ငယ်လွန်းသော ကလေးနှင့် သနပ်ခါး အန္တရာယ်
က။မြန်မာ့ရိုးရာ သနပ်ခါးသနပ်ခါးပင် က ဆေးဘက်ဝင် အပင်တစ်မျိုးဖြစ်သည်။ မြန်မာအမျိုးသမီးအများစုက သနပ်ခါးကို နှစ်ခြိုက်စွာလိမ်းကြသည်။
ကလေးငယ်များကိုလည်း သားလေးဖြစ်ဖြစ် သမီးလေးဖြစ်ဖြစ် သနပ်ခါးလိမ်းပေးတတ်သည့် ရိုးရာရှိကြပါသည်။
ခ။သနပ်ခါးနှင့် အရေပြားကျန်းမာရေး
သနပ်ခါး က ရေနှင့်ရောသွေးထား၍ အရေပြားကို အေးမြစေသောကြောင့် မိတ်ထွက်ချိန်တွင် ယားယံခြင်းကို ယာယီသက်သာစေနိုင်သည်။
မျက်နှာ အဆီပြန်ခြင်း ကို ထိန်းပေး၍ အရေပြားကို ခြောက်သွေ့စေသည်။ နေမလောင်ရန် ကြားခံလွှာတစ်ခုအနေနှင့် ကာကွယ်ပေးသည်။
ဂ။သနပ်ခါးနှင့် ကလေးငယ်ငယ်
ကမ္ဘာတဝှမ်းမှ ဆေးပညာသုတေသနရှင်များက သနပ်ခါးနှင့် ကလေးအကြောင်း အသေးစိတ် မလေ့လာထား သေးပါ။
မြန်မာနိုင်ငံမှ ကလေးအထူးကုဆရာဝန်အချို့နှင့် အရေပြားဆရာဝန်အချို့က မွေးကင်းစမှ ၆ လလောက်ထိ ကလေးကို သနပ်ခါးမလိမ်းရန် တိုက်တွန်းသည်။
အရေပြားကျန်းမာရေး ရှုထောင့်မှကြည့် လျှင်
၆ လ မှ တစ်နှစ်ထိ ကလေးများ၏ အရေပြားက လူကြီးများထက် အဆများစွာ ပါးသည်။ ရှလွယ် ပြဲလွယ် လောင်လွယ်သည်။
၆ လအောက် ကလေး၏အရေပြားမှ သဘာဝအဆီဓာတ်က နည်းသေး၍ သနပ်ခါးက အရေပြားကို ပိုခြောက်သွေ့စေနိုင်သည်။
ကလေးအရေပြားခြောက်လျှင် ယားယံ၍ မအီမသာဖြစ်နိုင်သည်။ နို့ပွေးက ခြောက်သွေ့သော အရေပြားတွင် အဖြစ်များ၍ နို့ပွေးရှိလျှင် သနပ်ခါးမလိမ်းသင့်ပါ။
အရေပြားခြောက်သွေ့လွန်းခြင်းနှင့် နို့ပွေး ပြဿနာများမရှိသော ကလေးကို မေမေက သနပ်ခါးလိမ်းပေးလျှင်
သဘာဝသနပ်ခါးတုံးသန့်သန့်ကို ကျောက်ပြင်သန့်သန့်၊ ရေသန့်သန့်နှင့် သွေးလိမ်းပေးပါ။ စိုထိုင်းသော သနပ်ခါးတုံးတွင် မှိုစွဲတတ်၍ သနပ်ခါးတုံးနှင့် ကျောက်ပြင်ကို ပုံမှန်ဆေးကြောပါ။ အဖုံးပါသော ရေပုလင်း/ဗူးကို သုံးပါ၊ မကြာခဏရေလဲပေးပါ။
အသင့်လိမ်း ဗူးများတွင် ကြာရှည်ခံအောင်ထည့်သော၊ အနံ့မွှေးအောင်သုံးသော ဓာတုဗေဒပစ္စည်းများပါတတ်၍ ကလေးငယ်၏ အရေပြားကို ထိခိုက်နိုင်ပါသည်။
ဓာတ်မတည့်မှုများဖြစ်နိုင်သည်။
သနပ်ခါးလိမ်းပြီး သနပ်ခါးမကျွေးပါနှင့်။ သနပ်ခါးက အာဟာရမပေးပါ။ သနပ်ခါးတုံးနှင့် ရေမှ မမြင်ရသောပိုးက ငယ်လွန်းသော ကလေးကို ဝမ်းလျှောစေတတ်သည်။
ခရစ်ဒစ်
