လက်သည်း မှိုဝင် ၊ ပိုးဝင်ခြင်းတို့အတွက်

လက်သည်းခြေသည်းမှိုစွဲခြင်းရောဂါ

လက်သည်းခြေသည်း မှိုစွဲခြင်းရောဂါဟာ မှို ရောဂါကူးစက်ခြင်း အမျိုးမျိုးကြောင့်ဖြစ်နိုင်ပြီး အဖြစ်များတဲ့ရောဂါမျိုးဖြစ်ပါတယ်။

ဒီရောဂါခံစားရပြီဆိုရင် လက်သည်းတွေက အရောင်ပြောင်းလာခြင်း. ထူထဲလာခြင်း ပွယောင်းလာခြင်း ပုံပျက်ပန်းပျက် ဖြစ်လာခြင်း …

အချို့သောလူများတွင် အနံ့ဆိုးအနည်းငယ်ထွက်ခြင်း နာကျင်ခြင်း စတဲ့ရောဂါလက္ခဏာတွေခံစားလာရမှာဖြစ်ပါတယ်

အလွန်ပဲ ကူးစက်ပျံ့နှံ့ရန်လွယ်ကူပြီး ခြေချောင်းတစ်ခုရဲ့လက်သည်းမှာ မှိုစွဲပြီးချက်ခြင်း

မကုသရင် အချိန်အနည်းငယ်အတွင်း အခြားခြေချောင်းတွေသာမကလက်သည်းတွေကို ပြန့်နှံ့သွားနိုင်ပါသည်။

ကျန်းမာရေးအတွက် ဆိုးဝါးတဲ့နောက်ဆက်တွဲပြဿနာ အများကြီးမရှိပေမယ့် လက်သည်းဆိုတာလူမြင်သူမြင်နေရာမို့အမြင်ဆိုးစေပါတယ်။

လက်သည်းခြေသည်းမှိုစွဲခြင်းရောဂါကို တနည်းအားဖြင့် Onychomycosis လို့ခေါ်ပြီး ရေနဲ့အမြဲထိတွေ့နေရသူများ…

ဥပမာ- အဝတ်လျှော်သူများ ရေငုတ်သမားများ တံငါသည်များ.သက်ကြီးရွယ်အိုများ.ဆီးချိုရောဂါရှိသူများ ခြေဆီလက်ဆီလက်ဆီထွက်လွန်းသူစတဲ့သူတွေမှာအဖြစ်များပါတယ်

အချိန်မီကုသမူမခံယူပဲထားရင်တော့ ခြေသည်းလက်သည်းလုံးဝပျက်စီးသွားခြင်း

ဆီးချိုရောဂါနဲ့ သွေးကြောဆိုင်ရာ ရောဂါရှိသူများတွင် ရောဂါပိုးဝင်ပြီးပြည်တည်နာဖြစ်ခြင်း စတဲ့နောက်ဆက်တွဲပြဿနာလေးတွေ ခံစားရနိုင်ပါတယ်။

လက်သည်းမှိုစွဲသူများအနေဖြင့်ပျောက်ကင်းအောင်ကုသရန်

၁ – မှိုသတ်ဆေးများသောက်သုံးခြင်း

ဥပမာ – itraconazole , terbinafine ကလက်သည်းမှိုစွဲခြင်းကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။

အနည်းဆုံး ၆ ပတ်မှ ၁၂ ပတ်အထိ ဆေးသောက်ရနိုင်ပြီးချက်ခြင်းမပျောက်ပါ မှိုရောဂါပျောက်ကင်းဖို့ ၄ လထက် ပိုပြီးကြာနိုင်ပါတယ်။

၂ – မှိုသတ်ဆေးပါသောလက်သည်းသည်းနီများကို ဆိုးခြင်း

ဥပမာ – ciclopirox (penlac)

၃ – မှိုသတ်ဆေး လိမ်းဆေးများလိမ်းပေးခြင်းဖြင့် သက်သာပျောက်ကင်းနိုင်ပါတယ်။တခါတရံ လက်သည်းခွံ ဖယ်ထုတ်ပြီး ခြစ်လိုက်ရတာမျိုးလည်း ရှိတတ်ပါတယ်။

လက်သည်မှိုစွဲတဲ့ ရောဂါ ရှိသူများရော , ကာကွယ်လိုသူများပါ အောက်ပါ အချက်ကို လိုက်နာသင့်ပါတယ် …

