သံပုရာ ဆေးဖက်ဝင်အောင် ဖျော်နည်းလေး
သံပုရာ ရည်ကို ဆေးဖက်ဝင်အောင် ဖျော်နည်း
သံပုရာသီးဟာ မြန်မာတို့ အတွက် ဆေးဖက်ဝင်လှပါတယ်။ သံပုရာသီးကို နေရာမရွေး ရနိုင်တဲ့ အသီးဖြစ်ပြီး ဒေသတိုင်းမှာတော့ အသုံးပြုပုံ ကွာသွားပေမယ့် ဆေးဖက်ဝင် အသီးအဖြစ် လူသိများလှပါတယ်။
သံပုရာသီးမှာ ဗီတာမင်အပြင် ဗီတာမင်အေ၊ ရက်တီနော်၊ ကယ်ရိုတင်း၊ ဘီတာခရစ် ပတိုဇန်သင်း၊ လူတင်၊ ဇီဇန်သင်း၊ ဖောလိတ်၊
ကိုလင်းစတဲ့ ဓာတ်တွေနဲ့ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ ဖော့စ်ဖရပ်စ်၊ ပိုတက်စီယမ်နဲ့ ဆိုဒီယမ်တို့လို သတ္တုဓာတ် တွေလည်း ပါဝင်ကြပါတယ်။
သံပုရာသီးကို အရည်ညှစ်ပြီး သောက်လေ့ ရှိတဲ့ လူတွေ အတွက် ဆေးဖက်ဝင်အောင် ဖျော်နည်းလေးကို မျှဝေချင်ပါတယ်။
ရှေးဦးစွာ သံပုရာသီးတွေကို အရည်ညှစ်ပြီး ၁၀ကျပ်သား ချိန်ထားပါ။ အိမ်သုံးသကြားနှစ်ကျပ်သား၊ရေသန့် ၀.၅ လီတာ ကို ရောစပ်ပြီး ပုလင်းထဲ ထည့်ထားပေးပါ။
သောက်ခါနီးတဲ့အခါ စတီးဇွန်းနဲ့ လေးဇွန်း ခွက်ထဲထည့်ပြီး အိမ်သုံးစား အနည်းငယ် ရောစပ်ပြီး ဖျော်ပါ။ဆေးဖက်ဝင်ပြီး အရသာ ရှိတဲ့ သံပုရာရည်တစ်ခွက်ကို သောက်ရပါလိမ့်မယ်။
သံပရာရည်သောက်သုံးခြင်းသည် ကျောက်ကပ်ကျောက်တည်ခြင်းအား ကာကွယ်ပေးနိုင်ကြပါတယ်။
ရေဓာတ် ခန်းခြောက်မှုကို လျော့ကျစေတယ်။ အသည်းကို သန့်စင်ပေးတယ်။ အစာကြေညက် စေတယ်။
ဇီဝရုပ်ဖြစ်ပျက်မှု (Metabolism) ကို အားကောင်းစေပါတယ် ..ကိုယ်အလေးချိန် ကိုလည်း လျော့ကျစေပါတယ်။
MyFood Myanmar
Zawgyi
MyFood Myanmar
Leave a Comment