အနာထပိဏ်သူဋ္ဌေးကြီး အား နောက်ဆုံးဟောခဲ့သည့် တရားတော်

အနာထပိဏ်သူဋ္ဌေးကြီး မျက်ရည်ကျခဲ့တဲ့နောက်ဆုံးတရားတော် ….

အနာထပိဏ်သူဋ္ဌေးကြီးဟာ စေတနာသဒ္ဓါအားကောင်းပြီးမြတ်စွာဘုရားကို ဇေတဝန်ကျောင်း ဆောက်လုပ်လှူဒါန်းခဲ့ပါတယ်။

အလှူဒါနပြုရာတွင်…နေ့တိုင်း ရဟန်းငါးရာကို အိမ်မှာ ဆွမ်းကပ်သည့်အပြင် တစ်နေ့ကို ကျောင်းသုံးခေါက်သွားတယ်။

သွားတိုင်းလည်း…လှူဖွယ်ပစ္စည်းအမြဲပါတယ်။မနက်ပိုင်းဆို ယာဂု နေ့ခင်းပိုင်းဆို ပန်း၊ ဖယောင်းတိုင် ညနေပိုင်းဆို ရဟန်းများသုံးဆောင်ကောင်းတဲ့…စတုမဓု သကာ ပျားရည်တို့အမြဲပါတယ်။

ဒီလို အမြဲတမ်း လှူလာလိုက်တာ ၃၈နှစ်လောက် ပြုလုပ်ခဲ့တယ်။

မြတ်စွာဘုရားနှင့် တကွ ရှင်သာရိပုတ္တရာ ရှင်မဟာမောဂ္ဂလာန်တို့ကလည်း ဒါနကြောင့် အကျိုးများပုံ ပါရမီထိုက်တဲ့ ကုသိုလ်ဖြစ်ကြောင်းပဲ ဟောကြားခဲ့ရင်း… သူဋ္ဌေးကြီး ကျန်းမာရေး ချို့ယွင်းလာတယ်။

သူ့စိတ်မှာလည်း ဒီဝေဒနာကနေ ကျော်နိုင်ပုံမရဘူးဆိုပြီး…သူ့အခိုင်းစေ တစ်ယောက်ကိုစေလွှတ် ဘုရားကိုလျှောက်ပြီး ရှင်သာရိပုတ္တရာကို အိမ်လည်း ကြွပေးရန် ပင့်ခိုင်းတယ်။

ရှင်သာရိပုတ္တနှင့် ရှင်အာနန္ဒာတို့ကြွလာပြီး အကဲခတ်ကြည့်တဲ့အခါ ဒီဝေဒနာကဖြင့်…သေမည့်ဝေဒနာပဲဆိုတာသိလို့ အရင်တုန်းက ဟောခဲ့တဲ့ဒါနတရားတွေ ဟောနေဖို့ မသင့်တော်ပြီ …။

နောက်ဆုံးတရားကိုပဲ ဟောတာအသင့်တော်ဆုံးပဲ။ဒါကြောင့် အရှင်သာရိပုတ္တက -“ဒကာကြီး ကျုပ်တရားဟောမယ် ခန္ဓာပေါ် ဉာဏ်စိုက်ထားပါ …

ဒကာကြီး မြင်စိတ်ကိုမစွဲလို့ရှိရင် မြင်စိတ်ကြောင့် နောက်ခန္ဓာမလာဘူး နောက်ပြီး ဒီမြင်စိတ်နဲ့တွဲမည့်ခန္ဓာလည်းမလာဘူး …။

ကြားစိတ်ကို မစွဲလို့ရှိရင် ကြားစိတ်ကြောင့် နောက်ခန္ဓာမလာဘူးဒီကြားစိတ်နဲ့တွဲမည့် ခန္ဓာလည်းမလာဘူး။ နံစိတ်ကို မစွဲလန်းလို့ရှိရင် နံစိတ်နဲ့ ပတ်သက်တဲ့ ဝိဉာဏ္မလာပါဘူး ….။

စားတဲ့အခါ လျှာပေါ်မှာ ကောင်း မကောင်းခံစားတဲ့စိတ်ကလေးကို မစွဲလို့ရှိရင် ဒီစားစိတ်နဲ့ ပတ်သက်တဲ့နောက်ခန္ဓာ ဝိဉာဏ်မလာဘူး။

