၇ရက်သားသမီး တစ်ပတ်စာ ဟောစာတမ်း (28.1.2021 မှ 03.2.2021 အထိ)
28.1.2021 မှ 03.2.2021 အထိ တစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း
တနင်္ဂနွေ
ယခုကာလများအတွင်း ခရီးသွားအလုပ်၊ကုန်သည်အလုပ်များ အထူးအကျိုးရှိမည်။ လူမျိုးကွဲ၊ လူမျိုးခြား များ နှင့် ပတ်သက်၍ အကျိုးပေးမည်။ လက်လွန်ထားသောငွေကြေးများ ပြန်လည်တောင်းခံရရှိမည်။
ကိုယ်တိုင်တွင် လည်းကောင်း၊ မိသားစုတွင်လည်းကောင်း ပြည်ပခရီးများ ရှိနေမည်။ လုပ်ငန်းခွင်နှင့် ဆက်စပ်သော ခရီးများ သွား လာရတတ်သည်။ ခက်ခဲသော ပြဿနာများအား ဖြေရှင်းနိုင်လိမ့်မည်။
ဘာသာရေးနဲ့ပတ်သက်တဲ့ အလုပ်တွေလည်း လုပ်ကိုင်ရတတ်ပါတယ်။ အမျိုးသမီးတစ်ယောက်ရဲ့ အကူအညီကောင်းတွေ ရရှိနိုင်ပါတယ်။
ဆွေမျိုး၊ မိတ်ဆွေရင်း တွေရဲ့ ရာထူးတတ်တဲ့သတင်း၊ ထီဆုကြီးပေါက်တဲ့သတင်း စသည်ဖြင့် ဝမ်းသာစရာများ ကြုံရ ကြားရတတ်ပါတယ်။
မိတ်ဆွေ၊ အပေါင်းအသင်း၊ သားချင်း၊ မောင်နှမတို့ထံမှ ကောင်းသော သတင်းစကားများ ကြားသိရမည်။ လူမျိုးကွဲ၊ လူမျိုးခြား၊ ဘာသာဓလေ့ မတူသူများနှင့် လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက် ရလိမ့်မည်။
အချစ်ရေး၊ အိမ်ထောင်ရေး များမှာတော့ ညှိနှိုင်းမရတာတွေ ဖြစ်ရတတ်ပါတယ်။ရှေ့တိုးရခက်၊နောက်ဆုတ်ရခက် အခြေ အနေမျိုးတွေ ကြုံ တွေ့ လာရ တတ်ပါတယ်။
လူကြီးတွေဝင်ရှုပ်လို့ အပူမီးတွေ ပိုတောက်တဲ့ကိန်းမျိုးလည်း ဆိုက်သွားရတတ်ပါ တယ်။ ကျန်းမာရေး လွန်စွာမှအားကောင်းနေမည်။ ရှိနေတဲ့ရောဂါတွေအရှင်းပျောက်သွားလိမ့် မယ်။ ပညာရေးမှာ တော့ အွန်လိုင်းကနေ ပညာရှာဖို့အကောင်းဆုံးကာလပါပဲ။
အကျိုးပေးဂဏန်း…၁/၄/၈ အထူးဟော…..ခက်ခဲနေတဲ့ကိစ္စတွေပြေလည်သွားတတ်ပါတယ်။ ယတြာ ရေခဲမုန့် ဘုရားကပ်လှူပါ။
တနင်္လာ
ဒီကာလမှာမိမိဝယ်မိတဲ့ပစ္စည်းက တန်ရာတန်ကြေးထက် များစွာပိုနေသောငွေလိမ်ညာရောင်း ချ သူထံမှ ဝယ်ယူမိကာ ငွေကြေးဆုံးရှုံးမှုများ အလွန်းများပြားနေရတတ်သည်။
တစ်ပါးသူတို့ တာဝန်ယူလုပ်ကိုင်လိုခြင်း မရှိ သော လုပ်ငန်းကြီးများကို တာဝန်ယူလုပ်ကိုင်ရခြင်းများကြုံတွေ့ရမည်။ အန္တရာယ်မရှိ လင့်ကစား စိတ်ပင်ပန်းရခြင်း များ ကြုံတွေ့နေရမည်။
