၇ရက်သားသမီး တစ်ပတ်စာ ဟောစာတမ်း 18.2.2021 မှ 24.2.2021 အထိ

18.2.2021 မှ 24.2.2021 အထိ တစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း

တနင်္ဂနွေ

ဒီကာလများတွင် အကြီးအကဲတွေမစကိန်းရှိပါတယ်။ လူကြီးသူမတွေဆီကအကူအညီ အထောက်အပံ့တွေ ရလာတတ်ပါတယ်။အပြိုင်အဆိုင်၊ အတိုက်အခိုက်၊ အနှောက်အယှက်များကြားမှ အောင်မြင်မှုများ ရရှိနိုင် ပါသည်။

စားသောက်ကုန်၊ အလှကုန်လုပ်ငန်းများ ငွေရေးကြေးရေးလုပ်ငန်းတို့မှ အကျိုးအမြတ်ကောင်းများ ရရှိ မည်။ ဝင် ငွေများ အထူးတိုးတတ်နေမည်။ ဆေးနှင့် ဆေးပစ္စည်း ရောင်းဝယ်ရေး၊ ပရိဘောဂလုပ်ငန်းများ အထူးအကျိုးပေးမည်။

ဘာသာရေးနဲ့ ပတ်သက်သောကုသိုလ်တွေပြုရတတ်ပါတယ်။ ဘုရားဆင်းတုတော်များ ပူဇော်ဖို့လက်ဆောင် ရပါက ကံအထူးကောင်းသွားတတ်သည်။ အိမ်တွင်းရေးလွန်စွာမှ သာယာမယ့်ကာလပါပဲ။

ကျန်းမာရေးတွင် အရက်ကြောင့်ဖြစ်သောရောဂါ များဝင်လာခြင်း၊ ချောင်းဆိုးခြင်း၊ ခါးနာ၊ ဒူးနာ၊ အဆစ်အမြစ်ကိုက်ခဲခြင်း၊ အစား အသောက် မှားယွင်းခြင်းများ ကြုံ တွေ့ရ မည်။ လိင်မတူသူတွေဆီက ငွေကြေးအကူအညီတွေရလာတတ်ပါ တယ်။

ပျိုရွယ်သူ များ စန်းအလွန်ပွင့်နေ၍ အရပ်ဝေးမှ ချစ်သူများနှင့် ဖူးစာဖက်အဖြစ် ဆုံစည်းခွင့်များ ရရှိလိမ့်မည်။ အချစ် ရေး၊ မေတ္တာရေးကံ အထူးကောင်းနေပါသည်။

ပညာရေးတွင် ကံစွမ်းအား၊ ဉာဏ်စွမ်းအား မြင့်မားနေပြီး ဝီရိယ စိုက် ထုတ် ခြင်းဖြင့်ပန်းတိုင် ကိုဆွတ်ခူးနိုင်ပါသည်။ တစ်ခါတစ်ရံ စိတ်ပျံ့လွင့်မှုများနေတတ်ပြီး အထူးဂရုစိုက် လေ့လာမှ အောင် မြင်နိုင်ပါလိမ့်မည်။

အကျိုးပေးဂဏန်း ၁/၂/၆ အထူးဟော…ကံမြင့်မားနေမည်။ ယတြာ….ခြေသုတ်ခုံလေးတွေ ဘုန်းကြီးကျောင်းလှူပါ

တနင်္လာ

ဒီကာလများတွင် လုပ်ငန်းခွင်အတွင်း ဆုံးရှုံးထားသောကိစ္စများ ပြန်လည်ရရှိရန် အခွင့်အရေးများ စတင် လာမည်။စိတ်ညစ်စရာတွေမတွေးဘဲ ပျော်ပျော်နေလေ ကံကောင်းလေပဲဖြစ်ပါတယ်။

မိတ်ဆွေကောင်းတွေ ဆီက အကြံဉာဏ်တွေရလာတတ်ပါတယ်။ လုပ်ငန်းခွင်တွင် ရင်းနှီးမြှုပ်နှံ ရကိန်းများ ရှိနေမည်။ကုန်လှောင်ခြင်းများဆောင် ရွက်လို့ကောင်းပါတယ်။

သစ်သီးဝလံများ ရောင်းဝယ်ခြင်း၊ အိမ်၊ ခြံမြေ ရောင်းဝယ်ခြင်း၊ ငွေထည်၊ ရွှေထည် ရောင်း ဝယ်ခြင်း၊မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ခြင်းများအထူးကောင်းသည်။

လုပ်ငန်းခွင်အတွင်း အလိုက်မသိ၊ အပြော အဆို မတတ်သူများနှင့် ကြုံ တွေ့ရတတ်သည်။ဝန်ထမ်းများသည်းခံပြီးလုပ်ကိုင်ဆောင်ရွက်ရမည်။ ကိုယ်ပိုင်စီးပွားလုပ် သူများ ဇွဲကြီးခြင်း၊ လိမ္မာပါးနပ်ခြင်းရှိဖို့အထူးလိုအပ်ပါတယ်။

ဘာကြုံကြုံ နောက် မဆုတ်ဘဲ စွဲမြဲစွာ လုပ်ကိုင်ရမည်။ ပျိုရွယ်သူများချစ်သူ၏စိတ်အပြောင်း အလဲများအပေါ် နားလည်ရခက်ခဲလာမည်။ဒါပေမယ့်ပြန်ပြေလည်သွား တတ် ပါတယ်။ မိဘသဘောမတူသော သူများနှင့် မေတ္တာရေးဆုံစည်းရကိန်းများ ရှိနေမည်။

