၇ရက်သားသမီး ဟောစာတမ်း 11.2.2021 မှ 17.2.2021 အထိ..
11.2.2021 မှ 17.2.2021 အထိ တစ်ပတ်တာ ၇ရက်သားသမီးများ ဟောစာတမ်း
တနင်္ဂနွေ
ယခုအပတ်အတွင်း ငွေကြေးကုန်ကျမှုများ အလွန်များပြားနေလိမ့်မည်။ စုဆောင်းထားသော ငွေကြေးများ ရုတ်တရက်သုံးစွဲရခြင်းများကြုံမည်။မထင်မှတ်ဘဲခရီးတွေထွက်ရတတ်ပါတယ်။ အိမ်ပြောင်း၊အိမ်ရွှေ့ကိစ္စများ ဒီအပတ် အတွင်းကြုံနေရတတ်ပါတယ်။
မိဘ၊အကြီးအကဲကျန်းမာရေးအညံ့များကြုံတွေ့ရတတ်ပါသည်။ ကိုယ်တိုင် ရဲ့ကျန်းမာရေးကတော့ထင်သလောက်အညံ့အဆိုးမရှိနိုင်တာကိုတွေ့ရပါတယ်။ဆောင်ရွက်လိုသော ဆန္ဒမရှိသည့် ကိစ္စရပ်များကို တာဝန်ယူလုပ်ကိုင်ရခြင်းများ ရှိနေမည်။
တစ်ပါးသူကတိပျက်၍ အလုပ်ကိစ္စများ ထင်သလောက် တိုးတတ်မှုမရှိနိုင်ပါ။အခြားနေရာဋ္ဌာနများမှာ ယာယီတာဝန်ထမ်းဆောင်ပေးရတတ်ပါတယ်။ ဒုက္ခများနေတဲ့မိတ်ဆွေ တွေကို လူအားကိုယ်အားနဲ့ကူညီပေးရတတ်ပါတယ်။
တစ်ခုသတိထားရမှာက ဆရာတင်မှားတတ်ပါတယ်။ အရေး ကြီးတဲ့ဆုံးဖြတ်ချက်တွေကို ဒီကာလအတွင်းချမှတ်လို့မကောင်းသေးပါဘူး။အချစ်ရေးနဲ့ပတ်သတ်ပြီး ချိန်းဆိုထား တာတွေလွဲရတတ်ပါတယ်။ ချစ်သူခင်သူတွေနဲ့ ညှိနှိုင်းဆောင်ရွက်လို့မရတတ်ပါဘူး။
အိမ်ထောင်ရေးမှာ ထင်သ လောက်ညံ့နေတာမျိုးမရှိပါဘူး။ အိမ်ထောင်ဘက်နဲ့ တိုင်တိုင်ပင်ပင်ရှိမယ့်ကာလတစ်ခုပဲဖြစ်ပါတယ်။ ပညာရေး မှာတော့ ပညာသစ်တစ်ခု စတင်သင်ယူလို့မကောင်းသေးပါ။
အကျိုးပေးဂဏန်း..၅/၆/၈ အထူးဟော… အလုပ်များကိစ္စများနေမည်။ ယတြာ…အောင်သပြေပန်းဘုရားကပ်လှူလိုက်ပါ။
တနင်္လာ
လုပ်ငန်းသစ်များ၊ အကြံအစည်သစ်များကို စတင်ဆောင်ရွက်နိုင်မည်။ ရပ်တန့်ထားသောလုပ်ငန်းများကို ပြန် လည်ဆောင်ရွက် နိုင်မည်။ လူမျိုးကွဲ၊ လူမျိုးခြားများ အကျိုးပေးမည်။ ဆုံးဖြတ်ချက်များ မှန်ကန်မည်။ ကောင်းသော တတ်လမ်းများ ပေါ်ထွန်းမည်။
နေရာထိုင်ခင်းကိစ္စများ စကားပြောဆိုမှုများ အဆင်ပြေအောင်မြင်မည်။ အဖွဲ့အစည်း ကိစ္စများ ပါဝင်ပါတ်သက်ရမည်။ပရဟိတကိစ္စတွေမှာဦးဆောင်ရတတ်သည်။ အလှူမင်္ဂလာပွဲများ ၊ ပွဲလမ်း သဘင် ကိစ္စများမိသားစုအသိုင်းအဝိုင်းတွင်ကြုံရမည်။
