ဒေါသသမား ကို အနိုင်ယူနည်း

ဒေါသသမား ကို အနိုင်ယူနည်း

“ကောဓ ဆိုတာ ဒေါသ ခက်ထန်သူ။ဒေါသ ခက် ထန် တဲ့ လူတစ်ယောက်ကို ဘယ်လို အနိုင်ယူမလဲဆိုတဲ့ နည်းစနစ်။

လောက လူသားတွေကတော့ ဒေါသခက် ထန်တဲ့ လူတစ်ယောက်ကို နှိမ်နင်းပြီးတော့ အနိုင်ယူမယ် ၊သတ်ဖြတ်ပြီးတော့ အနိုင်ယူမယ်လို့ ဒီအတွေးပဲ ရှိတယ်။

ဒီနေ့ခေတ်ကမ္ဘာမှာပဲ ကြည့်လေ၊အင်မတန် ဆိုး သွမ်း တဲ့ ပုဂ္ဂိုလ်တွေကို အနိုင်ယူပုံ၊ အနိုင်ယူ နည်း ဟာအဲဒီ ပုံစံအတိုင်း အနိုင်ယူတာပဲ။ဒီနေ့ခေတ်ကမ္ဘာမှာTerrorist ဆိုတဲ့ အကြမ်းဖက် သမားတွေရှိတယ်။

လူတကာ ဒုက္ခရောက်အောင် ရက်ရက်စက်စက်အကြမ်းဖက် လုပ်ဆောင်နေတဲ့ ပုဂ္ဂိုလ်တွေ ၊အကြမ်းဖက်သမားလို့ သတ်မှတ်ထားတဲ့ ပုဂ္ဂိုလ် တွေကို ဘာနဲ့အနိုင် ယူမလဲဆိုရင် ပြန်လည် အကြမ်းဖက် ခြင်းဖြင့်အနိုင်ယူကြတယ်ပေါ့။

အဲဒီလို ပြန်လည် အကြမ်းဖက်တဲ့နည်းဖြင့် အနိုင်ယူတာဟာ တကယ်နိုင်တာ ဟုတ်ရဲ့လားလို့ မေး စရာ ရှိတယ်။အဲဒီ နည်းစနစ်ဟာ ဗုဒ္ဓမြတ်စွာရဲ့ ဓမ္မအမြင်ဘက် က ကြည့်လို့ရှိရင် အလွန်မှားယွင်းနေတဲ့နည်းစနစ်တစ်ခုပဲ။

မြတ်စွာဘုရားက“အကြွားနေ ဇိနေကောဓံ” ဒေါသ ခက်ထန် နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို မိမိက ဒေါသ ခက်ထန်ခြင်း မပြု၊သည်းခံခြင်း၊ မေတ္တာထားခြင်း၊ အေးငြိမ်းတဲ့ စိတ်ဓါတ်မျိုးဖြင့်သာလျှင်

အနိုင်ယူလို့ ဟောတော်မူတယ်။ဟော လောကရဲ့အမြင်နဲ့ အလွန်ဆန့်ကျင်တယ်။ခက်ထန်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို ဒေါသ နဲ့ မ တုံ့ ပြန် ဘဲ မေတ္တာနဲ့ တုံ့ပြန်ရမယ်လို့ ဆိုလိုတာပဲ။

ဒေါသကို မေတ္တာနဲ့ အနိုင် ယူပါ။ခန္တီ ဆိုတဲ့ တရား နဲ့ အနိုင်ယူပါ။ ။ဒီနေရာမှာ ခန္တီ နဲ့ မေတ္တာ ဘာကွာသလဲလို့မေးစရာ ရှိတယ်။စာပေကျမ်းဂန်မှာ ဖွင့်ထားတာ ကြည့်ရင် ခန္တီ ဆို တဲ့ တရားဟာ အဒေါသပဲဖြစ်တယ်။

