တနင်္လာ သား သမီးများဟာ….
အများအားဖြင့် အသားမဖြူလွန်း မညိုလွန်း အသား ခပ်လတ်လတ်နှင့် အရေပြားပါးလွှာကာ အသားအရေနု၍လှနေတက်ခြင်း၊
အရပ်မနိမ့် မမြင့် ရှိသူတို့မှာ လှပသော ကိုယ်ခန္ဓာအချိုးအဆစ်တို့ကိုပိုင်ဆိုင်ထားခြင်းနှင့် သေးသွယ်သော မျက်ခုံးလှပသောနှုတ်ခမ်းနှင့် ကြည့်ရင်း ကြည့်ရင်ပို၍လှနေတတ်သော အလှပိုင်ရှင်များဖြစ်ပါတယ်..
ထူးခြားတဲ့ အားသာချက်ကတော့ အပြစ်ကင်းစင်လွန်းတဲ့အပြုံးကြောင့် လူအများရဲ့ချစ်ခင်မှုကို ရရှိနေတတ်ပါတယ်။
အများအားဖြင့် သွက်သွက်လက်လက်နှင့်စကားပြောကောင်းသူများဖြစ်ပြီး အရာရာကိုအနာဂါတ်အတွတ်ကြိုတင်မျော်တွေးကာ တစိုက်မတ်မတ်လုပ်ကိုင်နေတက်ပြီး ဇွဲကောင်းတယ်။
ထိုးထွင်းကြံဆနိုင်မှုကောင်း၍ ထက်မြတ်သောသူများဖြစ်ပါတယ်။
လူအများအပေါ်တွင် ယုံကြည်မှုအပြည့်အဝပေးတက်သူဖြစ်ပြီး မိမိယုံကြည်မှုမရှိတော့ပါကလည်း ဘယ်တော့အခါမှ ပြန်လှည့် မကြည့်တတ်တော့တဲ့လူများဖြစ်တယ်။
အပေါင်းအသင်းအရမ်းမက်ပြီးကိုယ်ကသာ အရာရာ အနစ်နာခံ၍ ပေးဆပ်တက်သောစေတနာပိုင်ရှင်များဖြစ်ပါတယ်။
ပျော်ပျော်နေတတ်ပြီး အပျော်အပါးကိုစိတ်ဝင်စားသူများလည်းဖြစ်ကြပါတယ်။
မဟုတ်မခံ အမှန်တရားအတွက်ဘာမဆိုလုပ်ရဲတဲ့သူ ၊မိမိမှားတဲ့အခါ ရဲ့ရဲ့ဝံ့ဝံ့ ဝန်ခံတက်သူ ၊ အားနွဲ့သူ အားငယ်သူများအား ကူညီလိုသူ၊ တခါတရံ စိတ်အလိုမကျက ဘုကလန့်ပြောဆိုလုပ်ကိုင်တက်သူတို့ ဖြစ်ပါတယ်။
စိတ်ဆိုး စိတ်တို ဒေါသထွက်လွယ်ပြီး တခဏအတွင်းစိတ်ပြေခွင့်လွတ် နားလည်ပေးတက်သူမျိူးလည်းဖြစ်ပါတယ်။
ဒါပေမယ့် ခွင့်လွတ်တက်သော်လည်း အမှတ်ကြီးသူမျိုးဖြစ်ပါတယ်။ သို့သော် အားနာတက်တဲ့အားနည်းချက်က မိမိကိုမကြာခဏ စိတ်ညစ်နေရတက်ပါတယ်။
အချစ်ရေးမှာတော့ အရမ်းကိုအစွဲအလမ်းကြီးတယ်လို့ဆိုရပါမယ်။ အချစ်ရေးကံကောင်းနေရင်တောင် အမြဲခံစားချက်တွေတော့ရှိနေတက်သူပါ ။
အရာရာမှာ သတ္တိရှိသလောက် အချစ်ရေးမှာတော့ မသိစိတ်က သိမ်ငယ်နေရတတ်ပါတယ်။
တကယ်ချစ်မိပြီဆိုရင် ချစ်သူအတွက်ကို ဘယ်အရာနဲ့မဆိုလဲနိုင်သူ ၊ဖွင့်ဟပြောပြဖို့ထက်မျိုသိပ်ပြီး ချစ်နေတက်သူ၊ သဝန်တိုပါတယ်လို့ပြောရမှာရှက်ပြီး
လူမသိသူမသိ အရမ်းသဝန်တိုနေတက်သူ ၊ သူများတွေနဲ့ တခါမှစိတ်မကောင်ရင်တောင် ချစ်တဲ့သူအပေါ်မှာတော့ မကြာခဏစိတ်ကောက်နေတက်မျိူးဖြစ်ပါတယ်။
တနင်္လာသား သမီးတွေရဲ့ အချစ် ၊ ခံစားချက် နှင့် မျက်ရည်တွေကို ဗေဒင်ဆရာတွေထက် သူတို့အုံးနေကျ ခေါင်းအုံးတွေက ပိုပြီးသိနေပါလိမ့်မယ်. ……..။
တနင်္လာ သားသမီးများအားလုံး …
ဘဝတစ်လျှောက်လုံး အေးချမ်းပျော်ရွှင်စွာ အသက်ရှင်နေထိုင်နိုင်ကြပါစေ..
ဆရာဦးဘိုနိုင် (ဗေဒင်)
Zawgyi
တနလၤာ သား သမီးမ်ားဟာ….
