ခြေအိပ်စွပ်ပြီး အိပ်တာ မျက်စိထိခိုက် ပါသလား

ခြေအိတ်စွပ်လျက် ညအိပ်တာ ကောင်းလား

ငယ်ငယ်က တောင်ကြီး တခေါက်ရောက်တော့ နယ်ခံ လူကြီးကညဘက်ခြေအိတ်စွပ်မအိပ်နဲ့မျက်စိထိခိုက်တယ်လို့ပြောကြပါတယ်။

အသက်ငယ်သေးလို့ အအေးဒါဏ် ခံနိုင်တာက တကြောင်းခြေအိတ်စွပ်လေ့မရှိတာကတကြောင်း အထူးတလည်ရှောင်စရာ မရှိခဲ့ပါ။

ဒါပေမယ့် အေးတဲ့ဒေသမှာ ညဘက် ခြေအိတ် စွပ် မအိပ်ရဘူး ဆိုတဲ့သတိပေးစကားကို အမှတ် အသား ပြုလာခဲ့ကြပါတယ်။

အသက်ကြီးတဲ့ အခါကျတော့လည်း ခြေအိပ်စွပ်တတ်တဲ့ အလေ့အကျင့် မရှိတာကြောင့် …ဆောင်းရာသီ ရောက်လည်း အနွေးထည် ထူထူဝတ် စောင်လုံအောင်ခြုံ ဒီလိုနဲ့ပဲ ည အအေး ကို အံတုခဲ့တာကြာလှပါပြီ။

တနေ့က အသက် ၈၅ နှစ် ရှိတဲ့လူနာ တစ်ယောက် ခြေကျင်းဝတ် ယားလွန်းလို့ ကပ်ကျေးနဲ့ ခြစ်ပစ်တာ အသားတွေ ပွန်းပဲ့ ရောင်ရမ်းကုန်လို့ ဆေးခန်း ရောက်လာပါတယ်။

လူနာက သူ့အနာ ဒါဏ်ရာတွေ ပြမယ်ဆိုပြီး ခြေထောက် ခုတင်ပေါ် တင်လိုက်တော့ ခြေအိတ်စွပ်ထားတာ သတိပြုမိတယ်။

ညအိပ်တဲ့အခါ ခြေအိတ် စွပ်အိတ်သလား မေးတဲ့အခါ စွပ်အိပ်တယ်တဲ့ – ခြေအိတ် စွပ် ခြင်းနဲ့ ပတ်သက်တဲ့ ငယ်ငယ်က အသိကစိတ်ထဲမှာ ပြူထွက် လာတယ်။

အသက် ၈၅ နှစ် လူကြီး တစ်ယောက် အရွယ်နဲ့ မမျှ သန်သန် မာမာ ရှိနေတာကို သဘောကျ နေတာ ဆိုတော့..

ခြေအိတ် စွပ်အိပ်တဲ့ အလေ့အကျင့်ကြောင့် မျက်စိများ ထိခိုက်သွားခဲ့သော် ဆိုတဲ့ စိုးရိမ် ပူပန်မူက စိတ်ထဲရောက်လာပါတယ်။

ညဘက် ခြေအိတ် စွပ်အိပ်ခြင်းက အန္တရာယ် ကင်း မကင်းသိချင် လာပါတယ်။အင်တာနက်က ကျန်းမာရေး ဆိုက်တွေထဲ လိုက်ရှာကြည့်တော့ တွေ့ပါတယ်။

အပြစ်ရယ်လို ဖော်ပြတာ မတွေ့ရပဲ ကောင်းကျိုး တွေ ဖော်ပြတာပဲ တွေ့ရပါတယ်။မြန်မြန် အိပ်ပျော်စေတယ်။

လေ့လာမူများအရ ခြေအိတ်စွပ်လျှက် အိပ်ခြင်းက အိပ်ပျော်ဖို့ အထောက်အကူပြုတာ တွေ့ကြရပါတယ်။

အိပ်ရာထဲ ခြေအိတ် စွပ်လျှက် အိပ်ရင် ပူလှောင် နေလိမ့်မည်ဟု ထင်စရာရှိပါသည်။

အမှန်က ဒီလို ခြေအိတ် စွပ်ထားခြင်းက ကိုယ်တွင်း အပူချိန် ထိမ်းသိမ်းမူကို အထောက်အကူ ပြုတာ တွေ့ရပါသည်။

