သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အမှုထပ်တိုး

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တရားရုံးမှာ ဖေဖေါ်ဝါရီ ၁၆ ရက် နေ့လယ်ပိုင်းက Video Conferencing နဲ့ ရုံးထုတ်ပြီး

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပေါ် နောက်ထပ် အမှုတစ်ခု ထပ်တိုး လိုက်ပါတယ်။

သမ္မတဦးဝင်းမြင့်ကို သဘာဝဘေးစီမံခန့်ခွဲမှုအက်ဥပဒေနဲ့ အမှုဖွင့်ထားတာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ နဲ့ ဖေဖေါ်ဝါရီ ၃ ရက်က

အမှုဖွင့် ဖမ်းဆီး ရမန်ယူထားတာပါ။

ဒီနေ့ Video Conferencing နဲ့ ရုံးထုတ်ရာမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို သဘာဝဘေးစီမံခန့်ခွဲမှုအက်ဥပဒေ ပုဒ်မ ၂၅ နဲ့

နောက်ထပ်အမှုတစ်ခုတိုးပြီး တရားစွဲထားတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

“အမှုတွေကတော့ ကျနော်တို့သိထားတဲ့ဟာနဲ့ နည်းနည်းလေးကွာသွားတယ်နော် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က အမှုကို နဂိုကကျနော်တို့သိထားတာက

ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ နဲ့ စွဲထားတဲ့တစ်ခုပဲရှိတယ်။ ရမန်ယူတာ ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မ ၈ နဲ့ တစ်မှု အဲဒီအမှုက အမှုနံပါတ် ၃၈ /၂၀၂၁ ဗဟိုပြည်သူ့တရားရုံးမှာ၊

အခုတော့ နောက်တစ်မှုကတော့ သဘာဝဘေး အန္တရာယ်စီမံမှု ဥပဒေပုဒ်မ ၂၅ ပေါ့နော် အဲဒါကတော့ အမှုနံပါတ် ယာယီ ၃၇ ပေါ့ ၊ အဲဒီ ၂ မှုနဲ့ဖြစ်ပါတယ်။

အဲတော့ အဲဒီ ၂ မှုနဲ့တင်တဲ့အခါမှာ ဒီအမှုကိုကိုင်တွယ်တဲ့ တရားသူကြီးကနေပြီးတော့ ကျနော်တို့ကိုပြောပြတယ်လေ”

သာမန်အားဖြင့် အမှုရုံးတင်တဲ့နေရာမှာ ကာယကံရှင်တွေ စွပ်စွဲခံရသူတွေကိုလည်း ရုံးတော်ကိုခေါ်ဆောင် အမှုကိုတင်လေ့ရှိပြီး အခုအမှုမှာ Video Conferencing နဲ့ အမှုရုံးထုတ်တာဖြစ်ပါတယ်။

ရုံးထုတ်ရာမှာ တရားလိုဘက်က ရဲတပ်ဖွဲ့နဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေ ပါဝင်ပြီး နိုင်ငံတော်သမ္မတကြီးနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ နှစ်ယောက်ကတော့ အသီးသီးထိန်းသိမ်းခံထားရတဲ့

နေရာ နှစ်ခုကနေပြီးတော့ Video Conferencing စနစ်နဲ့ တရားသူကြီးနဲ့တွေ့ဆုံတယ်လို့ သိရပါတယ်။

ဒီနေ့ပြုလုပ်တဲ့ Video Conferencing နဲ့ ရုံးထုတ်မှုကိုတော့ ဒေါ်အောင်ဆန်းစုကြည်ဘက်က လိုက်ပါဆောင်ရွက်ပေးမယ့် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်အနေနဲ့

အမှုသည်ထံက ခွင့်ပြုပါဝါမရရှိသေးတဲ့အတွက် ဝင်ရောက် ကြားနာခွင့် တော့ မရခဲ့ပါဘူး။

“အဲဒီမှာ ကျနော်တို့က ပါဝါမပါသေးတော့ ကျနော်တို့က ဝင်လို့မရပါဘူး။ Video Conferencing လုပ်တဲ့အခါမှာ တရားသူကြီးက ပြောတာကတော့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မေးပါတယ်။

