လေသည်။

ရဟန်းတော်(ပစ္ဆိမဒီပင်္ကရာဘုရားအလောင်းတော်)လည်း နှမတော်မင်းသမီး မှာကြားသည့် အတိုင်း ပေါရာဏဒီပင်္ကရာဘုရားအား လျှောက်ထားလေရာ ဘုရားရှင်က

ရဟန်း ယခုငါ၏နှမသည် မိန်းမသားဖြစ်လို့ ဗျာဒိတ်မရအပ်ဘူး။ ရဟန်း ဘုရားဖြစ်အောင် ပြုတတ်သော တရားတို့မည်သည် အလွန်ခဲယဉ်းကုန်လေ၏။

ကမ္ဘာတစ် သိန်းပတ်လုံး ပါရမီတော်များကို ဖြည့်ကျင့်၍ မြဲသောလုံ့လလည်းရှိရမည်။ တည်တံ့ ခိုင်မာသော ဆုတောင်းလည်းရှိရမည်။

လူဖြစ်ခြင်း ယောကျ်ားစစ်ဖြစ်ခြင်း၊ အရဟတ္တဖိုလ်ရခြင်း၏ အကြောင်းရဟန်း ဖြစ်ခြင်း၊ သက်တော်ထင်ရှား ဘုရားရှင်ကို ဖူးမြင်ရခြင်း၊ ရသေ့ရဟန်းဖြစ်ခြင်း၊ အဘိ ဉာဉ်သမာပတ်နှင့်ပြည့်စုံခြင်း ကိုယ့်အသက်ကိုစွန့်လွှတ်နိုင်သောလွန်ကဲသော ကုသိုလ်ရှိ ခြင်း၊ အလွန်အကဲဘုရားဖြစ်လိုခြင်း၊ ဟူသောရှစ်ပါးသော အင်္ဂါတို့ပေါင်းဆုံမိရမည်။ သို့ မှသာ နိယနဗျာဒိတ်ခံ၍ ဆုပန်ခြင်းပြည့်စုံနိုင်တယ်။

နှမတော်သည် ဤအင်္ဂါတို့နှင့် မပြည့်စုံသောကြောင့် ဗျာဒိတ်မရနိုင်ပေဘူးဟု မိန့်တော်မူလေသည်။

ထိုအခါ ရဟန်းတော်က –

အရှင်ဘုရားဒီအတိုင်းဆိုလျှင် အရှင်ဘုရား၏ နှမတော်သည် သူတောင့်တ အပ်သော ဘုရားအဖြစ်ကို မရနိုင်တော့ဘူးလားဘုရားဟု လျှောက်ပြန်လေသည်။

ထိုအခါ ဘုရားရှင်က အနာဂတသ ဉာဏ်တော်ဖြင့်ကြည့်လေသော် နှမတော်သည် ဘုရားဖြစ်အောင် ပါရမီဖြည့်နိုင်စွမ်းသော အင်အားကို မြင်တော်မူလေသည်။

ထို့နောက် ဤသို့ မိန့်တော်မူလေသည်။

ရဟန်း … ဤကမ္ဘာမှ ၁၆ သချေင်္၊ ကမ္ဘာ တစ်သိန်းလွန်သောအခါ သင်ရဟန်းသည် ငါကဲ့သို့ ဒီပင်္ကရာဟူသော အမည်ဖြင့် ဘုရားဖြစ်လိမ့်မည်။ ထိုအခါ သင်သည် နှမတော်ကို ဗျာဒိတ်စကား