Zawgyi
ငယ္လြန္းေသာ ကေလးႏွင့္ သနပ္ခါး အႏၲရာယ္
က။ျမန္မာ့ရိုးရာ သနပ္ခါးသနပ္ခါးပင္ က ေဆးဘက္ဝင္ အပင္တစ္မ်ိဳးျဖစ္သည္။ ျမန္မာအမ်ိဳးသမီးအမ်ားစုက သနပ္ခါးကို ႏွစ္ၿခိဳက္စြာလိမ္းၾကသည္။
ကေလးငယ္မ်ားကိုလည္း သားေလးျဖစ္ျဖစ္ သမီးေလးျဖစ္ျဖစ္ သနပ္ခါးလိမ္းေပးတတ္သည့္ ရိုးရာရွိၾကပါသည္။
ခ။သနပ္ခါးႏွင့္ အေရျပားက်န္းမာေရး
သနပ္ခါး က ေရႏွင့္ေရာေသြးထား၍ အေရျပားကို ေအးျမေစေသာေၾကာင့္ မိတ္ထြက္ခ်ိန္တြင္ ယားယံျခင္းကို ယာယီသက္သာေစနိုင္သည္။
မ်က္ႏွာ အဆီျပန္ျခင္း ကို ထိန္းေပး၍ အေရျပားကို ေျခာက္ေသြ႕ေစသည္။ ေနမေလာင္ရန္ ၾကားခံလႊာတစ္ခုအေနႏွင့္ ကာကြယ္ေပးသည္။
ဂ။သနပ္ခါးႏွင့္ ကေလးငယ္ငယ္
ကမၻာတဝွမ္းမွ ေဆးပညာသုေတသနရွင္မ်ားက သနပ္ခါးႏွင့္ ကေလးအေၾကာင္း အေသးစိတ္ မေလ့လာထား ေသးပါ။
ျမန္မာနိုင္ငံမွ ကေလးအထူးကုဆရာဝန္အခ်ိဳ့ႏွင့္ အေရျပားဆရာဝန္အခ်ိဳ့က ေမြးကင္းစမွ ၆ လေလာက္ထိ ကေလးကို သနပ္ခါးမလိမ္းရန္ တိုက္တြန္းသည္။
အေရျပားက်န္းမာေရး ရွုေထာင့္မွၾကည့္ လၽွင္
၆ လ မွ တစ္ႏွစ္ထိ ကေလးမ်ား၏ အေရျပားက လူႀကီးမ်ားထက္ အဆမ်ားစြာ ပါးသည္။ ရွလြယ္ ျပဲလြယ္ ေလာင္လြယ္သည္။
၆ လေအာက္ ကေလး၏အေရျပားမွ သဘာဝအဆီဓာတ္က နည္းေသး၍ သနပ္ခါးက အေရျပားကို ပိုေျခာက္ေသြ႕ေစနိုင္သည္။
ကေလးအေရျပားေျခာက္လၽွင္ ယားယံ၍ မအီမသာျဖစ္နိုင္သည္။ နို့ေပြးက ေျခာက္ေသြ႕ေသာ အေရျပားတြင္ အျဖစ္မ်ား၍ နို့ေပြးရွိလၽွင္ သနပ္ခါးမလိမ္းသင့္ပါ။
အေရျပားေျခာက္ေသြ႕လြန္းျခင္းႏွင့္ နို့ေပြး ျပႆနာမ်ားမရွိေသာ ကေလးကို ေမေမက သနပ္ခါးလိမ္းေပးလၽွင္
သဘာဝသနပ္ခါးတုံးသန႔္သန႔္ကို ေက်ာက္ျပင္သန႔္သန႔္၊ ေရသန႔္သန႔္ႏွင့္ ေသြးလိမ္းေပးပါ။ စိုထိုင္းေသာ သနပ္ခါးတုံးတြင္ မွိုစြဲတတ္၍ သနပ္ခါးတုံးႏွင့္ ေက်ာက္ျပင္ကို ပုံမွန္ေဆးေၾကာပါ။ အဖုံးပါေသာ ေရပုလင္း/ဗူးကို သုံးပါ၊ မၾကာခဏေရလဲေပးပါ။
အသင့္လိမ္း ဗူးမ်ားတြင္ ၾကာရွည္ခံေအာင္ထည့္ေသာ၊ အနံ့ေမႊးေအာင္သုံးေသာ ဓာတုေဗဒပစၥည္းမ်ားပါတတ္၍ ကေလးငယ္၏ အေရျပားကို ထိခိုက္နိုင္ပါသည္။
ဓာတ္မတည့္မႈမ်ားျဖစ္နိုင္သည္။
သနပ္ခါးလိမ္းၿပီး သနပ္ခါးမေကၽြးပါႏွင့္။ သနပ္ခါးက အာဟာရမေပးပါ။ သနပ္ခါးတုံးႏွင့္ ေရမွ မျမင္ရေသာပိုးက ငယ္လြန္းေသာ ကေလးကို ဝမ္းေလၽွာေစတတ္သည္။
ခရစ္ဒစ္