စတော့ရှယ်ယာ၊ သွင်းကုန်ထုတ်ကုန်ကုမ္ပဏီလုပ်ငန်း၊ သယ်ယူ ပို့ ဆောင်ရေး လုပ်ငန်း တို့ နှင့် အကျိုးပေးကောင်းမည်။ အိမ်ခြံမြေကိစ္စအတွက် အငြင်းပွားမှုများ ဖြစ်နိုင်ပြီး ညှိနှိုင်း ဆွေးနွေးမှုကြောင့် အဆင် ပြေနိုင်ပါမည်။
ကျန်းမာရေးအားနည်းယုတ်လျော့နေတတ်ပါတယ်။အသည်း၊ အဆုတ် ဝေဒနာ များ ဖြစ်ပွားနိုင် ပါ သည်။တတ်နိုင်သမျှ အသက်သေစာကိုလျှော့သောက်သင့်တဲ့ကာလပါပဲ။အချစ်ရေး ကိစ္စ တွေမှာ စီးပွားရေးအပေါ် အာရုံစိုက် နေတဲ့ချစ်သူကို မိမိဘက်ကနားလည်မှုပေးနိုင်ဖို့လိုပါတယ်။
အိမ်ထောင်ရေး မှာ တော့အိမ်ထောင်ဘက်ရဲ့ မိသားစုအပူတွေကို ကိုယ်ကဦးဆောင်ဖြေရှင်းပေးနေရတတ်ပါတယ်။ ယခုအပတ် အတွင်း အတတ်ပညာသင်တန်း နှင့် ပတ်သက်သော ကိစ္စများ စီစဉ်အောင်မြင်မည်။ ပညာရှာလို့ကောင်းတဲ့ ကာလ လဲဖြစ် ပါတယ်။
အကျိုးပေးဂဏန်း..၆/၀/၉ အထူးဟော..ကျန်းမာရေးဂရုစိုက်ပေးပါ။ ယတြာ…ထိုးမုန့်တစ်ပွဲ ဘုရားကပ်လှူလိုက်ပါ။
အင်္ဂါ
ယခုကာလများအတွင်း မိတ်ဆွေဟောင်းများ တွေ့တတ်ပြီး လုပ်ငန်းသစ်များ လုပ်ကိုင်ဆောင်ရွက်ရမည်။ ကံကြမ္မာ၏ မျက်နှာသာပေးမှုကို ခံစားနေရမည်။ တစ်ပါးသူအပေါ် အားကိုးလို့ရသော အချိန်ကာလဖြစ်သည်။
ကူညီမယ့်သူတွေ၊ မစမယ့်သူတွေပေါမယ့်ကာလဖြစ်ပါတယ်။ရေသန့်စက် အပိုပစ္စည်းရောင်းဝယ်ခြင်းလုပ်ငန်းများ၊ ဥယျာဉ်ခြံလုပ်ကိုင်ခြင်း၊ ဖုန်းအပိုပစ္စည်းနှင့် စက်သုံးဆီ ရောင်းဝယ်ခြင်းများ ကောင်းမွန်နေပါသည်။
သူတစ်ပါး ကိစ္စများ ကိုယ်ကဦးဆောင်ဖြေရှင်းပေးလိုက်ခြင်းဖြင့်အဆင်ပြေသွားတတ်ပါသည်။ လူသစ်၊ မိတ်ဆွေသစ် များနှင့် ပူးတွဲလုပ်ခြင်းများ အကျိုးပေးမည်။ လူငယ်၊လူရွယ်များမိမိကမကောင်းတာလုပ်ဖို့တိုက်တွန်းသူများနှင့် ကြုံတွေ့နေ ရ တတ်သည်။
ပြည်တွင်း၊ ပြည်ပ ခရီးတို၊ ခရီးရှည်များ သွားလာရကိန်းများ ရှိနေပါသည်။ ဇိမ်ခံပစ္စည်းများ ဝင်လာ တတ်ပါသည်။ မိမိလုပ်ငန်းခွင်မှာခန့်ထားတဲ့ညီအစ်ကိုမောင်နှမ၊ ဆွေမျိုးများ ရှိရင်တော့ကျောသားရင်သား မခွဲ ခြား ဘဲဆုံးဖြတ်နိုင်မှလုပ်ငန်းခွင် အဆင်ပြေမည်။
ပျိုရွယ်သူများ ဝေးကွာနေသောသူများနှင့် ပြန်လည်ဆုံစည်း ရမည်။ စိတ်ကောက်ပြီးပြတ်မလိုဖြစ်နေတဲ့ချစ်သူတွေပြန်ပြေလည်တတ်ပါတယ်။ အိမ်ထောင်ရှင်များသားသမီး ပြဿနာ တွေ ဖြေရှင်းပေးရတတ်သည်။