မတော်တဆ ထိမိခိုက်မိ ဖြစ်တတ်တာ၊ ကျန်းမာရေးညံ့တာမျိုးတွေ ကြုံတွေ့နေရတတ် ပါ တယ်။ ရွှေ၊ ငွေ၊ ပစ္စည်းတွေလည်း အလေအလွင့်၊ အပျောက်အရှ၊ အဆုံးအရှုံး များနေရတတ်ပါတယ်။
အချေးအငှား ကိစ္စများ ပြဿနာများ ရှုပ်ထွေးနေရတတ်ပါတယ်။ မိသားစုအတွင်းမှာ ညှိမရ၊ နှိုင်းမရတွေ ဖြစ်လာရတတ်ပါတယ်။ ကြီးကဲသူတွေရဲ့ ကျန်းမာရေးလည်း ညံ့နေတတ်ပါတယ်။
ရေတွင်း၊ ရေကန်ကိစ္စများ စိတ်ညစ်ရတတ်ပါတယ်။ ခရီး သွားလာရေးကိစ္စတွေ အတွက်လည်း စိတ်ရှုပ်ထွေး နေရတတ်ပါတယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ အထူးသတိ ထား ရမယ့် အချိန်ကာလများ ဖြစ်ပါတယ်။
လမ်းခွဲရမတတ်တွေ ဖြစ်ကုန်တတ်ပါတယ်။ ပြဿနာဟောင်း၊ ရောဂါ ဟောင်းတွေ ပြန်ပေါ်လာတတ်တာကိုတော့ သတိထားရမယ့် အချိန်လေးပဲ ဖြစ်ပါတယ်။
ကံကောင်းနေတာက ဒုက္ခ ရောက်နေရင်တောင် ကူညီမယ့်သူပေါများပါတယ်။ မိမိသိချင်၊တတ်ချင်တဲ့ပညာတွေ သင်ယူခွင့်ရလာမည်။
အကျိုးပေးဂဏန်း ၈/၆/၄ အထူးဟော …အကြံအစည်လေးတွေ လွဲချော်ရတတ်ပါတယ်။ ယတြာ….ရှောက်သီးသုပ်တစ်ပွဲဘုရားကပ်လှူပါ။
အင်္ဂါ
ယခုကာလများအတွင်း ကောင်းသောအပြောင်းအလဲများ ဖြစ်လိမ့်မည်။ အရောင်း အဝယ်၊ စီးပွားရေးဆိုင်ရာ မိတ်ကောင်းဆွေကောင်းများနှင့် ပြန်လည်ချိတ်ဆက်မိမည်။
လုပ်ငန်းခွင်မှသူများ ရာထူးအဆင့်တိုး တတ်ခြင်းနှင့် နေရာပြောင်းရွှေ့ရကိန်းများ အထူးကောင်းနေပါသည်။ ပြည်ပပညာသင်တန်းနှင့် ပတ်သက်သောကိစ္စ ဆောင်ရွက်သူများ အောင်မြင်ခြင်းနှင့် တိုးတတ်ခြင်းများကို ရရှိပိုင်ဆိုင်ခွင့်ရမည်။
ကောင်းသော ကံကြမ္မာလွှမ်းမိုး ချိန်ဖြစ်ပါသည်။ သတင်းကောင်း၊ ဧည့်သည်ကောင်းတွေ မမျှော်လင့်ဘဲ ရောက်ရှိလာတတ်ပါတယ်။ စာချုပ်ကိစ္စ၊ စာရင်းဇယားကိစ္စ၊ ပွဲလမ်းသဘင်ကိစ္စတွေ အောင်မြင်ပါမယ်။
ပစ္စည်း အရောင်းအဝယ်ကိစ္စများ ထစ်ငေါ့ခက်ခဲ နေ မှုများ ပြန်လည် အဆင်ပြေသွားမည်။ ရပ်ဝေးက ရွှေတွေ၊ ပစ္စည်းတွေလည်း ရောက်လာတတ်ပါတယ်။
ပိုမို သစ် လွင်တောက်ပသည့် အနာဂတ်ကူးပြောင်းခြင်းကို ဖြစ်စေမည်။ ပေါ့လျော့မှုရှိပါက နောင်တတရားကို ရင်ဝယ် ပိုက် ရမည်။ အချစ်ရေး၊ အိမ်ထောင်ရေး. ရှုပ်ထွေးနေပါမယ်။
ရည်စားများသူများ ပြဿနာလဲများမယ့်ကာလတစ်ခုပဲ ဖြစ်ပါလိမ့်မယ်။ ဒုက္ခပေးမယ့် လူလိမ်၊လူကောက်တွေနဲ့ တွေ့ရတတ်ပါတယ်။
