ကြက်ဥ အကာ အသုံးပြုနည်း လျှို့ဝှက်ချက်

အဆီအရမ်းပြန်နေရင်…

အဆီတွေ အရမ်းပြန်တတ်တယ်ဆိုရင် ကိုယ်ရဲ့ အလှကို ဖျက်စီးတာကတော့ အမှန်ပါပဲ။ ဒီမျက်နှာပေါ်က အဆီတွေကို လွယ်လွယ်ကူကူဖြေရှင်းလို့ ရပါတယ်။

အမြုပ်ထအောင် လုပ်ထားတဲ့ ကြက်ဥအကာထဲကို အုတ်ဂျူံ နဲ့ရောပြီးတော့ မျက်နှာပေါ်မှာ mask လိုမျိုးလေး လိမ်း ပြီးတော့ မိနစ်အနဲငယ်ထားပြီး ရေအေးနဲ့ ဆေးချလိုက်ပါ။

4/ မျက်အိပ်တွေ ရောင်နေခဲ့ရင်…

တချို့တွေက မျက်အိပ်ရောင်နေ လို့ ဆိုပြီး ပစည်းတွေကို စျေးတွေ အများကြီး ပေးပြီး ဝယ်သုံးကြတာ ကို တွေ့ကြရပါတယ်။

တကယ်တော့ အိမ်မှာ လွယ်လွယ်ကူကူရတာကို သူတို့ သတိမထားမိလို့ပါ။ ငွေလဲ မကုန်ဘူး၊ လုပ်ရတာလဲ လွယ်တယ်…. စတဲ့ အားသာချက်တွေ ရှိပါတယ်။

ကြက်ဥအကာကို မျက်အိပ်ပေါ်မှာ လိမ်းပြီး ခြောက်အောင်ထားပြီး ရေနွေးနွေးလေးနဲ့ ဆေးချပါ။ တစ်ရက်ခြား တစ်ခါလောက် လုပ်ပေးလိုက်ပေါ့။

5/ ဝက်ခြံတွေ ကို သက်သာစေမယ်…

ကြက်ဥအကာမှာပါတဲ့ ပရိုတင်းဟာ ရောင်းရမ်းတာတွေကို လျော့နည်းစေပါလိမ့်မယ်။ အနာကိုလဲ အကျက်မြန်စေပါတယ်။ ညမအိပ်ခင်မှာ ကြက်ဥအကာကို ဝက်ခြံဖုလေးတွေပေါ်မှာ တို့လိမ်းပြီး မနက်မိုးလင်းအိပ်ရာက နိုးရင် မျက်နှာသစ်လိုက်ပေါ့။

ဝက်ခြံတွေကြောင့် ရောင်းရမ်းတာတွေကို လျော့ပေးတဲ့အပြင် အမည်းစက်တွေနဲ့ အမာရွတ်တွေကိုပါ ဖယ်ရှားပေးနိုင်တယ်။

6/ ဆဲလ်သေတေ့ကို ဖယ်ရှားမယ်…

မျက်နှာပေါ်မှာ ဆဲလ်သေတွေက နေရာယူနေမယ်ဆိုရင် မျက်နှာက ညိုနေတာတို့ ခြောက်နေတာတို့နဲ့ မလှပဲ ဖြစ်နေပါလိမ့်မယ်။

ဒီလို ဆဲလ်သေတေ့ကို ဖယ်လိုက်တဲ့အခါ မျက်နှာလေးက ကြည်ပြီးတော့ ဝင်လာပါလိမ့်မယ်။ ကြက်ဥအကာထဲကို အုတ်ဂျုံနဲ့ ပျားရည်ကို လက်ဖက်စားဇွန်း ၁ ဇွန်းရာမွှေပါ။

လက်ချောင်းထိပ်လေးတွေနဲ့ ယူပြီး မျက်နှာပေါ်မှာ စက်ဝိုင်းပုံလေးတွေနဲ့ ညင်သာလိမ်းပေးပေါ့နော်။မိနစ်နဲနဲကြာလာရင် ရေနွေးနွေးလေးနဲ့ ဆေးလိုက်ပါ။တစ်ပတ်ကို ၂ ကြိမ်လောက်ပဲ လုပ်ပေးပါ။

7/ ဦးရေပြားပေါ်က အဆီတွေကို ဖယ်ရှားမယ်

ဦးရေပြားက အဆီတွေ အရမ်းထွက်ပြီးတော့ ဆံပင်ကြီးက အဆီတွေကြောင့် ပြားကပ်ကပ်ကြီး ဖြစ်နေပြီး ရုပ်ဆိုးနေပါလိမ့်မယ်။