မိန့်ကြားနိုင်လိမ့်မည်ဟု မျက်ကွက် ဗျာဒိတ် စကားကို မိန့်ကြားတော်မူခဲ့ပါလေသည်။

အထက်ဖော်ပြပါ ဇာတ်တော်သည်သော တတ္တတီကျမ်းလာ အကြောင်းအရာ များ ဖြစ်ပါသည်။

ထိုကျမ်းလာ အရဆိုပါလျှင် ပစ္ဆိမဒီပင်္ကရာဘုရား အလောင်းတော် သည် ပေါရဏဒီပင်္ကရာ ဘုရားရှင်အား ဆီမီးအလှူကို ကောင်းစွာ တခမ်းတနား လှူဒါန်း၍ ဘုရားဆုကို ပန်ခဲ့ဖူးလေသည်။

တစ်ဖန် ဂေါတမဘုရားအလောင်းတော် နုစဉ်ကာလ အမျိုးသမီးဘဝဖြင့် မျက်ကွယ်ဗျာဒိတ်ကို တောင်းခံရာတွင်လည်း ဆီမီး လှူရန်အလို့ငှာ မုန်ညင်းဆီကို ပစ္ဆိမဒီပင်္ကရာ အလောင်းတော်အား လှူဒါန်းခဲ့ခြင်း ဖြစ်လေသည်။ သို့ဖြစ်ပါ၍ ဆီမီးလှူရခြင်း၏ အကျိုးသည် သဒ္ဒါပြဋ္ဌာန်းမှု အား ကောင်းလျှင် အားကောင်းသလောက် အကျိုးထူးများစွာပေးတတ်သော ကုသိုလ်တော် ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

ကျမ်းကိုး။ ။ ဤစာစုအားတင်ဆက်ခြင်းသည် သုခမှတ်စု မြန်မာအဘိဓာန် တို့မှ ကောက်နုတ်ခြင်းဖြစ်ပြီး အထူးအားဖြင့် နိုင်ငံတော်သြဝါဒါစရိယ မြန်မာစာ သြဝါဒစရိယ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ထီးချိုင့်မြို့ တည်တောဆရာတော် ဘုရား ကြီး၏ ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေ မှ

ဇင်လဲ့ရည်နွယ်

Zawgyi

ဆီမီး လွဴရေသာအက်ိဳး

အလွဴဒါနျပဳၾကရာ တြင္ ဆီမီးလွဴရေသာ အက်ဳိး ရွစ္ပါးဟူ၍ ရွိပါသည္။ ထိုအက်ဳိး ရွစ္ပါးတို႔မွာ –

၁။ ဒိဗၺစကၡဳဉာဏ္ကိုရျခင္း။

၂။ အမိ၀မ္းတြင္းမွ ကန္းေသာအမ်ဳိး၌ မျဖစ္ျခင္း၊

၃။ ေတြေ၀ငိုက္မ်ဥ္းျခင္းမွကင္းျခင္း၊

၄။ ၾကည္လင္ေသာ မ်က္စိရွိျခင္း၊

၅။ အမ်ဳိးစည္းစိမ္ အၿခံအရံအားျဖင့္ ျမတ္ျခင္း၊

၆။ အမွတ္မရွိေသာ အရပ္၌ရွိေသာ၀တၳဳတို႔ကို ထိုအရပ္မွ ျမင္ႏိုင္ျခင္း၊

၇။ ေတာက္ပေသာ အေရာင္ရွိျခင္း၊

၈။ နတ္ကဲ့သို႔တင့္တယ္ျခင္းဟူ၍ျဖစ္ၾကပါသည္။

ခ်စ္စြာေသာ စာ႐ႈသူမ်ားရွင့္ …။ စာ႐ႈသူမ်ား အားလံုးလိုလိုပင္ ျမတ္စြာဘုရား ရွင္အား ဆီမီးလွဴျခင္း ကုသိုလ္ႏွင့္အေတာ္ပင္ နီးစပ္လွဴဒါန္းၾကဖူး ေပလိမ့္မည္။