စိတ်ဓါတ်ကျတာ၊ စိတ်ရှုပ်ထွေးတာ တွေခေါင်းထဲထည့်ထားရင်တော့ ကျန်းမာရေး ထိခိုက်သွားတတ်ပါတယ်။ သူများအပူ ကိုယ့်အပူမလုပ်မိဖို့လိုသည်။
အကျိုးပေးဂဏန်း….၂/၅/၃ အထူးဟော…..မည်သည့်ကိစ္စကိုမဆို လေးလေးနက်နက်ထားဆောင်ရွက်ပါ။ ယတြာ…..ငါးဆန်ပြုတ် ဘုရားကပ်လှူလိုက်ပါ။
ဗုဒ္ဓဟူး / ရာဟု
ယခုကာလများအတွင်း ကံတရားကောင်းမွန်မှုများကို မျက်မြင်တွေ့ရတော့မည်ဖြစ်ပါသည်။ ပြောဆို လုပ်ကိုင်မှုမှန်သမျှ အထူးအောင်မြင်မည်။ ငွေရေး၊ ကြေးရေး ကံကောင်းမည်။
သူတစ်ပါး ဆောင်ရွက်ခြင်းငှာ မစွမ်းနိုင် သော လုပ်ငန်းကိစ္စတို့ကို အောင်မြင်ပြီးမြောက်အောင် ဆောင်ရွက်နိုင်မည်။ နာမည်ကောင်းသတင်းနှင့် ကျော်ကြား ခြင်းကို ရရှိမည်။
မိသားစုလိုက် ခရီးသွားရန်ကိစ္စများ စီစဉ်အောင်မြင်မည်။ အရပ်ဝေး၊ နိုင်ငံရပ်ခြား ကိစ္စ များ စီစဉ် အောင်မြင်မည်။ ပြဿနာကြီးတစ်ခုကတော့ အလိုလို ရှင်းလင်းသွားပါလိမ့်မည်။
ကိုယ့်ကို ရန်လုပ်နေ တဲ့သူ၊ ဒုက္ခ ပေးနေတဲ့သူတွေ ရပ်ဝေးသို့ သူ့အလိုလို ရောက်ရှိသွားပေလိမ့်မည်။ အချစ်ရေး၊ အိမ်ထောင်ရေး ကိစ္စ တွေမှာတော့ ညှိနှိုင်းမရတဲ့ အခြေအနေမျိုးတွေနဲ့သာ ကြုံတွေ့နေရတတ်ပါတယ်။
ဟိုဟာလုပ်ရ ကောင်းနိုးနိုး၊ ဒီဟာ လုပ်ရကောင်း နိုးနိုးနဲ့ အချိန်တွေကုန်သွားတတ်ပါတယ်။ စိတ်နှစ်ခွဖြစ်စရာတွေ ဆုံးဖြတ်ရ ခက်တာတွေလည်း ကြုံတွေ့လာရတတ် ပါတယ်။
ပညာရေးကိစ္စ၊ သင်တန်းကိစ္စတွေမှာ အဆင်ပြေ အောင်မြင်မှုများ ရရှိပါလိမ့်မည်။ အရပ်ဝေးက အဆက် အသွယ်ကောင်းတွေလည်းပေါ်ပေါက်လာတတ်ပါတယ်။
လုပ်ဖေါ်ကိုင်ဖက်တွေ၊ လုပ်ငန်းပြိုင် တွေ ကတော့ ပြဿနာ ရှာ ဒုက္ခပေးလာရတတ်ပါတယ်။ကျန်းမာရေးအတွက် စိတ်ပူစရာမလိုသေးတဲ့ အချိန်ကာလတစ်ခုဖြစ်ပါတယ်။
အကျိုးပေးဂဏန်း….၅/၀/၄ အထူးဟော….လုပ်ငန်းစီးပွားအတွက် အခွင့်အရေးကောင်းများရတတ်ပါတယ်။ ယတြာ….ပြောင်းဖူးကြော် ဘုရားကပ်လှူလိုက်ပါ။
ကြာသပတေး
ဒီကာလအတွင်းမထင်မှတ်ထားတဲ့ အလုပ်အခွင့်အလမ်း ကောင်းတွေ၊ အဆက်အသွယ်ကောင်းတွေ တွေ ကတော့ပေါ်လာတတ်ပါတယ်။ အလုပ်နေရာတစ်ခုအတွက် စကားပြဿနာများ ဖြေရှင်းပေးရတတ်ပါတယ်။