ဒီလိုပဲ ယားစိတ်ယံစိတ် ကောင်းစိတ်တွေနဲ့ ပတ်သက်တဲ့ခန်ဓာမလာဘူး …။ကြံစည်တွေးတောစိတ် မနောစိတ် ဘယ်စိတ်မဆိုမစွဲလန်းလို့ရှိရင်လည်း…

လောဘ ဒေါသ မောဟ ၊အလောဘ အဒေါသ ၊အမောဟ မဖြစ်တော့တဲ့အတွက် မနောဝိဉာဏ်နဲ့ ပတ်သက်တဲ့ခန္ဓာမလာတော့ဘူး …။

မြင်စိတ်ကို မစွဲနဲ့ဆိုတာ…မြင်တာနဲ့ကောင်းတယ် ဆိုးတယ်ဖြစ်ပြီး လိုချင်တဲ့ တဏှာစွဲလန်းတဲ့ ဥပါဒါန်တွေဖြစ်ပြီး ကြိုးပမ်းအားထုတ်တဲ့ကမ္မဘဝ ထပ်လိုက်လာတယ်။

ဒါဖြင့် …

ကမ္မဘဝ ပစ္စယာ ဇာတိဆိုတဲ့နောက်မြင်တဲ့စိတ်နဲ့ တွဲလာတဲ့ ဇာတိခန္ဓာကြီး ပြန်ရပြန်တယ်။ ဇာတိဖြစ်တာနဲ့ …ဇရာ မရဏ သောက ပရိဒေဝ ဆိုတာတွေ…တဖန်လည်လာပြန်တယ်။

မစွဲနဲ့ဆိုတာ…ဒီတိုင်းကြည့်နေဖို့မဟုတ်ဖူး။ ဒီစိတ်ကလေးတွေကို အနိစ္စရှုဖို့ပဲ။

ဒီမြင်စိတ်ကို အနိစ္စရှုတော့ တဏှာ ဥပါဒါန် မဆက်လို့ မြင်တယ် လိုချင်တယ် စွဲလန်းတယ်ဆိုတာ မလာတော့ဘူး။

မြင်တဲ့အပေါ်မှာ …မြင်စိတ်လို့ သိလိုက်ပြီး ဖြစ် ပျက်ရှုတဲ့အခါ လိုချင်စွဲလန်းတာ မလာပဲ ဉာဏ်လိုက်လာတယ် …။

ဒါ ဝိပဿနာဉာဏ်ပဲ ….ဉာဏ်လိုက်တော့…တဏှာ ဥပါဒါန် လိုက်ခွင့်မရလို့ ကံဖြတ်ချလိုက်တာပဲ …။ကံပြတ်တော့ ဝိပါက်အကျိုးပေးတွေ လာခွင့်မရတော့ဘူး …။

ဒီ ကံဖြတ်တဲ့အလုပ်ကသိပ်အရေးကြီးတာ …ကံမပြတ်သ၍ ဒါနကြောင့် နတ်ပြည်အကျိုးပေးလည်း ဇာတိ ဇ မရဏ မလွတ်တဲ့အတွက် ဒုက္ခသစ္စာချည်းလာနေတာပဲ …။

မြင်စိတ်ကို ငါမြင်တယ်ဆိုတာနဲ့ ဝိဉာဏ်ကို ငါထင်ပြီး ဒိဋ္ဌိကပ်လာပြန်တယ် …။

ဒါနဲ့ သူဋ္ဌေးကြီးက ဝိညာဉ်ချုပ်ကာနီးမှာ-

“အရှင်ဘုရားတို့…တပည့်တော်ကတော့ ဒီဝေဒနာနဲ့ပဲ သေမှာပါ ဒါပေမဲ့ ဒီတရားမျိုးကို ကျန်တဲ့သူတွေကို ဟောရစ်ပါလို့ မှာကြားပြီး မျက်ရည်တွေ ကျနေတဲ့အခါ

အရှင်အာနန္ဒာက –

“ဒကာကြီး ဒကာကြီးမှာချမ်းသာတဲ့ ပစ္စည်းတွေရော သားသမီးတွေရော စွန့်ရမှာကြောက်လို့မျက်ရည်ကျတယ်ထင်ပါရဲ့”လို့ပြောတဲ့အခါ ….