မေတ္တာကလည်း အဒေါသပဲ ဆိုတော့ ခန္တီနဲ့ မေတ္တာ ဟာတရားကိုယ်အားဖြင့် တူတယ်လို့ ပြောရမှာပဲလေ ။

နောက်တစ်နည်းအားဖြင့် ခန္တီ ဆိုသည်မှာ အဒေါသ အဓိကပဓါနဦးဆောင်နေတဲ့ စိတ်ရဲ့သဘာဝ တရား၊စိတ်နေစိတ်ထားလို့ ဒီလို အဓိပ္ပါယ်ရတယ်။

နောက်တစ်ခါ ခန္တီဆိုတဲ့ စကားလုံးရဲ့ရှုဒေါင့် ကနေ ကြည့်မယ်ဆိုရင်(သဒ္ဒါနည်းအရ ပြောပြတဲ့ Literal meaning ပေါ့။)ခန္တီ ဆိုတာ “ခ”ဓါတ်(root)က လာတယ်။

ခမုဓါတ်ကို အနက်ဖေါ်ရင် “ခမှသဟနေ စွမ်းနိုင် ခြင်း” ဆိုတဲ့ အဓိပ္ပါယ်ရတယ်။ခန္တီဆိုတာ စွမ်းနိုင်တယ်လို့ အဓိပ္ပါယ်ရတယ်။

ဒါဖြင့် ဘာစွမ်းနိုင်တာလဲဆိုရင် တစ်စုံတစ်ယောက် က မိမိကိုဒေါသထွက် လာအောင် လာနှောင့်ယှက် ပေမယ့် ဒေါသမထွက်အောင် ထိန်းထားနိုင်ပါတယ်။

မူလစိတ်အခြေအနေလေး မပျက်အောင် ထိန်း ထား နိုင်တယ်။

“အတ္တမနေတာ စိတ္တဿ” ကြည်နူးနေတဲ့ စိတ် ကလေးကို ပြင်ပက အနှောင့်အယှက်ကြောင့် ပျက်စီးမသွားအောင် ထိန်းသိမ်းထားနိုင်တဲ့ စွမ်းရည်သတ္တိတစ်မျိုးကိုခန္တီ လို့ခေါ်တယ်။

“ လောကကြီးမှာ တစ်ချို့ပုဂ္ဂိုလ်တွေ “ခန္တီ၊ခန္တီ”လို့ ပြောနေပေမယ့် တကယ် ခန္တီမဟုတ်ဘူး။

ဒါကြောင့် ရယ်စရာအနေနဲ့“ခန္တီစ-မနိုင်လို့ သည်းခံ ရခြင်းသည်လည်းကောင်း”ဆိုတဲ့ အဓိပ္ပါယ် ပေါ် လာ တာပေါ့နော်။မနိုင်လို့ အလျော့ပေးတာကို ခန္တီ လို့ ထင်နေကြ တယ်။တစ်ကယ်တော့ ခန္တီဆိုတာ မနိုင်လို့ သည်းခံတာ မဟုတ်ဘူး။

မိမိရဲ့ ပင်ကိုယ်ကြည်နူးနေတဲ့စိတ်လေး ကို မပျက် အောင် ထိန်းထားနိုင်တဲ့ စွမ်းရည်သတ္တိ ၊စိတ်ပိုင်း ဆိုင် ရာ ရင့်ကျက်မှု သဘောထားကိုခန္တီလို့ ပြောတာ။

အေး .. ဒေါသထွက်ပြီးတော့ လူက အံကြိတ် နေ တယ်၊သို့သော် ပြန်တော့ မပြောဘူး။ပြန်တော့ မလုပ်ဘူး ဆိုတာမျိုးကို ဒီကနေ့ ခန္တီ လို့ခေါ်ကြတယ်။