အိမ်ထောင်ရေးတွင် အနည်း ငယ် အညံ့များ ရှိနေမည်။ စိတ်ရှုတ်ထွေးစရာများ ဝင်လာ မည်။ တစ်ဦးနှင့်တစ်ဦး သည်းခံစိတ်နည်းမှုများ ကြောင့် ပြဿနာများ ဖြစ်ပေါ်လာရ တတ်သည်။

ကျန်းမာရေးနဲ့ပတ်သတ်ပြီး လွန်စွာအားရစရာကောင်းပါတယ်။ ကျန်းမာ ရေး ဒေါင်ဒေါင်မြည်ကောင်းနေပါလိမ့်မယ်။

အကျိုးပေးဂဏန်း…၃/၉/၀ အထူးဟော…ပျော်အောင်နေဖို့လိုပါတယ်။ ယတြာ…နှမ်းဆီ အနည်းငယ် လူကြီးမိဘတွေကိုလှူဒါန်းပါ

အင်္ဂါ

ဒီကာလများတွင် ကံအကျိုးပေး အလွန်ထူးခြားစွာနေပါမည်။ အခက်အခဲအကြပ်အတည်းများကို ထိပ်တိုက် ရင်ဆိုင်ရတတ်ပေမယ့်ရင်ဆိုင်ဖို့အင်အားတွေရှိနေတတ်ပါတယ်။ဘာကိုမှမကြောက်တဲ့စိတ်တွေဖြစ်ပေါ်နေတတ်ပါ တယ်။

မိသားစုရေးရာတွင် စိတ်ရှုတ်ထွေးမှုများ ကြုံတွေ့ရနိုင်သော်လည်း အလုပ်စီးပွားနှင့် ရင်းနှီးမြှုတ်နှံမှုများသည် ထူးခြားစွာ ပိုမိုတိုးတတ်လာမည်။ညီအကိုမောင်နှမတွေမတည့်တာမျိုးတွေ ဖြစ်ရတတ်ပါတယ်။ အိမ်တွင်းရေးကိစ္စ တွေကို ပါးနပ်စွာကိုင်တွယ်တတ်ဖို့လိုပါတယ်။

ဉာဏ်ဝီရိယအားနည်းနေတတ်ပါတယ်။ဘာလုပ်လုပ်လုံ့လစိုက် ထုတ် လုပ်မှ အဆင်ပြေပါလိမ့်မယ်။ အဖျက်လှိုင်းတံပိုးတွေကိုခံစားရတတ်ပါတယ်။ မိမိလုပ်သမျှ အဖျက်ဝင်နေတတ်ပါ တယ်။ပြိုင်ဘက်လုပ်ငန်းတွေက ကောင်းကောင်းမိမိကိုတိုက်ခိုက်ပါလိမ့်မယ်။

နှလုံးသားမှ ဖူးပွင့် လာသော မေတ္တာ ရေးရာကိစ္စများတွင် မည်သည့် အခက်အခဲများကို ကြုံတွေ့ရပါစေ ထူးခြားစွာ စိတ်ချမ်းသာမှုများ ရရှိလာမည်။ ပညာရေးတွင် အခက်အခဲများ ကျော် လွှား ခွင့်များ ကြုံတွေ့ရမည်။

လက်မှုပညာ၊ စက်မှုပညာများကို လေ့လာပြီး ဘဝတိုးတတ်မှုများကို စနစ်တကျ ဖန်တီးနိုင်မည်။ ကျန်းမာရေးတွင် ကိုယ်ခံအားနည်းခြင်း၊ သွေးတိုးခြင်းများ ခံစားရ ကိန်းရှိနေပါသည်။

အကျိုးပေးဂဏန်း…၁/၄/၈ အထူးဟော…အနည်းငယ်အခက်အခဲတွေရင်ဆိုင်ရတတ်သည်။ ယတြာ….အစိမ်းကြော်တစ်ပွဲ ဘုရားကပ်လှူလိုက်ပါ။

ဗုဒ္ဓဟူး / ရာဟု

ဒီကာလများအတွင်း လုပ်ငန်းခွင်တွင် အပြိုင်အဆိုင်များနှင့် ထိပ်တိုက်ရင်ဆိုင်ရမည်။ စိုက်ပျိုးရေး ပစ္စည်း ရောင်း ဝယ်ခြင်းများ၊ မြေဩဇာနှင့် ဆန်ရောင်းဝယ်ခြင်းများမှ အကျိုးအမြတ်များ ဖြစ်ထွန်းအောင်မြင် မည်။

သူ တစ်ပါး ၏ ကိစ္စရပ်များကို မိမိက တာဝန်ယူ ဆောင်ရွက်ရခြင်းများ ရှိနေပါလိမ့်မည်။ မိမိမသိသူက မိမိကို ရန်ပြု ခြင်းများ ခံရတတ်ပါသည်။

အလုပ်အသစ်များ ဝင်ရောက်လုပ်ကိုင်ရခြင်း၊ ရာထူးဂုဏ်သတင်းကျော်ဇောခြင်း၊ နေရာ ပြောင်း ရွေ့ရကိန်းများ ကြုံတွေ့ရတတ်ပါသည်။

လျှပ်စစ်နှင့် လုပ်ကိုင်ရသော စက်မှုလုပ်ငန်း များမှ မတော်တဆ ထိခိုက်မှု၊ ဝါယာရှော(ခ်) ဖြစ်ခြင်းများ ကြုံတွေ့ရတတ်ပါသည်။ သတိထားသင့်ပါသည်။ ရရန်ရှိသော အကြွေး ဟောင်းများ ပြန်လည်ရရှိတတ် ပါ သည်။

မိတ်ဆွေ အပေါင်းအသင်းများ၏ လိမ်လည်လှည့်ဖြားခြင်းများ ခံရ တတ် ပါသည်။ ညီအစ်ကိုမောင်နှမ များ၏အခက်အခဲ၊အကျပ်အတည်းများကို ပြေလည်အောင် ဆောင်ရွက်ပေးရ ခြင်းများ ရှိမည်။