၁ ) – မှိုရှိသောလက်သည်းကိုထိမိ ပြီးပြီးခြင်းချက်ခြင်းလက်ဆေးပါ

အလွန်ကူးစက်မြန်ပါတယ်။

၂) – သင့်ရဲ့ လက်သည်ညှပ်နဲ့တံဇဉ်းစသည်တို့ကို သန့်စင်အောင် ထားပါ

အရက်ပြန်နဲ့ပိုးသတ်ပါ – လက်သည်းညှပ်လျှင်လည်း သပ်သပ်ရပ်ရပ်တိတိပပညှပ်ပါ , ညှိပါ။

၃ ) – လေဝင်လေထွက်ကောင်းသောဖိနပ်များစီးပါ စိုစွတ်နေသောဟောင်းနေသော ရှူးဖိနပ်များ စီးခြင်းမှ ရှောင်ကြဉ်ပါ။မဖြစ်မနေရှူးစီးရရင်တောင် ခြေဆီမထွက်အောင်သုံးတဲ့ မှိုသတ်ဆေးမျိုး ဖြူးပြီးမှဝတ်ပါ။

၄ ) – လက်သည်းနီဆိုးခြင်း လက်သည်းတုတပ်ခြင်းများကိုရှောင်ကြဉ်ပါ။ဒေါက်တာ ဇော်ထက်အောင်

ရှားစောင်းလက်ပတ်နဲ့ကိုယ်တိုင်ပျောက်ခဲ့နည်း

လက်သည်းပိုးဝင် လက်သည်းပန်းကုံးများပျက်ပြီ ဆိုလျှင်ရှားစောင်းလက်ပတ်ကို အပေါက်ဖောက် စွပ်ထားပါ

ညအိပ်ရာဝင် ရေမထိချိန်လုပ်ပါ ပြုတ်ကျလျှင် အဝတ်စည်းပါ ၃ ရက်ဆို လက်သည်း

ပြည်တည်ခြင်း ပိုးဝင်ခြင်း ပန်းကုံးများပျက်ခြင်း သိသာစွာ ကောင်းလာသည်ကို တွေ့ရပါမည်။

မခင်နီဝင်း

Zawgyi

လက္သည္းေျခသည္းမႈိစြဲျခင္းေရာဂါ

လက္သည္းေျခသည္း မႈိစြဲျခင္းေရာဂါဟာ မိွဳ ေရာဂါကူးစက္ျခင္း အမ်ဳိးမ်ဳိးေၾကာင့္ျဖစ္ႏိုင္ၿပီး အျဖစ္မ်ားတဲ့ေရာဂါမ်ဳိးျဖစ္ပါတယ္။

ဒီေရာဂါခံစားရၿပီဆိုရင္ လက္သည္းေတြက အေရာင္ေျပာင္းလာျခင္း. ထူထဲလာျခင္း ပြေယာင္းလာျခင္း ပုံပ်က္ပန္းပ်က္ ျဖစ္လာျခင္း …

အခ်ဳိ႕ေသာလူမ်ားတြင္ အနံ႔ဆိုးအနည္းငယ္ထြက္ျခင္း နာက်င္ျခင္း စတဲ့ေရာဂါလကၡဏာေတြခံစားလာရမွာျဖစ္ပါတယ္

အလြန္ပဲ ကူးစက္ပ်ံ႕ႏွံ႔ရန္လြယ္ကူၿပီး ေျခေခ်ာင္းတစ္ခုရဲ႕လက္သည္းမွာ မႈိစြဲၿပီးခ်က္ျခင္း

မကုသရင္ အခ်ိန္အနည္းငယ္အတြင္း အျခားေျခေခ်ာင္းေတြသာမကလက္သည္းေတြကို ျပန္႔ႏွံ႔သြားႏိုင္ပါသည္။

က်န္းမာေရးအတြက္ ဆိုးဝါးတဲ့ေနာက္ဆက္တြဲျပႆနာ အမ်ားႀကီးမရွိေပမယ့္ လက္သည္းဆိုတာလူျမင္သူျမင္ေနရာမို႔အျမင္ဆိုးေစပါတယ္။

လက္သည္းေျခသည္းမႈိစြဲျခင္းေရာဂါကို တနည္းအားျဖင့္ Onychomycosis လို႔ေခၚၿပီး ေရနဲ႔အျမဲထိေတြ႕ေနရသူမ်ား…

ဥပမာ- အဝတ္ေလွ်ာ္သူမ်ား ေရငုတ္သမားမ်ား တံငါသည္မ်ား.သက္ႀကီးရြယ္အိုမ်ား.ဆီးခ်ဳိေရာဂါရွိသူမ်ား ေျခဆီလက္ဆီလက္ဆီထြက္လြန္းသူစတဲ့သူေတြမွာအျဖစ္မ်ားပါတယ္