စိတ်ပိုင်းဆိုင်ရာက တုံ့ပြန်နေတာဖြစ်တဲ့အတွက် ကြောင့် အဲဒီဟာ ခန္တီ မဟုတ်ဘူးတဲ့။

ပြန်မပြောတာပဲရှိတယ်၊ခန္တီ အစစ်မဟုတ်ဘူး။ ခန္တီ ဆိုသည်မှာ ပင်ကိုယ်အနေအထားလေး မပျက် အောင် ထိန်းနိုင်တာကို ပြောတာ။

အဲဒါကြောင့် ခန္တီဆိုတာ မေတ္တာမပျက်အောင်ထိန်း ထားနိုင် တဲ့ စွမ်းရည်သတ္တိပဲ။လူတစ်ဘက်သား အကျိုးစီးပွားကို လိုလားတဲ့စိတ် နေ သဘောထားသည် မေတ္တာ၊ထို မေတ္တာ ပျက်မသွားရအောင်ထိန်းထားတာသည် ခန္တီ ပဲ။

မေတ္တာဆိုသည်မှာ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့အကျိုးစီးပွားကို လိုလားတဲ့စိတ်နေသဘော ထားပဲ။

စကားလုံးအရ ပြောရရင် မေတ္တာဆိုသည်မှာ “မိတ္တဿဧသာ”ဆိုတဲ့အတိုင်း မိတ်ဆွေရဲ့ စိတ် ဓါတ် ကို မေတ္တာလို့ခေါ်တယ်။

မိတ်ဆွေရဲ့စိတ်ဓါတ်ဆိုသည်မှာ မိတ်ဆွေဟာ ဘယ် လိုစိတ်မျိုး ထားသလဲ။ကိုယ်ချစ်ခင်နှစ်သက်တဲ့မိတ်ဆွေ သူငယ်ချင်း တစ် ယောက်ရဲ့ ကောင်းစားမှုကိုလိုလားတယ်။

အကျိုးတရားကို လိုလားတယ်၊အဲဒါဟာမေတ္တာ ပဲ။ဘာသာပြန်မယ်ဆိုရင် မေတ္တာဆိုတာ “မိတ်ဆွေရဲ့ စိတ်ဓါတ်”လို့ ဒီလိုပြန်ရမှာပေါ့။

အဲဒီ မေတ္တာ ဆိုတဲ့သဘောတရား ဟာ ဒီနေရာမှာ ဒေါသဖြင့် တုံ့ပြန်မှု မပြုဘဲနဲ့ ပင်ကိုယ် အခြေ အနေ ကောင်းအတိုင်း မိမိရဲ့စိတ်ကလေး ကို ထိန်း ထားနိုင်ပြီဆိုရင် အဲဒီ ပုဂ္ဂိုလ်ဟာ

“အဏ္ဌာန ဇိနေ ကောဓ” ဒေါသထွက်နေတဲ့ပုဂ္ဂိုလ် တစ်ယောက်ကို မေတ္တာဖြင့် အနိုင်ယူလိုက်ခြင်းပဲ ဖြစ်တယ်။ဒေါသထွက်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို အနိုင် ယူ တာဟာ မေတ္တာနဲ့ ခန္တီနဲ့ အနိုင်ယူရမယ်တဲ့။

ဒါက ဓမ္မဘက်ကနေ အနိုင်ယူတဲ့နည်းပေါ့။ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်

ဒေါက်တာ နန္ဒမာလာဘိဝံသ

Zawgyi

ဒါသသမား ကို အနိုင္ယူနည္း

“ေကာဓ ဆိုတာ ေဒါသ ခက္ထန္သူ။ေဒါသ ခက္ ထန္ တဲ့ လူတစ္ေယာက္ကို ဘယ္လို အနိုင္ယူမလဲဆိုတဲ့ နည္းစနစ္။

