ဗုဒ္ဓဟူး သားသမီးများ၏ ထူးခြားသော စိတ်နေစိတ်ထား

အများအားဖြင့် ကိုယ်ခန္ဓာ အချိုးအဆစ်တို့မှာ အရပ်မနိမ့်လွန်း၊ မမြင့်လွန်း ၊ မပိန်လွန်း ၊ မဝလွန်း နှင့် အသင့်အတင့်အနေအထားတွင်သာရှိ

နေတတ်ပြီး ထူးထူးခြားကိုယ်ခန္ဓာပုံစံမျိူးရှိသောသူများမဟုတ်ပေ။ အများအားဖြင့် အသားအရေမှာ လွန်စွာနူးညံ့ခြင်း၊ အရေပြားပါးလွှာခြင်း၊ အသားလတ်၊ အသားဖြူခြင်းတို့ကိုပိုင်ဆိုင်ထားသူတွေဖြစ်ကြပါတယ်။

လှပ ဝိုင်းစက် ရွှန်းလဲ့ မဲမှောင်နေတက်သောမျက်လုံး ၊ ကြည့်၍ရိုးရှင်းစွာတင့်တယ်နေတက်သောမျက်ခုံး ၊ နှာခေါင်းမှာလုံး၍ နှုတ်ခမ်းဖူးဖူးနှင့် ဟန်ဆောင်မှုကင်းမဲ့သောအပြုံးများကြောင့် လူအများ၏ချစ်ခင်မှုကိုရရှိနေတက်ပါတယ်။

စကားပြောရာတွင်လည်း အသံမှာ ပြတ်ပြတ်သားသား သဲသဲကွဲ မဟုတ်နေတက်သော်လည်း တစ်ဖတ်သူ၏နားတွင် စွဲဆောင်မှုတစ်ခုကဲ့သို့ပင် ထူးခြားနေသူများဖြစ်တက်ပါတယ်။

အများအားဖြင် စိတ်နေသဘောထားမှာ မည်သည့်အရာကိုမှ ရည်ရွယ်ချက်ကင်းမဲ့စွာမလုပ်တက် မိမိအတွက် တစ်စုံတစ်ရာ အကျိုးရရှိမည့်အလုပ်မျိူးကိုသာ တစိုက်မတ်မတ်လုပ်ကိုင်တက်ပါတယ်။

ဟန်ဆောင်ဖုံးကွယ်ထားရတာမျိူးကို သဘောမကျဘဲ လွတ်လပ်ပေါ့ပါးသွက်လက်သောပုံစံဖြင့် ပျော်ပျော်ရွှင်ရွင်နေတက်သူမျိူးဖြစ်ပါတယ်။ အလှကြိုက်၍အလှပြင်တက်သူ သို့မဟုတ် အလှတရားကိုခံစားတက်သူများဖြစ်ပါတယ်။

ကျောပူတာခံမယ် နားပူတာမခံဘူး လူပင်ပန်းချင် ပင်ပန်းနေပါစေ စိတ်ပင်ပန်းတာမျိူးတော့မခံချင်သောသူများဖြစ်ပါတယ်။ မရင်းနှိးသောသူများနှင့်တွေ့ဆုံချိန်မျိူး အစ ပထမတွင် မာနကြီးသလို စကားနည်းသလိုရှိတက်သော်လည်း ခင်မင်ရင်းနှီးသွားပြီဆိုပါက မိမိကသာပင်ပို၍ စကားဦးဆောင်ပြောဆိုနေတက်ပါတယ်။

လူမှုဆက်ဆံရေးတွင်စိတ်သဘောထား ပြည့်ဝပြီး ရိုးသားဖြောင့်မတ်သောသူများဖြစ်ပါတယ်။ စိတ်သဘောထားနူးညံ့ကြင်နာတက်သူများဖြစ်သော်လည်း မဟုတ်မခံ အမှန်တရားမြတ်နိုးသူ အမှန်တရားအတွက် ဘာမဆိုပြောရဲဆိုရဲလုပ်ရဲကိုင်ရဲသောသူများဖြစ်တက်ပါတယ်။ ဆုံးဖြတ်ချက်တစ်ခုကို လွယ်လွယ်မချတက် ချပြီးသောဆုံးဖြတ်ချက်တိုင်းဟာတော့ အလွန်ခိုင်မာဖြစ်၍ ပြောင်းလွယ်ပြင်လွယ်မပြုတက်ပေ။