အဆီတွေကို ထိန်းသိမ်နိုင်အောင်လို့ ကြက်ဥအကာကို ဦးရေပြားပေါ်တင်ပြီး မိနစ်အနဲငယ်ထားပြီး ရေဆေးချလိုက်ပါ။ပြီးရင် လျှော်နေကျ ခေါင်းလျှော်ရည်နဲ့ လျှော်လိုက်ပါ။ သိသာပါတယ်။

8/ Conditioner အနေနဲ့ရော…

ဆံကေသာကို ပျော့ပျောင်းနူးညံ့သွားအောင်လဲ ကြက်ဥအကာက စွမ်းသေးပါတယ်နော်။

ကြက်ဥအကာကိုယူပြီးတော့ ဒိန်ချဉ်နဲ့ သံလွင်ဆီ လက်ဖက်စားဇွန်း ၁ ဇွန်းဆီ သမအောင် မွှေပြီးဦးရေပြားပေါ်လိမ်းထား လိုက်ပါ။

ဆံပင် အတို အရှည်ပေါ်မူတည်ပြီး ၃လုံး ၄ လုံးလောက် အသုံးပြုပေးပါ။ပြီးရင်တော့ လျှော်နေကျ ခေါင်းလျှော်ရည်နဲ့ လျှော်ပြီး ရောထားတဲ့ အရေကို သန့်စင်အောင် ဆေးချပါ။ တကယ်ကို ထိရောက်ပါတယ်။

ဒါလေးတွေကတော့ ကြက်ဥကရတဲ့ အလှအပအတွက် ရေးရာနည်းလမ်းလေးတွေပါ။ တကယ်ကို လွယ်ပြီးတော့ အဆင်ပြေပါတယ်။

ခရစ်ဒစ်

Zawgyi

အဆီအရမ္းျပန္ေနရင္…

အဆီေတြ အရမ္းျပန္တတ္တယ္ဆိုရင္ ကိုယ္ရဲ့ အလွကို ဖ်က္စီးတာကေတာ့ အမွန္ပါပဲ။ ဒီမ်က္ႏွာေပၚက အဆီေတြကို လြယ္လြယ္ကူကူေျဖရွင္းလို႔ ရပါတယ္။

အျမဳပ္ထေအာင္ လုပ္ထားတဲ့ ၾကက္ဥအကာထဲကို အုတ္ဂ်ဴံ နဲ႔ေရာၿပီးေတာ့ မ်က္ႏွာေပၚမွာ mask လိုမ်ိဳးေလး လိမ္း ၿပီးေတာ့ မိနစ္အနဲငယ္ထားၿပီး ေရေအးနဲ႔ ေဆးခ်လိုက္ပါ။

4/ မ်က္အိပ္ေတြ ေရာင္ေနခဲ့ရင္…

တခ်ိဳ႕ေတြက မ်က္အိပ္ေရာင္ေန လို႔ ဆိုၿပီး ပစည္းေတြကို ေစ်းေတြ အမ်ားႀကီး ေပးၿပီး ဝယ္သုံးၾကတာ ကို ေတြ႕ၾကရပါတယ္။

တကယ္ေတာ့ အိမ္မွာ လြယ္လြယ္ကူကူရတာကို သူတို႔ သတိမထားမိလို႔ပါ။ ေငြလဲ မကုန္ဘူး၊ လုပ္ရတာလဲ လြယ္တယ္…. စတဲ့ အားသာခ်က္ေတြ ရွိပါတယ္။

ၾကက္ဥအကာကို မ်က္အိပ္ေပၚမွာ လိမ္းၿပီး ေျခာက္ေအာင္ထားၿပီး ေရေႏြးေႏြးေလးနဲ႔ ေဆးခ်ပါ။ တစ္ရက္ျခား တစ္ခါေလာက္ လုပ္ေပးလိုက္ေပါ့။

5/ ဝက္ၿခံေတြ ကို သက္သာေစမယ္…

ၾကက္ဥအကာမွာပါတဲ့ ပရိုတင္းဟာ ေရာင္းရမ္းတာေတြကို ေလ်ာ့နည္းေစပါလိမ္႔မယ္။ အနာကိုလဲ အက်က္ျမန္ေစပါတယ္။ ညမအိပ္ခင္မွာ ၾကက္ဥအကာကို ဝက္ၿခံဖုေလးေတြေပၚမွာ တို႔လိမ္းၿပီး မနက္မိုးလင္းအိပ္ရာက နိုးရင္ မ်က္ႏွာသစ္လိုက္ေပါ့။