အထင် လွဲ၊ စွပ်စွဲခံရတတ်တာ၊ ဝေဖန်၊ ချောက်တွန်း၊ အတို့အထောင် လုပ်တာတွေလည်း ကြုံတွေ့နေရတတ်ပါသည်။
အိုး အိမ်၊ နေရာထိုင်ခင်းကိစ္စ အဆင်မပြေတာ၊ အောက်လက်ငယ်သား၊ သားသမီးတို့ကို အကြောင်းပြုပြီး ပြဿနာများ ပြင်းပြင်းထန်ထန် ရင်ဆိုင်ဖြေရှင်းပေးရတာမျိုးတွေလည်း ကြုံတွေ့နေရတတ်ပါတယ်။
အချစ်ရေး၊ အိမ်ထောင်ရေး မှာတော့ တစ်ဦးနဲ့တစ်ဦး အထင်အမြင်လွဲမှားတာလေးတွေ ကြုံတွေ့ပြီးတဲ့နောက် အဆင်ပြေသွားပါလိမ့်မည်။ ပညာ ရေးကိစ္စ၊ သင်တန်းကိစ္စ တွေ အဆင်ပြေ အောင်မြင်ပါလိမ့်မည်။
ဝမ်းဗိုက်ပိုင်း၊ ဆီး၊ မျက်စိ၊ ကျန်းမာရေး ညံ့ တတ်ပါ တယ်။ လုပ်ငန်းဟောင်း၊ နေရာဟောင်း တွေနဲ့ ပြန်ပြီး ပတ်သက်ရတတ်ပါတယ်။
အလုပ်အခြေအနေ၊ နေရာထိုင်ခင်း ကောင်းသောပြင်ဆင်ပြောင်းရွှေ့ခြင်းတွေလည်းကြုံတွေ့နေရတတ်ပါတယ်။ ငွေရေးကြေးရေးကိစ္စ တွေလည်း အလွဲ လွဲ အချော်ချော် ဖြစ်နေပါမယ်။
သေချာပေါက်ရမယ့်ငွေတွေလည်း လွဲချော်သွားတတ်ပါတယ်။ ရုံးမှာ၊ ဂါတ်မှာလည်း စကားပြောရတတ်ပါတယ်။ ငွေအမှူတွေဖြစ်လာတတ်ပါတယ်။
အကျိုးပေးဂဏန်း…..၁/၆/၇ အထူးဟော….ငွေကိစ္စမရှုပ်မိပါစေနဲ့။ ယတြာ…..အရဟံဂုဏ်တော်ကို နေ့စဉ်ပုတီးစိပ်ပါ။
သောကြာ
ယခုကာလများအတွင်း ငွေရေး၊ ကြေးရေးတွင် အထူးသတိထားရမည်။ ငွေမချေးရ.. ဆုံးတတ် သည်။ မိဘ အကြီးအကဲ ကျန်းမာရေးအညံ့များကြုံက မပေါ့ဆအပ်ပါ။
ချက်ချင်း ဆေးရုံ၊ ဆေးခန်းသို့ ပို့ဆောင် ဆေး ကုသပေး ပါ။ အထူးသဖြင့် အမေ၊ အဖွား၊ အဒေါ်၊ အစ်မ အစရှိသည့် အကြီးအကဲ အမျိုးသမီးတို့၏ ကျန်းမာရေးကို အထူး ဂရုပြု စောင့်ရှောက်ပေးပါ။
စိတ်နှစ်ခွဖြစ်စရာတွေ၊ ဆုံးဖြတ်ရခက်တာတွေလည်း ကြုံတွေ့လာရတတ် ပါတယ်။ အမှားမှားအယွင်းယွင်းတွေ လုပ်မိ၊ ပြောမိတတ်ပါ၍ အထူးသတိထားသင့်ပါတယ်။
အရေးကြီးတဲ့ကိစ္စ တိုင်းကို တစ်ယောက်ယောက်နဲ့ တိုင်ပင်ပြီးမှ လုပ်ကိုင်ဆောင်ရွက်သင့်ပါတယ်။ ခြံ၊ ကား၊ အခန်း ရောင်းမှား၊ ဝယ်မှား ဖြစ်ရ တတ်သည်။
ဆွေမျိုးသားချင်းများနှင့် မိဘအကြား စကားပဋိပက္ခများ ပြောဆိုရတတ်သည်။ ဤကာလအတွင်း မိမိ ၏ ဝါသနာပါသောကိစ္စများအတွက် ငွေဖြုန်းတီးခြင်း ပြုလိမ့်မည်။