အမ်ားအားျဖင့္ အသားမျဖဴလြန္း မညိဳလြန္း အသား ခပ္လတ္လတ္ႏွင့္ အေရျပားပါးလႊာကာ အသားအေရႏု၍လွေနတက္ျခင္း၊
အရပ္မနိမ့္ မျမင့္ ရွိသူတို႔မွာ လွပေသာ ကိုယ္ခႏၶာအခ်ိဳးအဆစ္တို႔ကိုပိုင္ဆိုင္ထားျခင္းႏွင့္ ေသးသြယ္ေသာ မ်က္ခုံးလွပေသာႏွုတ္ခမ္းႏွင့္ ၾကည့္ရင္း ၾကည့္ရင္ပို၍လွေနတတ္ေသာ အလွပိုင္ရွင္မ်ားျဖစ္ပါတယ္..
ထူးျခားတဲ့ အားသာခ်က္ကေတာ့ အျပစ္ကင္းစင္လြန္းတဲ့အျပဳံးေၾကာင့္ လူအမ်ားရဲ့ခ်စ္ခင္မႈကို ရရွိေနတတ္ပါတယ္။
အမ်ားအားျဖင့္ သြက္သြက္လက္လက္ႏွင့္စကားေျပာေကာင္းသူမ်ားျဖစ္ၿပီး အရာရာကိုအနာဂါတ္အတြတ္ႀကိဳတင္ေမ်ာ္ေတြးကာ တစိုက္မတ္မတ္လုပ္ကိုင္ေနတက္ၿပီး ဇြဲေကာင္းတယ္။
ထိုးထြင္းႀကံဆနိုင္မွုေကာင္း၍ ထက္ျမတ္ေသာသူမ်ားျဖစ္ပါတယ္။
လူအမ်ားအေပၚတြင္ ယုံၾကည္မွုအျပည့္အဝေပးတက္သူျဖစ္ၿပီး မိမိယုံၾကည္မွုမရွိေတာ့ပါကလည္း ဘယ္ေတာ့အခါမွ ျပန္လွည့္ မၾကည့္တတ္ေတာ့တဲ့လူမ်ားျဖစ္တယ္။
အေပါင္းအသင္းအရမ္းမက္ၿပီးကိုယ္ကသာ အရာရာ အနစ္နာခံ၍ ေပးဆပ္တက္ေသာေစတနာပိုင္ရွင္မ်ားျဖစ္ပါတယ္။
ေပ်ာ္ေပ်ာ္ေနတတ္ျပီး အေပ်ာ္အပါးကိုစိတ္ဝင္စားသူမ်ားလည္းျဖစ္ၾကပါတယ္။
မဟုတ္မခံ အမွန္တရားအတြက္ဘာမဆိုလုပ္ရဲတဲ့သူ ၊မိမိမွားတဲ့အခါ ရဲ့ရဲ့ဝံ့ဝံ့ ဝန္ခံတက္သူ ၊ အားႏြဲ႕သူ အားငယ္သူမ်ားအား ကူညီလိုသူ၊ တခါတရံ စိတ္အလိုမက်က ဘုကလန္႔ေျပာဆိုလုပ္ကိုင္တက္သူတို႔ ျဖစ္ပါတယ္။
စိတ္ဆိုး စိတ္တို ေဒါသထြက္လြယ္ၿပီး တခဏအတြင္းစိတ္ေျပခြင့္လြတ္ နားလည္ေပးတက္သူမ်ိဴးလည္းျဖစ္ပါတယ္။
ဒါေပမယ့္ ခြင့္လြတ္တက္ေသာ္လည္း အမွတ္ႀကီးသူမ်ိဳးျဖစ္ပါတယ္။ သို႔ေသာ္ အားနာတက္တဲ့အားနည္းခ်က္က မိမိကိုမၾကာခဏ စိတ္ညစ္ေနရတက္ပါတယ္။
အခ်စ္ေရးမွာေတာ့ အရမ္းကိုအစြဲအလမ္းႀကီးတယ္လို႔ဆိုရပါမယ္။ အခ်စ္ေရးကံေကာင္းေနရင္ေတာင္ အျမဲခံစားခ်က္ေတြေတာ့ရွိေနတက္သူပါ ။
အရာရာမွာ သတၱိရွိသေလာက္ အခ်စ္ေရးမွာေတာ့ မသိစိတ္က သိမ္ငယ္ေနရတတ္ပါတယ္။
တကယ္ခ်စ္မိၿပီဆိုရင္ ခ်စ္သူအတြက္ကို ဘယ္အရာနဲ႔မဆိုလဲနိုင္သူ ၊ဖြင့္ဟေျပာျပဖို႔ထက္မ်ိဳသိပ္ၿပီး ခ်စ္ေနတက္သူ၊ သဝန္တိုပါတယ္လို႔ေျပာရမွာရွက္ၿပီး
လူမသိသူမသိ အရမ္းသဝန္တိုေနတက္သူ ၊ သူမ်ားေတြနဲ႔ တခါမွစိတ္မေကာင္ရင္ေတာင္ ခ်စ္တဲ့သူအေပၚမွာေတာ့ မၾကာခဏစိတ္ေကာက္ေနတက္မ်ိဴးျဖစ္ပါတယ္။
တနလၤာသား သမီးေတြရဲ့ အခ်စ္ ၊ ခံစားခ်က္ ႏွင့္ မ်က္ရည္ေတြကို ေဗဒင္ဆရာေတြထက္ သူတို႔အုံးေနက် ေခါင္းအုံးေတြက ပိုၿပီးသိေနပါလိမ့္မယ္. ……..။
တနလၤာ သားသမီးမ်ားအားလုံး …
ဘဝတစ္ေလၽွာက္လုံး ေအးခ်မ္းေပ်ာ္ရႊင္စြာ အသက္ရွင္ေနထိုင္နိုင္ၾကပါေစ..
ဆရာဦးဘိုနိုင္ (ေဗဒင္)