မြန်မာစတိုင် ငါးဆူရှီ(သ်ို့မဟုတ်)ငါးဖယ်ရဲယိုရွက်လိပ် လုပ်နည်းလေး

မြန်မာစတိုင် ငါးဆူရှီ(သ်ို့မဟုတ်)ငါးဖယ်ရဲယိုရွက်လိပ်

ငါးကိုစတိုင်တမျိုးနဲ့ ချက်စားကြမယ်အစာလည်းဆေး ဆေးလည်းအစာမို့ ချက်စားပေးသင့်တဲ့ငါးဖယ်ရဲယ်ိုရွက်လိပ်လေးပါ ပုံမှန်ထုပ်နေကြပုံစံမျိုးမဟုတ်ဘဲ

ရေညှိထမင်းလိပ်လေးနဲ့ဆင်တူလို့ တမျိုးလေးအမြင်ဆန်းနေမှာပါ ဆေးဖက်ဝငိရဲယိုရွက်လေးနဲ့လိပ်ထားတာမို့စားလိုက်ရင်လည်းခါးသက်သက်နဲ့နှုတ်မြိန်စေပါတယ်

ပါဝင်ပစ္စည်းလည်းအများကြိးမလိုဘဲလွယ်ကူစွာပြုလုပ်နိင်လို့စိတ်ဝင်စားရင်တော့ပုံလေးတွေထောက်ကြည့်ပေးနော်

စျေးကဝယ်လာတဲ့ ငါးဖယ်ခြစ် ငါးခြစ်ကြိုက်ရာသုံးပါနော် ငါးအသားခြစ်ကိုဆား နနွင်း အရသာမှုန့်( ဂျင်းထောင်းပီးအရည်ညှစ်ထည့်)ပီးနှံ့အောင်နာနာနယ်ပေးပါ

ရဲယ်ိုရွက်ရေဆေးသန့်စင်ထားပါ အရွက်နုနုဖားဖားကြီးတွေသုံးရင်ပိူကောင်းပါတယ်အရွက်ရင့်ရင်ကြမ်းထော်ပီးလိပ်တဲ့အခါအဆငိမပြေမှာစိုးလို့ပါ

ရဲယိုရွက် /သီး ဟာကင်ဆာကာကွယ်တဲ့အသီးအနှံများထဲမှာTop 10ဝင်တဲ့အသီးအရွက်ဖြစ်လို့မကြာခဏစားသုံးပေးသင့်ပါတယ်နော်

စလိပ်ကြရအောင်နော် အရင်ဆုံး ရဲယိုရွက် ကိုထိပ်နှစ်ဖက်ကိုဖြတ်ပစ်လိုက်ပါ ပြထားသလိုမျ်ုးငါးအသားကိုဖြန့်ပီးထည့်ပါမယ်နော် (သတိ ရဲယိုရွက် ကိုလုံးဝဆီမသုတ်ပါဘူးနော်)

အရွက်နဲ့ငါးအသားနဲ့တထပ်တည်းကပ်နေစေချင်လို့ပါ ညီမတို့မုန့်တွေထုပ်ရင်ဖက်ကိုဆီသုတ်တာကခွာတဲ့အခါအလွယ်တကူခွာလို့ရအောင်လို့ပါ ခုကျတော့ကပ်နေချင်လို့ဆီမသုတ်ဘူးနော် မေ့ပီးဆီသုတ်မိမှာစိုးလို့ပါ)

ပီးရင်ဒီလိုမျ်ူးလေးလိပ်သွားလိုက်ပါ လိပ်တဲ့အခါကျစ်သွားအောင်လို့လက်လေးနဲ့အသာယာလေးဖိပေးနော် အရမ်းလည်းမဖိပါနဲ့ အရွက်ပြဲသွားမယ်နော်

ကဲ ဒိီလိုအလိပ်ကလေးရသွားပီ

စိမ်းစိမ်းလေးတွေနော် ဒီလိုမျိုးလေး လိပ်ထားတဲ့အလိပ်ကလေးတွေကိုရေနွေးငွေ့နဲ့မိနစ်၂၀လောက်ပေါင်းပေးလိုက်နော်