တချို့မှာ အနေအေး ၍ သွေးအေးပါသည် ဒေါသမဖြစ်တက် ဘာမဆိုအားနာနာနှင့်မျိုသိပ်ထားတက်သော်လည်း သီးမခံနိုင်ပါက သွေးအေးအေးနှင့် ရက်စက်တက်သူများဖြစ်ပါတယ်။ ဘယ်တော့အခါမှ သူများအပေါ် ကိုယ်ဘက်မှနေ၍ ရန်မပြုတက်ဘဲ တက်နိုင်သမျှအပြစ်အကင်းဆုံးဖြစ်အောင် နေတက်သူများဖြစ်ပါတယ်။

ရိုးသားဖြူစင်ကာ မိမိကသာပေးကမ်းစွန့်ကျဲလိုသော စိတ်ထားရှိတတ်သူများဖြစ်ပါတယ်။ မိဘဆရာသမားများကို ရိုသေလေးစားတက်၍ အသက်ရွယ်ရလာသည်နဲ့အမျှ ဘာသာတရားအပေါ်မှာယုံကြည်သက်ဝင် လေးစားလိုက်နာကျင့်ကြံနေထိုင်တက်သူများလည်းဖြစ်တက်ပါတယ်။

ဗုဒ္ဓဟူး သားသမီးများဟာအများအားဖြင့် အချစ်ရေးမှာတော့ အမြဲလိုလိုကံဆိုးနေတာမျိူးမရှိသလောက်ပါဘဲ မိမိအနေဖြင့် စစ်မှန်သောအချစ်ဖြစ်ပါက တစ်နေ့နေ့မှာတော့ တူညီတဲ့အချစ်ကို ရယူပိုင်ဆိုင်ရတက်ကြပါတယ်။ ဗုဒ္ဓဟူး သားသမီးများဟာ မိမိချစ်သူ၏ အားနည်းချက်များကို နားလည်ခွင့်လွတ်စိတ်ဖြင့် ချစ်သူကိုတန်းဖိုးထားကာ ချစ်သူပေါ် စွဲစွဲမြဲမြဲချစ်တက်သူများလည်းဖြစ်ပါတယ်။

မိမိချစ်သူအပေါ်မှာလည်းအမြဲတမ်းယုံကြည်ပြီး အထင်ကြီးလေးစားကာ နေရာပေးတာမျိူး ရှေ့တန်းတင်တာမျိူးရှိတက်ပါတယ်။ ထို့ကြောင့် သင့်အနေဖြင့် ဗုဒ္ဓသားသမီးများကို ချစ်သူ အိမ်ထောင်ဖက်အဖြစ်ရွေးချယ်မည်ဆိုပါကတကယ် မမှားနိုင်တာကတော့ အနည်းဆုံးတော့ ကိုယ့်အပေါ်ဘယ်တော့မှ ရိုးမသွားသော စိတ်ပျက်မသွားသော အချစ်မျိုးနဲ့ အချစ်ခံရမှာဧကန်မလွဲအမှန်ပါဘဲ…..။

သို့သော် သတိပြုရမှာက သင်ဟာ ဗုဒ္ဓဟူး သားသမီးတစ်ဦးရဲ့ အငြိုးနဲ့အမုန်းကို ရရှိထားပါက ဘယ်တော့အခါမှပြန်တည်ဆောက်ဖို့ မကြိုးစားတော့ပါနဲ့တော့လို့ ကျနော်အနေနဲ့ သတိပေးလိုက်ချင်ပါတယ်…..

ဗုဒ္ဓဟူး သားသမီးများအားလုံး …ဘဝတစ်လျှောက်လုံး အေးချမ်းပျော်ရွှင်စွာ အသက်ရှင်နေထိုင်နိုင်ကြပါစေ…..