အမှုအကြောင်းပြောပြတယ်။ အမှုရဲ့ပုံစံအတိုင်းပဲ အမှုတင်တဲ့နေ့က အတိုင်းဘဲ ရှေ့နေလွှဲမလား၊ ရှေ့နေကိုလွှဲဖို့ ရှေ့နေကို တာဝန်ပေးဖို့ သဘောထားရှိသလားဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က ရှိတယ်လို့ပြောပါတယ်တဲ့။ အဲတော့ ဘယ်သူ့ကို တာဝန်ပေးမလဲဆိုတော့ ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စီအီးစီအဖွဲ့ နဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က တာဝန်ပေးတဲ့ရှေ့နေလို့ သူပြောပါတယ်။ အဲဒီနှစ်မှုစလုံးအတွက်ပေါ့နော်။ နိုင်ငံတော်သမ္မတကြီးကတော့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၂၅ နဲ့ပဲ သူ့ရဲ့အမှုနဲ့ ပတ်သက်တာ တဆက်တည်းပါပဲ ရာကြီး ၃၆/၂၀၂၁ ပါ။ အဲတော့ နိုင်ငံတော်သမ္မတကြီး အတွက်လည်း ကျနော်တို့ကဆောင်ရွက်ပေးဖို့ နဂိုကတည်းက ပြောထားတာရှိပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖြစ် တရားဝင်ဆောင်ရွက်ခွင့်ရဖို့အတွက် ဇမ္ဗူသီရိမြို့နယ် စခန်းမှုးကတဆင့် ဆောင်ရွက်သွားရမှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ထံက ခွင့်ပြုလက်မှတ်ရရှိပါက တွေ့ခွင့်ရဖို့အတွက် ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို တရားစွဲထားတဲ့ အမှုအတွက် နောက်လာမယ့် ရုံးချိန်းကိုတော့ လာမယ့်

မတ်လ ၁ ရက်နေ့မှာ ပြုလုပ်သွားဖို့ အစီအစဉ်ရှိ ပါတယ်။

DVB

Zawgyi

နိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္ႏွင္႔ နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္တို႔ကို ေနျပည္ေတာ္ ဇမၺဴသီရိၿမိဳ႕နယ္တရား႐ုံးမွာ ေဖေဖၚဝါရီ ၁၆ ရက္ ေန႔လယ္ပိုင္းက Video Conferencing နဲ႔ ႐ုံးထုတ္ၿပီး

နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္အေပၚ ေနာက္ထပ္ အမႈတစ္ခု ထပ္တိုး လိုက္ပါတယ္။

သမၼတဦးဝင္းျမင့္ကို သဘာဝေဘးစီမံခန႔္ခြဲမွုအက္ဥပေဒနဲ႔ အမွုဖြင့္ထားတာျဖစ္ၿပီး ေဒၚေအာင္ဆန္းစုၾကည္ကိုေတာ့ ပို႔ကုန္သြင္းကုန္ဥပေဒ ပုဒ္မ ၈ နဲ႔ ေဖေဖၚဝါရီ ၃ ရက္က

အမွုဖြင့္ ဖမ္းဆီး ရမန္ယူထားတာပါ။

ဒီေန႔ Video Conferencing နဲ႔ ႐ုံးထုတ္ရာမွာေတာ့ ေဒၚေအာင္ဆန္းစုၾကည္ကို သဘာဝေဘးစီမံခန႔္ခြဲမွုအက္ဥပေဒ ပုဒ္မ ၂၅ နဲ႔

ေနာက္ထပ္အမွုတစ္ခုတိုးၿပီး တရားစြဲထားတယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္ဘက္က လိုက္ပါေဆာင္ရြက္ေပးေနတဲ့ ေရွ႕ေန ဦးခင္ေမာင္ေဇာ္က ေျပာပါတယ္။

“အမွုေတြကေတာ့ က်ေနာ္တို႔သိထားတဲ့ဟာနဲ႔ နည္းနည္းေလးကြာသြားတယ္ေနာ္ နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္က အမႈကို နဂိုကက်ေနာ္တို႔သိထားတာက

ပို႔ကုန္သြင္းကုန္ဥပေဒပုဒ္မ ၈ နဲ႔ စြဲထားတဲ့တစ္ခုပဲရွိတယ္။ ရမန္ယူတာ ပို႔ကုန္သြင္းကုန္ ဥပေဒ ပုဒ္မ ၈ နဲ႔ တစ္မွု အဲဒီအမွုက အမွုနံပါတ္ ၃၈ /၂၀၂၁ ဗဟိုျပည္သူ႔တရား႐ုံးမွာ၊

အခုေတာ့ ေနာက္တစ္မွုကေတာ့ သဘာဝေဘး အႏၲရာယ္စီမံမွု ဥပေဒပုဒ္မ ၂၅ ေပါ့ေနာ္ အဲဒါကေတာ့ အမွုနံပါတ္ ယာယီ ၃၇ ေပါ့ ၊ အဲဒီ ၂ မႈနဲ႔ျဖစ္ပါတယ္။

အဲေတာ့ အဲဒီ ၂ မွုနဲ႔တင္တဲ့အခါမွာ ဒီအမွုကိုကိုင္တြယ္တဲ့ တရားသူႀကီးကေနၿပီးေတာ့ က်ေနာ္တို႔ကိုေျပာျပတယ္ေလ”

သာမန္အားျဖင့္ အမွု႐ုံးတင္တဲ့ေနရာမွာ ကာယကံရွင္ေတြ စြပ္စြဲခံရသူေတြကိုလည္း ႐ုံးေတာ္ကိုေခၚေဆာင္ အမွုကိုတင္ေလ့ရွိၿပီး အခုအမႈမွာ Video Conferencing နဲ႔ အမွု႐ုံးထုတ္တာျဖစ္ပါတယ္။

