ကဗျည်းထိုးမှ ကုသိုလ်ရတာလား
လောကလူတွေက ကောင်းမှုလုပ်ရင်လူသိစေချင်ကြတယ်ပေါ့နော်။
တကယ်က ကုသိုလ်ဆိုတာလူသိသည်ဖြစ်စေမသိသည်ဖြစ်စေတန်ဖိုးကျ သွားလေ့မရှိဘူး။
ကုသိုလ်ရဲ့ တန်ဖိုးဆိုတာလုပ်တဲ့သူရဲ့ စိတ်စေတနာအပေါ်မှာမူတည်ခြင်းသာဖြစ်တယ်။
ဒါနကုသိုလ်လုပ်တဲ့သူဟာပစ္စည်းအပေါ်တပ်မက်နေတဲ့လောဘကိုပယ်နှုတ်လိုက်တာပဲဖြစ်တယ်။
အလှူ ခံတဲ့ ပုဂ္ဂိုလ်ချမ်းသာမှုကို
ရှေ့ရှုထားတဲ့အတွက်မေတ္တာသဘော သက်ဝင်ကာဒေါသကို ပယ်နှုတ်လိုက်တာပဲဖြစ်တယ်။
အလှူပေးတဲ့သူဟာ ကောင်းကျိုး အသေချာရမယ်ဆိုတာကို သေသေချာချာသိပြီးလှူမယ်ဆိုရင်
ကမ္မဿ ကတာ သမ္မာဒိဋ္ဌိဉာဏ်ဖြစ်ပြီးအမောဟကို ပယ်နှုတ်လိုက်တာပဲဖြစ်တယ်။
ကိုယ်ကျင့်သီလစောင့်တဲ့သူဟာငါးပါးသီလ လုံရင် ဝါရိတ္တသီလကို ထိန်းလိုက်တာပဲဖြစ်တယ်။
မိဘကို သားသမီးကျင့်ဝတ်နဲ့အညီလုပ်ကျွေးပြုစုတဲ့သူ၊
သား၊မယားကို လင့်ကျင့်ဝတ် ဖခင်ကျင့်ဝတ်နဲ့အညီ သမာဇီဝကျကျ လုပ်ကျွေးတဲ့သူဟာစာရိတ္တသီလ ကိုစောင့်ထိန်းလိုက်တာပဲဖြစ်တယ်ပေါ့နော်။
အဲဒါကြောင့်….ကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာကဗျည်းထိုးခွင့်ရသည်ဖြစ်စေထိုးခွင့်မရသည်ဖြစ်စေ ကောင်းမှုဆိုရင် လုပ်ဖြစ်အောင်သာလုပ်လိုက်ပါ
ကောင်းကျိုးချမ်းသာက ကောင်းမှုလုပ်တဲ့သူကို အသင့်စောင့်ကြိုနေပါလိမ့်မယ်။
အရှင်ဝါသဝ (ဓာတုမယ)
၉၊၂၊၂၁၊တနင်္လာနေ့။
Zawgyi
ကဗ်ည္းထိုးမွ ကုသိုလ္ရတာလား
ေလာကလူေတြက ေကာင္းမွုလုပ္ရင္လူသိေစခ်င္ၾကတယ္ေပါ့ေနာ္။
တကယ္က ကုသိုလ္ဆိုတာလူသိသည္ျဖစ္ေစမသိသည္ျဖစ္ေစတန္ဖိုးက် သြားေလ့မရွိဘူး။
ကုသိုလ္ရဲ့ တန္ဖိုးဆိုတာလုပ္တဲ့သူရဲ့ စိတ္ေစတနာအေပၚမွာမူတည္ျခင္းသာျဖစ္တယ္။
ဒါနကုသိုလ္လုပ္တဲ့သူဟာပစၥည္းအေပၚတပ္မက္ေနတဲ့ေလာဘကိုပယ္ႏႈတ္လိုက္တာပဲျဖစ္တယ္။
အလွဴ ခံတဲ့ ပုဂၢိဳလ္ခ်မ္းသာမွုကို
ေရွ႕ရႈထားတဲ့အတြက္ေမတၱာသေဘာ သက္ဝင္ကာေဒါသကို ပယ္ႏွုတ္လိုက္တာပဲျဖစ္တယ္။
အလွဴေပးတဲ့သူဟာ ေကာင္းက်ိဳး အေသခ်ာရမယ္ဆိုတာကို ေသေသခ်ာခ်ာသိၿပီးလွဴမယ္ဆိုရင္
ကမၼႆ ကတာ သမၼာဒိ႒ိဉာဏ္ျဖစ္ၿပီးအေမာဟကို ပယ္ႏႈတ္လိုက္တာပဲျဖစ္တယ္။
ကိုယ္က်င့္သီလေစာင့္တဲ့သူဟာငါးပါးသီလ လုံရင္ ဝါရိတၱသီလကို ထိန္းလိုက္တာပဲျဖစ္တယ္။
မိဘကို သားသမီးက်င့္ဝတ္နဲ႔အညီလုပ္ေကၽြးျပဳစုတဲ့သူ၊
သား၊မယားကို လင့္က်င့္ဝတ္ ဖခင္က်င့္ဝတ္နဲ႔အညီ သမာဇီဝက်က် လုပ္ေကၽြးတဲ့သူဟာစာရိတၱသီလ ကိုေစာင့္ထိန္းလိုက္တာပဲျဖစ္တယ္ေပါ့ေနာ္။
အဲဒါေၾကာင့္….ကုသိုလ္ေကာင္းမွုလုပ္တဲ့အခါမွာကဗ်ည္းထိုးခြင့္ရသည္ျဖစ္ေစထိုးခြင့္မရသည္ျဖစ္ေစ ေကာင္းမွုဆိုရင္ လုပ္ျဖစ္ေအာင္သာလုပ္လိုက္ပါ
ေကာင္းက်ိဳးခ်မ္းသာက ေကာင္းမွုလုပ္တဲ့သူကို အသင့္ေစာင့္ႀကိဳေနပါလိမ့္မယ္။
အရွင္ဝါသဝ (ဓာတုမယ)
၉၊၂၊၂၁၊တနလၤာေန႔။