ဆရာဦးဘိုနိုင် (ဗေဒင်)

Zawgyi

အမ်ားအားျဖင့္ ကိုယ္ခႏၶာ အခ်ိဳးအဆစ္တို႔မွာ အရပ္မနိမ့္လြန္း၊ မျမင့္လြန္း ၊ မပိန္လြန္း ၊ မဝလြန္း ႏွင့္ အသင့္အတင့္အေနအထားတြင္သာရွိ

ေနတတ္ၿပီး ထူးထူးျခားကိုယ္ခႏၶာပုံစံမ်ိဴးရွိေသာသူမ်ားမဟုတ္ေပ။ အမ်ားအားျဖင့္ အသားအေရမွာ လြန္စြာႏူးညံ့ျခင္း၊ အေရျပားပါးလႊာျခင္း၊ အသားလတ္၊ အသားျဖဴျခင္းတို႔ကိုပိုင္ဆိုင္ထားသူေတြျဖစ္ၾကပါတယ္။

လွပ ဝိုင္းစက္ ရႊန္းလဲ့ မဲေမွာင္ေနတက္ေသာမ်က္လုံး ၊ ၾကည့္၍ရိုးရွင္းစြာတင့္တယ္ေနတက္ေသာမ်က္ခုံး ၊ ႏွာေခါင္းမွာလုံး၍ ႏွုတ္ခမ္းဖူးဖူးႏွင့္ ဟန္ေဆာင္မွုကင္းမဲ့ေသာအျပဳံးမ်ားေၾကာင့္ လူအမ်ား၏ခ်စ္ခင္မွုကိုရရွိေနတက္ပါတယ္။

စကားေျပာရာတြင္လည္း အသံမွာ ျပတ္ျပတ္သားသား သဲသဲကြဲ မဟုတ္ေနတက္ေသာ္လည္း တစ္ဖတ္သူ၏နားတြင္ စြဲေဆာင္မွုတစ္ခုကဲ့သို႔ပင္ ထူးျခားေနသူမ်ားျဖစ္တက္ပါတယ္။

အမ်ားအားျဖင္ စိတ္ေနသေဘာထားမွာ မည္သည့္အရာကိုမွ ရည္ရြယ္ခ်က္ကင္းမဲ့စြာမလုပ္တက္ မိမိအတြက္ တစ္စုံတစ္ရာ အက်ိဳးရရွိမည့္အလုပ္မ်ိဴးကိုသာ တစိုက္မတ္မတ္လုပ္ကိုင္တက္ပါတယ္။

ဟန္ေဆာင္ဖုံးကြယ္ထားရတာမ်ိဴးကို သေဘာမက်ဘဲ လြတ္လပ္ေပါ့ပါးသြက္လက္ေသာပုံစံျဖင့္ ေပ်ာ္ေပ်ာ္ရႊင္ရြင္ေနတက္သူမ်ိဴးျဖစ္ပါတယ္။ အလွႀကိဳက္၍အလွျပင္တက္သူ သို႔မဟုတ္ အလွတရားကိုခံစားတက္သူမ်ားျဖစ္ပါတယ္။

ေက်ာပူတာခံမယ္ နားပူတာမခံဘူး လူပင္ပန္းခ်င္ ပင္ပန္းေနပါေစ စိတ္ပင္ပန္းတာမ်ိဴးေတာ့မခံခ်င္ေသာသူမ်ားျဖစ္ပါတယ္။ မရင္းႏွိးေသာသူမ်ားႏွင့္ေတြ႕ဆုံခ်ိန္မ်ိဴး အစ ပထမတြင္ မာနႀကီးသလို စကားနည္းသလိုရွိတက္ေသာ္လည္း ခင္မင္ရင္းႏွီးသြားၿပီဆိုပါက မိမိကသာပင္ပို၍ စကားဦးေဆာင္ေျပာဆိုေနတက္ပါတယ္။

လူမွုဆက္ဆံေရးတြင္စိတ္သေဘာထား ျပည့္ဝၿပီး ရိုးသားေျဖာင့္မတ္ေသာသူမ်ားျဖစ္ပါတယ္။ စိတ္သေဘာထားႏူးညံ့ၾကင္နာတက္သူမ်ားျဖစ္ေသာ္လည္း မဟုတ္မခံ အမွန္တရားျမတ္နိုးသူ အမွန္တရားအတြက္ ဘာမဆိုေျပာရဲဆိုရဲလုပ္ရဲကိုင္ရဲေသာသူမ်ားျဖစ္တက္ပါတယ္။ ဆုံးျဖတ္ခ်က္တစ္ခုကို လြယ္လြယ္မခ်တက္ ခ်ၿပီးေသာဆုံးျဖတ္ခ်က္တိုင္းဟာေတာ့ အလြန္ခိုင္မာျဖစ္၍ ေျပာင္းလြယ္ျပင္လြယ္မျပဳတက္ေပ။