႐ုံးထုတ္ရာမွာ တရားလိုဘက္က ရဲတပ္ဖြဲ႕နဲ႔ တာဝန္ရွိပုဂၢိဳလ္ေတြ ပါဝင္ၿပီး နိုင္ငံေတာ္သမၼတႀကီးနဲ႔ နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္တို႔ ႏွစ္ေယာက္ကေတာ့ အသီးသီးထိန္းသိမ္းခံထားရတဲ့

ေနရာ ႏွစ္ခုကေနၿပီးေတာ့ Video Conferencing စနစ္နဲ႔ တရားသူႀကီးနဲ႔ေတြ႕ဆုံတယ္လို႔ သိရပါတယ္။

ဒီေန႔ျပဳလုပ္တဲ့ Video Conferencing နဲ႔ ႐ုံးထုတ္မွုကိုေတာ့ ေဒၚေအာင္ဆန္းစုၾကည္ဘက္က လိုက္ပါေဆာင္ရြက္ေပးမယ့္ တရားလႊတ္ေတာ္ေရွ႕ေန ဦးခင္ေမာင္ေဇာ္အေနနဲ႔

အမွုသည္ထံက ခြင့္ျပဳပါဝါမရရွိေသးတဲ့အတြက္ ဝင္ေရာက္ ၾကားနာခြင့္ ေတာ့ မရခဲ့ပါဘူး။

“အဲဒီမွာ က်ေနာ္တို႔က ပါဝါမပါေသးေတာ့ က်ေနာ္တို႔က ဝင္လို႔မရပါဘူး။ Video Conferencing လုပ္တဲ့အခါမွာ တရားသူႀကီးက ေျပာတာကေတာ့ နိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို ေမးပါတယ္။

အမွုအေၾကာင္းေျပာျပတယ္။ အမႈရဲ့ပုံစံအတိုင္းပဲ အမႈတင္တဲ့ေန႔က အတိုင္းဘဲ ေရွ႕ေနလႊဲမလား၊ ေရွ႕ေနကိုလႊဲဖို႔ ေရွ႕ေနကို တာဝန္ေပးဖို႔ သေဘာထားရွိသလားဆိုေတာ့ ေဒၚေအာင္ဆန္းစုၾကည္က ရွိတယ္လို႔ေျပာပါတယ္တဲ့။ အဲေတာ့ ဘယ္သူ႔ကို တာဝန္ေပးမလဲဆိုေတာ့ က်ေနာ္တို႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ စီအီးစီအဖြဲ႕ နဲ႔ ဗဟိုအလုပ္အမွုေဆာင္အဖြဲ႕က တာဝန္ေပးတဲ့ေရွ႕ေနလို႔ သူေျပာပါတယ္။ အဲဒီႏွစ္မွုစလုံးအတြက္ေပါ့ေနာ္။ နိုင္ငံေတာ္သမၼတႀကီးကေတာ့ သဘာဝေဘးအႏၲရာယ္စီမံခန႔္ခြဲေရး ဥပေဒပုဒ္မ ၂၅ နဲ႔ပဲ သူ႔ရဲ့အမွုနဲ႔ ပတ္သက္တာ တဆက္တည္းပါပဲ ရာႀကီး ၃၆/၂၀၂၁ ပါ။ အဲေတာ့ နိုင္ငံေတာ္သမၼတႀကီး အတြက္လည္း က်ေနာ္တို႔ကေဆာင္ရြက္ေပးဖို႔ နဂိုကတည္းက ေျပာထားတာရွိပါတယ္။”

ေဒၚေအာင္ဆန္းစုၾကည္ရဲ့ ေရွ႕ေနအျဖစ္ တရားဝင္ေဆာင္ရြက္ခြင့္ရဖို႔အတြက္ ဇမၺဴသီရိၿမိဳ႕နယ္ စခန္းမႈးကတဆင့္ ေဆာင္ရြက္သြားရမွာျဖစ္ၿပီး ေဒၚေအာင္ဆန္းစုၾကည္ထံက ခြင့္ျပဳလက္မွတ္ရရွိပါက ေတြ႕ခြင့္ရဖို႔အတြက္ ဆက္လက္ေဆာင္ရြက္သြားမယ္လို႔ ဆိုပါတယ္။

သမၼတဦးဝင္းျမင့္နဲ႔ နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္တို႔ကို တရားစြဲထားတဲ့ အမႈအတြက္ ေနာက္လာမယ့္ ႐ုံးခ်ိန္းကိုေတာ့ လာမယ့္

မတ္လ ၁ ရက္ေန႔မွာ ျပဳလုပ္သြားဖို႔ အစီအစဥ္ရွိ ပါတယ္။

DVB

Leave a Comment