ဆန္ဒပြမြန်မာပြည်သူတွေကို အမေရိကန် ထောက်ခံ

ဆန္ဒပြမြန်မာပြည်သူတွေကို အမေရိကန် ထောက်ခံ

ဖေဖော်ဝါရီ ၇ ရက်၊ ၂၀၂၁ ခုနှစ်

အမေရိကန်နိုင်ငံအနေနဲ့ ဒီမိုကရေစီနည်းလမ်းတကျရွေးကောက်ခံတင်မြောက်ထားတဲ့အစိုးရကို ပြည်သူတွေထောက်ခံဆန္ဒပြတာကို အားပေးထောက်ခံတယ်လို့ ဖေဖော်ဝါရီ ၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သိန်းနဲ့ချီတဲ့ပြည်သူတွေ ရန်ကုန်မှာ စစ်အာရှင်ဆန့်ကျင်ရေးဆန္ဒပြကြသလို၊ အနယ်နယ်အရပ်ရပ်က မြို့နယ်ဆယ်နဲ့ချီပြီးတော့ တရက်တည်းမှာ ဆန္ဒပြကြပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး သောမတ်စ် ဗိုက်ဒါက “စစ်တပ်အနေနဲ့ အာဏာပြန်စွန့်လွှတ်ဖို့၊ ပြည်သူရွေးချယ်တင်မြောက်ထားတဲ့အစိုးရထံကို

အာဏာပြန်အပ်ဖို့၊ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့၊ ပိတ်ဆို့ဖြတ်တောက်လိုက်တဲ့ အင်တာနက်ကိုပြန်ဖွင့်ပေးဖို့နဲ့ အကြမ်းဖက်နည်းလမ်းကိုအသုံးမပြုဖို့” ထပ်မံတောင်းဆိုကြောင်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

mizzima

မြန်မာ့စစ်တပ်ကို အာဏာစွန့်ဖို့နှင့် ပြည်သူတွေ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို အသက်ဝင်စေဖို့ ရန်ကုန်မြို့ရှိ အမေရိကန် သံအမတ်ကြီး သောမတ်စ်ဗိုက်ဒါက ထပ်မံ တောင်းဆိုလိုက်ပါတယ်။

we media