မှတ်ဥာဏ်အားကောင်းစေမည့် လေ့ကျင့်ခန်း ၅ခု
မှတ်ဉာဏ်အားကောင်းစေဖို ့အတွက်မှတ်သားသင့်သည့် လေ့ကျင့်ခန်း(၅)မျိုး
၁။ မှန်းဆပြီး ဖြေကြည့်ပါ။
သင့်မှတ်ဉာဏ်ထဲမှာ စာလုံးတစ်လုံးကို အမြဲမှတ်မိနေစေဖို့ အကောင်းဆုံးနည်းလမ်းက အဲဒီစာလုံးရဲ့ အဓိပ္ပယ်ကို မသိသေးခင် မှန်းပြီးဖြေကြည့် ကြည့်လိုက်ပါ။
နာမည်တစ်ခုအတွက်လည်း အဲဒီလိုပါပဲ။ လူတစ်ဦးနဲ့ ပထမဆုံးတွေ့ချိန်မှာ စိတ်ထဲကဖြစ်ဖြစ် နာမည်ကိုမှန်းပြီးပြောကြည့်လိုက်ပါ။
နောက်တစ်ခါဆိုရင် သင့်အနေနဲ့ နာမည်အမှန်၊ အဓိပ္ပါယ်အမှန်တွေကို အမြဲအလိုလို အမှတ်ရနေပါလိမ့်မယ်။
၂။ ထပ်ခါထပ်ခါ လုပ်ကြည့်ပါ။
မှတ်ဉာဏ် ထပ်ခါထပ်ခါ လုပ်ခြင်းကလည်း မှတ်ဉာဏ်ကောင်းနေစေဖို့ တွန်းအားပေးတဲ့ အဓိကအရာများဖြစ်ပါတယ်။
ထပ်ခါထပ်ခါ မှတ်မိအောင် အထပ်ထပ်ရွတ်ဖတ်နေခြင်းက သင့်အတွက် အလေ့အကျင့်ဖြစ်စေပါလိမ့်မယ်။
၃။ လင်္ကာ ကဗျာလေးတွေ ဖန်တီးပါ။
ငယ်ငယ်က စာသင်ခန်းထဲမှာ မဖြစ်မနေ မှတ်ထားဖို့လိုတဲ့ ညီမျှခြင်းတွေ၊ အဓိပ္ပယ်တွေကို သံတူကြောင်းကွဲ ကဗျာတွေ၊ လင်္ကာတွေစပ်ပြီး သင်ခဲ့ဖူးကြပါလိမ့်မယ်။
လက်တွေ့ဘဝမှာလည်း ကိုယ့်ဘာသာ ဒါမျိုးတွေ ဖန်တီးနိုင်ပါတယ်။ အဲဒီအလေ့အကျင့်က ကမ္ဘာကြီးအကြောင်းကို သင်ပိုသိပြီး သင့်ရဲ့မှတ်ဉာဏ်တိုးတက်မှုကို အထောက်အကူဖြစ်စေတာ သေချာလှပါတယ်။
၄။ နားနားပြီးလေ့လာပါ။
မှတ်ဉာဏ် တစ်ချိန်တည်း အားလုံးစုပြုံပြီး လေ့လာစရာမလိုပါဘူး။ လူသားတွေမှာ မှတ်ဉာဏ်တွေ သိမ်းဆည်းထားဖို့ မယုံနိုင်လောက်စရာ နေရာတွေရှိပါတယ်။
ကွန်ပျူတာတွေလို တကူးတကမှတ်ဉာဏ်ထည့်စရာ မလိုပါဘူး။ အခန်းလွတ်တစ်ခန်းထဲမှာ ပန်းချီကားတစ်ချပ်ပဲသင်တွေ့ရင် အဲဒီပန်းချီကားကို သင်တော်တော်နဲ့ မေ့မှာမဟုတ်တော့ပါဘူး။
၅။ အေးအေးလူလူ အလုပ်လုပ်ပါ။
မှတ်ဉာဏ်ကောင်းနေစေဖို့ အရေးပါတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ အနားယူသင့်ချိန်မှာ အနားယူပါ။ အနားယူတာဟာ သင့်ဦးနှောက်အတွက် အားဆေးလည်းဖြစ်ပါတယ်။
သင့်ကို ဦးနှောက်က အချိန်ကြာကြာ အလုပ်လုပ်နိုင်ဖို့ အနားယူဖို့ လိုအပ်ပါတယ်။
ခရစ်ဒစ်
Zawgyi
မှတ်ဥာဏ်အားကောင်းစေဖို့ အတွက်မှတ်သားသင့်သည့် လေ့ကျင့်ခန်း(၅)မျိုး
၎။ နားနားပြီးလေ့လာပါ။
ခရစ်ဒစ်
Leave a Comment