တတ်အားသမျှ ငွေကို ချင့်ချိန်သုံးပါ။ မတတ် သာ၍ ငွေသုံးလျှင်ပင် နှမြောတသဖြင့် သုံးသောစိတ်ကို မွေးလိုက်ပါ။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စတွေမှာ အထစ် အငေါ့၊ အနှောက်အယှက် ကြီးကြီးမားမား ကြုံတွေ့ရတတ် ပါသည်။
အရင်တုန်းကဖြစ်ဖူးတဲ့ ပြဿနာ ဟောင်း၊ ရောဂါဟောင်းတွေ ပြန်ပေါ်လာတတ်ပါတယ်။အချစ်ရေး၊အိမ်ထောင်ရေးကိစ္စတွေမှာတော့ ချစ်သူနဲ့ စကား များများ ပြောလေ… သဘောထားမတိုက်ဆိုင်လေဖြစ်ရတတ်ပါတယ်။
အကျိုးပေးဂဏန်း…၂/၇/၀ အထူးဟော…မိသားစုကျန်းမာရေးဂရုစိုက်ပေးပါ။ ယတြာ…..ကိတ်မုန့်နဲ့ ကော်ဖီ ဘုရားကပ်လှူပေးပါ။
စနေ
ဒီကာလမှာခက်ခဲ ကြန့်ကြာနေတဲ့ ပစ္စည်းအရောင်းအဝယ်ကိစ္စတွေကတော့ အဆင်ပြေသွားပါလိမ့်မည်။ ကုန် ရောင်းတာ၊ ကုန်ဝယ်တာ၊ ကုန်လှောင်တာတွေ အကျိုးအမြတ်များမယ့် အချိန်အခါပဲ ဖြစ်ပါတယ်။
ရပ်ဝေးနိုင်ငံရပ် ခြား၊ ဆွေမျိုးမိတ်ဆွေတွေက အကူအညီကောင်းတွေ ပေးကြပါလိမ့်မည်။ မိသားစုထဲက နိုင်ငံခြားခရီးစီစဉ်နေသူ တွေလည်း အောင်မြင်တတ်ပါတယ်။ အောက်လက်ငယ်သားအတွက် အကြံအစည်တစ်ခု အောင်မြင်ပါမယ်။
ပညာ ရေးကိစ္စ၊ သင်တန်းကိစ္စတွေကတော့ မသေမချာ၊ ဇဝေဇဝါ ဖြစ်ရတတ် ပါသည်။အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ အဆင်ပြေ စိတ်ချမ်းသာရမယ်။ အိမ်ထောင်မရှိသေးသူများ မင်္ဂလာကိစ္စများ၊နားဖောက်ခြင်း စီစဉ်ရတတ်ပါတယ်။
အလုပ်အဆက်အသွယ်ကောင်း၊အခွင့်အရေးကောင်းတွေပေါ်လာတာ၊လျှောက်ထားတဲ့အလုပ်တွေကခေါ်တာ၊ အကျိုးထူးသောခရီးဝေးများ သွားလာရတာတွေ၊
ဆုံးပြီဟု ထင်ထားတဲ့ ရွှေ၊ ငွေ၊ ပစ္စည်းတွေ ဝင်လာတာ၊ ဝင်ငွေ များ သိသိသာသာ တိုးတတ်တာတွေလည်း ကြုံတွေ့ရတတ် ပါသည်။
အဖိုးတန်၊ ယာဉ်တွေ၊ စက်တွေ ဝင်လာ တတ် ပါ တယ်။ ကျန်းမာရေး ညံ့နေသူတွေလည်း ပြန်ပြီး နာလန်ထလာတတ်ပါသည်။
ရေချိုးမှားတာ၊ အပူလောင်တာ မျိုး တွေကိုတော့ ကြုံတွေ့နေရတတ်ပါသည်။ အပုပ်ချိန်တွေ ညဘက်တွေမှာ ရေချိုးမယ်ဆို သတိထားပါ။
အကျိုးပေးဂဏန်း ..၁/၃/၀ အထူးဟော….ကံမြင့်မားနေမည်။ ယတြာ…..စတုမဓု ဘုရားကပ်လှူပေးပါ။
၇ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝပါစေ
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) 0977 5555 695 09 44 5555 695
Zawgyi
တနင်္ဂနွေ
တနင်္လာ
အင်္ဂါ
ဗုဒ္ဓဟူး / ရာဟု
ကြာသပတေး
သောကြာ
စနေ