ဝဲဘက်ပုခုံးတွင် သင်္ကန်းတော်ဖုံးလွှမ်းရတာ ဘာကြောင့် လဲ

ရဟန်းသံဃာတော်များသည် ဝဲဘက်ပုခုံးကို သင်္ကန်းတော်ဖြင့် ဘာ့ကြောင့် ဖုံးလွှမ်းရပါသနည်း

တို့အဘဘုရား သာသနာမှာ လက်ဝဲတော်ရံ လက်ယာတော်ရံဆိုတာ မရှိကြပေဘူးလား

“ရှိပါတယ်ဘုရား”

လက်ဝဲတော်ရံဆိုတာ “တန်ခိုးအရာမှာ ဧတဒဂ်ရတဲ့ အရှင်မဟာမောဂ္ဂလာန်ပါဘုရား”လက်ယာတော်ရံဆိုတာ “ပညာအရာမှာ ဧတဒဂ်ရတဲ့ အရှင်သာရိပုတ္တရာပါဘုရား”

ဟုတ်ပြီဗျာ.. တန်ခိုးက လက်ဝဲ၊ ပညာက လက်ယာ…တန်ခိုးဆိုတာ အာသဝေါတရားတို့ရဲ့ ကုန်ရာခန်းရာ အရဟတ္တဓဇ၊အရဟတ္တရဲ့အလံတံခွန်သာဖြစ်တယ်။

ပညာဆိုတာကတော့ ဝိပဿနာပညာ၊ မဂ်ပညာ၊ ဖိုလ်ပညာကနေ နိဗ္ဗာန်ကို ရဖို့ရောက်ဖို့မဟုတ်လား။

ပုထုဇဉ်တို့ရဲ့စိတ်သဘာဝဆိုတာ အဆန်းကြိုက်၊ တစ်ခုရိုး တစ်မျိုးပြောင်းပြီး တစ်သံသရာလုံး ဆန်းတယ်ထင်တာတွေနောက် လိုက်ခဲ့ကြတယ်။

ရိုင်းရိုင်းပြောရရင် လမ်းဘေးက မျောက်ပွဲ၊ မျက်လှည့်ပွဲကအစ ဆန်းတယ်ထင်တာ မှန်သမျှမှာ လူတွေမေ့မျော သာယာနေတတ်ကြတယ်။

ဒီတော့ တန်ခိုးရဲ့ ဆန်းဆန်းပြားပြား ဖမ်းစားမှုအပေါ် မေ့လျော့တွေဝေ သာယာနေကြရင် မဂ်ပညာ ဖိုလ်ပညာကွယ်မှာပဲ၊ မဂ်ပညာ ဖိုလ်ပညာကွယ်ရင် သာသနာကွယ်မှာပဲ။

သာသနာကွယ်ပြီ ဆိုတာနဲ့ သတ္တဝါတွေရဲ့သံသရာဝဋ်ဆင်းရဲ ဒုက္ခအပေါင်းက လွတ်မြောက်ရာ တရားတွေလည်း ကွယ်တာပဲ။

ယောဂီတို့ တရားထိုင်ရာမှာလည်း တင်ပျဉ်ခွေကြား လက်နှစ်ဖက် ယှက်တင်တဲ့အခါ လက်ဝဲလက်ကို အောက်က လက်ယာလက်ကို အပေါ်က ထားရတာလည်း ဒီသဘောပဲ။

လက်ဝဲဆိုတဲ့ တန်ခိုးသဘောကို လက်ယာဆိုတဲ့ ပညာက ဖုံးထားအုပ်ထား ဆင့်ထားရတယ်။

တစ်နည်းအားဖြင့်တော့ လက်ဝဲက သမထ၊ လက်ယာက ဝိပဿနာ။ သမထ တန်ခိုးကိုသာ ပြလိုက်လို့ကတော့ အညှီ ယင်အုံသလို နေတော့မှာပေါ့။