ဝက္ၿခံေတြေၾကာင့္ ေရာင္းရမ္းတာေတြကို ေလ်ာ့ေပးတဲ့အျပင္ အမည္းစက္ေတြနဲ႔ အမာရြတ္ေတြကိုပါ ဖယ္ရွားေပးနိုင္တယ္။

6/ ဆဲလ္ေသေတ့ကို ဖယ္ရွားမယ္…

မ်က္ႏွာေပၚမွာ ဆဲလ္ေသေတြက ေနရာယူေနမယ္ဆိုရင္ မ်က္ႏွာက ညိဳေနတာတို႔ ေျခာက္ေနတာတို႔နဲ႔ မလွပဲ ျဖစ္ေနပါလိမ့္မယ္။

ဒီလို ဆဲလ္ေသေတ့ကို ဖယ္လိုက္တဲ့အခါ မ်က္ႏွာေလးက ၾကည္ၿပီးေတာ့ ဝင္လာပါလိမ့္မယ္။ ၾကက္ဥအကာထဲကို အုတ္ဂ်ဳံနဲ႔ ပ်ားရည္ကို လက္ဖက္စားဇြန္း ၁ ဇြန္းရာေမႊပါ။

လက္ေခ်ာင္းထိပ္ေလးေတြနဲ႔ ယူၿပီး မ်က္ႏွာေပၚမွာ စက္ဝိုင္းပုံေလးေတြနဲ႔ ညင္သာလိမ္းေပးေပါ့ေနာ္။မိနစ္နဲနဲၾကာလာရင္ ေရေႏြးေႏြးေလးနဲ႔ ေဆးလိုက္ပါ။တစ္ပတ္ကို ၂ ႀကိမ္ေလာက္ပဲ လုပ္ေပးပါ။

7/ ဦးေရျပားေပၚက အဆီေတြကို ဖယ္ရွားမယ္

ဦးေရျပားက အဆီေတြ အရမ္းထြက္ၿပီးေတာ့ ဆံပင္ႀကီးက အဆီေတြေၾကာင့္ ျပားကပ္ကပ္ႀကီး ျဖစ္ေနၿပီး ႐ုပ္ဆိုးေနပါလိမ့္မယ္။

အဆီေတြကို ထိန္းသိမ္နိုင္ေအာင္လို႔ ၾကက္ဥအကာကို ဦးေရျပားေပၚတင္ၿပီး မိနစ္အနဲငယ္ထားၿပီး ေရေဆးခ်လိုက္ပါ။ၿပီးရင္ ေလၽွာ္ေနက် ေခါင္းေလၽွာ္ရည္နဲ႔ ေလၽွာ္လိုက္ပါ။ သိသာပါတယ္။

8/ Conditioner အေနနဲ႔ေရာ…

ဆံေကသာကို ေပ်ာ့ေပ်ာင္းႏူးညံ့သြားေအာင္လဲ ၾကက္ဥအကာက စြမ္းေသးပါတယ္ေနာ္။

ၾကက္ဥအကာကိုယူၿပီးေတာ့ ဒိန္ခ်ဥ္နဲ႔ သံလြင္ဆီ လက္ဖက္စားဇြန္း ၁ ဇြန္းဆီ သမေအာင္ ေမႊၿပီးဦးေရျပားေပၚလိမ္းထား လိုက္ပါ။

ဆံပင္ အတို အရွည္ေပၚမူတည္ၿပီး ၃လုံး ၄ လုံးေလာက္ အသုံးျပဳေပးပါ။ၿပီးရင္ေတာ့ ေလၽွာ္ေနက် ေခါင္းေလၽွာ္ရည္နဲ႔ ေလၽွာ္ၿပီး ေရာထားတဲ့ အေရကို သန္႔စင္ေအာင္ ေဆးခ်ပါ။ တကယ္ကို ထိေရာက္ပါတယ္။

ဒါေလးေတြကေတာ့ ၾကက္ဥကရတဲ့ အလွအပအတြက္ ေရးရာနည္းလမ္းေလးေတြပါ။ တကယ္ကို လြယ္ၿပီးေတာ့ အဆင္ေျပပါတယ္။

ခရစ္ဒစ္