ပျိုရွယ်သူများ အချစ် ရေးတွင် အသစ်အဆန်းများ တွေ့ရတတ်သည်။ ဘုရားဖူး ခရီးများ သွားလာ ရာမှ ချစ်သူရည်းစားများ တွေ့ရတတ် သည်။

အိမ်ထောင်ရေးတွင် အသိုင်းအဝိုင်းဆွေမျိုးများ စကားကြောင့် အိမ် ထောင် ရေး အထင်အမြင်လွဲမှားမှုများ ပေါ်ပေါက်လာတတ်သည်။ ပညာရေးတွင် ကြိုးစားမှုမှ ရလဒ်ကောင်းများ ရရှိ အောင်မြင်လာနိုင်ပါသည်။

အကျိုးပေးဂဏန်း…၂/၅/၄ အထူးဟော…ထိခိုက်ရှနာဖြစ်တတ်ပါတယ်။ ယတြာ…ဖီးကြမ်းငှက်ပျောသီး ဘုရားကပ်လှူလိုက်ပါ။

ကြာသပတေး

ဒီကာလများတွင် သားသမီးများအတွက် သတင်းကောင်းမျာ ကြားရတတ်ပါသည်။ စေ့စပ်သေချာမှုဖြင့် အလုပ်စီးပွားများ လုပ်ကိုင်ဆောင်ရွက်လျှင် အထူးအောင်မြင်နိုင်ပါသည်။

စီးပွားရေး အခွင့်အလမ်းသစ်များကို လက် လွှတ်မခံဘဲဆောင်ရွက်လုပ်ကိုင်လျှင် အထူးအောင်မြင်တိုးတတ်နိုင်ပါသည်။

စိတ်ကူးအကြံအစည်တွေ က လွဲချော် နေတတ်ပါတယ်။ ပတ်ဝန်းကျင်ရဲ့အနှောက်အယှက်ကိုကြုံရတတ်ပါတယ်။အခက်အခဲတွေ့ရင်လဲ ကူညီမဲ့သူ ရှိပေမဲ့ ထင် သလောက် အားမကိုးရတတ်ချေ။

ကျန်းမာရေးတွင် အစာအိမ်ရောဂါ၊ အဆုတ်နှင့် အသည်းရောဂါများ ခန္ဓာ ကိုယ်ညာဘက်အခြမ်း မတော်တဆ ထိခိုက်ဒဏ်ရာရခြင်းများ ကြုံတွေ့နေရတတ်ပါသည်။

တစ်ဦးတစ်ယောက် ဆီ က အကူ အညီယူ ဖို့စဉ်းစားနေပါကဒီကာလဟာ အကူ အညီ တောင်းလို့ကောင်းမွန်တဲ့နေ့တွေပါပဲ။ လူမှုရေး ကိစ္စ တွေမှာ တာဝန်ယူမှုတာဝန်ခံမှုတွေကိုသတိနဲ့ယှဉ်ပြီး ဆောင်ရွက်လိုက်ပါ။

ပညာရေးတွင် ရည်မှန်းချက်များ ကြီးကြီး နှင့် ကြိုးစားလျှင် ထွန်းပေါက်အောင်မြင်နိုင်ပါသည်။ ပညာစာမေးပွဲများ ဖြေဆိုရန် နီးကပ်လာလျှင် ကျန်းမာ ရေး အနှောက်အယှက်များ ဝင်လာတတ်ပါသည်။

အိမ်တွင်းရေး၊ အိမ်ထောင်ရေးတွင် စိတ်တိုင်းမကျစရာ၊ စိတ် အနှောက် အယှက်များနှင့် ပြဿနာအခက်အခဲများကို ကြုံတွေ့နေရတတ်ပါသည်။

အကျိုးပေးဂဏန်း…၃/၆/၅ အထူးဟော….အခွင့်အရေးသစ်များရလာမည်။ ယတြာ… ဆေးအလှူလေးတွေများများဆောင်ရွက်ပါ။

သောကြာ

ဒီကာလများအတွင်း အလောတကြီး ဆုံးဖြတ် ချက်ချမှတ်ခြင်းများ သတိထားသင့်ပါသည်။ ယှဉ်ပြိုင်ပြီး လုပ် သော ကိစ္စများတွင် ထူးခြားစွာ အောင်မြင်ခြင်းရှိမည်။လူချစ်လူခင်များပေမဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့အနည်း ငယ် တော့ အချင်းများရတတ်ပါတယ်။

ဖုန်းနှင့် ဥစ္စာပစ္စည်းများ ကျပျောက်တတ်၍ အထူးသတိထားသင့်ပါသည်။ ငွေနှင့် စက်ပစ္စည်းများမမျှော်လင့်ဘဲဝင်လာရတတ်ပါသည်။ ကျန်းမာရေးဒေါင်ဒေါင်မြည်ကောင်းနေတတ်ပါတယ်။ သတင်း ကောင်း တွေကြားရတတ်ပါ တယ်။

အဆုံးမသတ်နိုင်သောပြဿနာတွေကိုစတင်ရင်ဆိုင်ရ တတ်ပါတယ်။လုပ်ဆောင် နေသောကိစ္စတွေကိုခေတ္တရပ်ဆိုင်းထားတာ၊ရှေ့မတိုးတာမျိုးတွေဆောင်ရွက်စေချင်ပါ တယ်။ ပျိုရွယ်သူများ ချစ်သူ ရည်းစားများရကိန်းများရှိနေပါသည်။