မိမိအိမ်တွင် အသက်အရွယ်ကြီးသူများ ရှိပါက ကျန်းမာရေးဂရုစိုက်ရမည်။ ပညာရေး တွင် ဝီရိယ စိုက်ထုတ်မှ အောင်မြင်မှုခြေလှမ်းကို လှမ်းနိုင်ပေလိမ့်မည်။
အကျိုးပေးဂဏန်း…၁/၇/၃ အထူးဟော… ကံမြင့်မားနေမည်။ ယတြာ… ဒိန်ချဉ်တစ်ခွက် ဘုရားကပ်လှူလိုက်ပါ။
ဗုဒ္ဓဟူး / ရာဟု
ယခုကာလအတွင်း အရန်အတိုက်အခံများကို ရင်ဆိုင်ဖယ်ရှားနိုင်မည်။ လုပ်ငန်းတူပြိုင်ဘက်တွေထက် ခြေ လှမ်းပေါင်းများစွာသာနေတတ်ပါတယ်။ ရပ်တန့်ထားသော လုပ်ငန်းများကို ပြန်လည်ဆောင်ရွက်နိုင်မည်။
ပြတ် တောက်နေသော အဆက်အသွယ်များနှင့် ပြန်လည်ချိတ်ဆက် နိုင်မည်။ ပျက်ပြယ်သွားသော ကတိစာချုပ်များ ပြန် လည်ချုပ်ဆိုနိုင်မည်။ ရစရာရှိတဲ့အကြွေးတွေပြန်ရလာတတ်ပါတယ်။ ရပ်ဝေးကိစ္စ၊ လူမျိုးကွဲကိစ္စများ ဆောင် ရွက် အဆင်ပြေမည်။
နှောင့်နှေးနေသော ခရီးကိစ္စများ ချောမောအဆင်ပြေသွားမည်။ မိသားစုတွင်း လုပ်ငန်းမရှိသူ လုပ်ငန်းရမည်။ အလုပ်ရှိသူတိုးတတ်မည်။ ငွေရေးကြေးရေးကံကောင်းမည်။ဒါကြောင့်ထီဝါသနာပါသူများနီးစပ်ရာ ထီဆိုင်မှာ ထီထိုးလိုက်ပါ။
စပ်တူထိုးချင်ရင်အင်္ဂါသားသမီးတွေနှင့်ထီစပ်ထိုးသင့်ပါတယ်။ အိမ်ထောင်ရေး မိသားစု အရေးကိစ္စ များတွင် တူ၊တူမ၊ သားသမီး ကိစ္စများကြောင့် စိတ်သဘောထားကွဲလွဲမှုများ ကြုံတွေ့ရတတ်သော်လည်း နောက်ပိုင်း တွင် အဆင်ပြေနိုင်မည်။
အချစ်ရေးတွင် ကံကောင်းတတ်သော်လည်း တစ်ခါတစ်ရံ သဘောထားမတိုက် ဆိုင်မှုကို နားလည်မှုများဖြင့် ပြေလည်အောင်ဆောင်ရွက်နိုင်မည်။ ပညာရေးကိစ္စများတွင် လိင်မတူသူတွေရဲ့အကူ အညီတွေရလာ တတ်ပါတယ်။ ကျန်းမာရေးအားကောင်းပြီး တတ်ကြွရွှင်လန်းနေပါလိမ့်မယ်။
အကျိုးပေးဂဏန်း…၁/၂/၈ အထူးဟော…လူချစ်လူခင်ပေါမည်။စန်းအားကောင်းမည်။ ယတြာ….ဘုရားရှင်အားကြက်ဥမွှေကြော်နဲ့ဆွမ်းကပ်ပါ။
ကြာသပတေး
ယခုကာလအတွင်း သစ္စာမရှိ၊ကတိပျက်သောသူများနှင့် တွေ့ရတတ်သည်။ စိတ်အနှောက်အယှက်များ တစ်မျိုးပြီးတစ်မျိုးကြုံမည်။ ဆုံးဖြတ်ချက်မှားတတ်သည်။ မိမိအပေါ် ဒုက္ခပေးမည့်သူကို သံယောဇဉ် ငြိတွယ် တတ်သည်။