အခ်ိန္မီကုသမူမခံယူပဲထားရင္ေတာ့ ေျခသည္းလက္သည္းလုံးဝပ်က္စီးသြားၿခင္း

ဆီးခ်ဳိေရာဂါနဲ႔ ေသြးေၾကာဆိုင္ရာ ေရာဂါရွိသူမ်ားတြင္ ေရာဂါပိုးဝင္ၿပီးျပည္တည္နာျဖစ္ျခင္း စတဲ့ေနာက္ဆက္တြဲျပႆနာေလးေတြ ခံစားရႏိုင္ပါတယ္။

လက္သည္းမႈိစြဲသူမ်ားအေနျဖင့္ေပ်ာက္ကင္းေအာင္ကုသရန္

၁ – မႈိသတ္ေဆးမ်ားေသာက္သုံးျခင္း

ဥပမာ – itraconazole , terbinafine ကလက္သည္းမႈိစြဲျခင္းကို သက္သာေပ်ာက္ကင္းေစႏိုင္ပါတယ္။

အနည္းဆုံး ၆ ပတ္မွ ၁၂ ပတ္အထိ ေဆးေသာက္ရႏိုင္ၿပီးခ်က္ျခင္းမေပ်ာက္ပါ မႈိေရာဂါေပ်ာက္ကင္းဖို႔ ၄ လထက္ ပိုၿပီးၾကာႏိုင္ပါတယ္။

၂ – မႈိသတ္ေဆးပါေသာလက္သည္းသည္းနီမ်ားကို ဆိုးျခင္း

ဥပမာ – ciclopirox (penlac)

၃ – မႈိသတ္ေဆး လိမ္းေဆးမ်ားလိမ္းေပးျခင္းျဖင့္ သက္သာေပ်ာက္ကင္းႏိုင္ပါတယ္။တခါတရံ လက္သည္းခြံ ဖယ္ထုတ္ၿပီး ျခစ္လိုက္ရတာမ်ဳိးလည္း ရွိတတ္ပါတယ္။

လက္သည္မႈိစြဲတဲ့ ေရာဂါ ရွိသူမ်ားေရာ , ကာကြယ္လိုသူမ်ားပါ ေအာက္ပါ အခ်က္ကို လိုက္နာသင့္ပါတယ္ …

၁ ) – မႈိရွိေသာလက္သည္းကိုထိမိ ၿပီးၿပီးျခင္းခ်က္ျခင္းလက္ေဆးပါ

အလြန္ကူးစက္ျမန္ပါတယ္။

၂) – သင့္ရဲ႕ လက္သည္ညႇပ္နဲ႔တံဇဥ္းစသည္တို႔ကို သန္႔စင္ေအာင္ ထားပါ

အရက္ျပန္နဲ႔ပိုးသတ္ပါ – လက္သည္းညႇပ္လွ်င္လည္း သပ္သပ္ရပ္ရပ္တိတိပပညႇပ္ပါ , ညႇိပါ။

၃ ) – ေလဝင္ေလထြက္ေကာင္းေသာဖိနပ္မ်ားစီးပါ စိုစြတ္ေနေသာေဟာင္းေနေသာ ရွဴးဖိနပ္မ်ား စီးျခင္းမွ ေရွာင္ၾကဥ္ပါ။မျဖစ္မေနရွဴးစီးရရင္ေတာင္ ေျခဆီမထြက္ေအာင္သုံးတဲ့ မႈိသတ္ေဆးမ်ဳိး ျဖဴးၿပီးမွဝတ္ပါ။

၄ ) – လက္သည္းနီဆိုးျခင္း လက္သည္းတုတပ္ျခင္းမ်ားကိုေရွာင္ၾကဥ္ပါ။ေဒါက္တာ ေဇာ္ထက္ေအာင္

ရွားေစာင္းလက္ပတ္နဲ႔ကိုယ္တိုင္ေပ်ာက္ခဲ့နည္း

လက္သည္းပိုးဝင္ လက္သည္းပန္းကုံးမ်ားပ်က္ၿပီ ဆိုလွ်င္ရွားေစာင္းလက္ပတ္ကို အေပါက္ေဖာက္ စြပ္ထားပါ

ညအိပ္ရာဝင္ ေရမထိခ်ိန္လုပ္ပါ ျပဳတ္က်လၽွင္ အဝတ္စည္းပါ ၃ ရက္ဆို လက္သည္း

ျပည္တည္ျခင္း ပိုးဝင္ျခင္း ပန္းကုံးမ်ားပ်က္ျခင္း သိသာစြာ ေကာင္းလာသည္ကို ေတြ႕ရပါမည္။

မခင္နီဝင္း