၂၀၀၇ ခုနှစ်က စမ်းသပ်မူ တစ်ခုက ရိုးရိုးခြေအိတ် စွပ်ထားသည် ဖြစ်ဖြစ် , အပူပေးထားတဲ့ခြေအိတ် စွပ်ထားသည်ဖြစ်စေ လျှင်မြန်စွာ အိပ်ပျော်စေတာကို တွေ့ရှိခဲ့ပါတယ်။

ရှင်းပြချက် •••

ကိုယ်တွင်း အပူ ဓာတ်က ညဖက်မှာ ကျဆင်းသွားပါတယ်မနက် ၄ နာရီ လောက်မှာ အနိမ့်ဆုံး ကိုရောက်ရှိပါတယ်။

ပုံမှန် ကိုယ်အပူချိန်က 98.6F ဖာရင်ဟိုက် ဖြစ်ပါတယ်၂၄ နာရီတလျှောက်မှာ ၁. ၂ ဒီဂရီ အပြောင်းအလဲရှိပါတယ်။

ခြေအိတ်စွပ်ထားလို့ ခြေထောက် နွေးလာခြင်းက သွေးကြော များ ကျယ်လာစေပါတယ်။

သွေးကြောကျယ်လာပြီး အရေပြားမှတဆင့် အပူစွန့်ထုတ်ပါတယ် – အရေပြား ပူနွေး လာပါတယ်။

ဒီနည်းနဲ့ ခန္ဓာကိုယ်တွင်း အပူချိန်..core body temperature ကျဆင်းစေပါတယ်

အပူချိန် ကျဆင်းခြင်းက ဦးနှောက်ကို ည အချိန်ရောက်ပြီလို့သတင်း ပို့ပါတယ်။အရေပြား ပူနွေး လာခြင်းက မြန်မြန် အိပ်စေပါတယ်။

လူ ခန္ဓာမှာ ဇီဝနာရီ biological clock ရှိပါတယ်ကိုယ်တွင်း အပူချိန် core body temperature ကbiological clock နဲ့ ဆက်စပ်ပါတယ်။

၄င်းတို့ရဲ့ စည်းချက်ကျ လုပ်ဆောင်မူကို circadian rhythm လို့ခေါ်ပါတယ်။circadian rhythm က အိပ်ချိန်ကို သတ်မှတ်ပါတယ်။

သူ့ကြောင့် လူဟာ ညရောက်လျှင် အိပ်ချင်ပြီး , မနက်ကျနိုးလာတာ ဖြစ်ပါတယ်။

ကိုယ်အပူချိန်က မနက်ကစပြီး တဖြည့်ဖြည်းတက်လာတာနေ့လည် နောက်ပိုင်း အချိန်မှာ အမြင့်ဆုံး ရောက်လာပါတယ် –

ဒီ အချိန်တွေမှာ လူက နိုးကြားပြီး ဖျတ်လတ်နေပါတယ်။လူ အိပ်သွားပြီ ဆိုလျှင် ကိုယ်အပူချိန် ၁.၂ ဒီဂရီ လောက်ကျဆင်းသွားပါပြီ ..ဒါဟာ ကိုယ်တွင်းအဂါင်္တွေအတွက် အပူကို ထိန်းသိမ်းထားလိုက်လို့ ဖြစ်ပါတယ်။

ခြေအိတ်စွပ်ပြီး အိပ်တဲ့အခါ ဒီ အပူ ထိန်းခြင်းအတွက် အထောက်အကူ ဖြစ်စေပါတယ်။

ရေးနော့လက္ခဏာ လျော့ပါးစေတယ်( Reducing Raynaud’s Symptoms )အလွန်အေးတဲ့အခါ အလွန်ဖိစီးနေတဲ့အခါ ခြေဖျားလက်ဖျား

မှာ သွေးကြောတွေ ကျဉ်းကုန်ပြီး သွေးလျှောက် နည်းသွားလို့ ခြေ လက်တွေ ပြာလာပြီး ထုံ ကျဉ် လာတာကို ရေနောရောဂါ ရခြင်း လို့ခေါ်ပါတယ်။