ဒါက ပေါင်းပီးတဲ့အနေအထား ပီးရင်တော့ ဓားထက်ထက်ကိုဆီသုတ်ပီးအနေတော်အကွင်းလေးတွေလှီးပေးနော်အရွက်နဲ့အသားနဲ့တထပ်တည်

လှီးလို့ရလာတဲ့ငါးအလိပ်ကလေးတွေကိုဟင်းချက်မယ်ဆိုရင် ကြက်သွန် ငရုတ်သီးဆီသတ်ပီးအရသာထည့်အနှစ်ကျအောင်ချက်ပီးမှ ငါးလိပ်လေးတွေကိုအသာယာထည့်ပါ မမွှေပါနဲ့နော်

ဟင်းရဲ့အရသာဝင်အောင်အိုးကိုသာသာလေးလှုပ်ပီးတည်ပါ အားရပါးရ မမွှေလိုက်ပါနဲ့နော် အရမ်းမွှေလိုက်ရင် လိပ်ထားတဲ့အလိပ်ကလေးတွေပြေပီးငါးရှဥ့်ဟင်းနဲ့တူသွားပါလိမ့်မယ်

ငါးရှဥ့်စားတဲ့သူကပြသနာမရှိပေမယ့်မစားတဲ့သူကျတော့ကိုယ့်ဟင်းအိုးကိုယ်ကြည့်ပီးအီလညိလည်ကြီးဖြစ်နေမှာစိုးလို့ပါ ချစ်လို့ပြောတာပါနော်

သတိ သတိ ဟင်းအိုးကိုလည်းအကြာကြီးချက်စရာမလိုဘဲ ဆီပြန်အနေထားလေးဆ်ိုokပါပြီနော်

ကဲ မြန်မာတွေလည်းကိုယ့်စတိုင်နဲ့ကိုယ်ဆူရှီလို့ရပါတယ်လို့

Shwe Pyone

Zawgyi

ျမန္မာစတိုင္ ငါးဆူရွီ(သ္ို႔မဟုတ္)ငါးဖယ္ရဲယို႐ြက္လိပ္

ငါးကိုစတိုင္တမ်ိဳးနဲ႔ ခ်က္စားၾကမယ္အစာလည္းေဆး ေဆးလည္းအစာမို႔ ခ်က္စားေပးသင့္တဲ့ငါးဖယ္ရဲယ္ို႐ြက္လိပ္ေလးပါ ပုံမွန္ထုပ္ေနၾကပုံစံမ်ိဳးမဟုတ္ဘဲ

ေရညႇိထမင္းလိပ္ေလးနဲ႔ဆင္တူလို႔ တမ်ိဳးေလးအျမင္ဆန္းေနမွာပါ ေဆးဖက္ဝငိရဲယို႐ြက္ေလးနဲ႔လိပ္ထားတာမို႔စားလိုက္ရင္လည္းခါးသက္သက္နဲ႔ႏႈတ္ၿမိန္ေစပါတယ္

ပါဝင္ပစၥည္းလည္းအမ်ားႀကိးမလိုဘဲလြယ္ကူစြာျပဳလုပ္နိင္လို႔စိတ္ဝင္စားရင္ေတာ့ပုံေလးေတြေထာက္ၾကည့္ေပးေနာ္

ေစ်းကဝယ္လာတဲ့ ငါးဖယ္ျခစ္ ငါးျခစ္ႀကိဳက္ရာသုံးပါေနာ္ ငါးအသားျခစ္ကိုဆား နႏြင္း အရသာမႈန္႔( ဂ်င္းေထာင္းပီးအရည္ညႇစ္ထည့္)ပီးႏွံ႔ေအာင္နာနာနယ္ေပးပါ

ရဲယ္ို႐ြက္ေရေဆးသန္႔စင္ထားပါ အ႐ြက္ႏုႏုဖားဖားႀကီးေတြသုံးရင္ပိူေကာင္းပါတယ္အ႐ြက္ရင့္ရင္ၾကမ္းေထာ္ပီးလိပ္တဲ့အခါအဆငိမေျပမွာစိုးလို႔ပါ