“အရှင်ဘုရား ဒီလိုတော့မပြောနဲ့ ဒါတွေ မစွဲလန်းပါဘူး အကဲခတ်မလွဲပါနဲ့ …တပည့်တော် မျက်ရည်ကျတာဟာ ဘုရားနဲ့တကွ အရှင်ဘုရားတို့နဲ့ နှစ်ပေါင်းများစွာ နေခဲ့ရပေမဲ့ဒီလို နိဗ္ဗာန်ပေါက်တရားမျိုးမနာခဲ့ရဖူး …။

ရဟန္တာဖြစ်မဲ့ တရားဆိုတာတပည့်တော်ရိပ်မိတော့မှ နှစ်ပေါင်းများစွာ…ဆရာသမားတွေ ကိုးကွယ်ပါလျက် ဒီလောက်မွန်မြတ်တဲ့တရားကို ခုမှ နာရတာ ၀မ်းနည်းလို့ပါ”

ရှင်သာရိပုတ္တရာက -“ဒီတရားကို မဟောချင်လို့မဟုတ်ဘူး လူတွေမှာက…သားစွဲလန်း သမီးစွဲလန်း ပစ္စည်းစွဲလန်းနဲ့ အမိုက်ထူနေတော့ ရင့်ကျက်လာတဲ့

အချိန်မရောက်သေးရင်တော့ ဘယ်ပုဂ္ဂိုလ်မှ အသိဉာဏ် ပွင့်လင်းလာမှာ မဟုတ်လို့ပါ …တရားကို ထောင်နိုင်တဲ့ နားရှိမှဖြစ်မှာပါ”

မိုးကုတ်ဆရာတော်ဘုရားကြီး တရားတော်မှ အကျဉ်းမျှပူဇော်ပါသည်…။

ခရစ်ဒစ်

Zawgyi

အနာထပိဏ္သူေ႒းႀကီး မ်က္ရည္က်ခဲ့တဲ့ေနာက္ဆုံးတရားေတာ္ ….

အနာထပိဏ္သူေ႒းႀကီးဟာ ေစတနာသဒၶါအားေကာင္းၿပီးျမတ္စြာဘုရားကို ေဇတ၀န္ေက်ာင္း ေဆာက္လုပ္လွဴဒါန္းခဲ့ပါတယ္။

အလွဴဒါနျပဳရာတြင္…ေန႔တိုင္း ရဟန္းငါးရာကို အိမ္မွာ ဆြမ္းကပ္သည့္အျပင္ တစ္ေန႔ကို ေက်ာင္းသုံးေခါက္သြားတယ္။

သြားတိုင္းလည္း…လွဴဖြယ္ပစၥည္းအျမဲပါတယ္။မနက္ပိုင္းဆို ယာဂု ေန႔ခင္းပိုင္းဆို ပန္း၊ ဖေယာင္းတိုင္ ညေနပိုင္းဆို ရဟန္းမ်ားသုံးေဆာင္ေကာင္းတဲ့…စတုမဓု သကာ ပ်ားရည္တို႔အျမဲပါတယ္။

ဒီလို အျမဲတမ္း လွူလာလိုက္တာ ၃၈ႏွစ္ေလာက္ ျပဳလုပ္ခဲ့တယ္။

ျမတ္စြာဘုရားႏွင့္ တကြ ရွင္သာရိပုတၱရာ ရွင္မဟာေမာဂၢလာန္တို႔ကလည္း ဒါနေၾကာင့္ အက်ိဳးမ်ားပုံ ပါရမီထိုက္တဲ့ ကုသိုလ္ျဖစ္ေၾကာင္းပဲ ေဟာၾကားခဲ့ရင္း… သူေ႒းႀကီး က်န္းမာေရး ခ်ိဳ႕ယြင္းလာတယ္။

သူ႔စိတ္မွာလည္း ဒီေဝဒနာကေန ေက်ာ္နိုင္ပုံမရဘူးဆိုၿပီး…သူ႔အခိုင္းေစ တစ္ေယာက္ကိုေစလႊတ္ ဘုရားကိုေလၽွာက္ၿပီး ရွင္သာရိပုတၱရာကို အိမ္လည္း ႂကြေပးရန္ ပင့္ခိုင္းတယ္။

