လမ်းပေါ်ထွက် ဆန္ဒထုတ်ဖေါ်တဲ့အခါ သတိပြုရန်
လမ်းပေါ်ထွက်လာကြပြီ ဆိုတော့ သတိပေးပါမယ်။
လူအုပ်အရမ်းကြီးလာရင် နောက်ကတွန်းပါမယ်။ သိပ်အန္တရာယ်များပါတယ်။
ရဲတွေရဲ့ စည်းတွေရှိပါတယ်။ တတိယ စည်းက ကျော်ရင် ပစ်ပါမယ်လို့ ရေးထားပါတယ်။ တကယ်လဲ ပစ်ပါတယ်၊ အသေပစ်လို့ရပါတယ်။
မြန်မာနိုင်ငံမို့ အာဏာရှင်မို့မဟုတ်ပါဘူး။ တကမ္ဘာလုံးမှာ အဓိကရုဏ်းအတွက် သတ်မှတ်ချက်ပါ၊ ဘယ်နိုင်ငံဖြစ်ဖြစ် အဲ့စည်းချထားရင်၊ ကျော်ရင် ပစ်ခွင့်ရှိတယ်ဆို ပါတယ်။
အသာလေးပစ်မှာမဟုတ်ပါဘူး။ ခြေထောက်ကိုလဲပစ်မှာမဟုတ်ပါဘူး။ သေအောင်ပစ်လဲ သူတို့အပစ်မဟုတ်တော့ပါဘူး။
သိအောင် ပြောပြတာပါ။ စည်းကျော်လို့ ပစ်တာကို နိုင်ငံတကာမှာ သွားပြီး ငိုပြလို့မရနိုင်ပါဘူး။
လူအုပ်သိပ်ကြီးလာရင် ဘာမှန်းညာမှန်းမသိ နောက်တွန်းရင် ရှေ့လူတွေ အသားလွတ် စည်းကျော်သွားနိုင်ပါတယ်။ သတိကြီးကြီးထားပါ။
ကားနဲ့ ပတ်တဲ့သူတွေ ကားနဲ့ပဲ ကိုယ့်ဟာကိုယ် ဆက်ပြီး မြို့ပတ်ပါ။ လူစုရှိတဲ့နေရာကို အကုန်မသွားကြစေချင်ပါ။ တစ်မြို့လုံး အင်အားပြသလိုဖြစ်အောင် ကိုယ့်နေရာကိုယ်သာ ခွဲနေပါ။
သေချာမှာပါတယ်နော်။စည်းကျော်ရင် ပစ်ခွင့်က နိုင်ငံတိုင်း လက်ခံထားပြီးသားပါ။
ငြိမ်းချမ်းစွာကနေ မငြိမ်းချမ်းအောင် လုပ်မယ့်သူတွေရှိပါတယ်။ သတိထားကြပါ
ခရစ်ဒစ်
Zawgyi
ခရစ်ဒစ်