တခ်ိဳ႕မွာ အေနေအး ၍ ေသြးေအးပါသည္ ေဒါသမျဖစ္တက္ ဘာမဆိုအားနာနာႏွင့္မ်ိဳသိပ္ထားတက္ေသာ္လည္း သီးမခံနိုင္ပါက ေသြးေအးေအးႏွင္႔ ရက္စက္တက္သူမ်ားျဖစ္ပါတယ္။ ဘယ္ေတာ့အခါမွ သူမ်ားအေပၚ ကိုယ္ဘက္မွေန၍ ရန္မျပဳတက္ဘဲ တက္နိုင္သမၽွအျပစ္အကင္းဆုံးျဖစ္ေအာင္ ေနတက္သူမ်ားျဖစ္ပါတယ္။

ရိုးသားျဖဴစင္ကာ မိမိကသာေပးကမ္းစြန္႔က်ဲလိုေသာ စိတ္ထားရွိတတ္သူမ်ားျဖစ္ပါတယ္။ မိဘဆရာသမားမ်ားကို ရိုေသေလးစားတက္၍ အသက္ရြယ္ရလာသည္နဲ႔အမၽွ ဘာသာတရားအေပၚမွာယုံၾကည္သက္ဝင္ ေလးစားလိုက္နာက်င့္ႀကံေနထိုင္တက္သူမ်ားလည္းျဖစ္တက္ပါတယ္။

ဗုဒၶဟူး သားသမီးမ်ားဟာအမ်ားအားျဖင့္ အခ်စ္ေရးမွာေတာ့ အျမဲလိုလိုကံဆိုးေနတာမ်ိဴးမရွိသေလာက္ပါဘဲ မိမိအေနျဖင့္ စစ္မွန္ေသာအခ်စ္ျဖစ္ပါက တစ္ေန႔ေန႔မွာေတာ့ တူညီတဲ့အခ်စ္ကို ရယူပိုင္ဆိုင္ရတက္ၾကပါတယ္။ ဗုဒၶဟူး သားသမီးမ်ားဟာ မိမိခ်စ္သူ၏ အားနည္းခ်က္မ်ားကို နားလည္ခြင့္လြတ္စိတ္ျဖင့္ ခ်စ္သူကိုတန္းဖိုးထားကာ ခ်စ္သူေပၚ စြဲစြဲျမဲျမဲခ်စ္တက္သူမ်ားလည္းျဖစ္ပါတယ္။

မိမိခ်စ္သူအေပၚမွာလည္းအျမဲတမ္းယုံၾကည္ၿပီး အထင္ႀကီးေလးစားကာ ေနရာေပးတာမ်ိဴး ေရွ႕တန္းတင္တာမ်ိဴးရွိတက္ပါတယ္။ ထို႔ေၾကာင့္ သင့္အေနျဖင့္ ဗုဒၶသားသမီးမ်ားကို ခ်စ္သူ အိမ္ေထာင္ဖက္အျဖစ္ေရြးခ်ယ္မည္ဆိုပါကတကယ္ မမွားနိုင္တာကေတာ့ အနည္းဆုံးေတာ့ ကိုယ့္အေပၚဘယ္ေတာ့မွ ရိုးမသြားေသာ စိတ္ပ်က္မသြားေသာ အခ်စ္မ်ိဳးနဲ႔ အခ်စ္ခံရမွာဧကန္မလြဲအမွန္ပါဘဲ…..။

သို႔ေသာ္ သတိျပဳရမွာက သင္ဟာ ဗုဒၶဟူး သားသမီးတစ္ဦးရဲ့ အၿငိဳးနဲ႔အမုန္းကို ရရွိထားပါက ဘယ္ေတာ့အခါမွျပန္တည္ေဆာက္ဖို႔ မႀကိဳးစားေတာ့ပါနဲ႔ေတာ့လို႔ က်ေနာ္အေနနဲ႔ သတိေပးလိုက္ခ်င္ပါတယ္…..

ဗုဒၶဟူး သားသမီးမ်ားအားလုံး …ဘဝတစ္ေလၽွာက္လုံး ေအးခ်မ္းေပ်ာ္ရႊင္စြာ အသက္ရွင္ေနထိုင္နိုင္ၾကပါေစ…..

ဆရာဦးဘိုနိုင္ (ေဗဒင္)

Leave a Comment