ေလာက လူသားေတြကေတာ့ ေဒါသခက္ ထန္တဲ့ လူတစ္ေယာက္ကို ႏွိမ္နင္းၿပီးေတာ့ အနိုင္ယူမယ္ ၊သတ္ျဖတ္ၿပီးေတာ့ အနိုင္ယူမယ္လို႔ ဒီအေတြးပဲ ရွိတယ္။

ဒီေန႔ေခတ္ကမၻာမွာပဲ ၾကည့္ေလ၊အင္မတန္ ဆိုး သြမ္း တဲ့ ပုဂၢိဳလ္ေတြကို အနိုင္ယူပုံ၊ အနိုင္ယူ နည္း ဟာအဲဒီ ပုံစံအတိုင္း အနိုင္ယူတာပဲ။ဒီေန႔ေခတ္ကမၻာမွာTerrorist ဆိုတဲ့ အၾကမ္းဖက္ သမားေတြရွိတယ္။

လူတကာ ဒုကၡေရာက္ေအာင္ ရက္ရက္စက္စက္အၾကမ္းဖက္ လုပ္ေဆာင္ေနတဲ့ ပုဂၢိဳလ္ေတြ ၊အၾကမ္းဖက္သမားလို႔ သတ္မွတ္ထားတဲ့ ပုဂၢိဳလ္ ေတြကို ဘာနဲ႔အနိုင္ ယူမလဲဆိုရင္ ျပန္လည္ အၾကမ္းဖက္ ျခင္းျဖင့္အနိုင္ယူၾကတယ္ေပါ့။

အဲဒီလို ျပန္လည္ အၾကမ္းဖက္တဲ့နည္းျဖင့္ အနိုင္ယူတာဟာ တကယ္နိုင္တာ ဟုတ္ရဲ့လားလို႔ ေမး စရာ ရွိတယ္။အဲဒီ နည္းစနစ္ဟာ ဗုဒၶျမတ္စြာရဲ့ ဓမၼအျမင္ဘက္ က ၾကည့္လို႔ရွိရင္ အလြန္မွားယြင္းေနတဲ့နည္းစနစ္တစ္ခုပဲ။

ျမတ္စြာဘုရားက“အႂကြားေန ဇိေနေကာဓံ” ေဒါသ ခက္ထန္ ေနတဲ့ ပုဂၢိဳလ္တစ္ေယာက္ကို မိမိက ေဒါသ ခက္ထန္ျခင္း မျပဳ၊သည္းခံျခင္း၊ ေမတၱာထားျခင္း၊ ေအးၿငိမ္းတဲ့ စိတ္ဓါတ္မ်ိဳးျဖင့္သာလၽွင္

အနိုင္ယူလို႔ ေဟာေတာ္မူတယ္။ေဟာ ေလာကရဲ့အျမင္နဲ႔ အလြန္ဆန႔္က်င္တယ္။ခက္ထန္တဲ့ ပုဂၢိဳလ္တစ္ေယာက္ကို ေဒါသ နဲ႔ မ တုံ႔ ျပန္ ဘဲ ေမတၱာနဲ႔ တုံ႔ျပန္ရမယ္လို႔ ဆိုလိုတာပဲ။

ေဒါသကို ေမတၱာနဲ႔ အနိုင္ ယူပါ။ခႏၲီ ဆိုတဲ့ တရား နဲ႔ အနိုင္ယူပါ။ ။ဒီေနရာမွာ ခႏၲီ နဲ႔ ေမတၱာ ဘာကြာသလဲလို႔ေမးစရာ ရွိတယ္။စာေပက်မ္းဂန္မွာ ဖြင့္ထားတာ ၾကည့္ရင္ ခႏၲီ ဆို တဲ့ တရားဟာ အေဒါသပဲျဖစ္တယ္။

ေမတၱာကလည္း အေဒါသပဲ ဆိုေတာ့ ခႏၲီနဲ႔ ေမတၱာ ဟာတရားကိုယ္အားျဖင့္ တူတယ္လို႔ ေျပာရမွာပဲေလ ။