တခ်ဳိ႕လည္း ေန႔ညမျပတ္ ဆီမီးလွဴဒါန္း ပူေဇာ္ၾကသကဲ့သို႔ အခ်ဳိ႕လည္း ဘုရားေစတီ မ်ားတြင္ သီတင္းကြၽတ္၊ တန္ေဆာင္တိုင္စေသာ အခါႀကီးရက္ႀကီးမ်ား၌ ဆီမီးတစ္ ေထာင္အလွဴမ်ား၊ လွ်ပ္စစ္မီးအလွဴမ်ား စသည္ျဖင့္ လွဴဒါန္းကုသုိလ္ယူတတ္ၾကပါ သည္။

အမွန္စင္စစ္ လူတိုင္းလိုလို လြယ္ကူနီးစပ္၍လွဴဒါန္းေလ့ရွိၾကေသာ ဆီမီးအလွဴ သည္ နီးကပ္လြယ္ကူသေလာက္ အဘယ္မွ်အက်ဳိးထူးေပးသည္ ဆိုသည္ကို စာေပ မ်ားထဲမွ မွတ္သားမိသမွ်ကို ဆီမီးအလွဴရွင္မ်ား ၾကည္ညိဳသဒၶါပြားမ်ားႏိုင္ရန္ႏွင့္ ၀မ္း ေျမာက္ၾကည္သာ ႐ိုေသစြာ အေလးထားလွဴဒါန္းႏိုင္ရန္ ရည္သန္လ်က္ မွ်ေ၀တင္ဆက္ လိုက္ရပါျခင္းပါ။

ေဂါတမ ဘုရားအေလာင္းေတာ္သည္ ဘ၀ ေပါင္းမ်ားစြာ သံသရာတြင္ က်င္လည္ေတာ္မူရင္း ေရွးေရွးဘ၀က ျပဳက်င့္ခဲ့ဖူးေသာ

အပရာပရိယ ေ၀ဒနိ ကံေၾကာင့္ နတ္ျပည္မွ စုေတခဲ့ၿပီး ေပါရာဏ ဒီပကၤရာဘုရားရွင္ႏွင့္ အဖတူ အမိကြဲ ေမာင္ႏွမ ေတာ္စပ္ေသာ ႏွမ(မင္းသမီးတစ္ပါး)ျဖစ္လာခဲ့ေလသည္။

(မွတ္ခ်က္။ ။ ေပါရာဏဒီပကၤရာ ဟူသည္ ေလးသေခ်ၤႏွင့္ ကမၻာတစ္သိန္း၏ အထက္တစ္ဆူတည္းသာ ပြင့္ေသာ (သာရကမၻာ)တြင္ပြင့္ေတာ္မူ ေသာဘုရားရွင္ ျဖစ္ပါသည္။ ဓမၸာ၀တီၿမိဳ႕၏ မင္းမ်ဳိးတြင္ျဖစ္ၿပီး အႏွစ္တစ္ေသာင္း နန္းေတာ္တြင္ေနထိုင္ ရင္း နိမိတ္ႀကီးေလးပါးကိုျမင္ရာမွ တရားကိုသိလ်က္ ေတာထြက္ေတာ္မူၿပီးလွ်င္ ဒုကၠရ စရိယ ခုနစ္ရက္မွ်က်င့္ၿပီးေနာက္ သဗၺညဳဘုရားရွင္ ျဖစ္ေတာ္မူခဲ့ျခင္း ျဖစ္ပါသည္။

ေဂါတမဘုရားအေလာင္းေတာ္ သုေမဓာရွင္ ရေသ့ဘ၀ျဖင့္ ဗ်ာဒိတ္ခံယူခဲ့ေသာ ဒီပကၤရာဘုရားရွင္မဟုတ္ပါ။ ထိုဒီပကၤရာဘုရားရွင္အား က်မ္းဂန္တို႔၌ မစၦိမဒီပကၤရာ ဘုရားရွင္ဟူ၍ ကြဲျပားစြာမွတ္သားရ ရပါသည္။