ရွင္သာရိပုတၱႏွင့္ ရွင္အာနႏၵာတို႔ႂကြလာၿပီး အကဲခတ္ၾကည့္တဲ့အခါ ဒီေဝဒနာကျဖင့္…ေသမည့္ေဝဒနာပဲဆိုတာသိလို႔ အရင္တုန္းက ေဟာခဲ့တဲ့ဒါနတရားေတြ ေဟာေနဖို႔ မသင့္ေတာ္ၿပီ …။

ေနာက္ဆုံးတရားကိုပဲ ေဟာတာအသင့္ေတာ္ဆုံးပဲ။ဒါေၾကာင့္ အရွင္သာရိပုတၱက -“ဒကာႀကီး က်ဳပ္တရားေဟာမယ္ ခႏၶာေပၚ ဉာဏ္စိုက္ထားပါ …

ဒကာႀကီး ျမင္စိတ္ကိုမစြဲလို႔ရွိရင္ ျမင္စိတ္ေၾကာင့္ ေနာက္ခႏၶာမလာဘူး ေနာက္ၿပီး ဒီျမင္စိတ္နဲ႔တြဲမည့္ခႏၶာလည္းမလာဘူး …။

ၾကားစိတ္ကို မစြဲလို႔ရွိရင္ ၾကားစိတ္ေၾကာင့္ ေနာက္ခႏၶာမလာဘူးဒီၾကားစိတ္နဲ႔တြဲမည့္ ခႏၶာလည္းမလာဘူး။ နံစိတ္ကို မစြဲလန္းလို႔ရွိရင္ နံစိတ္နဲ႔ ပတ္သက္တဲ့ ဝိဉာဏၼလာပါဘူး ….။

စားတဲ့အခါ လၽွာေပၚမွာ ေကာင္း မေကာင္းခံစားတဲ့စိတ္ကေလးကို မစြဲလို႔ရွိရင္ ဒီစားစိတ္နဲ႔ ပတ္သက္တဲ့ေနာက္ခႏၶာ ဝိဉာဏ္မလာဘူး။

ဒီလိုပဲ ယားစိတ္ယံစိတ္ ေကာင္းစိတ္ေတြနဲ႔ ပတ္သက္တဲ့ခန္ဓာမလာဘူး …။ႀကံစည္ေတြးေတာစိတ္ မေနာစိတ္ ဘယ္စိတ္မဆိုမစြဲလန္းလို႔ရွိရင္လည္း…

ေလာဘ ေဒါသ ေမာဟ ၊အေလာဘ အေဒါသ ၊အေမာဟ မျဖစ္ေတာ့တဲ့အတြက္ မေနာဝိဉာဏ္နဲ႔ ပတ္သက္တဲ့ခႏၶာမလာေတာ့ဘူး …။

ျမင္စိတ္ကို မစြဲနဲ႔ဆိုတာ…ျမင္တာနဲ႔ေကာင္းတယ္ ဆိုးတယ္ျဖစ္ၿပီး လိုခ်င္တဲ့ တဏွာစြဲလန္းတဲ့ ဥပါဒါန္ေတြျဖစ္ၿပီး ႀကိဳးပမ္းအားထုတ္တဲ့ကမၼဘ၀ ထပ္လိုက္လာတယ္။

ဒါျဖင့္ …

ကမၼဘ၀ ပစၥယာ ဇာတိဆိုတဲ့ေနာက္ျမင္တဲ့စိတ္နဲ႔ တြဲလာတဲ့ ဇာတိခႏၶာႀကီး ျပန္ရျပန္တယ္။ ဇာတိျဖစ္တာနဲ႔ …ဇရာ မရဏ ေသာက ပရိေဒ၀ ဆိုတာေတြ…တဖန္လည္လာျပန္တယ္။

မစြဲနဲ႔ဆိုတာ…ဒီတိုင္းၾကည့္ေနဖို႔မဟုတ္ဖူး။ ဒီစိတ္ကေလးေတြကို အနိစၥရွဳဖို႔ပဲ။

ဒီျမင္စိတ္ကို အနိစၥရွုေတာ့ တဏွာ ဥပါဒါန္ မဆက္လို႔ ျမင္တယ္ လိုခ်င္တယ္ စြဲလန္းတယ္ဆိုတာ မလာေတာ့ဘူး။