ခရီးသွားမည့် အစီအစဉ် ရက်ရွှေ့ဆိုင်း ရပ်တန့်ပြီးမှသာ ပြန်လည်ဆောင်ရွက် နိုင်မည်။ ဥပဒေနှင့်မကင်း သော ကိစ္စမှန်သမျှ ရှောင်ကြဉ်ပါ။ ပြဿနာဖြစ်ပါက အမှုကြီးတတ်သည်။ ခိုက်ရန်ဒေါသ ဖြစ်ခြင်းများကို အထူး ရှောင် ကြဉ်ပါ။
ဖြစ်ပေါ်လာသော ပြဿနာမှန်သမျှကို ချက်ချင်း ဖြေရှင်းဆောင်ရွက်ပါ။ ပြဿနာအကြွေးမထားရ။ လုပ်ငန်း အကြွေးမထားရ။ သံယောဇဉ်မထားသင့်သူကို သံယောဇဉ်ထားခြင်း၊ အချစ်မှား၊ ဆုံးဖြတ်ချက်မှားခြင်းများ ကြုံမည်။
အချစ်ရေးကြောင့်မိမိရဲ့ဆင်ခြင်တုံတရားတွေ ပျောက်ဆုံးနေတတ်ပါတယ်။ အိမ်ထောင်သည်များ၊ ဘေးစကား၊ သွေးသား၊ အနှောက်အယှက်များ ကြုံမည်။ အိမ်တွင်းရေး ပြဿနာများကြုံမည်။
အိမ်တွင်းရေးမှာ မပြောသင့်တဲ့ကိစ္စပြောမိပြီးစကားမှားတတ်သည်။ ကျန်းမာရေးလုံး၀ မပေါ့သင့်တဲ့ကာလပါပဲ။ အစာအိမ်ရောဂါရှိသူ များပိုမိုသတိထားရမယ့်ကာလပါပဲ။
မတည့်တဲ့အစားအသောက်တွေကို အလွန်အကျွံမစားမိဖို့အထူးလိုအပ်ပါတယ်။ ပညာရေးမှာတော့ ထင်တိုင်းမပေါက်ဖြစ်ရတတ်ပါတယ်။ ပညာသင်လို့မကောင်းသေးပါဘူး။
အကျိုးပေးဂဏန်း…၂/၉/၃ အထူးဟော…ကံအင်အားနည်းနေသည်။ ယတြာ…ကန်စွန်းပလိန်းတစ်ပွဲ ဘုရားကပ်လှူလိုက်ပါ။
သောကြာ
ယခုကာလများအတွင်း ကံအကျိုးပေး အထူးကောင်းသော အချိန်ကာလဖြစ်ပါသည်။ ငွေကြေး၊ လုပ်ငန်း၊ စီးပွားများ အထူးအကျိုးပေးမည်။ အရပ်ဝေးမှ လက်ဆောင် ပစ္စည်းကောင်းများ ရရှိပိုင်ဆိုင်ခွင့်များ ရရှိမည်။
မှန်ကန် သောလုပ်ဆောင်ချက် ဆုံးဖြတ်ချက်တို့ကြောင့် အောင်မြင်သောအနေအထားကို ရရှိနိုင်ပါသည်။ အလုပ်စီးပွားရေး များမှ ဝင်ငွေကောင်းများ ရရှိပိုင်ဆိုင်မှုများ ရရှိမည်။ လက်လွန်ဆုံးရှုံးထားရသည့် ငွေဟောင်း၊ ကြွေးဟောင်းနှင့် ပစ္စည်းဟောင်းများ ပြန်လည်ရရှိပိုင်ဆိုင်မှုများ ရရှိမည်။
သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ ခရီးသွားလုပ်ငန်းတို့မှ အောင် မြင်၍ အကျိုးအမြက်များ ရရှိနိုင်ပါသည်။ ကျန်းမာရေးတွင် ဖျားနာခြင်း၊ အစားအသောက်မှားခြင်း၊ အာရုံကြော အားနည်းခြင်း၊ သွေးတိုး၊ ဆီးချို၊ ဗိုက်အောင့်ခြင်း၊ လေနာရောဂါများ အထူးဂရုစိုက်ရမည်။
အစာအိမ်နှင့် ဗိုက်အောင့် ဝေဒနာများ ခံစားရတတ်ပါသည်။ ပညာရေးပေါ်တွင်အာရုံစိုက်ဖို့ခက်ခဲနေတတ်သည်။အင်တာဗျူးများ အလုပ် စာမေးပွဲများ ဖြေဆိုရာတွင် စိတ်ပျံ့လွင့်မှုများ ဖြစ်နေရတတ်သည်။