ေပါရာမာဒီပကၤရာဘုရားရွင္ လက္ထက္ေတာ္တြင္ ပစၦိမဒီပကၤရာဘုရားအ ေလာင္းေတာ္သည္ ပစၥည္းဥစၥာ ၾကယ္၀ခ်မ္းသာေသာ ပုဏၰားအမ်ဳိးတြင္ ျဖစ္ခဲ့ေလ၏။

တစ္ေန႔တြင္ ပါရာဏဒီပကၤရာဘုရားရွင္ ေဟာၾကားေတာ္မူေသာ တရားေတာ္ကို နာၾကားအၿပီးတြင္ ကာမဂုဏ္အျပစ္တို႔ကို ျမင္သည္ျဖစ္လ်က္ ရဟန္းျပဳေတာ္မူေလ သည္။ရဟန္းဘ၀မွာပင္ အဘိဉာဥ္ငါးပါး၊ သမာပတ္ရွစ္ပါးကို ရေတာ္မူေလသည္။

ပစၦိမဒီပကၤရာဘုရားအေလာင္းေတာ္သည္ ေပါရာဏဒီပကၤရာဘုရားရွင္အား ဖူးေျမာ္ရင္း အသရေတာ္ကို အားက်လ်က္ –

ငါလည္း ဘုရားဆုကိုေတာင္းမွပဲဟု စိတ္အႀကံျဖစ္လ်က္ သပိတ္ကိုပိုက္ကာ တစ္ၿမိဳ႕လံုးလွည့္လည္၍ ဆီအလွဴခံေတာ္မူေလ၏။

ရသမွ်ေသာဆီႏွင့္ တစ္ဉာဥ့္ ပတ္လံုး ဘုရားရွင္အား မီးပူေဇာ္လွဴဒါန္းခဲ့ေလသည္။ ဆီမီးပူေဇာ္အၿပီးတြင္ ေနာင္အခါ အရွင္ျမတ္ကဲ့သို႔ ဘုရားျဖစ္ရပါလို၏ဟု ဆုေတာင္းခဲ့ဖူးေလသည္။

ေပါရာဏဒီပကၤရာဘုရားရွင္မွလည္း ဤကဲ့သို႔ ဆီမီးပူေဇာ္ရတဲ့ ေကာင္းမႈ ေၾကာင့္ သင္သည္ ဒီပကၤရာဟူေသာ အမည္ျဖင့္ ဘုရားစင္စစ္ျဖစ္ေပလိမ့္မည္ဟု ဗ်ာဒိတ္စကားမိန္႔ၾကားေတာ္မူသည္။

ပစၦိမဒီပကၤရာဘုရာအေလာင္းေတာ္ရဟန္းလည္း ဗ်ာဒိတ္ ရေသာေန႔မွစ၍ အၿမဲပင္ ဆီအလွဴခံကာ ဆီမီးလွဴဒါန္းျခင္းကို ျပဳေလသည္။

တစ္ေန႔ေသာ္ အေလာင္းေတာ္ ရဟန္းသည္ ဆီအလွဴခံရန္ နန္းေတာ္သို႔ ၀င္ေလသည္။ ထိုအျခင္းအရာကို ေပါရာဏဒီပကၤရာဘုရားရွင္ႏွင့္ အဖတူ အမိကြဲ မင္းသမီးသည္ ဘံုခုနစ္ဆင့္ရွိေသာ ျပာသာဒ္ အထက္၌ေနရင္း သပိတ္ပိုက္၍ ဆြမ္းခံႂကြ လာ ေသာရဟန္းေတာ္ကို ျမင္ေလသည္။ မင္းသမီး လည္း –