ခြေအိတ် စွပ်အိပ်မယ်ဆိုရင် ဒီလို ရေနော လက္ခဏာ ခံစား ရမူ လျော့စေမှာ ဖြစ်ပါတယ်။

အပူပြန်ခြင်းကို ကာကွယ်ပါတယ်( Preventing hot flushes )

သွေးဆုံးချိန်မှာအမျိုးသမီးများက ချွေးထွက်လွန်ခြင်း ရင်တုန်ခြင်းနဲ့အတူမျက်နှာမှာအပူတွေထွက်နေတတ်ပါတယ် ခြေအိတ် စွပ်ပေးခြင်းက ကာကွယ်ပါတယ်။

လိ င်အတွက်ကောင်းတယ်အိပ်ချိန်မှာ ခြေအိတ် စွပ်အိတ်တဲ့ စုံတွဲတွေမှာ လိ င်ဆက်ဆံမူ ပိုမိုပြီးမြောက်စေကြောင်း တွေ့ခဲ့ရပါတယ်။

ခြေအိတ်က ချောင်ချောင်လည်လည် ဖြစ်ဖို့ လိုပါတယ်ချောင်လည်တာ ရွေးချယ် ဝယ်သင့်ပါတယ်ခြေအိတ်က တင်းကျပ်နေရင် သွေးလျောက်ခြင်းကိုအနှောက်အရှက် ဖြစ်စေပါတယ်

ထူထဲ နွေးထွေးတဲ့ ခြေအိတ်မှန်သမျှအသုံးပြုနိုင်ပါတယ်။

ဒေါက်တာ မြင့်သိန်း

Zawgyi

ေျခအိတ္စြပ္လ်က္ ညအိပ္တာ ေကာင္းလား

ငယ္ငယ္က ေတာင္ႀကီး တေခါက္ေရာက္ေတာ့ နယ္ခံ လူႀကီးကညဘက္ေျခအိတ္စြပ္မအိပ္နဲ႔မ်က္စိထိခိုက္တယ္လို႔ေျပာၾကပါတယ္။

အသက္ငယ္ေသးလို႔ အေအးဒါဏ္ ခံႏိုင္တာက တေၾကာင္းေျခအိတ္စြပ္ေလ့မရွိတာကတေၾကာင္း အထူးတလည္ေရွာင္စရာ မရွိခဲ့ပါ။

ဒါေပမယ့္ ေအးတဲ့ေဒသမွာ ညဘက္ ေျခအိတ္ စြပ္ မအိပ္ရဘူး ဆိုတဲ့သတိေပးစကားကို အမွတ္ အသား ျပဳလာခဲ့ၾကပါတယ္။

အသက္ႀကီးတဲ့ အခါက်ေတာ့လည္း ေျခအိပ္စြပ္တတ္တဲ့ အေလ့အက်င့္ မရွိတာေၾကာင့္ …ေဆာင္းရာသီ ေရာက္လည္း အေႏြးထည္ ထူထူဝတ္ ေစာင္လုံေအာင္ျခဳံ ဒီလိုနဲ႔ပဲ ည အေအး ကို အံတုခဲ့တာၾကာလွပါၿပီ။

တေန႔က အသက္ ၈၅ ႏွစ္ ရွိတဲ့လူနာ တစ္ေယာက္ ေျခက်င္းဝတ္ ယားလြန္းလို႔ ကပ္ေက်းနဲ႔ ျခစ္ပစ္တာ အသားေတြ ပြန္းပဲ့ ေရာင္ရမ္းကုန္လို႔ ေဆးခန္း ေရာက္လာပါတယ္။

လူနာက သူ႔အနာ ဒါဏ္ရာေတြ ျပမယ္ဆိုၿပီး ေျခေထာက္ ခုတင္ေပၚ တင္လိုက္ေတာ့ ေျခအိတ္စြပ္ထားတာ သတိျပဳမိတယ္။

ညအိပ္တဲ့အခါ ေျခအိတ္ စြပ္အိတ္သလား ေမးတဲ့အခါ စြပ္အိပ္တယ္တဲ့ – ေျခအိတ္ စြပ္ ျခင္းနဲ႔ ပတ္သက္တဲ့ ငယ္ငယ္က အသိကစိတ္ထဲမွာ ျပဴထြက္ လာတယ္။

အသက္ ၈၅ ႏွစ္ လူႀကီး တစ္ေယာက္ အရြယ္နဲ႔ မမွ် သန္သန္ မာမာ ရွိေနတာကို သေဘာက် ေနတာ ဆိုေတာ့..