ေနာက္တစ္နည္းအားျဖင့္ ခႏၲီ ဆိုသည္မွာ အေဒါသ အဓိကပဓါနဦးေဆာင္ေနတဲ့ စိတ္ရဲ့သဘာဝ တရား၊စိတ္ေနစိတ္ထားလို႔ ဒီလို အဓိပၸါယ္ရတယ္။

ေနာက္တစ္ခါ ခႏၲီဆိုတဲ့ စကားလုံးရဲ့ရွုေဒါင့္ ကေန ၾကည့္မယ္ဆိုရင္(သဒၵါနည္းအရ ေျပာျပတဲ့ Literal meaning ေပါ့။)ခႏၲီ ဆိုတာ “ခ”ဓါတ္(root)က လာတယ္။

ခမုဓါတ္ကို အနက္ေဖၚရင္ “ခမွသဟေန စြမ္းနိုင္ ျခင္း” ဆိုတဲ့ အဓိပၸါယ္ရတယ္။ခႏၲီဆိုတာ စြမ္းနိုင္တယ္လို႔ အဓိပၸါယ္ရတယ္။

ဒါျဖင့္ ဘာစြမ္းနိုင္တာလဲဆိုရင္ တစ္စုံတစ္ေယာက္ က မိမိကိုေဒါသထြက္ လာေအာင္ လာေႏွာင့္ယွက္ ေပမယ့္ ေဒါသမထြက္ေအာင္ ထိန္းထားနိုင္ပါတယ္။

မူလစိတ္အေျခအေနေလး မပ်က္ေအာင္ ထိန္း ထား နိုင္တယ္။

“အတၱမေနတာ စိတၱႆ” ၾကည္ႏူးေနတဲ့ စိတ္ ကေလးကို ျပင္ပက အေႏွာင့္အယွက္ေၾကာင့္ ပ်က္စီးမသြားေအာင္ ထိန္းသိမ္းထားနိုင္တဲ့ စြမ္းရည္သတၱိတစ္မ်ိဳးကိုခႏၲီ လို႔ေခၚတယ္။

“ ေလာကႀကီးမွာ တစ္ခ်ိဳ႕ပုဂၢိဳလ္ေတြ “ခႏၲီ၊ခႏၲီ”လို႔ ေျပာေနေပမယ့္ တကယ္ ခႏၲီမဟုတ္ဘူး။

ဒါေၾကာင့္ ရယ္စရာအေနနဲ႔“ခႏၲီစ-မနိုင္လို႔ သည္းခံ ရျခင္းသည္လည္းေကာင္း”ဆိုတဲ့ အဓိပၸါယ္ ေပၚ လာ တာေပါ့ေနာ္။မနိုင္လို႔ အေလ်ာ့ေပးတာကို ခႏၲီ လို႔ ထင္ေနၾက တယ္။တစ္ကယ္ေတာ့ ခႏၲီဆိုတာ မနိုင္လို႔ သည္းခံတာ မဟုတ္ဘူး။

မိမိရဲ့ ပင္ကိုယ္ၾကည္ႏူးေနတဲ့စိတ္ေလး ကို မပ်က္ ေအာင္ ထိန္းထားနိုင္တဲ့ စြမ္းရည္သတၱိ ၊စိတ္ပိုင္း ဆိုင္ ရာ ရင့္က်က္မွု သေဘာထားကိုခႏၲီလို႔ ေျပာတာ။

ေအး .. ေဒါသထြက္ၿပီးေတာ့ လူက အံႀကိတ္ ေန တယ္၊သို႔ေသာ္ ျပန္ေတာ့ မေျပာဘူး။ျပန္ေတာ့ မလုပ္ဘူး ဆိုတာမ်ိဳးကို ဒီကေန႔ ခႏၲီ လို႔ေခၚၾကတယ္။