ရုပ် နာမ် ဖြစ်ပျက်တွေ အနိစ္စ ဒုက္ခ အနတ္တတွေ ဘာမှဟောလို့ ပြောလို့နားဝင်တော့မှာ မဟုတ်ဘူး။ တန်ခိုးပြမိရင် တန်ခိုးပဲ ကိုးကွယ်မှာ။

ဝိပဿနာပညာ၊ ဖိုလ်ပညာ၊ မဂ်ပညာတွေဆိုတာ ကျင့်ကြံအားထုတ်ရမှန်းတောင် သိမှာမဟုတ်တော့ဘူး။

တန်ခိုးလောက်ရင် မိန်းမောနေရင် သံသရာဝဋ်ဆင်းရဲက မလွတ်မြောက်နိုင်ဘူး။ ဒါ့ကြောင့်တန်ခိုးဆိုတာ ဖုံးထားအပ်သောအရာ၊ ပညာသာလျှင် အမြဲအစဉ် ဖွင့်ထားအပ်သောအရာ၊

ဖော်ထားအပ်သော အရာ၊ ဒါကြောင့် တန်ခိုးကို ကိုယ်စားပြုတဲ့ လက်ဝဲဘက်ကို သင်္ကန်းနဲ့ဖုံးထားရတယ်။ ပညာကိုကိုယ်စားပြုတဲ့ လက်ယာဘက်ကိုတော့ဖွင့်ပြထားရတယ်၊ ဖော်ထားရတယ်။

မဟာဗောဓိမြိုင်ဆရာတော်ကြီး

(ဆရာမောင်သွေးချွန်စုစည်းသော ဘာ့ကြောင့် ၁+၂ ပေါင်းချုပ်စာအုပ်မှ ကောက်နုတ်ပူဇော်ပါသည်၊)

မေတ္တာဖြင့် စုစည်းသူ အနှိုင်းမဲ့စာတိုပေစများ

Zawgyi

ရဟန္းသံဃာေတာ္မ်ားသည္ ဝဲဘက္ပုခုံးကို သကၤန္းေတာ္ျဖင့္ ဘာ့ေၾကာင့္ ဖုံးလႊမ္းရပါသနည္း

တို႔အဘဘုရား သာသနာမွာ လက္ဝဲေတာ္ရံ လက္ယာေတာ္ရံဆိုတာ မရွိၾကေပဘူးလား

“ရွိပါတယ္ဘုရား”

လက္ဝဲေတာ္ရံဆိုတာ “တန္ခိုးအရာမွာ ဧတဒဂ္ရတဲ့ အရွင္မဟာေမာဂၢလာန္ပါဘုရား”လက္ယာေတာ္ရံဆိုတာ “ပညာအရာမွာ ဧတဒဂ္ရတဲ့ အရွင္သာရိပုတၱရာပါဘုရား”

ဟုတ္ၿပီဗ်ာ.. တန္ခိုးက လက္ဝဲ၊ ပညာက လက္ယာ…တန္ခိုးဆိုတာ အာသေဝါတရားတို႔ရဲ့ ကုန္ရာခန္းရာ အရဟတၱဓဇ၊အရဟတၱရဲ့အလံတံခြန္သာျဖစ္တယ္။

ပညာဆိုတာကေတာ့ ဝိပႆနာပညာ၊ မဂ္ပညာ၊ ဖိုလ္ပညာကေန နိဗၺာန္ကို ရဖို႔ေရာက္ဖို႔မဟုတ္လား။

ပုထုဇဥ္တို႔ရဲ့စိတ္သဘာ၀ဆိုတာ အဆန္းႀကိဳက္၊ တစ္ခုရိုး တစ္မ်ိဳးေျပာင္းၿပီး တစ္သံသရာလုံး ဆန္းတယ္ထင္တာေတြေနာက္ လိုက္ခဲ့ၾကတယ္။

ရိုင္းရိုင္းေျပာရရင္ လမ္းေဘးက ေမ်ာက္ပြဲ၊ မ်က္လွည့္ပြဲကအစ ဆန္းတယ္ထင္တာ မွန္သမၽွမွာ လူေတြေမ့ေမ်ာ သာယာေနတတ္ၾကတယ္။