ေျခအိတ္ စြပ္အိပ္တဲ့ အေလ့အက်င့္ေၾကာင့္ မ်က္စိမ်ား ထိခိုက္သြားခဲ့ေသာ္ ဆိုတဲ့ စိုးရိမ္ ပူပန္မူက စိတ္ထဲေရာက္လာပါတယ္။

ညဘက္ ေျခအိတ္ စြပ္အိပ္ျခင္းက အႏၲရာယ္ ကင္း မကင္းသိခ်င္ လာပါတယ္။အင္တာနက္က က်န္းမာေရး ဆိုက္ေတြထဲ လိုက္ရွာၾကည့္ေတာ့ ေတြ႕ပါတယ္။

အျပစ္ရယ္လို ေဖာ္ျပတာ မေတြ႕ရပဲ ေကာင္းက်ဳိး ေတြ ေဖာ္ျပတာပဲ ေတြ႕ရပါတယ္။ျမန္ျမန္ အိပ္ေပ်ာ္ေစတယ္။

ေလ့လာမူမ်ားအရ ေျခအိတ္စြပ္လွ်က္ အိပ္ျခင္းက အိပ္ေပ်ာ္ဖို႔ အေထာက္အကူျပဳတာ ေတြ႕ၾကရပါတယ္။

အိပ္ရာထဲ ေျခအိတ္ စြပ္လွ်က္ အိပ္ရင္ ပူေလွာင္ ေနလိမ့္မည္ဟု ထင္စရာရွိပါသည္။

အမွန္က ဒီလို ေျခအိတ္ စြပ္ထားျခင္းက ကိုယ္တြင္း အပူခ်ိန္ ထိမ္းသိမ္းမူကို အေထာက္အကူ ျပဳတာ ေတြ႕ရပါသည္။

၂၀၀၇ ခုႏွစ္က စမ္းသပ္မူ တစ္ခုက ရိုးရိုးေျခအိတ္ စြပ္ထားသည္ ျဖစ္ျဖစ္ , အပူေပးထားတဲ့ေျခအိတ္ စြပ္ထားသည္ျဖစ္ေစ လွ်င္ျမန္စြာ အိပ္ေပ်ာ္ေစတာကို ေတြ႕ရွိခဲ့ပါတယ္။

ရွင္းျပခ်က္ •••

ကိုယ္တြင္း အပူ ဓာတ္က ညဖက္မွာ က်ဆင္းသြားပါတယ္မနက္ ၄ နာရီ ေလာက္မွာ အနိမ့္ဆုံး ကိုေရာက္ရွိပါတယ္။

ပုံမွန္ ကိုယ္အပူခ်ိန္က 98.6F ဖာရင္ဟိုက္ ျဖစ္ပါတယ္၂၄ နာရီတေလွ်ာက္မွာ ၁. ၂ ဒီဂရီ အေျပာင္းအလဲရွိပါတယ္။

ေျခအိတ္စြပ္ထားလို႔ ေျခေထာက္ ေႏြးလာျခင္းက ေသြးေၾကာ မ်ား က်ယ္လာေစပါတယ္။

ေသြးေၾကာက်ယ္လာၿပီး အေရျပားမွတဆင့္ အပူစြန္႔ထုတ္ပါတယ္ – အေရျပား ပူေႏြး လာပါတယ္။

ဒီနည္းနဲ႔ ခႏၶာကိုယ္တြင္း အပူခ်ိန္..core body temperature က်ဆင္းေစပါတယ္

အပူခ်ိန္ က်ဆင္းျခင္းက ဦးေႏွာက္ကို ည အခ်ိန္ေရာက္ၿပီလို႔သတင္း ပို႔ပါတယ္။အေရျပား ပူေႏြး လာျခင္းက ျမန္ျမန္ အိပ္ေစပါတယ္။