စိတ္ပိုင္းဆိုင္ရာက တုံ႔ျပန္ေနတာျဖစ္တဲ့အတြက္ ေၾကာင့္ အဲဒီဟာ ခႏၲီ မဟုတ္ဘူးတဲ့။

ျပန္မေျပာတာပဲရွိတယ္၊ခႏၲီ အစစ္မဟုတ္ဘူး။ ခႏၲီ ဆိုသည္မွာ ပင္ကိုယ္အေနအထားေလး မပ်က္ ေအာင္ ထိန္းနိုင္တာကို ေျပာတာ။

အဲဒါေၾကာင့္ ခႏၲီဆိုတာ ေမတၱာမပ်က္ေအာင္ထိန္း ထားနိုင္ တဲ့ စြမ္းရည္သတၱိပဲ။လူတစ္ဘက္သား အက်ိဳးစီးပြားကို လိုလားတဲ့စိတ္ ေန သေဘာထားသည္ ေမတၱာ၊ထို ေမတၱာ ပ်က္မသြားရေအာင္ထိန္းထားတာသည္ ခႏၲီ ပဲ။

ေမတၱာဆိုသည္မွာ ပုဂၢိဳလ္တစ္ဦးတစ္ေယာက္ရဲ့အက်ိဳးစီးပြားကို လိုလားတဲ့စိတ္ေနသေဘာ ထားပဲ။

စကားလုံးအရ ေျပာရရင္ ေမတၱာဆိုသည္မွာ “မိတၱႆဧသာ”ဆိုတဲ့အတိုင္း မိတ္ေဆြရဲ့ စိတ္ ဓါတ္ ကို ေမတၱာလို႔ေခၚတယ္။

မိတ္ေဆြရဲ့စိတ္ဓါတ္ဆိုသည္မွာ မိတ္ေဆြဟာ ဘယ္ လိုစိတ္မ်ိဳး ထားသလဲ။ကိုယ္ခ်စ္ခင္ႏွစ္သက္တဲ့မိတ္ေဆြ သူငယ္ခ်င္း တစ္ ေယာက္ရဲ့ ေကာင္းစားမွုကိုလိုလားတယ္။

အက်ိဳးတရားကို လိုလားတယ္၊အဲဒါဟာေမတၱာ ပဲ။ဘာသာျပန္မယ္ဆိုရင္ ေမတၱာဆိုတာ “မိတ္ေဆြရဲ့ စိတ္ဓါတ္”လို႔ ဒီလိုျပန္ရမွာေပါ့။

အဲဒီ ေမတၱာ ဆိုတဲ့သေဘာတရား ဟာ ဒီေနရာမွာ ေဒါသျဖင့္ တုံ႔ျပန္မွု မျပဳဘဲနဲ႔ ပင္ကိုယ္ အေၿခ အေန ေကာင္းအတိုင္း မိမိရဲ့စိတ္ကေလး ကို ထိန္း ထားနိုင္ၿပီဆိုရင္ အဲဒီ ပုဂၢိဳလ္ဟာ

“အဏၭာန ဇိေန ေကာဓ” ေဒါသထြက္ေနတဲ့ပုဂၢိဳလ္ တစ္ေယာက္ကို ေမတၱာျဖင့္ အနိုင္ယူလိုက္ျခင္းပဲ ျဖစ္တယ္။ေဒါသထြက္ေနတဲ့ ပုဂၢိဳလ္တစ္ေယာက္ကို အနိုင္ ယူ တာဟာ ေမတၱာနဲ႔ ခႏၲီနဲ႔ အနိုင္ယူရမယ္တဲ့။

ဒါက ဓမၼဘက္ကေန အနိုင္ယူတဲ့နည္းေပါ့။ေက်းဇူးေတာ္ရွင္ ပါေမာကၡခ်ဳပ္ဆရာေတာ္

ေဒါက္တာ နႏၵမာလာဘိဝံသ

Leave a Comment