ျမင္တဲ့အေပၚမွာ …ျမင္စိတ္လို႔ သိလိုက္ၿပီး ျဖစ္ ပ်က္ရွုတဲ့အခါ လိုခ်င္စြဲလန္းတာ မလာပဲ ဉာဏ္လိုက္လာတယ္ …။

ဒါ ဝိပႆနာဉာဏ္ပဲ ….ဉာဏ္လိုက္ေတာ့…တဏွာ ဥပါဒါန္ လိုက္ခြင့္မရလို႔ ကံျဖတ္ခ်လိုက္တာပဲ …။ကံျပတ္ေတာ့ ဝိပါက္အက်ိဳးေပးေတြ လာခြင့္မရေတာ့ဘူး …။

ဒီ ကံျဖတ္တဲ့အလုပ္ကသိပ္အေရးႀကီးတာ …ကံမျပတ္သ၍ ဒါနေၾကာင့္ နတ္ျပည္အက်ိဳးေပးလည္း ဇာတိ ဇ မရဏ မလြတ္တဲ့အတြက္ ဒုကၡသစၥာခ်ည္းလာေနတာပဲ …။

ျမင္စိတ္ကို ငါျမင္တယ္ဆိုတာနဲ႔ ဝိဉာဏ္ကို ငါထင္ၿပီး ဒိ႒ိကပ္လာျပန္တယ္ …။

ဒါနဲ႔ သူေ႒းႀကီးက ဝိညာဥ္ခ်ဳပ္ကာနီးမွာ-

“အရွင္ဘုရားတို႔…တပည့္ေတာ္ကေတာ့ ဒီေဝဒနာနဲ႔ပဲ ေသမွာပါ ဒါေပမဲ့ ဒီတရားမ်ိဳးကို က်န္တဲ့သူေတြကို ေဟာရစ္ပါလို႔ မွာၾကားၿပီး မ်က္ရည္ေတြ က်ေနတဲ့အခါ

အရွင္အာနႏၵာက –

“ဒကာႀကီး ဒကာႀကီးမွာခ်မ္းသာတဲ့ ပစၥည္းေတြေရာ သားသမီးေတြေရာ စြန္႔ရမွာေၾကာက္လို႔မ်က္ရည္က်တယ္ထင္ပါရဲ့”လို႔ေျပာတဲ့အခါ ….

“အရွင္ဘုရား ဒီလိုေတာ့မေျပာနဲ႔ ဒါေတြ မစြဲလန္းပါဘူး အကဲခတ္မလြဲပါနဲ႔ …တပည့္ေတာ္ မ်က္ရည္က်တာဟာ ဘုရားနဲ႔တကြ အရွင္ဘုရားတို႔နဲ႔ ႏွစ္ေပါင္းမ်ားစြာ ေနခဲ့ရေပမဲ့ဒီလို နိဗၺာန္ေပါက္တရားမ်ိဳးမနာခဲ့ရဖူး …။

ရဟႏၲာျဖစ္မဲ့ တရားဆိုတာတပည့္ေတာ္ရိပ္မိေတာ့မွ ႏွစ္ေပါင္းမ်ားစြာ…ဆရာသမားေတြ ကိုးကြယ္ပါလ်က္ ဒီေလာက္မြန္ျမတ္တဲ့တရားကို ခုမွ နာရတာ ၀မ္းနည္းလို႔ပါ”

ရွင္သာရိပုတၱရာက -“ဒီတရားကို မေဟာခ်င္လို႔မဟုတ္ဘူး လူေတြမွာက…သားစြဲလန္း သမီးစြဲလန္း ပစၥည္းစြဲလန္းနဲ႔ အမိုက္ထူေနေတာ့ ရင့္က်က္လာတဲ့

အခ်ိန္မေရာက္ေသးရင္ေတာ့ ဘယ္ပုဂၢိဳလ္မွ အသိဉာဏ္ ပြင့္လင္းလာမွာ မဟုတ္လို႔ပါ …တရားကို ေထာင္နိုင္တဲ့ နားရွိမွျဖစ္မွာပါ”

မိုးကုတ္ဆရာေတာ္ဘုရားႀကီး တရားေတာ္မွ အက်ဥ္းမၽွပူေဇာ္ပါသည္…။

ခရစ္ဒစ္

Leave a Comment