သို့သော်တစ်ဦးနှင့်တစ်ဦးယုံကြည်မှုအားနည်းနေရတတ်သည်။ ချစ်သူ ဟောင်း ရှိသူများ ပြန်လည် တွေ့ဆုံရ၍ အိမ်ထောင်ပြုရတတ်ပါသည်။ အိမ်ထောင်ရှင်များ သာယာမှုများ ရရှိနိုင် ပါသည်။

အိမ်နီးချင်းပြဿနာ များ ဝင်ရောက်ဖြေရှင်းပေးရခြင်းများ ရှောင်ကြဉ်သင့်ပါသည်။ ပညာရေးတွင် အရှေ့ ပိုင်း ၌ ကြိုးစားအားထုတ်မှု ကောင်း ပြီး နောက်ပိုင်းတွင် အပေါင်းအသင်းများကြောင့် ရည်မှန်းချက်များနှင့် ဝေးကွာ သွား ရတတ်ပါသည်။

အကျိုးပေးဂဏန်း…၄/၇/၀ အထူးဟော…ခရီးများ အလုပ်များရတတ်ပါတယ်။ ယတြာ…မုန့်ဆီကြော်ဘုရားလှူပေးပါ။

စနေ

ဒီကာလများတွင် ငွေဟောင်း၊ ကြွေးဟောင်း၊ ပစ္စည်းဟောင်းများ ပြန်လည်ရရှိနိုင်ပါသည်။ ဆုံးရှုံးသွားပြီဟု ထင်မှတ်ထားသော ကြွေမြီးဟောင်းများကို ရရှိနိုင်ခြင်း၊ မျှော်လင့်မထားသော

ငွေကြေးဥစ္စာများ ရရှိနိုင်ခြင်း၊ ထီ ပေါက်ခြင်းကဲ့သို့သော ကောင်းခြင်းကံတရားနှင့် လာဘ်လာဘကောင်းများ ဖြစ်ထွန်းပေါ်ပေါက် လာနိုင်ပါသည်။ ထူး ခြားသောကောင်းမှုကုသိုလ်များ၊ပရဟိတလုပ်ငန်းများပြုလုပ်ရမည်။

အိမ်ထောင်ရေးတွင်တစ်ခါတစ်ရံ စိတ်ရှုပ်ထွေး မှုများ ဖြစ်ပေါ်လာနိုင်ပါသည်။ ပြဿနာဟောင်း များကို အသစ်သဖွယ် ပြန်လည်ကိုင်တွယ် ဖြေရှင်းရတတ်သည်။ လုပ်ငန်းခွင်အတွင်း ကောင်းသောအပြောင်းအလဲများ ဖြစ်ပေါ်မည်။

လူသစ်များနှင့် ဆက်ဆံရမည်။ ရပ်တန့်ထား သော လုပ်ငန်းများ ပြန်လည်ဆောင်ရွက် လုပ်ကိုင်နိုင်လိမ့်မည်။ စပ်တူ ရှယ်ယာ ကိစ္စ၊ လူအများနဲ့ ပူးပေါင်းဆောင် ရွက် ရ သော လုပ်ငန်းတွေ အထူးအောင်မြင်နိုင်ပါတယ်။

ကောင်းလျှင်ထိပ်ဆိုး၊ ဆိုးလျှင် အောက်ဆုံး ဆိုတဲ့ကိန်းမျိုး ပါပဲ။ ပညာရေးတွင်လည်း ထူးချွန်စွာ အောင်မြင်မှုများရမည်။ ဘွဲ့ထူး၊ ဂုဏ်ထူးများ ရရှိအောင်မြင်မှုများ ရရှိနိုင်ပါ သည်။

လုပ်ငန်းခွင်စာမေးပွဲများ ဖြေဆိုရာတွင် အောင်မြင်မှုများ အထူးရရှိနိုင်ပါသည်။ ကျန်းမာရေးတွင် မထင် မှတ်ဘဲ ခွဲစိတ်ကုသမှုခံယူရခြင်း၊ သွေးတိုးရောဂါ၊ လေဖြတ်ခြင်းများ ခံစားရတတ်ပါသည်။

အကျိုးပေးဂဏန်း….၁/၅/၇ အထူးဟော ကျန်းမာရေးအနည်းငယ်ဂရုစိုက်ပါ။ ယတြာ…ပေါက်ပေါက်ဆုပ်ဘုရားကပ်လှူပေးပါ။

၇ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝပါစေ

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)0977 5555 695 09 44 5555 695

Zawgyi

18.2.2021 မွ 24.2.2021 အထိ တစ္ပတ္စာ ၇ရက္သားသမီး ေဟာစာတမ္း

တနဂၤေႏြ

ဒီကာလမ်ားတြင္ အႀကီးအကဲေတြမစကိန္းရွိပါတယ္။ လူႀကီးသူမေတြဆီကအကူအညီ အေထာက္အပံ့ေတြ ရလာတတ္ပါတယ္။အၿပိဳင္အဆိုင္၊ အတိုက္အခိုက္၊ အေႏွာက္အယွက္မ်ားၾကားမွ ေအာင္ျမင္မႈမ်ား ရရွိႏိုင္ ပါသည္။

စားေသာက္ကုန္၊ အလွကုန္လုပ္ငန္းမ်ား ေငြေရးေၾကးေရးလုပ္ငန္းတို႔မွ အက်ိဳးအျမတ္ေကာင္းမ်ား ရရွိ မည္။ ဝင္ ေငြမ်ား အထူးတိုးတတ္ေနမည္။ ေဆးႏွင့္ ေဆးပစၥည္း ေရာင္းဝယ္ေရး၊ ပရိေဘာဂလုပ္ငန္းမ်ား အထူးအက်ိဳးေပးမည္။

ဘာသာေရးနဲ႔ ပတ္သက္ေသာကုသိုလ္ေတြျပဳရတတ္ပါတယ္။ ဘုရားဆင္းတုေတာ္မ်ား ပူေဇာ္ဖို႔လက္ေဆာင္ ရပါက ကံအထူးေကာင္းသြားတတ္သည္။ အိမ္တြင္းေရးလြန္စြာမွ သာယာမယ့္ကာလပါပဲ။