အင္း ဒီအခ်ိန္ကေတာ့ ညေနခ်ိန္ဆို ေတာ့ ဒီကိုယ္ေတာ္ ဆြမ္းခံတာေတာ့ မဟုတ္ ႏိုင္ဘူး။ ဘာမ်ား အလွဴခံပါလိမ့္ဟု ေတြး ရင္း သိလိုစိတ္ျဖင့္ အလုပ္အေကြၽး မိန္းမအား စံုစမ္းေစေလသည္။ အေၾကာင္းစံုကို သိေလ ေသာ္ ရဟန္းေတာ္အား အပင့္ခိုင္းၿပီးလွ်င္ ေရႊအဆင္းႏွင့္တူေသာ မုန္ညင္းဆီမ်ားကို ေလာင္းလွဴေလသည္။ ထိုသို႔လွဴဒါန္းၿပီး ေနာက္
အရွင္ဘုရား တပည့္ေတာ္သည္ ဤ မုန္ညင္းဆီ လွဴရေသာေကာင္းမႈကံေၾကာင့္ ေနာင္ေသာအခါသဗၺညဳ ဘုရားစင္စစ္ျဖစ္၍ ဤမုန္ညင္းဆီ၏ နာမည္ျဖင့္ (သိဒၶတၴ)ဟူေသာ အမည္ကိုလည္း ရ ရပါလို၏။

ဒီအေၾကာင္းေကာင္းမႈ ဆုေတာင္းမႈကိုလည္း ေမာင္ေတာ္ဘုရားကို ေလွ်ာက္တင္ေပးပါဘုရား}ဟု ေလွ်ာက္တင္ေလသည္။

ရဟန္းေတာ္(ပစၦိမဒီပကၤရာဘုရားအေလာင္းေတာ္)လည္း ႏွမေတာ္မင္းသမီး မွာၾကားသည့္ အတိုင္း ေပါရာဏဒီပကၤရာဘုရားအား ေလွ်ာက္ထားေလရာ ဘုရားရွင္က

ရဟန္း ယခုငါ၏ႏွမသည္ မိန္းမသားျဖစ္လို႔ ဗ်ာဒိတ္မရအပ္ဘူး။ ရဟန္း ဘုရားျဖစ္ေအာင္ ျပဳတတ္ေသာ တရားတို႔မည္သည္ အလြန္ခဲယဥ္းကုန္ေလ၏။

ကမၻာတစ္ သိန္းပတ္လံုး ပါရမီေတာ္မ်ားကို ျဖည့္က်င့္၍ ၿမဲေသာလံု႔လလည္းရွိရမည္။ တည္တံ့ ခိုင္မာေသာ ဆုေတာင္းလည္းရွိရမည္။

လူျဖစ္ျခင္း ေယာက်္ားစစ္ျဖစ္ျခင္း၊ အရဟတၱဖိုလ္ရျခင္း၏ အေၾကာင္းရဟန္း ျဖစ္ျခင္း၊ သက္ေတာ္ထင္ရွား ဘုရားရွင္ကို ဖူးျမင္ရျခင္း၊ ရေသ့ရဟန္းျဖစ္ျခင္း၊ အဘိ ဉာဥ္သမာပတ္ႏွင့္ျပည့္စံုျခင္း ကိုယ့္အသက္ကိုစြန္႔လႊတ္ႏိုင္ေသာလြန္ကဲေသာ ကုသုိလ္ရွိ ျခင္း၊ အလြန္အကဲဘုရားျဖစ္လိုျခင္း၊ ဟူေသာရွစ္ပါးေသာ အဂၤါတို႔ေပါင္းဆံုမိရမည္။ သို႔ မွသာ နိယနဗ်ာဒိတ္ခံ၍ ဆုပန္ျခင္းျပည့္စံုႏိုင္တယ္။

ႏွမေတာ္သည္ ဤအဂၤါတို႔ႏွင့္ မျပည့္စံုေသာေၾကာင့္ ဗ်ာဒိတ္မရႏိုင္ေပဘူးဟု မိန္႔ေတာ္မူေလသည္။

ထိုအခါ ရဟန္းေတာ္က –

အရွင္ဘုရားဒီအတုိင္းဆိုလွ်င္ အရွင္ဘုရား၏ ႏွမေတာ္သည္ သူေတာင့္တ အပ္ေသာ ဘုရားအျဖစ္ကုိ မရႏိုင္ေတာ့ဘူးလားဘုရားဟု ေလွ်ာက္ျပန္ေလသည္။