နှလုံးသား ရေးရာကိစ္စများတွင် စိတ်သဘော ထား တိုက်ဆိုင်မှုများသဖြင့် ပျော်ရွှင်ကြည်နူးနေရမည်။ ချစ်သူကအလိုလိုက်အကြိုက်ဆောင်မည်။ အိမ်ထောင်ရေးအညံ့ အဆိုးမရှိသလောက် နည်းပါမယ့် ကာလတစ်ခုဖြစ်ပါတယ်။
အကျိုးပေးဂဏန်း…၃/၄/၈ အထူးဟော…လူချစ်လူခင်များပြီး စန်းအားကောင်းသည်။ ယတြာ….ဆလပ်ရွက်ကြော်ပြီး ဘုရားကပ်လှူလိုက်ပါ။
စနေ
ယခုကာလများအတွင်း အလျင်လိုရင်အနှေးဖြစ်ရတတ်ပါတယ်။ အရာရာကိုခေါင်းအေးအေးထား ဆုံးဖြတ် မှအဆင်ပြေမည်။ အဲလိုမှမဟုတ်ရင်အစကောင်းသလောက် အဆုံးသတ်ရာတွင် နှောင့်နှေးနေရတတ်ပါသည်။
ကုမ္ပဏီ ထူထောင်ခြင်း၊ သစ်သီးဝလံရောင်းဝယ်ခြင်း၊ မွေးမြူရေးလုပ်ငန်း၊ ဖန်စီလုပ်ငန်းလုပ်ကိုင်ခြင်း၊ စတိုးဆိုင် ဖွင့်ခြင်းတို့မှ အကျိုးအမြတ်ကောင်းများ ရရှိမည်။ မိမိလုပ်ငန်းခွင်အတွက် ရာထူး၊ ဂုဏ်ထူးတတ်ခြင်း၊ နေရာ ပြောင်း ရွှေ့ရခြင်းများ ရှိမည်။
တာဝန်ကြီးလာလေလေအရာရာတွင် သတိနှင့်ဆောင်ရွက်ရလေလေဖြစ်သည်။ ရည်ရွယ်ချက် အတိုင်းဖြစ်ဖို အတိုက်အခံ ကြုံပြီးမှ အောင်မြင်မည်။ စက်ပစ္စည်းများနှင့် ထိခိုက်ဒဏ်ရာများ ရရှိတတ် ပါသည်။
စက်ယန္တရားကိုင်တွယ်လုပ်ကိုင်ရသူများ စိတ်မပျံ့လွင့်ဖို့လိုအပ်ပါတယ်။အမွေအနှစ်ကိစ္စအတွက် ဆွေမျိုး များနှင့် အငြင်းပွားပြီး ဥပဒေနှင့် ရင်ဆိုင်ရတတ်သည်။ တောင်အရပ်သို့ ခရီးသွားခြင်း ရှောင်ကျဉ်ပေးပါ။
ဆောင်ရွက် သမျှ ကိစ္စအဝဝသည် ကစဉ့်ကလျား ဖြစ်နေရတတ်ပါသည်။ အပျို၊ လူပျိုများ မေတ္တာရေးကမ်းလှမ်းမှုများ ကြုံတွေ့ရ ပြီး အိမ်ထောင်ကျသွားတတ်သည်။
မိမိမေတ္တာရေးအပေါ်၌ လေးလေးနက်နက် တန်ဖိုးထားသူများနှင့် တွေ့ကြုံ ရမည်။ အိမ်ထောင်ရှင်များ ရံဖန်ရံခါ စကားငြင်းဆိုမှုများ ပတ်ဝန်းကျင်ကြောင့် ပေါ်ထွန်းမည်။
အကျိုးပေးဂဏန်း…၄/၅/၀ အထူးဟော…အလုပ်ရာထူးတိုးတတ်မည်။ ယတြာ….လက်ဖက်ရည်ပူပူလေး ဘုရားကပ်လှူလိုက်ပါ။
၇ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝပါစေ
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) 0977 5555 695/ 09 44 5555 695
Zawgyi
တနင်္ဂနွေ
တနင်္လာ
အင်္ဂါ
ဗုဒ္ဓဟူး / ရာဟု
ကြာသပတေး
သောကြာ
စနေ