က်န္းမာေရးတြင္ အရက္ေၾကာင့္ျဖစ္ေသာေရာဂါ မ်ားဝင္လာျခင္း၊ ေခ်ာင္းဆိုးျခင္း၊ ခါးနာ၊ ဒူးနာ၊ အဆစ္အျမစ္ကိုက္ခဲျခင္း၊ အစား အေသာက္ မွားယြင္းျခင္းမ်ား ႀကဳံ ေတြ႕ရ မည္။ လိင္မတူသူေတြဆီက ေငြေၾကးအကူအညီေတြရလာတတ္ပါ တယ္။

ပ်ိဳ႐ြယ္သူ မ်ား စန္းအလြန္ပြင့္ေန၍ အရပ္ေဝးမွ ခ်စ္သူမ်ားႏွင့္ ဖူးစာဖက္အျဖစ္ ဆုံစည္းခြင့္မ်ား ရရွိလိမ့္မည္။ အခ်စ္ ေရး၊ ေမတၱာေရးကံ အထူးေကာင္းေနပါသည္။

ပညာေရးတြင္ ကံစြမ္းအား၊ ဉာဏ္စြမ္းအား ျမင့္မားေနၿပီး ဝီရိယ စိုက္ ထုတ္ ျခင္းျဖင့္ပန္းတိုင္ ကိုဆြတ္ခူးႏိုင္ပါသည္။ တစ္ခါတစ္ရံ စိတ္ပ်ံ႕လြင့္မႈမ်ားေနတတ္ၿပီး အထူးဂ႐ုစိုက္ ေလ့လာမွ ေအာင္ ျမင္ႏိုင္ပါလိမ့္မည္။

အက်ိဳးေပးဂဏန္း ၁/၂/၆ အထူးေဟာ…ကံျမင့္မားေနမည္။ ယၾတာ….ေျခသုတ္ခုံေလးေတြ ဘုန္းႀကီးေက်ာင္းလႉပါ

တနလၤာ

ဒီကာလမ်ားတြင္ လုပ္ငန္းခြင္အတြင္း ဆုံးရႈံးထားေသာကိစၥမ်ား ျပန္လည္ရရွိရန္ အခြင့္အေရးမ်ား စတင္ လာမည္။စိတ္ညစ္စရာေတြမေတြးဘဲ ေပ်ာ္ေပ်ာ္ေနေလ ကံေကာင္းေလပဲျဖစ္ပါတယ္။

မိတ္ေဆြေကာင္းေတြ ဆီက အႀကံဉာဏ္ေတြရလာတတ္ပါတယ္။ လုပ္ငန္းခြင္တြင္ ရင္းႏွီးျမႇဳပ္ႏွံ ရကိန္းမ်ား ရွိေနမည္။ကုန္ေလွာင္ျခင္းမ်ားေဆာင္ ႐ြက္လို႔ေကာင္းပါတယ္။

သစ္သီးဝလံမ်ား ေရာင္းဝယ္ျခင္း၊ အိမ္၊ ၿခံေျမ ေရာင္းဝယ္ျခင္း၊ ေငြထည္၊ ေ႐ႊထည္ ေရာင္း ဝယ္ျခင္း၊ေမြးျမဴေရးလုပ္ငန္းလုပ္ကိုင္ျခင္းမ်ားအထူးေကာင္းသည္။

လုပ္ငန္းခြင္အတြင္း အလိုက္မသိ၊ အေျပာ အဆို မတတ္သူမ်ားႏွင့္ ႀကဳံ ေတြ႕ရတတ္သည္။ဝန္ထမ္းမ်ားသည္းခံၿပီးလုပ္ကိုင္ေဆာင္႐ြက္ရမည္။ ကိုယ္ပိုင္စီးပြားလုပ္ သူမ်ား ဇြဲႀကီးျခင္း၊ လိမၼာပါးနပ္ျခင္းရွိဖို႔အထူးလိုအပ္ပါတယ္။

ဘာႀကဳံႀကဳံ ေနာက္ မဆုတ္ဘဲ စြဲၿမဲစြာ လုပ္ကိုင္ရမည္။ ပ်ိဳ႐ြယ္သူမ်ားခ်စ္သူ၏စိတ္အေျပာင္း အလဲမ်ားအေပၚ နားလည္ရခက္ခဲလာမည္။ဒါေပမယ့္ျပန္ေျပလည္သြား တတ္ ပါတယ္။ မိဘသေဘာမတူေသာ သူမ်ားႏွင့္ ေမတၱာေရးဆုံစည္းရကိန္းမ်ား ရွိေနမည္။

အိမ္ေထာင္ေရးတြင္ အနည္း ငယ္ အညံ့မ်ား ရွိေနမည္။ စိတ္ရႈတ္ေထြးစရာမ်ား ဝင္လာ မည္။ တစ္ဦးႏွင့္တစ္ဦး သည္းခံစိတ္နည္းမႈမ်ား ေၾကာင့္ ျပႆနာမ်ား ျဖစ္ေပၚလာရ တတ္သည္။

က်န္းမာေရးနဲ႔ပတ္သတ္ၿပီး လြန္စြာအားရစရာေကာင္းပါတယ္။ က်န္းမာ ေရး ေဒါင္ေဒါင္ျမည္ေကာင္းေနပါလိမ့္မယ္။

အက်ိဳးေပးဂဏန္း…၃/၉/၀ အထူးေဟာ…ေပ်ာ္ေအာင္ေနဖို႔လိုပါတယ္။ ယၾတာ…ႏွမ္းဆီ အနည္းငယ္ လူႀကီးမိဘေတြကိုလႉဒါန္းပါ

