မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဂျပန်အမျိုးသားလုံခြုံရေး ဗျူရိုအကြီးအကဲ မစ္စတာ ရှိဂဲရု ကီတာမူရာ (Shigeru kita mura) ဟာ
အမေရိကန်သမ္မတရဲ့ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ် ဆူလီဗန် (Jake Sulli van) နဲ့ ဒီနေ့ မနက်အစောပိုင်းက တီလီဖုန်းနဲ့ ၄၅ မိနစ်လောက် ဆွေးနွေးခဲ့တယ်လို့
ဂျပန် အန်အိပ်ချ်ကေသတင်းက ဖော်ပြပေးထားပါတယ်။
ဆွေးနွေးပွဲမှာ စစ်တပ်က အာဏာသိမ်းမှုဖြစ်ပွားခဲ့တဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ နိုင်တော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အပါအဝင်
ထိန်းသိမ်းခံ အဆင့်မြင့်ခေါင်းဆောင်တွေရဲ့ အခြေအနေနဲ့ အနာဂတ်တွေကို အမြင်ချင်းဖလှယ်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ဂျပန်နိုင်ငံအနေနဲ့ အမေရိကန်၊ ဩစတြေးလျ၊ အိန္ဒိယနိုင်ငံတို့နဲ့အတူ အနီးကပ် ပူးပေါင်းဆောင်ရွတ်ကြဖို့
သဘောတူထားတယ်လို့ ဖော်ပြထားကြပါတယ်။
Dvb
Zawgyi
ဂျပန် အန်အိပ်ခ်ျကေသတင်းက ဖော်ပြပေးထားပါတယ်။
Dvb