လူ ခႏၶာမွာ ဇီဝနာရီ biological clock ရွိပါတယ္ကိုယ္တြင္း အပူခ်ိန္ core body temperature ကbiological clock နဲ႔ ဆက္စပ္ပါတယ္။

၄င္းတို႔ရဲ႕ စည္းခ်က္က် လုပ္ေဆာင္မူကို circadian rhythm လို႔ေခၚပါတယ္။circadian rhythm က အိပ္ခ်ိန္ကို သတ္မွတ္ပါတယ္။

သူ႔ေၾကာင့္ လူဟာ ညေရာက္လွ်င္ အိပ္ခ်င္ၿပီး , မနက္က်ႏိုးလာတာ ျဖစ္ပါတယ္။

ကိုယ္အပူခ်ိန္က မနက္ကစၿပီး တျဖည့္ျဖည္းတက္လာတာေန႔လည္ ေနာက္ပိုင္း အခ်ိန္မွာ အျမင့္ဆုံး ေရာက္လာပါတယ္ –

ဒီ အခ်ိန္ေတြမွာ လူက ႏိုးၾကားၿပီး ဖ်တ္လတ္ေနပါတယ္။လူ အိပ္သြားၿပီ ဆိုလွ်င္ ကိုယ္အပူခ်ိန္ ၁.၂ ဒီဂရီ ေလာက္က်ဆင္းသြားပါၿပီ ..ဒါဟာ ကိုယ္တြင္းအဂါၤေတြအတြက္ အပူကို ထိန္းသိမ္းထားလိုက္လို႔ ျဖစ္ပါတယ္။

ေျခအိတ္စြပ္ၿပီး အိပ္တဲ့အခါ ဒီ အပူ ထိန္းျခင္းအတြက္ အေထာက္အကူ ျဖစ္ေစပါတယ္။

ေရးေနာ့လကၡဏာ ေလ်ာ့ပါးေစတယ္( Reducing Raynaud’s Symptoms )အလြန္ေအးတဲ့အခါ အလြန္ဖိစီးေနတဲ့အခါ ေျခဖ်ားလက္ဖ်ား

မွာ ေသြးေၾကာေတြ က်ဥ္းကုန္ၿပီး ေသြးေလွ်ာက္ နည္းသြားလို႔ ေျခ လက္ေတြ ျပာလာၿပီး ထုံ က်ဥ္ လာတာကို ေရေနာေရာဂါ ရျခင္း လို႔ေခၚပါတယ္။

ေျခအိတ္ စြပ္အိပ္မယ္ဆိုရင္ ဒီလို ေရေနာ လကၡဏာ ခံစား ရမူ ေလ်ာ့ေစမွာ ျဖစ္ပါတယ္။

အပူျပန္ျခင္းကို ကာကြယ္ပါတယ္( Preventing hot flushes )

ေသြးဆုံးခ်ိန္မွာအမ်ဳိးသမီးမ်ားက ေခၽြးထြက္လြန္ျခင္း ရင္တုန္ျခင္းနဲ႔အတူမ်က္ႏွာမွာအပူေတြထြက္ေနတတ္ပါတယ္ ေျခအိတ္ စြပ္ေပးျခင္းက ကာကြယ္ပါတယ္။

လိ င္အတြက္ေကာင္းတယ္အိပ္ခ်ိန္မွာ ေျခအိတ္ စြပ္အိတ္တဲ့ စုံတြဲေတြမွာ လိ င္ဆက္ဆံမူ ပိုမိုၿပီးေျမာက္ေစေၾကာင္း ေတြ႕ခဲ့ရပါတယ္။

ေျခအိတ္က ေခ်ာင္ေခ်ာင္လည္လည္ ျဖစ္ဖို႔ လိုပါတယ္ေခ်ာင္လည္တာ ေရြးခ်ယ္ ဝယ္သင့္ပါတယ္ေျခအိတ္က တင္းက်ပ္ေနရင္ ေသြးေလ်ာက္ျခင္းကိုအေႏွာက္အရွက္ ျဖစ္ေစပါတယ္

ထူထဲ ေႏြးေထြးတဲ့ ေျခအိတ္မွန္သမွ်အသံုးျပဳႏိုင္ပါတယ္။

ေဒါက္တာ ျမင့္သိန္း