အဂၤါ

ဒီကာလမ်ားတြင္ ကံအက်ိဳးေပး အလြန္ထူးျခားစြာေနပါမည္။ အခက္အခဲအၾကပ္အတည္းမ်ားကို ထိပ္တိုက္ ရင္ဆိုင္ရတတ္ေပမယ့္ရင္ဆိုင္ဖို႔အင္အားေတြရွိေနတတ္ပါတယ္။ဘာကိုမွမေၾကာက္တဲ့စိတ္ေတြျဖစ္ေပၚေနတတ္ပါ တယ္။

မိသားစုေရးရာတြင္ စိတ္ရႈတ္ေထြးမႈမ်ား ႀကဳံေတြ႕ရႏိုင္ေသာ္လည္း အလုပ္စီးပြားႏွင့္ ရင္းႏွီးျမႇဳတ္ႏွံမႈမ်ားသည္ ထူးျခားစြာ ပိုမိုတိုးတတ္လာမည္။ညီအကိုေမာင္ႏွမေတြမတည့္တာမ်ိဳးေတြ ျဖစ္ရတတ္ပါတယ္။ အိမ္တြင္းေရးကိစၥ ေတြကို ပါးနပ္စြာကိုင္တြယ္တတ္ဖို႔လိုပါတယ္။

ဉာဏ္ဝီရိယအားနည္းေနတတ္ပါတယ္။ဘာလုပ္လုပ္လုံ႔လစိုက္ ထုတ္ လုပ္မွ အဆင္ေျပပါလိမ့္မယ္။ အဖ်က္လႈိင္းတံပိုးေတြကိုခံစားရတတ္ပါတယ္။ မိမိလုပ္သမွ် အဖ်က္ဝင္ေနတတ္ပါ တယ္။ၿပိဳင္ဘက္လုပ္ငန္းေတြက ေကာင္းေကာင္းမိမိကိုတိုက္ခိုက္ပါလိမ့္မယ္။

ႏွလုံးသားမွ ဖူးပြင့္ လာေသာ ေမတၱာ ေရးရာကိစၥမ်ားတြင္ မည္သည့္ အခက္အခဲမ်ားကို ႀကဳံေတြ႕ရပါေစ ထူးျခားစြာ စိတ္ခ်မ္းသာမႈမ်ား ရရွိလာမည္။ ပညာေရးတြင္ အခက္အခဲမ်ား ေက်ာ္ လႊား ခြင့္မ်ား ႀကဳံေတြ႕ရမည္။

လက္မႈပညာ၊ စက္မႈပညာမ်ားကို ေလ့လာၿပီး ဘဝတိုးတတ္မႈမ်ားကို စနစ္တက် ဖန္တီးႏိုင္မည္။ က်န္းမာေရးတြင္ ကိုယ္ခံအားနည္းျခင္း၊ ေသြးတိုးျခင္းမ်ား ခံစားရ ကိန္းရွိေနပါသည္။

အက်ိဳးေပးဂဏန္း…၁/၄/၈ အထူးေဟာ…အနည္းငယ္အခက္အခဲေတြရင္ဆိုင္ရတတ္သည္။ ယၾတာ….အစိမ္းေၾကာ္တစ္ပြဲ ဘုရားကပ္လႉလိုက္ပါ။

ဗုဒၶဟူး / ရာဟု

ဒီကာလမ်ားအတြင္း လုပ္ငန္းခြင္တြင္ အၿပိဳင္အဆိုင္မ်ားႏွင့္ ထိပ္တိုက္ရင္ဆိုင္ရမည္။ စိုက္ပ်ိဳးေရး ပစၥည္း ေရာင္း ဝယ္ျခင္းမ်ား၊ ေျမဩဇာႏွင့္ ဆန္ေရာင္းဝယ္ျခင္းမ်ားမွ အက်ိဳးအျမတ္မ်ား ျဖစ္ထြန္းေအာင္ျမင္ မည္။

သူ တစ္ပါး ၏ ကိစၥရပ္မ်ားကို မိမိက တာဝန္ယူ ေဆာင္႐ြက္ရျခင္းမ်ား ရွိေနပါလိမ့္မည္။ မိမိမသိသူက မိမိကို ရန္ျပဳ ျခင္းမ်ား ခံရတတ္ပါသည္။

အလုပ္အသစ္မ်ား ဝင္ေရာက္လုပ္ကိုင္ရျခင္း၊ ရာထူးဂုဏ္သတင္းေက်ာ္ေဇာျခင္း၊ ေနရာ ေျပာင္း ေ႐ြ႕ရကိန္းမ်ား ႀကဳံေတြ႕ရတတ္ပါသည္။

လွ်ပ္စစ္ႏွင့္ လုပ္ကိုင္ရေသာ စက္မႈလုပ္ငန္း မ်ားမွ မေတာ္တဆ ထိခိုက္မႈ၊ ဝါယာေရွာ(ခ္) ျဖစ္ျခင္းမ်ား ႀကဳံေတြ႕ရတတ္ပါသည္။ သတိထားသင့္ပါသည္။ ရရန္ရွိေသာ အေႂကြး ေဟာင္းမ်ား ျပန္လည္ရရွိတတ္ ပါ သည္။

မိတ္ေဆြ အေပါင္းအသင္းမ်ား၏ လိမ္လည္လွည့္ျဖားျခင္းမ်ား ခံရ တတ္ ပါသည္။ ညီအစ္ကိုေမာင္ႏွမ မ်ား၏အခက္အခဲ၊အက်ပ္အတည္းမ်ားကို ေျပလည္ေအာင္ ေဆာင္႐ြက္ေပးရ ျခင္းမ်ား ရွိမည္။