ဒီေတာ့ တန္ခိုးရဲ့ ဆန္းဆန္းျပားျပား ဖမ္းစားမွုအေပၚ ေမ့ေလ်ာ့ေတြေဝ သာယာေနၾကရင္ မဂ္ပညာ ဖိုလ္ပညာကြယ္မွာပဲ၊ မဂ္ပညာ ဖိုလ္ပညာကြယ္ရင္ သာသနာကြယ္မွာပဲ။

သာသနာကြယ္ၿပီ ဆိုတာနဲ႔ သတၱဝါေတြရဲ့သံသရာ၀ဋ္ဆင္းရဲ ဒုကၡအေပါင္းက လြတ္ေျမာက္ရာ တရားေတြလည္း ကြယ္တာပဲ။

ေယာဂီတို႔ တရားထိုင္ရာမွာလည္း တင္ပ်ဥ္ေခြၾကား လက္ႏွစ္ဖက္ ယွက္တင္တဲ့အခါ လက္ဝဲလက္ကို ေအာက္က လက္ယာလက္ကို အေပၚက ထားရတာလည္း ဒီသေဘာပဲ။

လက္ဝဲဆိုတဲ့ တန္ခိုးသေဘာကို လက္ယာဆိုတဲ့ ပညာက ဖုံးထားအုပ္ထား ဆင့္ထားရတယ္။

တစ္နည္းအားျဖင့္ေတာ့ လက္ဝဲက သမထ၊ လက္ယာက ဝိပႆနာ။ သမထ တန္ခိုးကိုသာ ျပလိုက္လို႔ကေတာ့ အညႇီ ယင္အုံသလို ေနေတာ့မွာေပါ့။

႐ုပ္ နာမ္ ျဖစ္ပ်က္ေတြ အနိစၥ ဒုကၡ အနတၱေတြ ဘာမွေဟာလို႔ ေျပာလို႔နား၀င္ေတာ့မွာ မဟုတ္ဘူး။ တန္ခိုးျပမိရင္ တန္ခိုးပဲ ကိုးကြယ္မွာ။

ဝိပႆနာပညာ၊ ဖိုလ္ပညာ၊ မဂ္ပညာေတြဆိုတာ က်င့္ႀကံအားထုတ္ရမွန္းေတာင္ သိမွာမဟုတ္ေတာ့ဘူး။

တန္ခိုးေလာက္ရင္ မိန္းေမာေနရင္ သံသရာ၀ဋ္ဆင္းရဲက မလြတ္ေျမာက္နိုင္ဘူး။ ဒါ့ေၾကာင့္တန္ခိုးဆိုတာ ဖုံးထားအပ္ေသာအရာ၊ ပညာသာလၽွင္ အျမဲအစဥ္ ဖြင့္ထားအပ္ေသာအရာ၊

ေဖာ္ထားအပ္ေသာ အရာ၊ ဒါေၾကာင့္ တန္ခိုးကို ကိုယ္စားျပဳတဲ့ လက္ဝဲဘက္ကို သကၤန္းနဲ႔ဖုံးထားရတယ္။ ပညာကိုကိုယ္စားျပဳတဲ့ လက္ယာဘက္ကိုေတာ့ဖြင့္ျပထားရတယ္၊ ေဖာ္ထားရတယ္။

မဟာေဗာဓိၿမိဳင္ဆရာေတာ္ႀကီး

(ဆရာေမာင္ေသြးခၽြန္စုစည္းေသာ ဘာ့ေၾကာင့္ ၁+၂ ေပါင္းခ်ဳပ္စာအုပ္မွ ေကာက္ႏုတ္ပူေဇာ္ပါသည္၊)

ေမတၱာျဖင့္ စုစည္းသူ အႏွိုင္းမဲ့စာတိုေပစမ်ား

Leave a Comment