ထိုအခါ ဘုရားရွင္က အနာဂတသ ဉာဏ္ေတာ္ျဖင့္ၾကည့္ေလေသာ္ ႏွမေတာ္သည္ ဘုရားျဖစ္ေအာင္ ပါရမီျဖည့္ႏိုင္စြမ္းေသာ အင္အားကို ျမင္ေတာ္မူေလသည္။

ထို႔ေနာက္ ဤသို႔ မိန္႔ေတာ္မူေလသည္။

ရဟန္း … ဤကမၻာမွ ၁၆ သေခ်ၤ၊ ကမၻာ တစ္သိန္းလြန္ေသာအခါ သင္ရဟန္းသည္ ငါကဲ့သို႔ ဒီပကၤရာဟူေသာ အမည္ျဖင့္ ဘုရားျဖစ္လိမ့္မည္။ ထိုအခါ သင္သည္ ႏွမေတာ္ကို ဗ်ာဒိတ္စကား

မိန္႔ၾကားႏိုင္လိမ့္မည္ဟု မ်က္ကြက္ ဗ်ာဒိတ္ စကားကို မိန္႕ၾကားေတာ္မူခဲ့ပါေလသည္။

အထက္ေဖာ္ျပပါ ဇာတ္ေတာ္သည္ေသာ တတၱတီက်မ္းလာ အေၾကာင္းအရာ မ်ား ျဖစ္ပါသည္။

ထိုက်မ္းလာ အရဆိုပါလွ်င္ ပစၦိမဒီပကၤရာဘုရား အေလာင္းေတာ္ သည္ ေပါရဏဒီပကၤရာ ဘုရားရွင္အား ဆီမီးအလွဴကို ေကာင္းစြာ တခမ္းတနား လွဴဒါန္း၍ ဘုရားဆုကို ပန္ခဲ့ဖူးေလသည္။

တစ္ဖန္ ေဂါတမဘုရားအေလာင္းေတာ္ ႏုစဥ္ကာလ အမ်ဳိးသမီးဘ၀ျဖင့္ မ်က္ကြယ္ဗ်ာဒိတ္ကို ေတာင္းခံရာတြင္လည္း ဆီမီး လွဴရန္အလို႔ငွာ မုန္ညင္းဆီကို ပစၦိမဒီပကၤရာ အေလာင္းေတာ္အား လွဴဒါန္းခဲ့ျခင္း ျဖစ္ေလသည္။ သို႔ျဖစ္ပါ၍ ဆီမီးလွဴရျခင္း၏ အက်ဳိးသည္ သဒၵါျပ႒ာန္းမႈ အား ေကာင္းလွ်င္ အားေကာင္းသေလာက္ အက်ဳိးထူးမ်ားစြာေပးတတ္ေသာ ကုသိုလ္ေတာ္ ျဖစ္ပါေၾကာင္း ေရးသားတင္ျပလိုက္ရပါတယ္။

က်မ္းကိုး။ ။ ဤစာစုအားတင္ဆက္ျခင္းသည္ သုခမွတ္စု ျမန္မာအဘိဓာန္ တို႔မွ ေကာက္ႏုတ္ျခင္းျဖစ္ၿပီး အထူးအားျဖင့္ ႏိုင္ငံေတာ္ၾသ၀ါဒါစရိယ ျမန္မာစာ ၾသ၀ါဒစရိယ အဂၢမဟာသဒၶမၼေဇာတိကဓဇ၊ ထီးခ်ဳိင့္ၿမိဳ႕ တည္ေတာဆရာေတာ္ ဘုရား ႀကီး၏ ယေန႔ဗုဒၶ၀ါဒဆိုင္ရာ အေမးအေျဖ မွ

ဇင္လဲ့ရည္ႏြယ္