ပ်ိဳ႐ြယ္သူမ်ား အခ်စ္ ေရးတြင္ အသစ္အဆန္းမ်ား ေတြ႕ရတတ္သည္။ ဘုရားဖူး ခရီးမ်ား သြားလာ ရာမွ ခ်စ္သူရည္းစားမ်ား ေတြ႕ရတတ္ သည္။

အိမ္ေထာင္ေရးတြင္ အသိုင္းအဝိုင္းေဆြမ်ိဳးမ်ား စကားေၾကာင့္ အိမ္ ေထာင္ ေရး အထင္အျမင္လြဲမွားမႈမ်ား ေပၚေပါက္လာတတ္သည္။ ပညာေရးတြင္ ႀကိဳးစားမႈမွ ရလဒ္ေကာင္းမ်ား ရရွိ ေအာင္ျမင္လာႏိုင္ပါသည္။

အက်ိဳးေပးဂဏန္း…၂/၅/၄ အထူးေဟာ…ထိခိုက္ရွနာျဖစ္တတ္ပါတယ္။ ယၾတာ…ဖီးၾကမ္းငွက္ေပ်ာသီး ဘုရားကပ္လႉလိုက္ပါ။

ၾကာသပေတး

ဒီကာလမ်ားတြင္ သားသမီးမ်ားအတြက္ သတင္းေကာင္းမ်ာ ၾကားရတတ္ပါသည္။ ေစ့စပ္ေသခ်ာမႈျဖင့္ အလုပ္စီးပြားမ်ား လုပ္ကိုင္ေဆာင္႐ြက္လွ်င္ အထူးေအာင္ျမင္ႏိုင္ပါသည္။

စီးပြားေရး အခြင့္အလမ္းသစ္မ်ားကို လက္ လႊတ္မခံဘဲေဆာင္႐ြက္လုပ္ကိုင္လွ်င္ အထူးေအာင္ျမင္တိုးတတ္ႏိုင္ပါသည္။

စိတ္ကူးအႀကံအစည္ေတြ က လြဲေခ်ာ္ ေနတတ္ပါတယ္။ ပတ္ဝန္းက်င္ရဲ႕အေႏွာက္အယွက္ကိုႀကဳံရတတ္ပါတယ္။အခက္အခဲေတြ႕ရင္လဲ ကူညီမဲ့သူ ရွိေပမဲ့ ထင္ သေလာက္ အားမကိုးရတတ္ေခ်။

က်န္းမာေရးတြင္ အစာအိမ္ေရာဂါ၊ အဆုတ္ႏွင့္ အသည္းေရာဂါမ်ား ခႏၶာ ကိုယ္ညာဘက္အျခမ္း မေတာ္တဆ ထိခိုက္ဒဏ္ရာရျခင္းမ်ား ႀကဳံေတြ႕ေနရတတ္ပါသည္။

တစ္ဦးတစ္ေယာက္ ဆီ က အကူ အညီယူ ဖို႔စဥ္းစားေနပါကဒီကာလဟာ အကူ အညီ ေတာင္းလို႔ေကာင္းမြန္တဲ့ေန႔ေတြပါပဲ။ လူမႈေရး ကိစၥ ေတြမွာ တာဝန္ယူမႈတာဝန္ခံမႈေတြကိုသတိနဲ႔ယွဥ္ၿပီး ေဆာင္႐ြက္လိုက္ပါ။

ပညာေရးတြင္ ရည္မွန္းခ်က္မ်ား ႀကီးႀကီး ႏွင့္ ႀကိဳးစားလွ်င္ ထြန္းေပါက္ေအာင္ျမင္ႏိုင္ပါသည္။ ပညာစာေမးပြဲမ်ား ေျဖဆိုရန္ နီးကပ္လာလွ်င္ က်န္းမာ ေရး အေႏွာက္အယွက္မ်ား ဝင္လာတတ္ပါသည္။

အိမ္တြင္းေရး၊ အိမ္ေထာင္ေရးတြင္ စိတ္တိုင္းမက်စရာ၊ စိတ္ အေႏွာက္ အယွက္မ်ားႏွင့္ ျပႆနာအခက္အခဲမ်ားကို ႀကဳံေတြ႕ေနရတတ္ပါသည္။

အက်ိဳးေပးဂဏန္း…၃/၆/၅ အထူးေဟာ….အခြင့္အေရးသစ္မ်ားရလာမည္။ ယၾတာ… ေဆးအလႉေလးေတြမ်ားမ်ားေဆာင္႐ြက္ပါ။

ေသာၾကာ

ဒီကာလမ်ားအတြင္း အေလာတႀကီး ဆုံးျဖတ္ ခ်က္ခ်မွတ္ျခင္းမ်ား သတိထားသင့္ပါသည္။ ယွဥ္ၿပိဳင္ၿပီး လုပ္ ေသာ ကိစၥမ်ားတြင္ ထူးျခားစြာ ေအာင္ျမင္ျခင္းရွိမည္။လူခ်စ္လူခင္မ်ားေပမဲ့ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔အနည္း ငယ္ ေတာ့ အခ်င္းမ်ားရတတ္ပါတယ္။

ဖုန္းႏွင့္ ဥစၥာပစၥည္းမ်ား က်ေပ်ာက္တတ္၍ အထူးသတိထားသင့္ပါသည္။ ေငြႏွင့္ စက္ပစၥည္းမ်ားမေမွ်ာ္လင့္ဘဲဝင္လာရတတ္ပါသည္။ က်န္းမာေရးေဒါင္ေဒါင္ျမည္ေကာင္းေနတတ္ပါတယ္။ သတင္း ေကာင္း ေတြၾကားရတတ္ပါ တယ္။