ရဲယို႐ြက္ /သီး ဟာကင္ဆာကာကြယ္တဲ့အသီးအႏွံမ်ားထဲမွာTop 10ဝင္တဲ့အသီးအ႐ြက္ျဖစ္လို႔မၾကာခဏစားသုံးေပးသင့္ပါတယ္ေနာ္

စလိပ္ၾကရေအာင္ေနာ္ အရင္ဆုံး ရဲယို႐ြက္ ကိုထိပ္ႏွစ္ဖက္ကိုျဖတ္ပစ္လိုက္ပါ ျပထားသလိုမ်္ုးငါးအသားကိုျဖန္႔ပီးထည့္ပါမယ္ေနာ္ (သတိ ရဲယို႐ြက္ ကိုလုံးဝဆီမသုတ္ပါဘူးေနာ္)

အ႐ြက္နဲ႔ငါးအသားနဲ႔တထပ္တည္းကပ္ေနေစခ်င္လို႔ပါ ညီမတို႔မုန္႔ေတြထုပ္ရင္ဖက္ကိုဆီသုတ္တာကခြာတဲ့အခါအလြယ္တကူခြာလို႔ရေအာင္လို႔ပါ ခုက်ေတာ့ကပ္ေနခ်င္လို႔ဆီမသုတ္ဘူးေနာ္ ေမ့ပီးဆီသုတ္မိမွာစိုးလို႔ပါ)

ပီးရင္ဒီလိုမ်္ူးေလးလိပ္သြားလိုက္ပါ လိပ္တဲ့အခါက်စ္သြားေအာင္လို႔လက္ေလးနဲ႔အသာယာေလးဖိေပးေနာ္ အရမ္းလည္းမဖိပါနဲ႔ အ႐ြက္ၿပဲသြားမယ္ေနာ္

ကဲ ဒိီလိုအလိပ္ကေလးရသြားပီ

စိမ္းစိမ္းေလးေတြေနာ္ ဒီလိုမ်ိဳးေလး လိပ္ထားတဲ့အလိပ္ကေလးေတြကိုေရေႏြးေငြ႕နဲ႔မိနစ္၂၀ေလာက္ေပါင္းေပးလိုက္ေနာ္

ဒါက ေပါင္းပီးတဲ့အေနအထား ပီးရင္ေတာ့ ဓားထက္ထက္ကိုဆီသုတ္ပီးအေနေတာ္အကြင္းေလးေတြလွီးေပးေနာ္အ႐ြက္နဲ႔အသားနဲ႔တထပ္တည္

လွီးလို႔ရလာတဲ့ငါးအလိပ္ကေလးေတြကိုဟင္းခ်က္မယ္ဆိုရင္ ၾကက္သြန္ င႐ုတ္သီးဆီသတ္ပီးအရသာထည့္အႏွစ္က်ေအာင္ခ်က္ပီးမွ ငါးလိပ္ေလးေတြကိုအသာယာထည့္ပါ မေမႊပါနဲ႔ေနာ္

ဟင္းရဲ႕အရသာဝင္ေအာင္အိုးကိုသာသာေလးလႈပ္ပီးတည္ပါ အားရပါးရ မေမႊလိုက္ပါနဲ႔ေနာ္ အရမ္းေမႊလိုက္ရင္ လိပ္ထားတဲ့အလိပ္ကေလးေတြေျပပီးငါးရွဥ့္ဟင္းနဲ႔တူသြားပါလိမ့္မယ္

ငါးရွဥ့္စားတဲ့သူကျပသနာမရွိေပမယ့္မစားတဲ့သူက်ေတာ့ကိုယ့္ဟင္းအိုးကိုယ္ၾကည့္ပီးအီလညိလည္ႀကီးျဖစ္ေနမွာစိုးလို႔ပါ ခ်စ္လို႔ေျပာတာပါေနာ္

သတိ သတိ ဟင္းအိုးကိုလည္းအၾကာႀကီးခ်က္စရာမလိုဘဲ ဆီျပန္အေနထားေလးဆ္ိုokပါၿပီေနာ္

ကဲ ျမန္မာေတြလည္းကိုယ့္စတိုင္နဲ႔ကိုယ္ဆူရွီလို႔ရပါတယ္လို႔

Shwe Pyone