အဆုံးမသတ္ႏိုင္ေသာျပႆနာေတြကိုစတင္ရင္ဆိုင္ရ တတ္ပါတယ္။လုပ္ေဆာင္ ေနေသာကိစၥေတြကိုေခတၱရပ္ဆိုင္းထားတာ၊ေရွ႕မတိုးတာမ်ိဳးေတြေဆာင္႐ြက္ေစခ်င္ပါ တယ္။ ပ်ိဳ႐ြယ္သူမ်ား ခ်စ္သူ ရည္းစားမ်ားရကိန္းမ်ားရွိေနပါသည္။

သို႔ေသာ္တစ္ဦးႏွင့္တစ္ဦးယုံၾကည္မႈအားနည္းေနရတတ္သည္။ ခ်စ္သူ ေဟာင္း ရွိသူမ်ား ျပန္လည္ ေတြ႕ဆုံရ၍ အိမ္ေထာင္ျပဳရတတ္ပါသည္။ အိမ္ေထာင္ရွင္မ်ား သာယာမႈမ်ား ရရွိႏိုင္ ပါသည္။

အိမ္နီးခ်င္းျပႆနာ မ်ား ဝင္ေရာက္ေျဖရွင္းေပးရျခင္းမ်ား ေရွာင္ၾကဥ္သင့္ပါသည္။ ပညာေရးတြင္ အေရွ႕ ပိုင္း ၌ ႀကိဳးစားအားထုတ္မႈ ေကာင္း ၿပီး ေနာက္ပိုင္းတြင္ အေပါင္းအသင္းမ်ားေၾကာင့္ ရည္မွန္းခ်က္မ်ားႏွင့္ ေဝးကြာ သြား ရတတ္ပါသည္။

အက်ိဳးေပးဂဏန္း…၄/၇/၀ အထူးေဟာ…ခရီးမ်ား အလုပ္မ်ားရတတ္ပါတယ္။ ယၾတာ…မုန႔္ဆီေၾကာ္ဘုရားလႉေပးပါ။

စေန

ဒီကာလမ်ားတြင္ ေငြေဟာင္း၊ ေႂကြးေဟာင္း၊ ပစၥည္းေဟာင္းမ်ား ျပန္လည္ရရွိႏိုင္ပါသည္။ ဆုံးရႈံးသြားၿပီဟု ထင္မွတ္ထားေသာ ေႂကြၿမီးေဟာင္းမ်ားကို ရရွိႏိုင္ျခင္း၊ ေမွ်ာ္လင့္မထားေသာ

ေငြေၾကးဥစၥာမ်ား ရရွိႏိုင္ျခင္း၊ ထီ ေပါက္ျခင္းကဲ့သို႔ေသာ ေကာင္းျခင္းကံတရားႏွင့္ လာဘ္လာဘေကာင္းမ်ား ျဖစ္ထြန္းေပၚေပါက္ လာႏိုင္ပါသည္။ ထူး ျခားေသာေကာင္းမႈကုသိုလ္မ်ား၊ပရဟိတလုပ္ငန္းမ်ားျပဳလုပ္ရမည္။

အိမ္ေထာင္ေရးတြင္တစ္ခါတစ္ရံ စိတ္ရႈပ္ေထြး မႈမ်ား ျဖစ္ေပၚလာႏိုင္ပါသည္။ ျပႆနာေဟာင္း မ်ားကို အသစ္သဖြယ္ ျပန္လည္ကိုင္တြယ္ ေျဖရွင္းရတတ္သည္။ လုပ္ငန္းခြင္အတြင္း ေကာင္းေသာအေျပာင္းအလဲမ်ား ျဖစ္ေပၚမည္။

လူသစ္မ်ားႏွင့္ ဆက္ဆံရမည္။ ရပ္တန႔္ထား ေသာ လုပ္ငန္းမ်ား ျပန္လည္ေဆာင္႐ြက္ လုပ္ကိုင္ႏိုင္လိမ့္မည္။ စပ္တူ ရွယ္ယာ ကိစၥ၊ လူအမ်ားနဲ႔ ပူးေပါင္းေဆာင္ ႐ြက္ ရ ေသာ လုပ္ငန္းေတြ အထူးေအာင္ျမင္ႏိုင္ပါတယ္။

ေကာင္းလွ်င္ထိပ္ဆိုး၊ ဆိုးလွ်င္ ေအာက္ဆုံး ဆိုတဲ့ကိန္းမ်ိဳး ပါပဲ။ ပညာေရးတြင္လည္း ထူးခြၽန္စြာ ေအာင္ျမင္မႈမ်ားရမည္။ ဘြဲ႕ထူး၊ ဂုဏ္ထူးမ်ား ရရွိေအာင္ျမင္မႈမ်ား ရရွိႏိုင္ပါ သည္။

လုပ္ငန္းခြင္စာေမးပြဲမ်ား ေျဖဆိုရာတြင္ ေအာင္ျမင္မႈမ်ား အထူးရရွိႏိုင္ပါသည္။ က်န္းမာေရးတြင္ မထင္ မွတ္ဘဲ ခြဲစိတ္ကုသမႈခံယူရျခင္း၊ ေသြးတိုးေရာဂါ၊ ေလျဖတ္ျခင္းမ်ား ခံစားရတတ္ပါသည္။

အက်ိဳးေပးဂဏန္း….၁/၅/၇ အထူးေဟာ က်န္းမာေရးအနည္းငယ္ဂ႐ုစိုက္ပါ။ ယၾတာ…ေပါက္ေပါက္ဆုပ္ဘုရားကပ္လႉေပးပါ။

၇ရက္သားသမီးအေပါင္း ေကာင္းေသာလိုအင္ဆႏၵေတြျပည့္ဝပါေစ

ဆရာၿငိမ္းေအးလူ(ေဗဒင္သုေတသီ)0977 5555 695 09 44 5555 695

Leave a Comment